ရိုက်ကူးသူ
ကိုဝိုင်ဝိုင်ကေ
၂၇-၃-၁၂ — with ဘရာဇီး ငှက်ရိုး and 34 others at ဘုရားကြီးတိုက်၊မန္တလေးမြို့။.
Very shameful and fatal mistake
(U Mya Win
1990 NLD- MP)
In our country's history,there were very ugly events like Ratanapone palace killings before and during king Sibaw's coronation, killings in BCP's Pegu yoma. We are shameful and our national dignity was effected unwashable with those extreme events,but they are not the most current and very unfortunately not in the name of democracy and human rights like ABSDF (NB)'s killings and acts , striking,deforming and humiliating our nation,our national dignity and our people's great course and great struggle. It is very shameful in history some people or our descendents will say 'you guys do and happens these things in your very nation, in your very democratic struggle'.It seriously insults our nation and our sacrifices.
These ABSDF(NB)'s inhumane,cruel and disgusting acts and events are CRIMES committed by some foolish thugs ,whoever rationalistic and reasonable democratic people cannot COVER, ACCEPT,and SIDE with them under the name of democracy,human rights and our nation's great democratic struggle.
They committed on huminity,the same nationals in the same country even worse than NAZIs or Fascists.
Against dictatorship,we have been experienced with different kinds of suppressions and tortures,but we should not and will not treat inhumanely or cruelly,if under our detention, even on U Ne Win,Brig Tin Oo or U Khin Nyunt etc under the name of democracy,human rights and sense of rule of law since we are democratic people.
We cannot give some funny and ridiculous excuses like 'it is war time' or 'they didn't have human right training' etc, even NAZIs or Fascists didn't use those excuses for their crimes. Tigars or lions hunt or kill their preys (not cruelly or disgusting abuses) just for the food,ABSDF (NB)'s events are lower standard than jungle law.
