Showing posts with label ဦးသန်းဆွေ(မြေနီကုန်း). Show all posts
Showing posts with label ဦးသန်းဆွေ(မြေနီကုန်း). Show all posts

Saturday, July 14, 2012

ကိုထွန်းအောင်ကျော်နှင့်မြောက်ပိုင်းကိစ္စကို အမှန်ပေါ်ပေါက်စေချင်သည့်သူငယ်ချင်းအားလုံးခင်ဗျား

ကိုထွန်းအောင်ကျော်နှင့်မြောက်ပိုင်းကိစ္စကို အမှန်ပေါ်ပေါက်စေချင်သည့်သူငယ်ချင်းအားလုံးခင်ဗျား

မြောက်ပိုင်းနှိပ်စက်သတ်ဖြတ်မှုဟာ ကျွန်တော်တို့ကျောင်းသားတွေ ယုံကြည်ချက်နဲ့တိုက်ပွဲဝင်ခဲ့တဲ့အနှစ်သာရအားလုံးကို ရိုက်ချိုးဖျက်ဆီးခဲ့တဲ့လုပ်ရပ်တခုပါ။ သူတို့အားလုံးရည်ရွယ်ချက်ရှိရှိလုပ်တာလား၊ မထင်မှတ်ပဲဖြစ်သွားတာလားဆိုတာကတော့ ကာယကံရ
ှင်တွေကိုယ်တိုင်မှ သိမှာပါ။ စစ်အာဏာရှင်စံနစ်အောက်မှာ မတရားလူ့အခွင့်အရေးချိုးဖေါက်ခံရတာ၊ နှိပ်စက်ညှည်း ပန်းတာတွေနဲ့ ဒီမိုကရေစီဆိတ်သုံးတာတွေကို တိုက်ပွဲဝင်ဘို့ ထွက်လာကြတဲ့ ကျွန်တော်တို့အားလုံးတွေရဲ့ ယုံကြည်မှုတွေ၊ ရည်ရွယ်ချက်တွေကို မြောက်ပိုင်းကိစ္စမှာ အစွန်းထင်းအောင်လုပ်ခဲ့ကြတာပါ။ ရန်သူလို့ကျွန်တော်တို့အားလုံးသတ်မှတ်ထားတဲ့ စစ်အာဏာရှင်လက်မရွံ့တွေတောင်မှ ( ကျေးလက်ဒေသမှာ မုဒိန်းကျင့် သတ်ဖြတ်တာမျိုးတွေကလွဲရင်) ဒီလိုအစုလိုက်အပြုံ လိုက် ဒီနှုန်းထားနဲ့ နှိပ်စက်ညှည်းပန်းပြီး ရက်ရက်စက်စက် ပက်ပက်စက်စက် သတ်တာမျိုး မရှိသေးတဲ့အချိန်မှာ ကျွန်တော်တို့ ဒီမိုကရေစီတိုက်ပွဲဝင်မယ်ပြောတဲ့ ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ လူတွေက ကျောင်းသားထုရဲ့ယုံကြည်ချက်အားလုံးကို အသရေဖျက်ပြီး ပက်ပက်စက်စက်လုပ်တာကို ခံရခက်ပါတယ်။ ဒေါက်တာနိုင်အောင်တို့ အောင်ထူးတို့ (ဘာရှေ့နေမှန်းကိုယ့် ဘာသာကိုယ်တောင်သိရဲ့လားမသိ) တာဝန်ယူခဲ့တယ်ဆိုတဲ့အတိုင်း သူတို့ လက်တွေမှာလဲ သွေးစွန်းနေတာကို ဖျက်ရမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒီလူတွေကို သူတို့ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက် ရင်ဆိုင်ဘို့လဲ ဘယ်သောအခါမှ သတ္တိရှိရှိရင်ဆိုင်ရဲမဲ့လူ စားမျိုး
တွေမဟုတ်ပါဘူး။ အခုတောင်မှ ကိုမိုးသီးဇွန်က သတ်မိန့်ပေးခဲ့တယ်လို့ ဒေါက်တာနိုင်အောင်က မရှက်မရွံ့ပြောနေတာကို လဲ မြင်ကြရတာပါပဲ။ ဒီမြောက်ပိုင်းကိစ္စတခုတည်းတင်မဟုတ်သေးပါဘူး။ တောင်ဘက်မှာ တပြုံလုံးကို ရှင်းတဲ့အမှုလဲ ရှိသေး ပါတယ်။ နောက်မမီမီခိုင်တို့ကို အဓမ္မကျင့်နှိပ်စက်ညှည်းပန်းတာတွေမှာလဲ သူတို့လက်ရာတွေ ရှောင်လို့မရပါဘူး။ ဟိုဘက် ကစစ်အစိုးရနည်းတူပဲ စစ်ကြောရေးစခန်းဆိုတာဖွင့်ပြီး လုပ်ခဲ့တာတွေဟာလဲ ဒီအုပ်စုကလွဲပြီးဘယ်သူမှမရှိပါဘူး။

