August 9
ABSDF-NB နောင်ရာပါ စခန်း
၁၉၉ဝ ခုနှစ် — with ဘိုဘို, မျိုးဝင်းနိုင်, လှထွန်း,စောမြအောင်, ညိုထွန်း, လုမိုင်, နန်းစော, ရာကွတ်,စိုးစိုလွင်, နန်းအောင်ထွေးကြည်, မြင့်ခိုင်, မအေး,သင်းသင်းညီ and MA THWE.
- You, Aung Than Nyunt Aungnilai, Phonemo Mo, B Sit Minn and 41 others like this.
- Kayin Layဒီနေရာလေးကိုကောင်းကောင်းမှတ်မိနေတယ်...အခုတော့ ဒီနေရာကိုသွားရွာလို့ တွေ့ မှာမဟုတ်တော့ဘူး..မိုးလွဲချောင်းတံတားထိပ်မှာပါ....ဆန်ထုတ်သွားရင် မမောတမ်းဖြတ်ရတဲ့ကြိုးတံတားလေးပါ၊ မငယ်.လှထွန်းပုခုံကိုင်ထားတာ မျိုးဝင်းနိုင်(ကားဘိန်းပါ)..ထပ်ဖြည့်ပေးတာနော်
- Nang Aung Htwe Kyi ကျေးဇူးဘဲစိုးစိုး .. Thin Thin Nyi ချစ်စရာလေးနော် .. အဲ့ဒိတုန်းကလေ .. ငါ့ညီမ ကို အဆောင်လာပြီးငမ်းတဲ့သူ ဘယ်သူလဲ .. ပြောပါဦး ။
- Kayin Layညိုထွန်း.....မေ့နေပြီ...မမှတ်မိဘူး...ဘယ်အပတ်စဉ်ကလဲ....
- Kayin Lay ဒီရဲမေတွေကိုမြင်တော့ ဗန်းမော်ခရိုင်စစ်ဆင်ရေးကာလ..နယ်မြေစည်းရုံးရေးဆင်းတုန်းက..တည်သီးတွေအစားလွန်ပြီး ရဲမေတွေ ၀မ်းတ်ာလားကြတာ သတိယတယ်....
- Nang Aung Htwe Kyi ဟားဟား။ တယ်သီးကို ဝက်နဲ့လုစားရတဲ့ ကျောင်းသားရဲမေများဖြစ်အင်လေ ။ မိညို လေဟယ်။ အမှတ်စဉ် ၂ ဖြစ်မယ်ထင်တယ်။
- Nang Aung Htwe Kyi စိုးစိုးရေ .. သိပ်မပြောနဲ့ .. လွမ်းလာပြိဟာ.. ပျော်ဖို့လဲ အရမ်းကောင်းခဲ့ကြပါတယ်လေ .. အမှတ်တရတွေ ..
- Kayin Lay Eco System ဆိုတာကိုအဲ့ဒီကတည်းကပိုပြီးလေ့လာလက်ခံမိတယ်...ရဲမေတွေတည်သီးအစားလွန်ပြီး ကျင်းမရှိတဲ့ရွာနောက်ဖေးတောမှာ အီးအီးပန်းကြတယ်..အဲဒီအခါဝက်ကလာစားတယ်...အဲဒီဝက်ကို စစ်ကြောင်းက ရိက္ခာဖော်ပြီပြန်စားတယ်...အသီးကိုလူစား...လူပါတဲ့အီးအီးကို ၀က်ကစား...၀က်ကိုလူကပြန်စား...အဲ့ဒါ ecosystem ပြ
- Kayin Layစင်္ကာပူကကျနော့်ကိုအကြာကြီးလက်မခံပါဘူး..လောလောဆယ်တနစ်visaပဲ၇တယ်..အချိန်တန်ရင်တော့ကျွန်းကလေးကနေ ကျွန်းကြီါ်ကိုပြန်လာရမှာပေါ့
- Kayin Layမငယ်ကတနစ်တခေါက်ထွက်နေတာပဲ..ကျနော်ကတာ့ ဆယ်နစ်လောက်မှတခေါက်ထွက်တော့ အ၀ထွက်လိုက်မတာ...အခုတော့ ဥပါချထားပြီ