The truth is exact, not one step more or one step less. These inhumane acts or events should not and must not be under the name of a dignified organization,especially under the name of our people's democratic revolution.
It is never too late to admit a mistake ( not just a mistake,it is historic,serious and fatal mistake). Some concerned and responsible people must stand truthfully,admit mistakes and apologize their concerned parts, should know that those committed people has no future,no name in and under the name of democracy and human rights,no excuse ,no exception,forever outside the democracy. Being an opportunistic or cowardice, whoever of whatever cannot hope a dignity or merit even without denouncing a mistake.
With respect to our people and democracy,
U Mya Win
1990 NLD- MP
Ingabu township
Irrawaddy division





လွတ်မြောက်ခြင်းရဲ့အစကနဦး ဖြစ်မှန်းမသိဖြစ်ခဲ့တယ်။၁၉၉၂ ခုနှစ် မေလ ၂၁ ရက်နေ့ ညမှာ ABSDF-NB မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ ထောင်အတွင်း အကျင်းချခံထားရစဲဖြစ်သော ကျောင်းသား ၅၅ ဦးထွက် ပြေးလွတ်မြောက်သွားတဲ့ ညမှာဘဲ ကိုရဲလင်း(ရန်ကုန်)၊ ကိုဝဏ္ဏဇော်(ရန်ကုန်) ၊ ကိုဘိုဘို(ရန်ကုန်) ၊ မိုးဇော်ထွန်း-မိုးကြီး(ရန်ကုန်)၊ကိုကျော်နိုင်ဦး-ကြောင်(သာယာဝတီ)၊ကိုညီညီနိုင်-ဒိုဇာ(ပဲခူး) ၊ ကိုခင်မောင်ဇော်-ခို (မန္တလေး) ၊ ကိုညီညီ(မန္တလေး) နဲ့ ကျမတို့ တတွေဒုတိယအကြိမ်ပြန်လည်အဖမ်းခံခဲ့ရပါတယ်။
ကျောင်းသား ၅၅ ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့ နောက်ဆက်တွဲအဖြစ် ထောင်မှုးတာဝန်နဲ့ ထောင်စောင့်အ ဖြစ်တာဝန်ယူထားတဲ့ လှမျိုးအောင်နဲ့နာဂအောင်နိုင်တို့ကို ABSDF-NB ဥက္ကဌအောင်နိုင်နဲ့ ဒုဥက္ကဌနဲ့စစ်ရေး တာဝန်ခံသံချောင်းတို့မှတာဝန်ပေါ့လျော့မှု့နဲ့သတ်ဖြတ်ခဲ့တယ်။တာဝန်ရှိသူသန်းဇော်၊ထွန်းဦးနဲ့ယောစောက်တို့ကို ကြိမ်ဒဏ် အချက် ၃ဝ ဆီပေးခဲ့တယ်။မရှေးမနှောင်းကာလမှာဘဲ မျိုးဝင်းရှေ့တန်းမှာသေဆုံးခဲ့တယ်။ကျမ တို့ ၉ ဦးကတော့ အကျယ်ချုပ်အနေနဲ့ ယခင် ကျောင်းသားတပ်ရဲ့ အိုင်အို ရုံးမှာတစုတစည်းနေခဲ့ကြရတယ်။
