Kyaw Kyaw shared Kyaw Kyaw's status update.
ကျနော်တို့ မြန်မာပြည်မြောက်ပိုင်းကျောင်းသားတပ်မတော်ကို စဖွဲ့ကတည်းက တရစပ်ထိုးနှက်တိုက်ခိုက်ခဲ့တယ်၊ ဘာ့ကြောင့် ဒီလိုလုပ်ရသလဲဆိုတာ အစကတည်းက သိထားပါတယ်၊ စာအုပ်တွေထုတ်ဝေတဲ့အဆင့်ထိရောက် လာလိမ့်မယ်လို့ ကျနော်ပြောခဲ့ဖူးပါတယ်။ ဒဒီလိုလုပ်တာဟာ ထောက်လှမ်းရေးနည်းနာအများထဲမှ တစ်ခုဖြစ်တဲ့ ပုံရိပ်တွေကို ချေဖျက်ခြင်းဖြစ်ပါတယ်။ စိတ်ဓါတ်စစ်ဆင်ရေးနဲ့ဝါဒဖြန့်ချီရေး၊ လူထုစည်းရုံရေးမဟာဗျူဟာ၊ ဆိုက်ဝါးစသည်ဖြင့် သုံးစွဲနေကြသော်လည်း အခြေခံမှာ ထောက်လှမ်းရေးနည်းပညာပင်ဖြစ်ပါသ ည်။ မင်းတို့တိုက်ခိုက်ရေးဆရာဘယ်သူလဲလို့မေးမည်ဆိုလျှင် ရန်သူတပ်မှထွက်လာသော ဒုဗိုလ်မှူးကြီးအဘဦးအေးမြင့်ဖြ စ်သည်ဟု ကျနော်ပြောပါမည်။ ကျနော်တို့ကျောင်းသားတပ်မတော်(မ ပ)ဧ။်ထောက်လှမ်းရေးဆရာမည်သူနည်း ဟုပြောမည်ဆိုလျှင် ဗိုလ်ချုပ်ခင်ညွှန်ဟုပြော၍ရမည်ထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့တွေ့ခဲ့သော ထောက်လှမ်းရေးမှန်သမျှသည် ဗိုလ်ချုပ်ခင်ညွှန်မှ စေလွှတ်လိုက်သော ထောက်လှမ်းရေးများသာဖြစ်သည်ကိုေ တွ့ရသောကြောင့်ဖြစ်သည်။ သူတို့များစွာနှင့် ကျနော်တာဝန်အရတွေ့ခဲ့ရပါသည်။ သူတို့သည် သူတို့တွင် သူတို့တတ်ထားသမျှ ထောက်လှမ်းရေးပညာများစွာကို ပို့ချပေးခဲ့ပါသည်။ ကျနော်သည်လည်း တာဝန်အရ လေ့လာဆည်းပူးခဲ့ပါသည်။ မည်မျှပင်ပိရိသော ထောက်လှမ်းရေးပင်ဖြစ်ပါစေ ဖြူစင်သန့်စင်းသော ပါတ်ဝန်းကျင်တွင် အရောင်ဆိုးခြင်းသည် အချိန်မည်မျှပင်မကြာလိုက်ပါ။ မကြာခင် အဖြူပေါ် အမဲစက်စွန်းထင်လာလျှင်ထင်ရှားလာ သကဲ့သို့ ထိုသူတို့ဧ။်လှုပ်ရှားမှုများ(ဖြိုခွဲမှု)များသည် မသိမသာထင်ထင်ရှားရှားပေါ်ထွက်လာစ မြဲပင်ဖြစ်သည်။ ဗိုလ်ခင်ညွှန့်မှ စေလွှတ်လိုက်သော မန္တလေးမှ ယခုလက်ရှိရှိနေသူတစ်ဦးဖြစ်သူအား မာနယ်ပုလော တပ်ရင်း (၂၁ဝ.စောထစခန်း)တွင် ကျနော်မှမေးမြန်းခဲ့ရာတွင်..ဘာ့ ကြောင့် ဖြူစင်ရိုးသားစွာအသက်စွန့်နေတဲ့ ငါတို့ကျောင်းသားတပ်မတော်ကို မင်းတို့ဘာကြောင့် ဝင်ရောက်ထိုးဖေါက်ဖြိုခွဲရတာလဲကွာ..ကျနော်မချိတင်ကဲမေးမိပါသည်။ သူကလည်း စက်မှုတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။ ထိုထောက်လှမ်းရေး(စက်မှုကျောင်းသား) က ဦးနေဝင်းဟာ ၈၈အရေးတော်ပုံကြီးဖြစ်မယ်ဆိုတာကို သူတို့ရဲ့ လူထုလူတန်းစားအသီးသီးတွင်စိမ့်ဝ င်ထိုးဖေါက်ထားသော ထောက်လှမ်းရေးများဧ။်သတင်းများအ ပေါ် သတင်းသုံးသပ်ချက်အရ သိရတယ်လို့ပြောပါတယ်။ အဲဒီမတိုင်ခင်ကတည်းက ဦးနေဝင်းဟာတက္ကသိုလ်ကောလိပ်အသီး သီးမှာ သူကြိုတင်မွေးမြူ၊လေ့ကျင်ထားတဲ့ ထောက်လှမ်းရေး( ကျောင်းသား)တွေကို ဒီလိုညွှန်ကြားခဲ့တယ်လို့ပြောပါတ ယ်။ ယခင်ကွန်မြူနစ်များတောခိုအတွေ့အ ကြုံအရ..