Friday, August 3, 2012

မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ် သမိုင်း - ၁

“မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ် သမိုင်း”


by Soe Lynn on Friday, August 3, 2012 at 10:58am ·

မန္တလေးမြို့တွင်၊ သပိတ်မှောက်စစ်ကြောင်းများအားလုံး၏ တစ်ခုတည်းသော ဦးဆောင်ကော်မတီ တစ်ရပ်ဖွဲ့စည်းရန် ညှိနှိုင်းအစည်းအဝေးကို ၂၀-၈-၁၉၈၈-နံက် ၈း၃၀-နာရီ အချိန်တွင် ဘုရားကြီး အနောက်-၄၅-တာ၊ သဒ္ဓါဓိကဓမ္မာရုံကြီး၌ ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့ သပိတ်စစ်ကြောင်းကြီး ၁၅-ကြောင်းမှ တာဝန်ပေးစေလွှတ်ခံရသူများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်သူများမှာ-

၁။ ငြိမ်းချမ်းရေးစစ်ကြောင်းမှ ဦးကဝိန္ဒ၊ ဦးနန္ဒသာရ၊ မောင်အောင်မြင့်ထွန်း

၂။ ဂဠုန်နီစစ်ကြောင်းမှ ဦးမဏ္ဍလ၊ ဦးနန္ဒဝံသ၊ ဦးစန္ဒိမာ၊

၃။ ဘုရားကြီးစစ်ကြောင်းမှ ဦးပဏ္ဍိတ၊ ဦးဝိသုတ၊

၎။ နန်းရှေ့မာန်အောင်စစ်ကြောင်းမှ ဦးဓမ္မဝံသ၊ ဦးချိုကြီး၊

၅။ ရဲတံခွန်စစ်ကြောင်းမှ ဦးဝေပုလ္လ၊

၆။ အိမ်တော်ရာစစ်ကြောင်းမှ ဦးရေဝတ၊ ဦးဝါယမိန္ဒ၊

၇။ ဆရာဝန်အသင်း(မန္တလေး)မှ ဒေါက်တာခင်မောင်ဝေ၊ ဒေါက်တာသန်းထွန်း၊

၈။ မန္တလေးတက္ကသိုလ်မှ ဦးမျိုးမြင့်၊ ဦးကျော်သီဟ၊

၉။ ရှေ့နေအသင်းမှ ဦးတင်ဝင်းနိုင်၊ ဦးဇော်မင်း၊

၁၀။ ကျူရှင်ဆရာစစ်ကြောင်းမှ ဦးအောင်မင်း၊

၁၁။ တက္ကသိုလ်များရန်ကုန်(မန္တလေးမိသားစု)မှ ကိုဇာနည်အောင်၊ ကိုသူရိန်၊

၁၂။ စာပေအနုပညာစစ်ကြောင်းမှ မောင်နွေထက်၊ ရဲသျှမ်း၊

၁၃။ ဂျီတီအိုင်စစ်ကြောင်းမှ ကိုထွန်းအောင်ကျော်၊ ကိုအေးကျော်၊

၁၄။ မြန်မာနိုင်ငံသားတရုတ်အမျိုးသားအဖွဲ့မှ ကိုသိန်းဝင်း၊ ကိုတင်စိုး၊

၁၅။ သဘင်သမဂ္ဂမှ ဦးကျော်လှိုင်၊ ဦးသာဓု-တို့ဖြစ်ကြပါသည်။

တက်ရောက်လာသူများမှ သပိတ်မှောက်ဗဟိုကော်မတီဖွဲ့စည်းရေးအတွက် အဖွဲ့အလိုက် အမြင်အမျိုးမျိုး၊ သဘောထားအမျိုးမျိုးကို တင်ပြကြပြီး၊ ညနေ ၄း၃၀-နာရီတွင် အစည်းအဝေးပြန်လည်ကျင်း ပရန် သဘောတူ ဆုံးဖြတ်ကြသည်။

မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်မှောက် ဗဟိုကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ၂/၈၈-ကို ၂၀-၈-၁၉၈၈-ညနေ ၄း၃၀-နာရီတွင် ဘုရားကြီး အနောက် ၄၅-တာ ဓမ္မာရုံကြီး၌ ဆက်လက်ကျင်းပခဲ့ပါသည်။

ထိုအစည်းအဝေးမှ မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်မှောက်ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ (နောင်တွင် မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါသည်) ကော်မတီဝင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဥက္ကဋ္ဌ ဦးကဝိန္ဒ(ငြိမ်းချမ်းရေးစစ်ကြောင်း)