ကျမတို့ ၉ ဦးအကျယ်ချုပ်ဘဝနဲ့ အတူနေစဉ်ကာလမှာအကျယ်ချုပ်ဆိုတဲ့အတိုင်း ဘာမှမယ်မယ်ရရ လုပ်စရာမ ရှိ ၊ကျမတို့နေတဲ့ နေရာဟာကန့်သတ်နယ်မြေ အနေအထားသီးခြားဖြစ်နေခဲ့တယ်။အစောင့်အကျပ်နဲ့နေရ တယ်။ညဘက်အချိန်မှာ ညရေးညတာ အပေါ့အပါးသွားလိုရင် အပြင်မှာကင်းစောင့်တာဝန်ကျနေတဲ့ ရဲဘော် တွေကို ခွင့်တောင်းပြီး သူတို့ဆီကခွင့်ပြုချက်ရမှ အပြင်ထွက်ခွင့်ရှိတယ်။ခွင့်မတောင်းဘဲ ခွင့်မပြုဘဲထွက်ရင် ပြစ်မိန့်ပေးထားတယ်လေ။
မျိုးဝင်းသေပြီး ရက်အတန်ကြာတဲ့အထိ ကျမတို့ ၉ ဦးရဲ့ ရှေ့ရေးအတွက် အောင်နိုင်နဲ့သံချောင်းဘယ်လိုဆုံး ဖြတ်ချက်ချရမယ်ဆိုတာ မသိဘူးထင်တယ်။ သံချောင်းက ကျမအတွက်တဲထဲမှာ သီးသန့်အခန်းတခုကန့်ဖို့ ပြောလာတယ်လေ။တဲအနေအထားက နှစ်ခန်းဘဲရှိတာ။ ၇ ယောက်ကအတွင်းအခန်းမှာစုနေကြတယ်။ကျမနဲ့ ဘိုဘိုက အပြင်ခန်းကကွပ်ပစ်၂ ခု (နေ့ဆိုရင်စုပြီးထိုင်တဲ့ စားတဲ့နေရာ) မှာအိပ်ကျရတယ်။အဲ့ဒီအပြင်ခန်းက ကျမတို့တတွေကို ၆လ ၇လ တိုင် မတရားရက်စက် နှိပ်ကွပ်တဲ့နေရာပေါ့။အပြစ်မဲ့တဲ့ကျောင်းသားတွေ အသက် ဆုံးရှုံးခဲ့ရတဲ့နေရာဆိုလဲ မမှားပါဘူးလေ။
ဆိုတော့ကျမတို့ကတွက်လိုက်ပါပြီ။အကျယ်ချုပ်နဲ့ရည်ရှေနေရတော့မှာကိုပေါ့။သံချောင်းရဲ့ခွင့်ပြုချက်နဲ့ ကိုရဲ ၊ ကြောင်၊ခို၊ဝဏ္ဏတို့ တောထဲမှာ တိုင်ခုတ် ၊ဝါး ခုတ်ထွက်ကြတယ်။ဝါးစိမ်းတွေနဲ့ထရံယက်တယ်။ပြီးတော့ ကျမအ တွက် ၃ပေ ၄ပေ အခန်းလေးထဲမှာ ဝါးကုတင်လေးတခုထိုးပေးကြတယ်လေ။ကျမတို့တတွေအကျယ်ချုပ်အနေ နဲ့အနေကြာလာတာနဲ့အမျှ တဦးနဲ့တဦးယုံကြည်မှု့ ရင်းနှီးမှု့တွေပိုခိုင်မာလာခဲ့ကြတာ ခုချိန်ထိတိုင်ပါ။ဒီလိုနဲ့ ဘဲ ABSDF-NB မြောက်ပိုင်းမှာ အကျယ်ချုပ်အနေနဲ့ ကျမတို့ ၉ ဦးရဲ့ အဓိပ္ပါယ်ရှိတဲ့ဘဝတွေကို အဓိပ္ပါယ်မဲ့စွာ တန်ဘိုးရှိတဲ့အချိန်တွေကို တန်ဘိုးမဲ့စွာ ရက်ပေါင်းများစွာ ဖြတ်သန်းကုန်ဆုံးခဲ့ကြရတယ်။
အဲ့ဒီအချိန်က ကျမတို့ ၉ ဦးရဲ့ ရပ်တည်နေရတဲ့ဘဝ ရင်ဆိုင်နေရတဲ့အခြေအနေတွေဟာ အဓိပ္ပါယ်မဲ့လွန်းတယ် ဆိုတာထက်သာလွန်နေခဲ့တယ်။မသေချာတဲ့ဘဝ မရေရာတဲ့အခြေအနေတွေနဲ့ ရှေ့ရေးဆိုတာ မှုန်ဝါးလွန်းလှ
တယ်လေ။