သူတို့တွေကို သူတို့ ကျူးလွန်ခဲ့တဲ့အမှုတွေအတွက် တရားစီရင်နိုင်ဘို့ မလွယ်သေးပါဘူး။ လက်ရှိအေဘီအနေနဲ့လဲ ဒီလောက် ထိထိရောက်ရောက်လုပ်နိုင်တဲ့အလားအလာများ ရှိမယ်လို့လဲ မထင်မိပါ။ အကောင်းဆုံးကတော့ ဒေါက်တာနိုင်အောင် (အမေရိ ကန်မှာ Permanent Residence - Green Card ယူထားတာ)၊ အောင်ထူး တို့တခြားနိုင်ငံမှာနေနေတာ၊ အဲ့ဒီသက်ဆိုင်ရာအစိုးရ တွေကို သူတို့ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် တင်ပြတိုင်တန်းရင် အမေရိကန်ကော၊ ဆွစ်ဇာလန်ကော၊ နယ်သာလန်ကော၊ ထိုင်းအစိုးရကော (ရော်နယ်အောင်နိုင်အတွက်) နေလို့မရပါဘူး။ သူတို့တွေ သူတို့ဘာသာစုံစမ်းစစ်ဆေးရေးလုပ်ပြီးတော့ အခုလောလောဆယ်ထိုက်တန်တဲ့ပြစ်ဒါဏ်တွေပေးမှာအသေအချာပါပဲ။ အနဲဆုံး ဗမာပြည်ပြန်ပို့လို့မရခင်မှာ ထောင်ထဲထည့်ထားမှာပါ။ ဒါကို တွက်မိတဲ့နိုင်အောင်က မြန်မာပြည်ပြန်ပြေးဘို့ တိတ်တိတ်ကြိုးပန်း နေတာ ကြာလှပါပြီ။

အားလုံးဝိုင်းပြီး သက်ဆိုင်ရာအစိုးရတွေကို စာရေးကြရင် အများကြီးထိရောက်ပါတယ်။ အားလုံး အများစုဝိုင်းပြီး ကိုယ်တိုင်ရေး ပြပြီး တိုင်တန်းဘို့တော့ လိုပါတယ်။ ဟားဗတ်တက္ကသိုလ်ကိစ္စမှာလဲ နိုင်အောင့်ကို သူတို့စုံစမ်းစစ်ဆေးရေးလုပ် ပြီးတော့ အပြစ်ရှိကြောင်းတွေ့ပြီးသားပါ။ သံရုံးတွေမှာလဲ အေဘီမြောက်ပိုင်းနှိပ်စက်သတ်ဖြတ်မှု အခွေတွေရှိပြီးသားပါ။ အားလုံး စံနစ်တကျစုစည်းပြီး တိုင်တန်းကြဘို့ပဲလိုပါတယ်။ အွန်လိုင်းမှာ စာရေးနေရုံနဲ့တော့ ဒီလူသတ် မုဒိမ်းကျင့်တဲ့ကောင်တွေ ဘာမှဖြစ်လာဦးမှာမဟုတ်ပါဘူး