ဒု-ဥက္ကဋ္ဌ ဦးတင်ဝင်းနိုင်(ရှေ့နေအသင်း)

အတွင်းရေးမှူး ဦးရေဝတ(အိမ်တော်ရာစစ်ကြောင်း)

တွဲဖက်အတွင်းရေးမှူး(၁) ဦးကျော်သီဟ(မန္တလေးတက္ကသိုလ်)

တွဲဖက်အတွင်းရေးမှူး(၂) ဦးချိုကြီး(နန်းရှေ့မာန်အောင်)

လုံခြုံရေးမှူး ဦးမဏ္ဍလ(ဂဠုန်နီစစ်ကြောင်း)

တွဲဖက်လုံခြုံရေးမှူး ဦးသာဓု(သဘင်သမဂ္ဂ)

စည်းရုံးရေးမှူး ဦးပဏ္ဍိတ(ဘုရားကြီးစစ်ကြောင်း)

တွဲဖက်စည်းရုံးရေးမှူး ကိုမြတ်မှိုင်း(စာပေအနုပညာ-နောင်တွင် ရဲသျှမ်း)

စည်းကမ်းထိန်းသိမ်းရေးမှူး ဦးဝေပုလ္လ(ရဲတံခွန်စစ်ကြောင်း)

တွဲဖက်စည်းကမ်းထိန်းသိမ်းရေးမှူး ဦးအောင်မင်း(ကျူရှင်ဆရာ)

ဘဏ္ဍာရေးမှူး ဒေါက်တာသန်းထွန်း(ဆရာဝန်အသင်း)

တွဲဖက်ဘဏ္ဍာရေးမှူး ကိုသိန်းဝင်း(မြန်မာတရုတ်လူငယ်)

ဆက်သွယ်ပြန်ကြားရေးမှူး ကိုဇာနည်အောင်(စက်မှုတက္ကသိုလ်)

တွဲဖက်ဆက်သွယ်ပြန်ကြားရေးမှူး ကိုထွန်းအောင်ကျော်(ဂျီတီအိုင်)

ကျန်းမာရေးမှူး ဒေါက်တာခင်မောင်ဝေ(ဆရာဝန်အသင်း)

သပိတ်မှောက် ဗဟိုကော်မတီဖွဲ့စည်းပြီးနောက် သပိတ်စခန်းဌာနချုပ်နေရာအတွက် ညှိနှိုင်းဆွေးနွေးကြသည်။ ဌာနချုပ်နေရာကို ယာယီအားဖြင့် တောင်ပြင်အသောကာရာမတိုက် ရတနာမြိုင်ကျောင်းကို သက်မှတ်ပြီး၊ ရုံးခန်းအဖြစ် ဘုရားကြီးအနောက် ၄၅-တာ ဦးမုနိန္ဒစာသင်ကျောင်းကို သက်မှတ်ရွေးချယ်ခဲ့ကြသည်။ ထို့နောက် ဗဟိုကော်မတီမှ ပြည်သူလူထုသို့ သတင်းထုတ်ပြန် ကြေညာချက်တစ်စောင် ရေးသားဖြန့်ချီရန် ညှိနှိုင်းပြီး မူကြမ်းရေးကြသည်။ လိုအပ်သော ဆပ်ကော်မတီများကို နောင်တွင် သီးခြားထပ်မံဖွဲ့စည်းရန် ဆုံးဖြတ်၍ အစည်းအဝေးကို ညနေ ၆း၀၀-တွင် ရုပ်သိမ်းခဲ့ကြသည်။

(ဆက်လက်ဖော်ပြပါမည်။)

· · Share

Thursday, August 2, 2012

"သဘောထားကြီးတဲ့ သမိုင်းနာ"

ဘရာဇီး ငှက်ရိုး
February 11
သူသတ်သမား လက်တွင်း
အကျဉ်းသား ဖြစ်ခဲ့ရ
ငါတို့သူရဲကောင်းတွေရဲ့ ကံကြမ္မာ
သမိုင်းနာလို့
ယတရာ မချေဘူး
ကမ္ဘာမကြေဘူး။ ။

လူသတ်မိန့်နဲ့ မိုက်ရိုင်းယုတ်မာမှု
သူ့အမေလင်စီက အမွေရထားတဲ့အတိုင်း
တုနှိုင်းစံရှား
အာဏာရူး သဘောက်မသား
နာဇီ ဖက်ဆစ်တောင် လက်ဖျားခါ။ ။

