http://88daun88.blogspot.ca/
Sunday, July 15, 2012
လင်္ကာဆိုဒ်ထဲက စိတ်ဝင်စားဖွယ် ကွန်မန့်တခု
ဒီကနေ့လို သမိုင်းတွင်ရစ်မဲ့ ABSDF ရဲ့ ကမ္ဘာကျော် ဖြေရှင်းပွဲကြီးမှာ အင်မတန်မှခေါင်းဆောင်ကြီးလုပ်ချင်ခဲ့ကြသူများရဲ့ ဖင်မနိုင်ဘဲ ပဲဟင်းစားခဲ့မှုများကို သူတို့ ကိစ္စ သူတို့ဖါသာ ရှင်းကြတာကို ကျွန်တော်တို့အားလုံးကစောင့်ကြည့်နေကြတာပါ။ မိုးသီးဟာ စာတလုံးပေတဖွဲ့ ရေးသားတတ်သူမဟုတ်ကြောင်း ဆရာကြီးများဖြစ်ကြတဲ့ စာရေးဆရာကြီး ၃ ဦးကတောင် မှတ်ချက်ပေးခံခဲ့ရသူဖြစ်တယ်။ တခါသားက မိုးသီးက သူဟာအင်မတန်မှ စာရေးတာဝါသနာပါကြောင်း ဒါကြောင့် စာတိုပေစများလဲ ရေးလေ့ရှိကြောင်းနဲ့ သူ့မှာအဆင်သင့်ပါလာတဲ့ ဆောင်းပါးတစောင်ကို အကဲဖြတ်ပေးဖို့ တောင်းဆိုပါသတဲ့။ သူတောင်းဆိုတာကို ကံဆိုးစွာပထမဆုံး ခံခဲ့ရသူက တခြားသူဟုတ်ပါရိုးလား၊ မြန်မာစာအရေးအသားနဲ့ပါတ်သက်ရင် စည်းစနစ်အရာမှာ နဲနဲမှ ကတိမ်းကပါးမခံတတ်တဲ့ကဝိကျော် ဆရာကြီးတင်မိုး ကိုယ်တိုင် ဖြစ်ခဲ့ပါသတဲ့၊ ဆရာတင်မိုးလို အကျော်အမော် စာသူတော်တယောက်က မိုးသီးရဲ့ အရေးအသား အစအဆုံးဖတ်နေစရာမှမဟုတ်တာ ၊တကြောင်းနှစ်ကြောင်းနဲ့တင်သဘောပေါက် ကောက်ကာငင်ကာ ချက်ခြင်းမှတ်ချက်ပေးလိုက်ပုံက မိုးသီးရယ် ( ကျေးဇူးပြုပြီး မင်းစာမရေးပါနဲ့ကွယ် ) ပါတဲ့ဗျာ။ တော်ယုံလူတယောက်ဆို ဒီဆရာကြီးတယောက်စကားနဲ့တင်လုံလောက် နောက်ဆုတ်ကာအမှန်ပြန်ကျိုးစားရင် တိုးပွားစရာပဲရှိသမဟုတ်လား။ မိုးသိးဆိုတာ အလကားနာမည်ကြီးလာသူမှမဟုတ်တာ နောက်ဆုတ်တယ်ဆိုတာရာဇဝင်မှာမရှိ ငါသာအမြဲမှန်၏ဆိုတဲ့ အစားထဲက ကလား၊ ဒီတော့ နောက်ဆရာကြီးတပါးထံ ချဉ်းကပ် အတင်းအဆုံးအဖြတ်ပေးခိုင်းတော. နှယ်နှယ်ရရ မဟုတ်တဲ့ နောက်အကျော်အမော်တပါးကလဲ အားနာပါးနာနဲနဲ ဖတ်ပြပေးပြီး မှတ်ချက်မြန်မြန်ပြန်ပေးလိုက်ပုံက ( ကိုတင်မိုး ပြောသလိုပါပဲကွာ) တဲ့ခင်ဗျ။ ဒီဆရာက အစကတဲက သူ့.