- Nang Aung Htwe Kyi ချက်လိုက်စားလိုက်နဲ့ မွေးထားတဲ့ဥ ။ ခုမှ အကောင်ဖောက်ရတယ် ။ good luck စိုးစိုးရေ .. နင်ကျော်ခိုင်နဲ့ရောအဆက်အသွယ်ရလား ။ ကိုမြင့်ကျော် ကတော့ ကိုရီးယားမှာ ဆိုင်ဖွင့်ထားတယ်
- Kayin Lay အဲဒီအဖွဲ့ နဲ့  ကိုစိုးကြီးဘယ်တော့တွဲမမိပါဘူး ကိုညီညီကျော်... ဒီပုံက ပထမဆုံးစိတ်ဓာတ်မြင့်တင်ရေးအဖွဲ့ နဲ နောင်ရာပါကိုဆင်းခဲ့တဲ့အခေါက်ပါ..အဲဒီတုံးက မျိုးဝင်းနိုင်ကအားဖြည့်တဲ့အနေနဲ့ သီချင်းဝင်ဆိုခဲ့တာ.ကိုမြင့်ခိုင်က အဲဒီတုံးက ပင်တိုင် announcer လုပ်ပြီး သီချင်းမဆို ဂီတာမတီးတဲ့ ဂီတာသိမ်းမောင်လို့ နောက်ခဲ့ကျတာ
- Nang Aung Htwe Kyi အဟား .. မိုက်ကိုင်မဆင်းကျော်ခိုင်ဝင်း တို့ ။ အကြွေးများသောကြယ်များ တို့ ။ စိုးစိုး .. အဲ့ဒီတုန်းက ဝါဒဖြန့်ချီရေး ပါလေ.. ပထမဆုံးအခေါက်က မအေးတို့ မသွယ်တို့မပါဘူး။ အမှတ်စဉ် ၃ အပြီးဆင်းကြတာ။ မအေး မသွယ် မမူ အေးမိစံ တို့တတွေက နောက်ပိုင်း KIA စုဆောင်းရေးကနေ ABSDF-NB ကိုလွှဲယူခဲ့ကြတာပါ။ ဘာလို့ဆိုတော့ မငယ်၊ မလေး တို့ကိုယ်တိုင် KIA နောင်ရာပါ ကိုဆင်းခဲ့ကြရပြီး KIA စု ဆောင်းရေး ထဲက သူတွေနဲ့ တွေ့ခဲ့ကြရတယ် ။ မငယ် တို့နဲ့အတူ ကျောင်းသားတပ်မတော်မှာ အတူလက်တွဲဖို့ ပြောဆိုခဲ့ကြတယ်လေ ။ မလေးနဲ့မငယ် ကိုတောင် ရုပ်ပြစားပြီးစည်းရုံးရေး ဆင်းတယ်လို့ နောက်ပြောင်ပြော တာတောင်ခံရသေးတယ်။ နောင်ရာပါက ဒူ တယောက်ပြောတာ။ ပထမဆုံးတခေါက်က ဒေါ်သောင်းလှ ပါ ပါတယ် ။
- Kayin Lay ဟုတ်ပါ့ဗျာ..အဲဒီတုံးက ကေအိုင်အေကအဖွဲ့ လို ပဲ..၀ါဒါဖြန်ချိရေးအဖွဲ့ နောက်ပိုင်း စိတ်ဓာတ်မြင့်တင်ရေးနဲ့ လူထုဆက်ဆံရေးဖြစ်လာတဲ့အဖွဲ့ ပါပဲ။။စိတ်ဓာတ်မြင့်တင်ရေးအဖွဲ့ ၇ဲ့ မူလလက်ဟောင်းခွေးတံဆိပ်ပါ...ဟီးဟီး...၀ါဒဖြန်ချိရေအဖွဲ့ ရဲ့ ပထမဆုံးမိတ်ဆက်ပွဲကို လိုင်စင်ကေအိုင်အိုဌာနချုပ်လက်ချာဟောအဟောင်းမှာ ပထမဆုံးပြုလုပ်ခဲ့တာ..တိုက်ပိတ်ဒရမ်.ကိုစိန်သန်းလိဒ်နဲ့ ကျနော် ဘေ့စ်တီးခဲ့တာ..အဲဒီတုံးက အနောင်ဆာက ကိုရဲစိုးလေ.. မငယ်ရဲ့ ...အိုသွေးတွေ အိုချွေးတွေသီချင်းကိုဆိုခဲ့တဲ့ပွဲ..၀ါဒဖြန့် ချိရေးပထမအဖွဲ့ မှာ ယာကွတ်နဲ့ ဗိုလ်လက်တို လှထွန်းတို့ တောင်မပါသေးပါဘူး...သီချင်းတိုက်တော့ ကေအိုင်အို ပရိုတင်းကိုသွားခဲ့ရတာမှတ်မိသေးတယ်...မသွယ်..မနွယ်..မအေးတို့ က ကေအိုင်အေသင်တန်းဆင်းတွေဟုတ်ပ....