လေးစားစွာဖြင့်
ငြိမ်းချမ်း

လက်တွေ့ကျတဲ့ အားလုံးလုပ်နိုင်တဲ့အကြံပေးချက်ကို စပြီးအကောင်အထည်ဖေါ်စေချင်တယ်။
1 · · ·

ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ်

”ဓမ္မစစ်ကျော်ဝေ တဲ့ဟေ့..”
”ကျော်ဝေ....ဓမ္မစစ်” တဲ့
“ကျော်ဝေ သေရိုးလား” တဲ့ ။

ကဲ..၊ ကြားကြရဲ့လား ။
အေးစက်ပြီးခဲနေတဲ့ ရေထဲ၊ ဇောက်ထိုးဆွဲနှစ်လို့လဲ ပျစ်ချွဲညစ်မွဲ မသွားခဲ့တဲ့ သွေးထဲက”ဓမ္မစစ်တရား”
”ကျောင်းသားကွ တဲ့” ပြည်စိုးနိုင်ရဲ့ အသံလည်းပါရဲ့..သူ့ရှေ့ကရဲဘော်တွေ၊ သူ့နောက်ကရဲဘော်တွေ၊ကျဆုံးသူ၊ကျန်ရစ်သူ၊ အားလုံး၊အားလုံး ၊ အားလုံးရဲ့အသံတွေလဲပါရဲ့..၊ပြီးတော့လူ့ယဉ်ကျေးမှု၊လူ့ဂုဏ်သိက္ခာ၊လူ့တန်ဘိုးကိုသိတတ်သူမှန်သမျှတို့ရဲ့ဆူပွက်နေတဲ့ နှလုံးခုံသံတွေ နဲ့ပေါင်းလိုက်တော့”ဓမ္မစစ်ဆိုတာသေနိုင်ပါရိုးလား၊ကျောင်းသားကွ” တဲ့ ။
ကြားရဲ့လားဟေ့..။ မိုးကြိုးဆယ်စင်း တပြိုင်နက်ပစ်တာထက် ပြင်းတဲ့တရားစစ်ခင်းသံတွေလေ ”ညံ ”နေပါရောလားဟေ့ ။ မသမာမှုမှန်သမျှ ပါဂျောင် နဲ့လိုင်စင်တောင်အောက် လက်စဖျောက်နိုင်မယ်ထင်ကြပါသလားတဲ့ ၊မေးနေကြပါပကော။ ပျောက်သွားသလား ဟေ့။ ဖြေကြလေ။ ဖြေကြ စမ်း ။ နဖူးကို အဝီစိနဲ့ကပ်နေအောင်ထိ၊ လေးဘက်ရပ် သတ္တဝါဇာတိ ပကတိရုပ်အတိုင်း ဝက်ခြံထဲဝင်ခဲ့ကြပေတော့ ။ မင်းတို့ကို လူ့အဖွဲ့အစည်းကကျဉ်ထုတ်တော့မယ့် တရားစီရင်ပွဲ ရက်နဲနဲပဲကျန်တော့တယ် ။ သတင်း၊အတင်း၊အပင်း၊အမှင်း၊မီဒီယာ ”ဒိုင်း” ထူထူကာခဲ့ သမျှဟာလဲ ”လှံ”စူးဖို့ ပဲဖြစ်လာပါတော့မယ် ။
တခုတော့ပြောလိုက်မယ်၊ လူသားစင်စစ်၊လူစစ်စစ်တွေရဲ့လူ့ယဉ်ကျေးမှုတရားခွင်ဟာမျှတစွာစီရင်ပါလိမ့်မယ်ဆိုတာပါပဲ။ ကျူးလွန်တဲ့ပြစ်မှု အလိုက်၊ကျူးလွန်သူအပေါ်သာတိုက်ရိုက်သက်ရောက်တဲ့၊ထိုက်တန်တဲ့တန်ဘိုးညီပြစ်ဒဏ်ပဲဖြစ်တယ်။ မသက်ဆိုင်သူတွေအပေါ် မှာ ထိခိုက်စေမှာမဟုတ်ဘူး။ ဆိုလိုတာက မင်းတို့ကျူးလွန်ပက်စက်ခဲ့တဲ့အပြစ်ရဲ့ဒဏ်ကိုမင်းတို့ပဲခံစေ ရမယ် ။ မင်းတို့နဲ့သွေးသားဆက်နွယ်သူတွေဖြစ်တဲ့အမိအဖ၊ညီအစ်ကိုမောင်နှစ်မ၊ဇနီးမယားသမီးသားတွေမထိခိုက်စေရဘူးဆိုတာပဲ ။ အဖေကအစအားလုံးမရှိတောင် မင်းတို့ကို ဝမ်းရေအစပ်ခံပြီးမွေးခဲ့ကြတဲ့ အမေတော့ရှိကြသူတွေချည့်ပါပဲ။ အပြစ်မဲ့တဲ့မင်းတို့အမေတွေ လူတောထဲ ဘယ်မျက်နှာနဲ့ပွဲတက်မလဲ ။ လူ့ယဉ်ကျေးမှုတရားခွင်ဟာဒါကို သတိနဲ့ဆင်ခြင်ပြီး စီရင်မှာဖြစ်တယ် ။ မင်းတို့အမေတွေနဲ့သဘာဝတူ မိန်းခလေးတွေအပေါ် မင်းတို့ဘယ်လိုယုတ်မာပက်စက်ခဲ့ကြသလဲဆိုတာမင်းတို့ကိုယ်တိုင်မင်းတို့အမေတွေရဲ့မျက်စေ့ကိုတည့်တည့်ကြည့်ပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသာဖြစ်ကြောင်း အကောင်းဆုံးလျှောက်လဲကြပေတော့ ။
ကဲ ။ ခပ်ရှင်းရှင်းပဲ မေးလိုက်မယ်..
ဒီနိုင်ငံ၊ဒီလူ့အဖွဲ့အစည်းနဲ့ လူ့ယဉ်ကျေးမှုသမိုင်းမှာ ”ခင်ချိုဦးသေသလား..?” ”ထွန်းအောင်ကျော်သေသလား..?” ”ကျော်ဝေသေသလား..?” ”ကျောင်းသားတွေသေသလား..?” ”ဓမ္မစစ်တွေသေသလား..?” ” ဘယ်ကောင်တွေသေတာလဲ...?” မျိုးနွယ်စဉ်ဆက် သမိုင်းသေသွားတာ ”ဘယ်အကောင်တွေလဲ ဟေ့--”
စင်္ကြာဝဠာတံတိုင်း ကိုရိုက်ခတ်၊ ပဲ့တင်ထပ်လာတဲ့အသံတွေကို နားထောင်ကြည့်ပါ မိတ်ဆွေတို့။
”နှမလေးခင်ချိုဦးနဲ့ညီလေးတို့ရေ၊ ရဲဘော်တို့ရေ ၊ မင်းတို့ရဲ့သွေးနဲ့ရေးခဲ့တဲ့မှတ်တမ်းက မင်းတို့ချစ်တဲ့ပြည်သူနဲ့လူ့အဖွဲ့အစည်းရဲ့ အကြီးဆုံးအန္တရာယ်ကောင်တွေကို လူ့စည်းဝိုင်းအပြင်ဘက် ရာသက်ပန် ဆွဲထုတ် နိုင်ခဲ့ပါရောလား ၊ဒါဟာ မင်းတို့အောင်ပွဲကွ၊ မင်းတို့ဟာ တိုက်ပွဲဝင်ရည်ရွယ်ချက်အောင်မြင်ခဲ့ကြ တဲ့ ပွဲရသူရဲကောင်း
ကျောင်းသားစစ်သည်တော်တွေ ပ ။ ဘယ်သူ ငြင်းဝံ့တုန်း” တဲ့။
ကဲ ။ မင်းတို့မောင်နှစ်မတွေ ဆုံကြတုန်း မင်းတို့အသည်းထဲ တသက်လုံးစွဲပြီးအမြဲသစ်နေတဲ့တေး၊ တစ်ယောက်နဲ့တစ်ယောက် မေးငေါ့ ပြီးမေးစရာမလိုတဲ့တေး၊ ငရဲခွေးတွေသွေးပျက်စေခဲ့တဲ့တေး၊ တေးရေးဆရာကျော်ဝေရဲ့တေး၊မင်းတို့အားလုံးရဲ့ မူပိုင်တေး၊ ရင်ကိုချီပြီး ပြိုင်တူညီညီဆိုလိုက်စမ်းပါဟေ့..။