ငယ်သူငယ်ချင်းဆီကစကား ကြားထားပြီးသား ၊ဒါနဲ့တောင်မကျေနပ် ငါ့ဆီပါထပ်လာတဲ့ သူကောင့်သား စိတ်ထဲမှာအချဉ်ပွားရပါကြောင်းဆိုရှာသူက ဆရာကျော် မောင်စွမ်းရည်ပါတဲ့။ မိုးသီး ဆိုတာ သိတယ်နော်၊ ကိုင်လိုက်ရင် ငါးကြင်းခေါင်းမှ၊ အဲ့သလိုနဲ့ နောက်မလျှော့သေးဘူးဗျ၊ ခုနက သိတယ်နော် သိတယ်နော် လို့ ထည့်ထည့်ပြောတတ်တဲ့ ဆရာကြီးတပါးထံ ရောက်ပြန်ပါသတဲ့၊သူကလဲ ဟိုဆ၇ာကြီး နှစ်ပါးဆီက စကားကြားထားပြီးဖြစ်နေပြန်သတဲ့၊ ဒါနဲ့မိုးသီးတယောက် ဆက်ဆက်ရောက်လာပြန်တော့ ဒေါက်ဒေါက် ဘယ်သူလဲ၊ ကျနော်ပါ မိုးသီး ဟိုပြောထားတဲ့ကိစ္စ ဆရာဖတ် ဖို့လို့။ အေးအေး အိမ်ရှေ့မှာပဲထားခဲ့ကွာ။ဒါနဲ့ စာမူလေးအသာလှေကားရင်းက နှင်းတွေကြားမှာချခဲ့ ၊ တရက်နှစ်ရက်နေတော့ ဖုန်းတခါပြန်ဆက် ဆရာ ကျွန်တော့် ဟာလေး ဖတ်ပေးပြီးပလား၊ အေးအေးပြန်လာယူတော့ အပြေးအလွှားဘာမှတ်ချက်စကားများကြားရမလဲ ရင်တထိတ်ထိတ်နဲ့ပေါ့၊ ဟိုရောက်တော့ ချက်ချင်းသဘောတော်ပေါက်သွားပုံက ဟိုနေ့ ကသူထားခဲ့တဲ့စာမူကလေး လှေကားရင်းမှာ ကွေးကွေးလေး နဲနဲလေးတောင်နေရာမရွေ့ သူတွေ့လိုက်ရပါရောတဲ့၊ သူ.ကိုနောက်ဆုံး (လက်ဆင်) ပေးလိုက်သူက မောင်သာရ ဆိုတဲ့ ပါချီပါချဲ့ မဟုတ်သူ။ ကိုင်း ဒီလောက်ဆို သိဖို့ကောင်းပါပြီ။ မိုးသီး (ဘလော့ ဂ်) ဆိုပြီး နောက်ကနေေ၇းပေးနေသူက ကိုယ်တိုင် ဆရာဝန်ဘွဲ.ကြီးဆွတ်ခူးထားသူ အလုပ်အကိုင်ပင်ပန်းရတဲ့အထဲ အဖြူ ရှေ့နေမကိုယူထားမိလို့ ရထားတဲ့ခလေးနှစ်ယောက်လဲထိမ်း အဝတ်လျှော် ထမင်းချက်လဲလုပ်ရင်း ရသမျှ အချိန်ကိုအသဲအသံ လုနေရရှာတဲ့ ဒေါက်တာအေးမင်း။ ဘာကြောင့် မိုးသီးတို့ လက်ကြောမတင်းလဲ ဆိုတာ ကိုယ့်ထမင်းကိုယ်စားဂျီးတော်နွားအလကားဝင်ကြောင်းပေးချင်ကြတဲ့ ခင်ဗျားတို့လို ရှဲဒိုးတွေရှိနေလို့ ပါပဲ။ ခုလဲ တတိုင်းပြည်လုံးရဲ့ အနာ၈ါတ်ရေးနဲ့ပါ သက်ဆိုင်တဲ့ ခေါင်းဆောင်ကြီးများရှင်းလင်းပွဲမှာကိုကျော်သန်း က ရှဲဒိုးဝင်ရေးပေးတော့ မိုးသီးရဲ့ အာဘော်စစ်စစ် ဘယ်ဖြစ်တော့မလဲဗျာ၊ မဆီမဆိုင် ခုနက မိုးသီးစာရေးမကောင်းတာ အလကားထည့်ပြောတာမဟုတ်ပါ၊ အဲ့ဒီလို အရေးအသားချောအောင် မိုးသီးရေးတာဘယ်လိုမှမဖြစ်နိုင်တာ စာကိုဖတ်ကြည့်ယုံနဲ့ သိသာပါတယ်၊ ကျွန်တော်ပိုပြီး စိတ်မကောင်းဖြစ်ရတာက ကိုကျော်သန်းလိုလူမျိုးက မိုးသီးရဲ့ ရှဲဒိုး ဖြစ်နေတာ ခင်ဗျားအဆင့်နဲ့မတန်ပါဘူးဗျာလို့ မချင့်မရဲဖြစ်မိတာပါပဲ။ ခုလိုကိစ္စမျိုးမှာကျွန်တော်တို့က ဘေးကပဲ တည့်မတ်ကြသင့်တယ်လို့ထင်မိပါကြောင်းခင်ဗျာ။