လူထုအရေးတော်ပုံပြီးရင် တောခိုကြမယ်ဆိုတာ ဗိုလ်နေဝင်းသိထားတဲ့အတွက် အဲဒီလေ့ကျင့်မွေးမြူထားတဲ့ထောက် လှမ်းရေး(ကျောင်းသား)တွေကို အခုလို ညွှန်ကြားချက်ပေးခဲ့ပါတယ်။
သပိတ်ဖြစ်လာလျှင် ခေါင်းဆောင်မှုနေရာရအောင်ယူ
ပြီးရင်သပိတ်ကိုဖြိုခွဲ..(သပိတ် ကာလ..မိုးကောင်းမှာ ချဉ်ပေါင်သပိတ်နဲ့ဝက်သားသပိတ်)ဆိုပြီး နှစ်ဖွဲ့ကွဲထွက်သွားတယ်။
နောက်ဆက်တွဲညွှန်ကြားချက်က ကျောင်းသားတွေတောခိုရင်လိုက်သွား..။ ခေါင်းဆောင်နေရာကို ရအောင်ယူ.ပြီးရင် အဖွဲ့အစည်းကို ရအောင်ဖြိုခွဲ..။ ဒီလိုရည်မှန်းချက်နဲ့ဝင်ရောက်ပြီး အဖွဲ့နေရာတွေကို သူတို့ရအောင်ယူနိုင်ခဲ့ပါတယ်။ ပြီးရင်ဒီခေါင်ဆောင်ဆိုတဲ့ ဝိတ်ကိုယူပြီး အဖွဲ့အစည်းကို သွေးအေးအေးနဲ့ဖြိုခွဲနိုင်ဘိြု့ ကီးမားတဲ့အခွင့်အရေးရရှိခဲ့ပါတယ်။
အဲဒီထောက်လှမ်းရေး(စက်မှုကျောင်း သား)က ..ကျနော်မလုပ်လို့မရဘူး(ဖြိုခွဲ ဖို့)၊ ကျနော်ရဲ့မသိစိတ်ထဲမှာ စွဲနေတာက..သူတို့လေ့ကျင့်ထားတဲ့ ၊ သူတို့ရိုက်သွင်းထားတဲ့ အတွေးအခေါ်တွေက ကျနော့်ကို အမြဲတမ်းဖြိုခွဲဖို့ တွန်းအားပေးတာခံနေရတယ်။..ကျနော် တို့ဟာ သမိုင်းအကြောင်းကို သင်တဲ့အခါမှာ..မီးပိတ်ပြီး..အမှောင်ထဲမှာသင်ရတယ်..သင်တဲ့ဆရာကလည်း တကယ့်ကို အဟောကောင်း၊အပြောကောင်း..တခါတည်းကို စွဲညှိသွားတာ. အဓိက ဗမာတွေ ပထမဗမာနိုင်ငံတော်၊ ဒုတိယဗမာနိုင်ငံတော်၊ တတိယဗမာနိုင်ငံတော်၊စတုတ္ထဗမာနို င်ငံတော် ကို ဘယ်လို ခဲရာခဲဆစ်တည်ထောင်ခဲ့ရတာ..ရင်နာ အောင်၊ရင်နင့်အောင် သင်ကြားခဲ့တဲ့အတွက် ကျနော်တို့မျက်ရည်ပေါက်ပေါက်ကျခဲ့ရတယ်။ ညရောက်ရင်..ဦးနေဝင်းဓါတ်ပုံကို ကျနော်တို့ရှစ်ခိုးပြီးအိပ်ကြရတ ယ်.....................။ အဲဒီရက်တွေကစပြီး..ကျနော်တို့ဟာ doctrainလုပ်တာကို မသိဘဲလုပ်ခံရတော့တာပါဘဲ..ဒါ့ကြောင့် ကျနော့်ရင်ထဲမှာ အမဲစက်ကြီးရှိနေတယ်.အဲဒါက ခင်ဗျားတို့အဖွဲ့အစည်းကိုဖြိုခွဲဖို့ဘဲ.................။
သပိတ်ဖြစ်လာလျှင် ခေါင်းဆောင်မှုနေရာရအောင်ယူ
ပြီးရင်သပိတ်ကိုဖြိုခွဲ..(သပိတ်
နောက်ဆက်တွဲညွှန်ကြားချက်က ကျောင်းသားတွေတောခိုရင်လိုက်သွာ
အဲဒီထောက်လှမ်းရေး(စက်မှုကျောင်း
ပို့စ်တင်ပြီးရင် ပြန်မဖြုတ်ကြေး...
No comments:
Post a Comment