- Kayin Lay မငယ်တို့ ဝါဒီဖြန့် ချိရေးအဖွဲ့ ပထမဆုံးနောင်ရာပါကိုဆင်းလာတာ..ကျနော်တို့ အပတ်စဉ်(၄)သင်တန်းပေးနေတဲ့အချိန်ပဲ...အဲဒီအပတ်စဉ်မှာ မန္တလေးကသူရဲကြီးသုံးကောင်..သန်းဇော်..မာမီစိန်နဲ့ ကိုထွန်းကြည်..ပြီးတော့ စာတွေအများကြီးစီတန်းရေးတဲ့  မခင်စန်းနွယ်တို့ အပတ်စဉ်ပါပဲ..မငယ်ဆီမှာ အဲဒီပွဲရဲ့ ဓာတ်ပုံရှိတယ်လေ.holow ဂီတာနဲ့ မလေးနဲ့ သီချင်းဆိုနေတဲ့ပုံလေ..တင်လိုက်ပါလား...အမှတ်တရပေါ့..တခါတည်း နောင်ရာပါငှက်ဖျားတွေပါ ပြန်ရချင်စိတ်ပေါက်သွားအောင်...
- Nang Aung Htwe Kyi နင်ဟာလေစိုးစိုး ။ သန်းဇော်နဲ့ မာမီစိန်က နာမည်ကျော် အမှတ်စဉ် ၅ .. ဘိုဘို ။ ကိုညီကျော် ။ကိုရဲလင်း ။ကျော်ခိုင်ဝင်း ။ ကိုမြင့်ကျော် ။တိုက်ပိတ်။ကိုအောင်ကျော် ။သင်းသင်းညီ၊လေးစိန်။မောင်မောင်ကြွယ် ။စည်သူအောင်။ဖိုးကျော်။ညီညီအောင်တို့တွေအတူတူ ဗဟိုမှာ။ ၄ က စိုးလေးတို့ သီတာ တို့။ မခင်စန်းနွယ်တို့ နောင်ရာပါမှာ။
- Kayin Layမငယ်ဖြစ်စဉ်မှန်ကိုကျန်ခဲ့တယ်...အဲ့ဒီသူရဲကြီးသုံးကောင်အပတ်စဉ်လေးစတက်တာ နောင်ရာပါငှက်ဖျားမိပြီးသန်းဇော်နဲ့ မာမီစိန်သင်းတန်းအောက်သွားတယ်... အပတ်စဉ်၅မှာပြန်တက်ရပြီးအောင်တာ...အပတ်စဉ်၅ကဗဟိုမှာ...ဆောင်းတွင်းအေးအေးကြီးသင်တန်း....မနက်သင်တန်းသားတွေကို ပီတီပြေးခိုင်းတဲ့အခါ ကျနော်ကိုအောင်ကျော်ကိုရှေ့ ထွက်ခိုင်းပြီး ပီတီအစား သိုင်းကစားခိုင်းခဲ့တာ... ပွဲလုပ်တော့ဖိုးကျော်နဲ့ ဟိုကောင် တန့် ဆည်သားရိုက်လို့ ဆန်ပြုတ်အိုးထဲကျခဲ့တာ...သီတာက အပတ်စဉ်လေးမဟုတ်ဘူး...အပတ်စဉ်(၆) မုန်းဆိုင်ယန်...