နံရံအားလုံးမှာ နားရော မျက်စိပါ ရှိနေပါတယ် ၊ဘယ်ဟာကိုမျအမှု အမှတ်မဲ့ မလုပ်မိကြပါစေနဲ့
ထင်ကျော်ထက်
”သို့- ညီမလေး နန်းအောင်ထွေးကြည် ”
ညီမလေး နန်းအောင်ထွေးကြည်၊

သို./ ညီမလေး နန်းအောင်ထွေးကြည်၊
အကို ဟာ ကိုထိန်လင်းတို့ အောင်မိုးဝင်း တို. ရေးကြသားကြတာတွေ ဖတ်ရမှ ဂဃနဏ သိခဲ့ရတာမှန်ပေမဲ့
အကိုတို့ အနေနဲ့ကိုယ်တိုင်လဲ တောထဲ ဖြတ်လာခဲ့ဘူးသူဆိုတော့
တောစကားတောရောက် တောင်စကားတောင်ပျောက် ဆိုတဲ့
မြန်မာ စကားပုံကို တောင် ပြင်ရကောင်းမလားတွေးနေမိပါတယ်။
ဆိုလိုချင်တာက တောထဲမှာ ကတဲက ဒီပြသနာရဲ့ အရင်းအမြစ်တွေ
တော်တော်များများကို ခုလောက်မသိခဲ့ရပေမဲ့
ဒါတွေဟာ တကယ်ဖြစ်ခဲ့တယ်
တကယ်လဲ တရားလက်လွတ် လုပ်ခဲ့ကြတယ်
နောက်ပြီး စတေးခံလိုက်ရတဲ့သူတွေဟာလဲ
ကျောင်းသားစစ်စစ် ခွပ်ဒေါင်း မှဖြစ်ဖြစ်မြည်နေသူတွေ
ဆိုတာ အဲ့ဒီအချိန် ကတဲက သတင်းတွေကို
တောထဲမှာပဲ ကြားသိခဲ့ရလို့ တောစကား လဲတောထဲပေမဲ့
တောထဲမှာရောတောင်ပေါ်မှာပါ မပျောက်ခဲ့ကြပါဘူး။
မြို.ပေါ်ရောက်တဲ့အထိ မ မေ့ကြဘူးလို့တောင် ပြောရတော့မှာပေါ့။
ဒါပေမဲ့ ညီမလေးက အစ ထွက်ပြေးလွတ်မြောက်လာသူများအပါအဝင်
ကျဆုံးကုန်ကြသူအပေါင်း ဝေလာဝေး တယောက်ယောက်နဲ.မှ
တခါဘူးမှ အခုဒီစာကိုရေးနေချိန်အထိ မတွေ. မဆုံ မကြုံခဲ့ရဘူးပါ။
အကို့လိုတောထဲကို ဖြတ်သန်းခဲ့ဘူးသူမှမဟုတ်
ဒိအဖြစ်အပျက်တွေ အကြောင်း ခုမှသိခွင့် ရတဲ့သူ အားလုံးဟာလဲ
ညီမလေးတို့နဲ့ ထပ်တူမိသားစုတွေနဲ့ ထပ်တူ ကာယကံ ရှင်တွေနဲ့ထပ်တူ
မျှဝေခံစားနေကြပါကြောင်း ကိုလဲ ညီမလေးနဲ့တကွ လိုင်စင်ပြန်အားလုံး ကို အသိပေးပါရစေ။
ခု ဒီကိစ္စတွေ မပေါ်လာခင်လွန်ခဲ့တဲ့ ၂ နှစ်လောက်က
အောင်မိုးဝင်း ထံမှာ နိုင်အောင် နှစ်ညအိပ် လာရောက်တည်းခိုသွားကြောင်း၊
အောင်မိုးဝင်းက မြောက်ပိုင်းနဲ့ ပါတ်သက်တာတွေအတွက်
ဝန်ချတောင်းပန်သင့်သူတွေကတောင်းပန်သင့်ချိန်တန်ပြီဖြစ်ကြောင်းနဲ့