သေချာနေတာတခုကတော့ အောင်နိုင်နဲ့သံချောင်းကိုယ်တိုင် ကျမတို့ ၉ ဦးနဲ့ပက်သက်ပြီးဘယ်လို ရှေ့ဆက်သွားရဖို့ ဆုံးဖြတ်ချက်ကိုတိတိကျကျ မချမှတ်နိုင်သေးတာကိုပါဘဲ။ကျမတို့ရဲ့တဲအရှေ့ကကျောက် တုန်း (ကျောက်ဖျာတချပ်အသွင်) ပေါ်မှာ ညနေဆိုကျမတို့တတွေထိုင်ပြီး လွတ်လပ်စွာသွားလာနေကြတဲ့ AB ကျောင်းသားရဲဘော်တွေကိုကြည့်ကာ သေးသိမ်နုံခြာလွန်းလှတဲ့ ကိုယ်တွေရဲ့ ဘဝကိုတွေးမိပြီး ဝမ်းနည်းမိတယ်။ အာဏာရှင်စစ်အစိုးရကို တော်လှန်ဖို့ကျောင်းသားစိတ်ဓါတ်အပြည့်အဝနဲ့ အေးချမ်းလုံခြုံတဲ့ မိဘရင်ခွင်ကို စွန့် ခွာပြီး တောတောင်ထဲလာခဲ့ကြတာခြင်း အတူတူ ကိုယ်တွေအယောက် ၁ဝဝ ရဲ့ဖြစ်ပျက်ခံစားခဲ့ရတဲ့ ဘဝကိုတွေး မိတော့ရင်နဲ့မမျှခံစားနေရတယ်။ဘာကြောင့်ဒီလိုအဖြစ်ဆိုးတွေဖြစ်ပျက်သွားခဲ့ကြရတာလဲ။ဖြစ်ပျက်သွားခဲ့တဲ့အ ကြောင်းတရားရဲ့ တဖက်စွန်းမှာအဖြေမှန် ဆိုတာရှိနေတယ်။အဲ့ဒီအဖြေဟာ ABSDF-NB ရဲ့ သမိုင်းဖြစ်ရပ်မှန်ပါ။
ဒီလိုနဲ့ဘဲ အဓိပ္ပါယ်မရှိတဲ့ နေ့ညတွေကို ဝမ်းနည်းကြေကွဲမှု့တွေနဲ့အတူ ကျမတို့ ၉ ဦးအကျယ်ချုပ်ဘဝနဲ့ဖြတ် သန်းခဲ့ကြရင်း ရှစ်လေးလုံး၎နှစ်ပတ်လည်နေ့(၈.၈.၁၉၉၂)ကို ပြန်လည်ရောက်ရှိလာခဲ့ပြန်တယ်။ဘာကြောင့်များ ဒီလတွေ ရက်တွေဟာ ကျမတို့တတွေ (အယောက်၁ဝဝ)အတွက်ထပ်ဆင့် မမေ့နိုင်တဲ့ နေ့ရက်တွေ ဖြစ်နေကြ ရတာလဲလို့ မကြာခဏတွေးကြည့်မိတယ်။ကျမတို့ ABSDF-NB မြောက်ပိုင်းဗဟို ဖမ်းဆီးမှု့ဟာ ၁၉၉၁ ခုနှစ် သြဂုတ်လ မှာစတင်ခဲ့တယ်လေ။ရှစ်လေးလုံး ၃ နှစ်ပတ်လည်ကာလပေါ့။ကျမကို ၂၃.၈.၁၉၉၁ ညနေ ၆ နာရီမှာ မျိုးဝင်းကိုယ်တိုင်လာဖမ်းတယ်။ကျောင်းသား ၁၅ ဦးကိုရက်ရက်စက်စက် ခေါင်းဖြတ်သတ်တာက ၁၂.၂.၁၉၉၂ ဖြစ်နေပြန်တော့ တိုက်ဆိုင်မှု့လေဘဲလား။ဆိုတော့ကျမတို့တတွေအတွက်ကတော့ သြဂုတ်လနဲ့ဖေဖော်ဝါရီလ ဟာ ထပ်ဆင့်မမေ့နိုင်တဲ့ လ ပါ။နင့်နင့်နဲနဲ ရင်နဲ့မမျှခံစားခဲ့ရတဲ့ လ ပါ။တိုက်ဆိုင်မှု့ကြောင့်ဘဲဆိုဆို တမင်ရွေး ချယ်ဖန်တီးမှု့လို့ဘဲဆိုဆို သြဂုတ်လနဲ့ဖေဖော်ဝါရီလဟာ ကျမတို့အတွက်မေ့မရနိုင်တဲ့အကြောင်းတရားတွေ နဲ့ပြည့်နှက်နေတဲ့ လ တွေပေါ့။