- Kayin Lay အပတ်စဉ်(၆)မုနုးဆိုင်ရာသင်တန်းအစမှာကျနော်ရှိခဲ့တယ်..နောက်ပြီး ကျနော်သူရိန်နဲ့ မြစ်ကြီးနားကိုဝင်သွားလို့ သင်တန်းပေးတဲ့ထဲမပါဖြစ်ခဲ့ဘူး..ဒါပေမယ့် တခုကျနော်ကောင်းကောင်းသတိယတာကိုပြောရရင်...အပတ်စဉ်(၆)မှာ ကိုထွန်းအောင်ကျော်..ကိုအောင်နိုင်တို့ကိုစိုးလင်းတို့အပတ်စဉ်ပဲ..သူတို့ သင်တန်းတက်ဖို ကုတုံးဆံတောက်ညှပ်ပြီးနောက်တရက်မှာကျနော် ထွက်လာတာ..ကိုအောင်နိုင်ကို ယောရှုကဆံပင်ညှပ်ပေးပြီး ကျနော် ကိုထွန်းအောင်ကျော်ကို ကုတုံးဆံတောက်ညှပ်ပေးခဲ့တာ...ဆံပင်မညှပ်ခင်တညမှာ ကိုထွန်းအေင်ကျော်.ကိုအောင်နိုင်တို့ သင်တန်းဘားတက်မှာ ဂီတာတီးသီချင်းဆိုခဲ့ကြတယ်....ကျနော်သူရိန်ရဲ့ ယူဂျီကိစ္စပြီးတဲ့အခါ တပ်ရင်း၁၂...ရွှေကူခရိုင်ကိုရောက်သွားတယ်...ကျနော်ဗဟိုကပြန်လာတော့ မုန်းဆိုင်ယန်သင်တန်းကွင်းကိုပြန်ရောက်နေတဲ့အခါ အေးမိစံ..မငွေ..မမူ..သန်းဌေးနဲ့ မစိန်တို့ ရောက်နေပြီ.. အပတ်စဉ် ၆(ခ)ကို လိုင်စဉှ်မှပေးကြတယ်...မမူတို့ အဲ့ဒီမှာပြီးတာ..
- Kayin Lay နောင်ရာပါအပတ်စဉ်(၄)မှာ ရန်ကင်းက ကိုထီးတို့  အရှည်ကြီးဇော်ဦး...နောက်ပြီးယူဂျီကိစ္စနဲ့ ပြန်ဝင်လို့ ဖမ်းခံရတဲ့...ဇော်ဇော်ထွန်း (ကိုထီးသူငယ်ချင်း)လူ့ ဘောင်သစ်...နောက်ပိုင်းကျနော့်ရဲဘော်ဖြစ်လာတဲ့ တင်ပို..စိုးနိုင်လေး(စိုးနိုင်ကြီးမဟုတ်) တို့ ပဲ....
- Kayin Layကျနော်ဗဟိုကနောင်ရာပါဆင်းတဲ့အခါ...ကိုအောင်လှက စခန်းမူးဖြစ်နေပြီး သူက အသစ်ရောက်နေတဲ့ ရဲဘော်သစ်တွေကိုအပ်တယ်...ကိုစိုးလင်းအပါအ၀င်အယောက် ၂၀ကျော်...သင်တန်းမစခင်ရှေ့ တန်းထွက်ရလို့ သင်တန်းမဆင်းရသေးတဲ့ ကိုစိုးလွင်တို့ ကိုကျနော်ဦးဆောင်ပြီး ၅၇ မမ လက်နက်ကြီးကျည်တွေသယ်ပေးဖို့ စစ်ကြောင်းလိုက်ရတယ်...ဒီစာကို ကိုစိုးလင်းတွေ့ ရင် မှတ်မိပါလိမ့်မယ်...
- Nang Aung Htwe Kyi ဦးအောင်လှ .. ETတို့အဖေကြီးခေါ်ပြီး ထင်းခွဲကူခိုင်းတယ်လေ .. နောင်ရာပါ ချောင်းရေကြီးတော့ ပါသွားတာလား .. ဟုတ်လားစိုးစိုး။ဗဟိုမှာ မငယ်တို့ ရဲမေဆောင်နားနေတယ်လေ ..