အကယ်၍ ဒီပြသနာအတွက် အဲ့ဒီနည်းနဲ့မှ မလုပ်ကြရင်
ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ကြုံတွေ.ကြရင်မကောင်း ဘူးလို့
သူက သတိပေးလိုက်ကြောင်း နဲ့ သူ.လက်ထဲမှာရှိနေတဲ့
အထောက်အထား အချို.ကိုလဲ နိုင်အောင်ကို ထုတ်ပြလိုက်ကြောင်းတွေကို
နိုင်အောင် သူ.အိမ်ကပြန်သွားပြီး နောက်တနေ့မှာ
အကိုနဲ့ အောင်မိုးဝင်းဖုန်းဆက်တဲ့အခါ ပြောပြလို့ သိခဲ့ ရပါတယ်။
အောင်မိုးဝင်းက ထုတ်မပြောခဲ့ပေမဲ့ နိုင်အောင်ဘာကြောင့်
အောင်မိုးဝင်းဆီကို တကူးတက လာတွေ.တာလဲဆိုတာကိုတော့
အကို့ အနေနဲ့ အဲဒီတုံးက မစဉ်းစားပဲ မနေနိုင်ဖြစ်ခဲ့ရပါတယ်။
အောင်မိုးဝင်းက စုံထောက်ကြီး စံရှားလို ဒီအကြောင်းတွေကိုဖေါ်တော့မယ်ဆိုတာ
အချဉ်မဟုတ်တဲ့နိုင်အောင်လဲ မသိပဲဘယ်နေမလဲလို့ တွေးကြည့်မိတာပေါ့၊
ဒါကြောင့် အဆက်အစပ်မရှိတဲ့ အောင်မိုးဝင်း အိမ်ကို တကူးတကလာပြီး စကားပြောတာ
အောင်မိုးဝင်း ဆီကတခုခု ရချင်လို့ ဆိုတာရှင်းနေတာပေါ့။
နိုင်အောင်ဟာ အောင်မိုးဝင်း ဆီ ၂ ညသွားအိပ်တာ တန်ခဲ့ပါတယ်။
အောင်မိုးဝင်းဆီက ပြန်ကတဲက သူ. အနေနဲ့ ဘာလုပ်ရတော့မယ်ဆိုတာ
တခြားလူတွေသာ မသိရင်နေမယ် ၊
သူက အဲ့ဒီ ကတဲက ကြိုတင်ပြင်ဆင်ထားတာကို အထောက်အထားတွေအရသိလာရပါပြီ။
ကိုထိန်လင်းရဲ့ ထုတ်ဖေါ်ရေးသားမှုနဲ့ မရှေးမနှောင်းမှာပဲ
အောင်မိုးဝင်းရဲ့ တင်ပြမှုတွေ ဟာ တိုက်ဆိုင်မှုတော.မဟုတ်လောက်ဘူးဆိုတာရယ်
ညီမလေးကိုယ်တိုင်ရေးသားတဲ့ စိမ်ခေါ်လိုက်တဲ့ ကဗျာတွေဟာ ရယ်
ဆက်တိုက် ဆိုသလို အကိုတို.ဖတ်လိုက်ကြရပါတယ်။
တချိန်ထဲမှာ ခုလို အောင့်အီး စောင့်စည်း လာခဲ့ကြတာဟာ
မိခင် ကျောင်းသားတပ်မတော်ကြီးရဲ့ ဂုဏ်သိက္ခ္ခာနဲ့
တိုင်းပြည်ထဲမှာ ရှိနေကြတဲ့ အခြေအနေတွေကြောင့် လို့ ညီမလေးတို့က ဆိုကြပါတယ်။
နောက်ပြီးခုချိန်အထိ ညီမလေးနဲ့ တကွ နှိပ်စက်ခံလာခဲ့ကြသူ တချို.က
ပြောတဲ့ အသံတွေလဲ ကြားနေရတယ်၊
ကျွန်တော်ကျွှန်မတို.သည် ယ္ခုဖြစ်ရပ်မှန်ကို
ပြည်သူလူထုအားချပြအသိပေးခြင်းကြောင်.
ကျွန်တော်ကျွန်မတို့ ကို ထောက်လှမ်းရေးမဟုတ်ကြောင်း အသိအမှတ်ပြုပေးကြပါ၊
ဒါပဲလား?
