တချို့က ပြောကြတယ်။
တော်လှန်ရေးမှာ သေတာဟာ မဆန်းဘူး။ ၁၉၆၂ ကနေ .. အခုအထိ အသက်ပေးသွားသူတွေ အများကြီးပဲ။ ဒါကိုများ ထူးပြီးတော့ မြောက်ပိုင်းမှာ သေတာကိုပဲ တခုတ်တရ လုပ်ပြီး ပြောနေတယ်တဲ့။
မတူတာ ပြောပြရရင်။
၁။ ၁၉၆၂ ကနေ ဒီနေ့ အထိ သေသွားသူတွေဟာ .. စစ်အာဏာရှင်ကို တော်လှန်ရင်း .. ရန်သူ သတ်လို့ သေတာ။ ဒါက ရှင်းတယ်။
၂။ မြောက်ပိုင်းမှာ သေသွားသူတွေက .. တော်လှန်ရေးသမား အယောင်ဆောင်ထားတဲ့ သူယုတ်မာတွေ သတ်လို့ သေရတာ။ နောက်ပြီး အဲဒီ သူယုတ်မာတွေ၊ တော်လှန်ရေး အယောင်ဆောင်တွေက ဒီနေ့အထိ .. တော်လှန်ရေးသမားလိုလို .. ပြည်သူ့ဘက်တော်သားလိုလို လုပ်နေတုန်း။ ဒါဟာ တိုင်းပြည်အတွက် အင်မတန် အန္တရာယ် ကြီးမားတယ်။
သူတို့တွေဟာ ...
တော်လှန်ရေးသမား အယောင်ဆောင်ပြီး ပြည်သူလူထုကို ဒုက္ခထပ် မပေးဘူးလို့ အာမ ခံနိုင်လား။
တော်လှန်ရေးသမား အယောင်ဆောင်ပြီး တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခထပ်မပေးဘူးလို့ အာမခံနိုင်လား။
ဒါကြောင့် တိုင်ပြည်နဲ့ လူမျိုးရယ်၊ ပြည်သူလူထု အကျိုးကျေးဇူး အလို့ငှာ အဲဒီ တော်လှန်ရေးသမား အယောင်ဆောင်တွေကို ဖေါ်ထုတ်ဖို့ အထိရောက်ဆုံး နည်းလမ်းဖြစ်တဲ့ မြောက်ပိုင်း လူသတ်မှုကို ဖေါ်ထုတ်ရတာ ဖြစ်တယ်။
ကျဆုံးသွားသူတွေရဲ့ အသက်တွေဟာ အချီးအနှီး မဖြစ်ဘဲ သူတို့ ကျဆုံးမှုတွေဟာ တိုင်းပြည်ရဲ့ အနာဂတ် အန္တရာယ်ကို ကာကွယ်သလို ဖြစ်နေတာကြောင့် သူတို့ကို ဂုဏ်ပြုရာလည်း ရောက်တယ်။
No comments:
Post a Comment