ရန်သူ့သူလျှို လုပ်ဖို့မပြောနဲ့
ထွန်းအောင်ကျော် ဆိုတာ
ရှစ်လေးလုံးမှာ ပေါ်ထွန်းတဲ့
မော်ကွန်းရဲ သမိုင်းရဲ ဖြစ်တယ်။ ။

အနှစ် နှစ်ဆယ်ကြာအောင်
တရာခံကို သဘောထားကြီးတဲ့ သမိုင်း
ယနေ့မှစ ၀ိုင်းလို့ဆန့်ကျင်
တရားခွင်ကို တရားခံရောက်ရေး
သမိုင်းပေး တာဝန်
ကျေပွန်ကြစို့လား - ရဲဘော်တို့။ ။

လွန်ခဲ့သောအနှစ်နှစ်ဆယ် ပြည်ထောင်စုနေ့ မကဒတ (မပ)တွင် ကျဆုံးသွားသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်အားလုံး အတွက်

ခွန်တာဇံ (မကဒတ)
ဖေဖေါ်ဝါရီလ ၁၂၊ ၂၀၁၂။

ABSDF (NB)ကျောင်းသားတပ်မတော်ရဲ.နောက်ထပ်လက်ရဲဇတ်ရဲ သတ်ဖြတ်မှု

ABSDF (NB)ကျောင်းသားတပ်မတော်ရဲ.နောက်ထပ်လက်ရဲဇတ်ရဲ သတ်ဖြတ်မှု

by Baydar Lam on Thursday, August 2, 2012 at 5:08am ·

ABSDF (NB)ကျောင်းသားတပ်မတော်ရဲ.နောက်ထပ်လက်ရဲဇတ်ရဲ သတ်ဖြတ်မှု

ကျွန်တော်အခုရေးနေတာတွေကအဖြစ်မှန်တွေပါ။ဒီရာဇဝတ်မှုတွေကိုအများသိအောင်ချပြပြီးတရားခံတွေကိုအမှုဖွင့်နိုင်အောင်ကြိုးစားမှာပါ။မန္တလေးမှာအမှုဖွင့်နိုင်အောင်ကြိုးစားနေပါတယ်။အောင်မြင်ရင်အားလုံးကိုအသိပေးမှာပါ။အားလုံးရဲ.အားပေးကူညီမှုကိုလိုပါတယ်။တရားစစွဲပြီဆိုတာနဲ.အခြားကိစ္စရပ်တွေကိုစီမံကွပ်ကဲဖို.ကျွန်တော်မပါတဲ့ကော်မတီတရပ်ဖွဲ.ပါမယ်။ပြည်တွင်းပြည်ပကလက်ခံတဲ့သူတွေဖြစ်ရပါမယ်။ကျွန်တော်ကတော့တရားစွဲဆိုတဲ့အမှုကိစ္စနဲ.ပက်သက်တဲ့ကိစ္စတွေမှာပဲပါဝင်ပါမယ်။အသေအချာသိပြီးစတင်တိုင်တန်းအမှုဖွင့်လို.ရတဲ့အမှုတွေကတော့

၁။ ၁၅ ယောက် သတ်မှုမှာပါတဲ့ဗဟိုကော်မတီ၊ I ရုံးအဖွဲ.ဝင်များနဲ. လာပြီးကြိုးချည်ကာသတ်ဖို.ခေါ်သွားတဲ့ လုံခြုံရေးတပ်စိတ်

၂။စိုးဝင်းသန်းကိုသတ်တဲ့ သန်းဇော်နဲ.သက်လင်း

၃။ဇော်ဝင်းချစ်ရဲ.ပေါင်သားကိုလှီးစားတဲ့ စံထွန်းနဲ.လက်သီး(လက်သီးကတော့ AIDS နဲ.သေသွားပြီ)

၎။ဦးကျော်မြ(NLD)ကိုသတ်တဲ့အမှုမှာပါတဲ့ ဦးတင်အောင်(NLD-LA) ဒု-ဥက္ကဌ၊ဦးသာညွန်.၊မင်းအောင်၊အောင်မြင့်သန်း၊အောင်သိန်းနဲ.စံငြီမ်း-(ဒီအမှုနဲ.ပက်သက်ပြီး ဝန်ကြီးဦးဝင်းကို အသတ်ခံရတဲ့အမှုမှာ တာတီးတို.လုပ်တာကိုလည်း စစ်ရမယ်)။