ရုပ်ရှင်မဟုတ်တဲ့ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းက၊
ဇာတ်သိမ်းသောအခါ လူဆိုးကြီးနိုင်အောင် အပါအဝင်လူကြမ်းအားလုံးနှင့် သေခဲ့ကြသူတွေရော
ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ကြသော
ကျွန်တော်/မ တို့တတွေသည်ပါယခုအခါတိုင်းပြည်ကြီးပြန်လည် ထူထောင်ရန်
ချစ်ကြည်စည်းလုံးစွာ ၊ ဘလာ ဘလာ ဘလာ ဘာလာ ၊
အောင်မိုးဝင်းနဲ့ ပြောဖြစ်တုံး ကထဲကလဲ သူ. ကို မေးကြည့်ခဲ့ ဘူးပါတယ်၊
အဲ့သလို ဝန်ခံလိုက်ကြတာနဲ့ ဒါပြီးသွားရောလားပေါ့၊
အကိုတို့ဟာ ရုပ်ရှင်တကားထဲမှာ ဗီလိန်လုပ်သူက ဆိုးချင်သလောက်ဆိုး၊
ကြိုက်သလောက်ရက်စက်
နောက်ဆုံး ဇာတ်ပေါင်းတော့ လူကြမ်းလုပ်ပြခဲ့သူက
မျက်ရည်လေးစမ်းစမ်းကျပြ
နောင်တစကားတွေပြောပြ၊
ပရိတ်သတ်လဲ နောက်ဆုံးမှာဘဝင်အေး
အိမ်ပြန်ရောက်ယင်ကွေးကွေးကလေးအိပ်လိုက် ပြီးပါပြီပေါ.။
ဒီကိစ္စက ကွေးကွေးလေးပြန်ဝင်အိပ်လို.မရသေးဘူးလို့ အကိုတို.ကတွေးမိကြပါတယ်။
အထက်မှာပြောပြခဲ့ပြီး သလို ညီမလေးအပါအဝင် လိုင်စင်ပြန်တွေက ဒီကိစ္စ ဒီလောက်ပဲ နဲ့ ပြီးကြပြီလို.တွေးနေ
ပြောနေချိန်မှာတောင်မှနိုင်အောင် တို့ဘက်က မပြီးသေးပါဘူး။
ရက်ရက်စက်စက်ခံခဲ့ကြရ သူတွေက ဖွင့်ဟဝန်ခံလာယုံနဲ့
ကျေနပ်မယ်ပြောနေချိန်မှာတောင်မှ အဲ့သလောက်ကလေး လို့ မထင်ကြပါနဲ့။
နိုင်အောင်နဲ့ အပေါင်းအပါတွေဘက်က ဒါဟာအကြီးကြီးပါ။
ဒါ့ကြောင့်လဲ အောင်မိုးဝင်းနဲ့ သူတွေ.ပြီးကတဲက ကြိုတင်ပြင်ဆင်ထားခဲ့တာကြောင့်
အခုလို ထုတ်ဖေါ်ရေးသားမှုတွေကြောင့် နောက်ဆက်တွဲ ဥပဒေကြောင်းတွေ အရ အရေးယူလာခဲ့ယင်
ကာကွယ်ဖို့ ရော၊ ဥပဒေကြောင်းအရကာယကံရှင်တွေဘက်က အရေးယူလာနိုင်သူတွေထဲက အချို.ကို
သူ.ရှိသမျှ(မိဘ ထံမှရသောအမွေ တပြားမှ မရှိပါ) ထဲကပုံအောထားတာကြောင့်
တချို့ကတရားမစွဲဘို့ (ကာယကံရှင်များထဲကကိုယ်တိုင်)
တချို.က နိုင်အောင်တို့ ဘယ်လောက်လက်သံပြောင်ခဲ့ကြောင်းကောင်းကောင်း သိခဲ့ရပြီး
ခုထိ ကြောက်စိတ်စွဲ နေသူတို.က ပြင်းပြင်းထန်ထန်၊ တရားမစွဲကြပါနဲ့လို့ ငြင်းဆန်နေကြတာတွေဟာ
နိုင်အောင်ရဲ့ ခြေရာ လက်ရာတွေဖြစ်ကြောင်း အထောက်အထားတွေရှိနေပါပြီ။
အထူးသဖြင့်တော့ အကိုတို့ အဖွဲ့ထဲက တယောက် ၂၀၁၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မန္တလေးပွဲ မှာသွားခဲ့တာကို