- Aung Gyi Gsc၁၉၉၀တုံးကကျနော်ကမော်စကိုထောင်မှာ
- Kayin Lay သင်တန်းဆရာမလေးချာတိတ်က မငယ်တို့ မရှိတဲ့တော့အချိန် ထွန်းသေးနဲ့ အိမ်ထောင်ကျပြီး သမီးလေးတယောက်ရတယ်..၂၉၉၇မှာ လိုင်စင်ဗဟိုမှာ ကေအိုင်အိုကျနော်တို့ တပ်တွေကိုလက်မခံနိုင်တော့တဲ့အခါ..အိမ်ပြန်ချင်တဲ့ရဲဘော်ရဲမေတွေကိုစားရင်းကောက်တဲ့အခါ ပါပြီ့းပြန်သွားတယ်...အဲ့ဒီတုံးက အဖွဲ့ အစည်းကပဲ ပြန်ချင်သူတွေကို ကောင်းကောင်းပို့ နိုင်အောင်စီစဉ်ပေးခဲ့တယ်...ချာတိတ်တို့ လင်မယား..ဖိုးနောင်းတို့ လင်မယားနဲ့ ကလေး..တင်စန်းဥိးတို့ လင်မယား..လှထွန်းမိန်းမ မနုနဲ့ ကလေး..စန္ဒာ.။လွန်းဒေါင်နဲ့ ခေါထန်..နဲ့ တခြားတ်ာတော်များများပဲ..အင်း မျက်စိထဲမြင်ယောင်နေတယ်
- Kayin Layကိုအောင်လှ..မငယ်ပြောတာဟုတ်ပါတယ်...၈၈သပိတ်တုံးက လေးခွကို ခါးချိတ်ချိတ်လို့ သူ့ ကို ပစ္စတိုဘတ်ခွ ကိုအောင်လှလို့ ခေါ်ခဲ့တယ်...ရဲမေများညာခိုင်းတဲ့ကိုအောင်လှကြီးပါပဲ.. နောင်ရာပါ ရေမကြီးခင်က သူကစခန်းမှူး..ကိုအောင်ကိုးက တပ်စုမှူး..နောင်ပိုင်း တပ်ခွဲသုံးဖြစ်လာတဲ့ မျိုးဝင်းနိုင်..ကာဆင်နဲ့ သန်းငွေတို့ က တပ်စိပ်မှူးတွေပါ
- Nang Aung Htwe Kyi ဦးအောင်လှနဲ့ အန်တီသောင်းလှနဲ့ ငါနောက်မိလို့ အန်တီ အော်တာခံလိုက်ရတယ်။မငယ်နင်ကအကြီးဖြစ်ပြီးနင်ကိုက ဒီလိုပြောရင်ဟိုအငယ်အုပ်စုငါဘယ်လိုထိမ်းမလဲ .. ဘာညာနဲ့။ သင်းသင်း ET နန်းစော အုပ်စုလေ..။ မလေးကတမျိုး၊နင်ကတမျိုး၊ အကြီးတွေလုပ်ပြီး ..ပွစိပွစိနဲ့ တနေ့လုံးနားကိုငြီးရော။ အန်တီ တအားဖျားလို့ ဆေးရုံတင်တော့ ငါရယ် အသေးလေး နန်းစော ဆေးရုံစောင့်လေ။
- Kayin Lay ချာတိတ်ကတော့ငှက်ဖျားနဲ့ ဆုံးသွားပြီ..အန်တီလိုင်စင်မျာဆုံးတော့ ကျနော်က ရှေ့ တန်းမှာ မမြင်လိုက်ဘူး...
- Nang Aung Htwe Kyi ကိုရာကွတ်နဲ့ ဦးသောင်းပုံ ကို ၈၈၈၈ မန္တလေးမှာ ကိုညီကျော် ကိုမြင့်သိန်းတို့နဲ့တွေ့လိုက်တယ်။ ချာတိတ်အကြောင်းခုမှသိတယ် ။
- Kayin Layမငယ်...ဘာပဲဖြစ်ဖြစ်လေ...နာကျည်းခံစားချက်တွေပြည့်နေတဲ့ ဖြစ်ရပ်တွေချည်းပဲ ရင်နှင့်အမျပေါက်ကွဲနေချိန်မှာ ဒီလိုပျော်ရွှင်တဲ့ အဖြူရောင်နေ့ ရက်တွေနဲ့  တခါတရံ ပိတိဝေခံစားရတာဟာလည်း အာဟာရတခွက်ပါပဲ...အမှန်တရားဆိုတာ အမှန်တရားအတိုင်းပေါ်လာရစမြဲပဲ....ကျနော်ရင်ထဲမှာတော့ ချစ်စွာသော တော်လှန်သောရဲဘော်များနဲ့ အစဉ်ထာဝရပါ....