ဒါတွေကကျွန်တော်တို.ကိုယ်တိုင်သက်သေထွက်နိုင်တဲ့ကိစ္စတွေပါ။စွဲလို.ရပါပြီ။ဦးကျော်မြ ကိစ္စနဲ.ပက်သက်ပြီးအမှုဖိုင်တွဲနဲ.တကွသက်သေခံပေးမဲ့ပုဂ္ဂုလ် အဆင်သင့်ရှိပါတယ်။ကျန်တာတွေက ကျွန်တော်တို.သိတယ်။ဒါပေမဲ့မြင်လားဆိုတော့အဝတ်စည်းထားလို.မမြင်ရပါဘူး။အဲဒီတော့မြင်တဲ့သူအချင်းချင်းကသက်သေခံနိုင်အောင်သိတဲ့သူကစပြီးစွဲရပါလီမ့်မယ်။

အခုတရားခံတယောက်ရဲ.အဖြစ်အပျက်လေးတခုအကြောင်းရေးပါမယ်။

မိုးညင်းမြို.နယ် NLD အဖွဲ.မှာလှုပ်ရှားနေတဲ့ မမီမီထွန်း ဟာနိုင်ငံရေးမှုနဲ.ထောင်ကျသွားပါတယ်။ထောင်ကလွတ်ချိန်မှာမိသားစုစားဝတ်နေရေးအတွက်စီးပွါးရှာဖို.ဆွေမျိုးသားချင်းတွေအလုပ်လုပ်နေတဲ့ ဖားကန်.ကိုတက်သွားခဲ့ပါတယ်။ဖားကန်.မှာစီးပွါးရေးလုပ်ရင်းအလုပ်သဘောအရ မမီမီထွန်း ဟာတပ်မတော်ကအရာရှိများနဲ.တွေ.ထိဆက်ဆံလာရပါတယ်။အဲဒီကိစ္စကို ဖားကန်.မှာရှိတဲ့ ABSDF NB က ရဲဘော်တွေက သံချောင်းကို ဆက်သွယ်ရေးစက်နဲ.လှမ်းပြီးအကြောင်းကြားလိုက်ပါတယ်။သံချောင်းက မမီမီထွန်း ကိုထောက်လှမ်းရေးကလို. စွတ်စွဲပြီးသေဒဏ်ချလိုက်ပြီးသေဒဏ်ပေးတဲ့အမိန်.ကိုသံချောင်းက ဆက်သွယ်ရေးစက်နဲ.ဖားကန်.ကိုလှမ်းအကြောင်းကြားလိုက်ပါတယ်။အဲဒီတော့ ဆိုင်းတောင်(ဖားကန်.)မှာရှိနေတဲ့ မီမီထွန်းကို ကျောင်းသားတပ်က သံချောင်းရဲ.အမာခံရဲဘော် ဗူးသီး ကသေဒဏ်စီရင်ဖို.သွားခဲ့ပါတယ်။ဗူးသီးဟာ မီမီထွန်းရဲ. ဗိုက်ကို ဓါးမြှောင် နဲ.ထိုးပြီးထွက်ပြေးသွားပါတယ်။(အမျိုးသမီးတယောက်ကို အလစ်မှာဓါးနဲ.ထိုးပြီးထွက်ပြေးသွားတာပါ။)မီမီထွန်းဟာ အူတွေပွင့်ထွက်ပြီးနေရာမှာပဲလဲကျသွားပါတယ်။အော်သံကြားလို.ရောက်လာတဲ့သူတွေက ဆေးရုံကိုအချိန်မှီပို.လိုက်နိုင်တဲ့အတွက်အသက်ချမ်းသာရာရသွားခဲ့ပြီးကံကောင်းလို.မသေခဲ့တာပါ။ဆေးရုံကနေကျန်းမာပြီးဆင်းလာတော့ ဖားကန်.မှာရော၊မိုးညင်းမှာပါမနေရဲတော့တဲ့အတွက်သံချောင်တို.အုပ်စုကိုကြောက်ပြီးအနောက်နိုင်ငံတခုမှာဇတ်မြုပ်ပြီးနေနေပါတယ်။ဒီအမှုမှာလည်း ၁။သံချောင်း နဲ. ၂။ဗူးသီး တို.ဟာ တရားခံတွေပါ။တရားစွဲမယ်ဆိုရပါပြီ။

ဆမားညီညီ OS

2-8-2012

နောက်ထပ် ABSDF NB ရဲ.အတွင်းရေးအပုတ်တွေကိုဆက်လက်ဖော်ထုတ်ပါအုံးမယ်။

· · Share