”” ဓမ္မစစ်ဆိုတာ သေနိုင် ပါရိုးလား
ကျောင်းသားတဲ့ ဟေ့” လို့လေ ။




၁၂ရက်၂လ၂၀၁၂ခုနှစ် အနှစ် နှစ်ဆယ်ပြည့်ပွဲကျင်းပရေးကော်မီတီဝင်များနှင့် ကာယကံရှင်ညီ/ညီမများသို့ရည်ညွှန်းပေးပို့အပ်ပါသည်။
__._,_.___
5 · ·

Thursday, July 12, 2012

ကိုထိန်လင်း၊ မနန်းအောင်ထွေးကြည်၊ ကိုညီညီကျော်၊ ကိုထင်လင်းအောင်၊ကိုထွန်းအောင်ကျော် နဲ့ကျနော်

ကိုထိန်လင်း၊ မနန်းအောင်ထွေးကြည်၊ ကိုညီညီကျော်၊ ကိုထင်လင်းအောင်၊ကိုထွန်းအောင်ကျော် နဲ့ကျနော်

by Yeyint Kyaw on Sunday, January 29, 2012 at 9:03am ·

ဦးသန်းဆွေ(မြေနီကုန်း)- 25-1-2012

”ကိုထိန်လင်း ၊ မနန်းအောင်ထွေးကြည် ၊ ကိုညီညီကျော် ၊ ကိုထင်လင်းအောင်-”

- သူတို့က ယုတ်ကန်းပက်စက်လှတဲ့အဲဒီငရဲခန်းကြီးကို ကိုယ်တိုင်ခါးစည်းပြီး ဖြတ်သန်းခဲ့ကြရတဲ့ သူတွေထဲက ကံကြီးလွန်းလို့ မသေပဲ လွတ်မြောက်လာသူ တချို့။

တနည်းပြောရရင် ငရဲကောင်တွေကို ငရဲပို့ဖို့၊ လူ့အဖွဲ့အစည်းတရားခွင်မှာ လူမဟုတ်တဲ့ လူတူ သတ္တဝါတွေကို လူ့စည်းဝိုင်းအပြင်ဘက် လူ့သမိုင်းအဆက် ဆက်မောင်းထုတ်ကြဖို့၊ လောကပါလ တရားကိုယ် အရ၊ လိုအပ်မှုအရ ရှင်သန်ခွင့်ရခဲ့ကြတဲ့ လူတွေထဲက တချို့။၊

လူ့အဖွဲ့အစည်းဝင်တစ်ခုဖြစ်တဲ့မြန်မာ့လူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနဲ့ လူ့ယဉ်ကျေးမှုတန်ဘိုး ”စံ” ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ဖျက်ဆီးခဲ့ကြတဲ့၊ ဖျက်ဆီးနေဆဲလည်းဖြစ်တဲ့၊ ဆက်ဖျက်ဆီးဖို့လည်း ကြံစည် နေကြတဲ့ ဗီဇယုတ် ငရဲကောင်တွေနဲ့အပေါင်းပါတွေရဲ့အန္တရာယ်က နောက်မျိုးဆက်တွေ လွတ်ကြရအောင် လုပ်ဖို့တာဝန်ရှိတဲ့၊ တာဝန်သိတဲ့၊ခိုင်ကြည်တဲ့ သက်သေ၊ တရားလိုတွေဖြစ်တယ် ။ ကာယကံရှင်တွေဖြစ်တယ်။