ဖုန်းနဲ့ ဆက်ပြီး ခြိမ်းခြောက်ခံခဲ့ရခြင်းပါပဲ။
အကိုတို့ တွေ ဒီကိစ္စ နဲ့ပါတ်သက်င်္ပြီး လက်တွေ့
တရားစွဲဖြစ်အောင် ငွေရေးကြေးရေးအရ စိတ်ဓါတ်ရေးရာအရ ပူးပေါင်းဆောင်ရွက်နေတာ
တော်တော်ခရီးရောက်နေကြပါပြီ။
ညီမလေးကိုယ်တိုင်လဲသိပြီးနေတယ်လို့ အကိုထင်ပါတယ်။
ဒါပေမဲ. ဒီကိစ္စ အတွက် အကိုတို့ တတွေစုလို့ရတဲ့ ပိုက် ဆံ ဟာဘာမှမယ်မယ်ရရ မရှိလှပါဘူး၊
ချွေးနဲစာပေဘဲလေ
။အော် မေ့မှာစိုးလို့ ကြားဖြတ်ပြီး တခုထပ်ပြောအုံးမယ်၊
သူတို့သတ်ပြီးမြှုပ်ထားခဲ့တဲ့ အရိုးတွေ ပြန်ဖေါ်ပြီး ဖျောက်ဖျက်နေကြတယ်တဲ့။
အဲ့ဒါ အတိအကျသတင်းရနေတာ။
DNA လို့ အတိုကောက်ရေးတာတွေ့ရင် အကိုက ဒေါက်တာနိုင်အောင် ကို အမြဲသွားသွားသတိရတယ်၊
သူက သူ့ကိုယ်သူ အတိုကောက် DNA လို့ သုံးတတ်လို့ပါ။
ဒီနေရာမှာ နိုင်အောင် နဲ့ အပေါင်းအပါ တစုကိုပြောလိုက်ချင်ပါတယ်။
အရိုးတွေ ပျောက်သွားလဲ သမိုင်းဟာဘယ်တော့မှပျောက်မသွားဘူး။
DNA ကိုစစ်မရ အောင်အရိုးတွေ ဘယ်လောက်ဖျောက်ပေမဲ့
ဒေါက်တာနိုင်အောင်နဲ့ အပေါင်းအပါတို့ရဲ့ ယုတ်မာ၇က်စက်မှုတွေဟာ
ဘယ်တော့မှ သမိုင်းစာမျက်နှာကပျောက်မသွားသလို မင်းတို့ ဥက္ကဌ ဆိုတဲ့
ဘွဲ.ထူးကြီးတွေနဲ့ အညွှန်းပြုပြီး ထုတ်ပြန်ခဲ့တဲ့ စာတွေဟာ
မင်းတို့ လိုက်ဖျောက်နေတဲ့ အရိုးတွေထက်အရေးပါတာ
အောင်ထူးလိုရှေ့နေ မဖြစ်ခဲ့ပေမဲ့
ငါတို.ကောင်းကောင်းအသုံးချတတ်တယ်လို့ အသိပေးပါရစေ။
တခုတော. ပြောပါရစေ ညီမလေးရေ။
ခံခဲ့ကြရတာက ကျွန်တော်ကျွန်မတို့ပါ
၊ ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲ
ရှင်တို့ကဘာလို့ ပိုပြီး မကျေမနပ်ဖြစ်ကြသလဲ လို. ဘေးလူတွေ ကလဲတွေးကောင်းတွေးကြမပေါ့
၊ပြောပါရစေညီမလေးရေ၊ တကယ်ဆိုရင် ABSDF မှာ အင်အား ၂၀၀၀၀ ကျော်ရှိခဲ့ပါတယ်၊
တကယ်လဲတိုက်မယ်ခိုက်မယ် အသေခံကြမယ်ဆိုတဲ့ သူချည်းပါပဲ၊
မဆလ ၊ နဝတ လဲ အင်မတန် ဖြုံလောက်တဲ့အင်အားပါ ၊
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့တုံး က အယောက်၃၀ ထဲ ပဲ ၊၊
ကဲ တိုင်းပြည်နဲ့ လူမျိုး အတွက်ဆိုတဲ့စိတ်ဓါတ်ကလေးများ
ဗိုလ်ချုပ်တို့ရဲ့ ဆယ်ပုံ့ တပုံ လောက်ပဲ ရှိလိုက်၊
ဒီအင်အားနဲ့ ပြည်တွင်းကမျှော်လင့်တကြီး စောင့်နေကြတဲ့
အင်အားတွေများ ပေါင်းလိုက်ရရင် နဝတ ဆိုတာ မြေပေါ်ကပျောက်ခဲ့တာကြာလှပေါ့။
ဒါပေမဲ့ တကယ်လုပ်ရမဲ့အလုပ်ကို တကယ်မလုပ်ခဲ့ပဲရဲဘော်အားလုံးရဲ့ စိတ်ဓါတ်