ဒီလိုနဲ့ နေ့နေ့ညည ကျမတို့ ၉ ဦးလွတ်မြောက်သွားကြတဲ့ ၅၅ ဦးအကြောင်းနဲ့ အဖမ်းခံရတဲ့ အတွေ့အကြုံ တွေပြောဆိုဖြစ်ကြတယ်။ရက်ပေါင်း ၁ဝ၃ ရက်တိုင်ဒုတိယအကြိမ် အချုပ်ခံထားရတဲ့နေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ညတော်တော်လေးမိုးချုပ်နေပြီ ။ သက်လင်းရောက်လာပြီး ကျမကို ယူနီဖောင်းအပြည့်အစုံဝတ်ပြီး သူနဲ့လိုက်ခဲ့ဖို့ပြောတယ်။ရင်ထဲထိတ်ကနဲဖြစ်သွားတယ်။ကျန်တဲ့ ၈ ဦးရဲ့မျက်နှာမှာစိုးရိမ်ပူပန်မှု့တွေအထင်း သားမြင်ရတယ်။တဲအပြင်ရောက်တော့ ဓါတ်မီးမထွန်းဖို့ပြောတယ်။တိတ်တိတ်နေဖို့ပြောတယ်။စဉ်းစားပြီ။ညအ ချိန်တိတ်တဆိတ် ခုတ်သတ်ပြီပေါ့။လမ်းမရောက်တော့ ကျမအခြေအနေကြည့်မိတယ် ။ ဘယ်ဘက်ချိုးရင်လူ သတ်ကုန်း ညာဘက်ချိုးရင် KIA လိုင်စင်စခန်းဘက်။ သက်လင်းကပညာပြတယ်။ ဘာမှလဲမေးခွင့်မရှိ ဘယ် ဘက်ကိုလဲ မချိုး၊ညာဘက်ကိုလဲမချိုး လမ်းဘေးမှာရပ်နေပြီး တိတ်တိတ်နေဖို့ဘဲပြောနေတယ်။ဘာတတ်နိုင်မှာ လဲ။ပြောသလိုနေ စေရာသွားဘဝတွေဘဲ။
အတန်ကြာတော့ KIA ဘက်က ကားတစီးမောင်းလာတာတွေ့ရတယ် ။ကျမတို့အရှေ့မှာ KIA ကကားရပ်လိုက် တယ်။ကျမကိုကားပေါ်တက်ခိုင်းတယ်။သိပ်စဉ်းစားမနေတော့ဘူး။ဖြစ်ခြင်ရာဖြစ်တော့။မြန်မြန်သေ အေးရော ပြီး
ရောစိတ်ဖြစ်လာတယ်။ကားကလိုင်စင်စခန်း ဗိုလ်မှုးကြီးစံနီအိမ်မောင်းသွားတယ်။ နောက်တော့ကျမကိုကားပေါ် ကဆင်းဖို့ပြောတာနဲ့ ဆင်းပြီးသက်လင်းနဲ့အတူ ဒူကမ္ဘာအိမ်ထဲဝင်လိုက်တော့ သံချောင်းကိုပါ ဒူကမ္ဘာစံနီ နဲ့အ တူတွေ့လိုက်ရတယ်။ဒူကမ္ဘာစံနီက အေးအေးဆေးဆေးဘဲ ကျမကိုထိုင်ဖို့ပြောတယ်။ချမ်းအေးတဲ့ညကြီးမိုးချုပ် ကျမကို Fanta အအေးဘူးဖွင့်တိုက်တယ်။မသောက်ဘူးငြင်းဆန်တော့ မငယ်သိတ်စိတ်မပူနဲ့ ဘာမှမလုပ်ဘူး။ မေးစရာလေးနဲနဲရှိလို့ ဆိုတော့ စိုးရိမ်စိတ်က ငယ်ထိပ်တက်ကပ်တော့တာဘဲ။စိတ်ထဲမှာတွေးနေတာကတော့ မ နှိပ်စက်ဖို့တောင်းပန်မယ်၊သေနပ်နဲ့တချက်တည်းခေါင်းကိုတေ့ဖြုတ်ပြစ်ဖို့တောင်းဆိုမယ်။သေနပ်နဲ့တခါ တည်းပြစ်သတ်တာနှိပ်စက်တာထက် သက်သာတာ ABSDF-NB မြောက်ပိုင်းမှာ ရက်ရက်စက်စက် အနှိပ်စက် ခံခဲ့ရသူတွေတိုင်းသိကြတယ်လေ။
ဆိုတော့ဗိုလ်မှုးကြီးစံနီက မငယ်အအေးကုန်အောင်သောက် ပြီးမှပြောမယ် တဲ့။ကျမလဲ ပေးတာကိုမြန်မြန်ကုန် သောက်လိုက်တော့ ကျမကိုကြည့်ပြီးရီနေရော။ပြီးတော့ပြောမဲ့ပြောတော့လဲ တိုတိုပြတ်ပြတ် ဒဲ့ဒိုးကြီး မေးတာ မငယ် မင်း KIA ကို ပြောင်းမလား..