- Nang Aung Htwe Kyi စိုးစိုးရေ.. မဖြစ်သင့်ဘဲဖြစ်ခဲ့ကြရတဲ့ အကြောင်းတရားရယ် ဖြစ်ပျက်အောင်ပြုလုပ်ခဲ့ကြသူတွေကိုဘဲ ရည်ညွှန်းတာပါလေး .. ရဲဘော်တိုင်းရယ်မဟုတ်ပါဘူး။ AB-NB ကအခြေအနေအကြောင်းအမျိုးမျိုးကြောင့်ထွက်ခဲ့ ကြပေမဲ့ အားလုံးရင်ထဲမှာ AB-NB ဆိုတာရှိနေကြပါတယ်။ကျောင်းသား ခွပ်ဒေါင်းအလံတော် ကငါတို့ကိုသတ်တာမဟုတ်ပါဘူး။ အဲ့ဒီအလံတော်အောက်က ဦးဆောင်သူတချို့ ကရက်စက်မှု့တွေ သတ်ဖြတ်မှု့တွေလုပ်ခဲ့ကြတာပါ။ ဦးဆောင်သူလူအနည်းစုကြောင့် ကျောင်းသားအားလုံး ကို သိမ်းကြုံးပြောမယ်ဆိုရင်တော့ မှားမှာပေါ့။ ဟုတ်မှမဟုတ်တာဘဲ။ ရီခဲ့ကြတာရော ငိုခဲ့ရတာရော ပျော်ခဲ့ကြရတာတွေရော ဝမ်းနည်းယူကြုံးမရဖြစ်ခဲ့ကြတာတွေရော .. ဒါ ဘဝလေဟယ် ။
- ဘရာဇီး ငှက်ရိုး ကဲ... အကိုကရင်လေးနဲ့ အမမငယ်နဲ့ ပေါင်းပြီး စာအုပ်တအုပ်ရေးကြပါ... လွမ်းမောစရာဘဝလေးပေါ့...
- Kayin Lay ဘရာဘို ဇီးဘရားရေ....အရိပ်သုံးပါးနဲ့ ညီညွတ်တဲ့အချိန်မှာ ရေးဖြစ်မယ်နဲ့ တူပါတယ်..ခုလောလောဆယ်တော့ တမ်းတမိတဲ့ ကျောင်းသားတပ်မတော်သားတွေထဲက တပိုင်းတစလောက်တွေပဲကွာ...
- Aung Saw Oo ကျွန်တော်အနေနဲ့တော့ စာအုပ်လောက်နဲ့ မကျေနပ်နိုင်ဘူး။ လုပ်ခွင့်ရတဲ့ တစ်ချိန်ချိန်မှာု ဘယ်လောက်ပေးရပေးရ ဌားပြီး Hollywood ကနာမည်ကြီးဒါရိုက်တာ
- Aung Saw Oo ကျွန်တော်အနေနဲ့တော့ စာအုပ်လောက်နဲ့ မကျေနပ်နိုင်ဘူး။ လုပ်ခွင့်ရတဲ့ တစ်ချိန်ချိန်မှာု ဘယ်လောက်ပေးရပေးရ ဌားပြီး Hollywood ကနာမည်ကြီးဒါရိုက်တာ
- Aung Saw Oo True Story ရိုက်ပြီး အားလုံးကို တင်ပြချင်တယ်။ စာရိုက်တာ နည်းနည်းလောသွားတယ်။ ခွင့်လွှတ်ပေးကြပါ။
- Kyawnaing Oo အောင် စော ဦး ဓါတ် ပုံ နေ ရာ က အုတ် ခုံ ရယ် တို ရယ် က ကြိုး တံ တား နေ ရာ ဆို ကို ကိုလေး ကို သတိ မရ ဘူး လါး ဆန် ထမ်း သွား ရင်း တံတား ပြတ် ကျ တော့စခန်း ကို မင်း ပြန် လါ ပြော ဒါ လေ
- Aung Saw Oo သိပ်သတိရတာပေါ့ ကိုကြောင်ရယ်။ ကိုလေးရေထဲမျောသွားတာ ရေစီးကအရမ်းသန်လို့ ဘယ်လိုမှပြန်ဆယ်လို့မရဘူး။ အဲဒီမှာ ကိုလေးသေတာလေဗျာ။ အရမ်းကိုစိတ်ထိခိုက်ရပါတယ်။
No comments:
Post a Comment