တွေကို ထည့်မတွက်ပဲ ခေါင်းဆောင်ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့
ကိုယ့်ရဲ့ သေဖေါ်သေဖက် လက်တွဲတိုက်ရမဲ့ ရဲဘော်တွေ ကို
တောထဲမှာခေါင်းဆောင် ဖြစ်ဖို့ ဆိုတဲ့ အတ္တစိတ်တခုထဲ နဲ့
တိုင်းပြည်ထဲမှာ ကျန်ခဲ့သူတွေ ကိုယ့် မိဘ ဆွေမျိုးသားချင်းအဆုံး
ဘယ်သူ့ကိုမှ ပြန်မစဉ်းစားတော့တဲ့ ရူးသွပ်သွားခဲ့ဘူးသော သူများက
အနာဂါတ်မြန်မာပြည်ကြီးကို ပြန်လည်တည်ဆောက်ဖို့
ပြင်ဆင်နေကြတဲ့ ဒေါ်စု နဲ့ မင်းကိုနိုင်တို့တွေ ကြား ဝင်ကစားသွားရင် ဖြင့်၊
တော်လောက်ပါပြီညီမလေးရယ်၊
အကို တို့မှာ ကိုထွန်းအောင်ကျော်အကြောင်း
ကျော်ဝေ အကြောင်း
ချိုကြီးတို. ခင်ချိုဦး တို.အပြင်မသေလို့ ကျန်ခဲ့ကြတဲ့
ညီမလေး အပါအဝင် ကို ကြောင်တို့နဲ့ပဲ
ဒီပွဲမှာကြေကွဲလှပြီပေါ့၊
ဒီ အဖြစ်မျိုးတွေ ထပ်မကြုံရအောင် အကိုတို့တွေကို ကာကွယ်ခွင့်ပြုလိုက်ပါတော့....။
(မှတ်ချက်။ အကိုက ABSDF ရဲဘော် အရမ်းဖြစ်ချင်ခဲ့သူပါ။
မဖြစ်ခဲ့ရပါ။ABSDF ရဲ့ စိတ်ဓါတ်မျိုး အကို့မှာ ဒီနေ့ထိ ရဲရဲရှိတယ်)
ညီမလေးရဲ့
အကိုရင်း တယောက်လိုရှိနေတဲ့
ကိုထင်ကျော်ထက်
နန်းအောင်ထွေးကြည်ကို ထောက်လှန်းရေးတင်ဦးတပည့်၏ သမီးဖြစ်လို့ ဖမ်းတာပါလို့
အညတရဲဘော်က ရေးလာပါသည် ။
ဒီလို ထင်တာတွေနဲ့ ဖမ်းကြစတမ်းဆိုရင်
ဒေါက်တာဘွဲ့ ရဖို့ ဆေးပညာနောက်ဆုံးနှစ်ထိသင်ခဲ့တဲ့ သူတွေ အားလုံး
မဆလထောက်ပံကြေးနဲ့တက္ကသိုလ် တက်ခဲ့သူအားလုံးကို စွပ်စွဲ သင့်တာပေါ့ ။
မဆလ ခေတ်က ဆရာဝန်တွေ အားလုံး ကျောင်းပြီးတာနဲ့  စစ်ထဲဝင်မှ ဆရာဝန်ဖြစ်တာလေ ။
သံသယနဲ့  စွပ်စွဲလို့ ရတာတွေကို လက်လွတ်စပယ် လုပ်တတ်တဲ့ လူတွေဟာ
တိုင်းပြည်ပြန်လည် ထူထောင်ရေးမှာ ပြသနာတွေ ဖိစီးလာရင်
ဒီအမူအကျင့် စရိုက်တွေ ဖျောက်လို့ မရဘဲ ပေါ်လာရင်
တိုင်းပြည်အတွက် နစ်နာပါသည်။ အနာဂါတ်မျိုးဆက်တွေအတွက်
ရင်လေးဖွယ်ရာ နမူနာ ပုဂ္ဂိုလ်တွေပါ ။
ဒီလူတွေကို အပြစ်ရှိလို့ ဖမ်းဆီးပြီး ထောင်ကြမယ်ဆိုရင်
အထူးပြုလုပ်ထားတဲ့ ရွေ့ ပြောင်းအချုပ်ခန်းနဲ့ 
ရန်ကုန် ဆူးလေဘုရား ။ ရွေတိဂုံဘုရား။
မန္တလေး နာရီစင် စတဲ့ တိုင်းတဲ့ပြည်နယ်က အထင်ကရနေရာတွေမှာ
လှည့်လည်ပြီး နမူနာဖြစ်အောင် နမူနာ လူမဆန်သော လူသားတွေ
အဖြစ် လှည့်လည့်ပြသ သင့်ပါတယ် ။
ဌေးတင့်
နယ်သာလန်

- You and 4 others like this.