တဲ့။ရုတ်တရက် မထင်မှတ်တဲ့မေးခွန်း ဆိုတော့ အဖြေချက်ခြင်းမပေးဘဲ ငြိမ် နေလိုက်တယ်။ကျမသံချောင်းကို တချက်ကြည့်လိုက်တော့ ဒူကမ္ဘာ့က ဟေးသံချောင်းမင်းဘာမှမပြောနဲ့ မငယ် သူ့ဘာသာသူဆုံးဖြတ်မယ် ဆိုတော့ ကျမအမေနဲ့ပီထွန်း ပြောခဲ့တာကိုသတိရမိတယ်။အမေက ကျမဆီလာ တုန်းက အဲ့ဒီတုန်းက KIO အတွင်းရေးမှုးဦးဇောင်းခရား (ယခုလက်ရှိ KIO ဥက္ကဌ) နဲ့တွေ့ပြီး ကျမတို့နဲ့ပက် သက်တာတွေပြောပြီး အကူအညီတောင်းခဲ့တယ်။ပီထွန်းလဲ ကျမကိုကယ်ဘို့ထပ်ပြီးအကြောင်းကြားပြောကြား ခဲ့တယ်။အဲ့ဒီအချိန် စဉ်းစားနေချိန်မှာဘဲ ဒူကမ္ဘာစံနီက ဒီမေးခွန်းကိုငါကမေးတာမဟုတ်ဘူး။ဗိုလ်ချုပ်ဇော်မိုင်က မေးခိုင်းတာ ဆိုပြီး ပြောပြောဆိုဆို ကျမအနားကဖုန်းကောက်ကိုင်ပြီး ဗိုလ်ချုပ်ဇော်မိုင်နဲ့စကားပြောတယ်။ပြီး ဖုန်းခွက်ကို ပြန်မတင်ဘဲ အောက်ချထားတယ် ။သဘောကကျမတို့ပြောတာတွေတဘက်က ကြားရတာပေါ့။ကျမစူးစမ်းနေတာကိုသိလို့ KIA ကိုပြောင်းမလား ထပ်ကာတလဲလဲမေးတယ်။
ကျမအတွက်တော်တော်အဖြေကြပ်တယ်။ချက်ခြင်းဖြေဖို့ဆိုတာမလွယ်ဘူး။သံချောင်းအရှေ့မှာ ပြီးတော့ ကျောင်း သားတပ်ထဲမှာကျန်ခဲ့တဲ့ ဘဝတူမောင်နှမ ၈ ဦးရယ် .. သူတို့နဲ့လဲတိုင်ပင်ခြင်သေးတယ်လေ။ ဒါကို တဘက်က နယူးကင့်ကနေဖုန်းနဲ့ နားထောင်နေတဲ့ ဗိုလ်ချုပ်ဇော်မိုင်က နားလည်ပြီး ဗိုလ်မှုးကြီးစံနီနဲ့ ဖုန်းပြော တာတော်တော်ကြာတယ်။ပြီးဗိုလ်မှုးကြီးစံနီ က ဗိုလ်ချုပ်ဇော်မိုင်ကပြောခိုင်းတယ်။ဒီတည အဖြေပေးဘို့မလိုဘူး မနက်ဖန်မနက် မှပြန်လာပါ။ ကားအကြိုလွှတ်လိုက်မယ် လို့ကျမကိုပြောပြီးတာနဲ့တဆက်တည်း သံချောင်းကို မနက်ဖန် ဘယ်သူမှမပါလာစေနဲ့။ မငယ်တယောက်တည်းလွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါစေ။အခုကျောင်းသား တပ်ပြန်ရင် မေးတာ ခြိမ်းချောက်တာလုံးဝမလုပ်ဘို့ အတိအကျမှာတယ်။
ဒါနဲ့ဘဲ သံချောင်း၊သက်လင်းနဲ့ကျမ ကျောင်းသားတပ်ကိုပြန်လာခဲ့ကြတယ်။တပ်ပြန်ရောက်တော့ ကျမနေတဲ့ တဲနားရောက်တော့ သံချောင်းကိုကျမသတိဆွဲပြီးအလေးပြုမလို့လုပ်တုန်း ကျမကိုသံချောင်းကပြောလာတယ်။ မင်းမသွားနဲ့ဦး။ငါနဲ့အပေါ်လိုက်ခဲ့တဲ့ ။သူနေတဲ့ နေရာကိုပြောတာ။တကယ်ဆို ကျမကကိုယ်နေတဲ့နေရာကိုယ်ပြန်ပြီး ကျန်ခဲ့တဲ့ ၈ ဦးနဲ့ ဆွေးနွေးခြင်လှပြီလေ။မပြောသာတော့ဘူးလေ။ကျမ သံချောင်းနေတဲ့ တဲ အပေါ်ကုန်းပေါ်လိုက်သွားရပြန်တယ်။အမေတို့လာစဉ်က မတည်ခဲ့တဲ့ကတိ
ခုတခါထပ်ဖျက်ဦးမှာလားလို့တွေးမိတယ်။အဲ့ဒီနေ့က ၁၉၉၂ ခုနှစ်စက်တင်ဘာလ ၂ ရက်နေ့ ဖြစ်ပါတယ်။
KIA တပ်တွင်းအတွေ့အကြုံနှင့် ဘန်ကောက်အသွားခရီးစဉ်ကို ဆက်လက်ရေးသားပါမည်။
ကျေးဇူးတင်ပါသည်။
နန်းအောင်ထွေးကြည်။