- 12 shares
Maung Shinကိုဌေးတင့်ရေ..ကျနော့် ဖဘ မှာ တင်ပေးထားတဲ့အတွက် ကျေးဇူးပါ။ ကျနော်လည်း ကိုထွန်းအောင်ကျော်ပွဲပြီးကတည်းက တုပ်ကွေးဖြစ်ပြီး ဖျားနေလို့ ဒီနေ့မှ ကွန်ပြူတာကိုင်ဖြစ်ပါတယ်။ ကိုထွန်းအောင်ကျော်ပွဲမှာတော့ ကျနော် တောင်ပိုင်း၊ မြောက်ပိုင်း လူသတ်မှုတွေအကြောင်း မမေးတော့ဘူး။ တစ်ခြားလူတွေမေးသွားကို ကိုထွန်းအောင်ကျော်က ပြည့်ပြည့်စုံစုံဖြေထားတော့အားလံုးလည်းကျေနပ်ကြမယ်ထင်ပါတယ်။ ကျနော်က သီးသန့်မေးခွန်း ၃ ခုပဲမေးထားပါတယ်။ ဒီပွဲမတိုင်ခင် ကျနော်တို့ အိမ်မှာ ကိုထွန်းအောင်ကျော်နဲ့တွေ့ဆုံမေးမြန်းပွဲလုပ်ပြီး ရိုက်ကူးထားတဲ့အခွေ တည်းဖြတ်နေပါတယ်။ အားလုံးအဆင်ပြေရင် ရှယ်ပေးပါမယ်။ March 6 at 12:53am · · 4
မိုး စဲ ကိုဌေးတင့်ရေ ကိုထင်ကျော်ထက်က ဘယ်အဖွဲ့က ကိုထင်ကျော်ထက်လဲဗျာ ကျနော်တို့ သိတဲ့ ကိုထင်ကျော်ထက်များ ဖြစ်နေမလားလို့.. ပါ..
Maung Than Swe ရွှေ့ပြောင်းအချုပ်ခန်းတော့သဘောကျသဗျာ၊ မန္တလေးတော့ တပြည်လုံးစုံအောင်ပြပြီးမှပို့ဗျို့။ မန္တလေးပွဲပြီးရင်တော့ကမ္ဘာသေ င်္ချမရွှေ့မပြောင်းတည်မယ့်လူ့ ယဉ်ကျေးမှုရဲ့စည်းဝိုင်းအပြင်ဘက်ကို ကန်ထုတ်လိုက်ကြပါစို့ ။ March 6 at 7:47am · · 1
ဘရာဇီး ငှက်ရိုး မှတ်ချက်။ ။မဖြစ်တာ ခပ်ကောင်းကောင်းပဲ... တော်ကြာ ကိုယ်ပါ ရှစ်ထပ်(ငရဲကြီး) ရောက်နေဦးမယ်...
မဖြစ်လဲ လက်နက်မဲ့နဲ့ ပစ်နေခတ်နေတဲ့ ကြားထဲ ရဲရဲတောက် တိုးဝင်ဖူးသားပဲ(၈.၈.၈၈)...
အင်အား၂၀၀၀၀ ထဲမှာ အမှန်တရား မြတ်နိုးတဲ့လူ ၅၀ရှိရင် ဒီလောက်ထိ ရေးတင်နေစရာတောင် မလိုဘူး...
မကောင်းတဲ့ စနစ်ကို တိုက်နေသူတွေက မကောင်းတဲ့ စရိုက်ရှိနေကြတာလောက် ဆောက်သုံးမကျတာ မရှိဘူးးးးးးးး......