၃၁.၁ဝ.၁၉၉၂ ခုနှစ် တွင်ရိုက်ထားသောမှတ်တမ်းဓါတ်ပုံ ။မှားလျှင်ပြင်ပေးစေလိုသည်။ဒူကမ္ဘာဂျိမ်းလွမ်းဒေါင်နှင့်လတ်တလော
တွေ့ခဲ့စဉ်က မေးမြန်းထားခြင်းဖြစ်ပါသည်။
နောက်တန်းဝဲမှာယာ- ပညာရေးဝန်ကြီးဆွမ်လွတ်ဂမ်။ဗိုလ်မှုးကြီးဆန်ဘုန်း(ကွယ်လွန်)။ဗိုလ်မှုးကြီးဂျိမ်းလွမ်းဒေါင်။
G1 ဇော်တောင်(ကွယ်လွန်)။ဒေါက်တာတူးဂျာ။လက်ရှိ KIOအထွေထွေအတွင်းရေးမှုးချုပ်လာဂျာ။ဆလန်ကမ္ဘာဒိမ်ဘောင်။
ဒုဗိုလ်မှုးကြီးဂမ်ထွယ်(အငြိမ်းစား)။
ရှေ့တန်းဝဲမှယာ-ဒုဗိုလ်ချုပ်ကြီးဇော်ဆိုင်း(ယခုလက်ရှိဒုဥက္ကဌ)။** ဗိုလ်ချုပ်ဇော်မိုင်(ယခုအငြိမ်းစား)။
၁၉၉၂ ခုနှစ် ဥက္ကဌ ဘရန်ဆိုင်း(ကွယ်လွန်)။အထွေထွေအတွင်းရေးမှုးဇောင်းခရား(ယခုKIO ဥက္ကဌ)။
ဗိုလ်ချုပ်လမုန်တူးဂျိုင်(ကွယ်လွန်-၁၉၉၄ KIO ဥက္ကဌ)။ ဒုဗိုလ်ချုပ်ဇော်အိမ်(အငြိမ်းစား)။
View Full Note · ·













”၁၉၉၂ ဖေဖော်ဝါရီလ၁၂ရက် မတိုင်ခင်မှာ မြောက်ပိုင်းဒေသကို ဒေါက်တာနိုင်အောင်လာသွားတယ် ။”




ဦးဌေးဝင်း(ခ)နိုင်လင်းက ၁၉၉၂ ဖေဖော်ဝါရီလ၁၂ရက် မတိုင်ခင်မှာ မြောက်ပိုင်းဒေသကို ဒေါက်တာနိုင်အောင်လာသွားတယ် လို့ ၂၀၀၆ နအဖ သတင်းစာ ရှင်းလင်းပွဲမှာ ထွက်ဆိုထားပါတယ်။

((၁၉၉၂ ဖေဖော်ဝါရီလထဲမှာ ဒေါက်တာနိုင်အောင်ရောက်လာပါတယ်။

ဒေါက်တာနိုင်အောင်နဲ့ ကိုကျော်ကျော် ဆိုတဲ့သူနှစ်ယောက်ဟာ ကျနော်တို့ အဖမ်းခံနေရတဲ့ အဖွဲ့ ၁၀၀ကျော်ကို လာရောက်တွေ့ ဆုံတာဖြစ်ပါ တယ်။ တယောက်ချင်းခေါ်ယူတွေ့ ဆုံတာဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဒေါက်တာနိုင်အောင်ရယ်၊ ကိုကျော်ကျော်ဆိုတဲ့သူရယ်၊

ကိုသံချောင်းရယ်၊

ကိုမျိုးဝင်းရယ် ။

အမှတ် (၅၀၁) တပ်ရင်းမှူးဖြစ်တဲ့ ကိုသိုက် ထွန်းဦး ရယ်။
နောက်ထပ်တယောက်နှစ်ယောက်ရှိပါသေးတယ်။ ကျနော်နံမည်တော့မမှတ်မိတော့ဘူး။
သူတို့ အားလုံးကျနော့်ကို ခေါ်ပြီးတွေ့ ပါတယ်။
တွေ့ ပြီးကာမှ နောက်တရက်..နှစ်ရက်အကြာမှာ-
၁၉၉၂ ဖေဖော် ၀ါရီ လ ၁၂ ရက်နေ့ မှာ လူပေါင်း ၁၅ ယောက် အသတ်ခံလိုက်ရပါတယ်))
http://8-8-88.blogspot.com/2011/12/blog-post_4480.html
လင်္ကာ: ကိုကျော်မျိုး၊ဦးတိုက်ပိတ်၊ဦးဌေးဝင်း၊ကိုမြင့်သိန်း၊ကိုဇော်ဇော်မင်း
8-8-88.blogspot.com



















































