”ကိုအောင်မိုးဝင်း”

- သူက စာဖွဲ့လို့ မရနိုင်လောက်အောင်ဖြစ်ခဲ့တဲ့ ဒီပက်စက်မှုကြီးကို စာဖွဲ့ပြီး မှတ်တမ်းတင်နေတဲ့သူ ။

ပြီးတော့ လူ၊ လူ့တန်ဘိုး၊ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာ၊ အားလုံးကို တစ်စ မကျန် ဖေါက်ပြန်ကျူးလွန် ခဲ့ကြတဲ့ အဲဒီ အဟိတ်တွေနဲ့ တရားမဲ့မှုကို အပြစ်မဲ့စွာ ခံလိုက်ရတဲ့ ဘက် ၊ နှစ်ဘက်လုံးက အတော်များများနဲ့ ထဲထဲဝင်ဝင် ကျွမ်းဝင်ခဲ့သူ ။

လုပ်ဖေါ်ကိုင်ဘက်၊ ရဲဘော် ၊ မိတ်ဆွေ ၊အသိ အဖြစ် ထိတွေ့ ဆက်ဆံခဲ့ဖူး သူ၊ သူ့မှာ အထောက်အထားတွေရှိတယ်။

သူ့အထောက်အထားတွေကို သူယုံတယ်။ မျှတတဲ့ စိမ်ခေါ်မှု နဲ့ ပြည်သူကို ချပြမယ်၊။

ဓမ္မနဲ့အဓမ္မ ပြည်သူက ဆုံးဖြတ်ပါလိမ့်မယ်။

ဒီဖြစ်ရပ်ကြီးထဲ သူဘာကြောင့် ဝင် ပါခဲ့တယ်၊ သူ့ရပ်တည်ချက် က ဘယ်လိုဆိုတာ စ ဝင်ကတည်းက ” သူ” ဒီလို ရှင်းရှင်းပြောပြီး -ဝင်ခဲ့သူဖြစ်တယ်။

”ကိုထွန်းအောင်ကျော်”

- ABSDF ကို စတည်ခဲ့ကြသူ တွေထဲက တစ်ဦး၊ ပင်မ ဗဟိုအေဘီရဲ့ အစောဆုံးဥက္ကဋ္ဌလည်း ဖြစ်တယ်။

မြောက်ပိုင်းကိစ္စဟာ သူတာဝန်ယူ နေစဉ်ကာလမှာ ဖြစ်ခဲ့တာ မဟုတ်ပေမယ့်- ကျောင်းသား တပ်မတော် ရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ ဘယ်လုပ်ရပ်မျိုးကို မဆို၊ ဆန့်ကျင် တိုက်ဖျက်သွားဖို့ လိုတယ်ဆိုတဲ့အမြင်နဲ့- မြောက်ပိုင်းဗဟိုမှာဖြစ်ခဲ့တဲ့ ပက်စက်မှုကြီးကို သိက္ခာရှိရှိရှင်းကြဖို့၊ တာဝန်သိသိဝင်ပြီး ဆော်သြတဲ့၊ အေဘီဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်တယ်။

ကျနော်က ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ကာယကံရှင်လဲ မဟုတ်ပါဘူး ။

နှစ်ဘက်လုံးနဲ့ထဲထဲဝင်ဝင် သိခဲ့ကျွမ်းခဲ့ပြီး နှစ်ဘက်လုံးနဲ့ ပတ်သက်တဲ့အထောက်အထား တွေ ရှိတဲ့သူလည်း မဟုတ်ပါဘူး ။

ဘယ်နိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းဝင်မှလည်း မဟုတ်ပါဘူး။

ဒါဖြင့် ဘာကြောင့် ဒီပြဿနာထဲကို ဝင်ပါရတာလဲလို့ သဏ္ဌာန်မျိုးစုံနဲ့မေးလာသူ မိတ်ဆွေများကို ကျနော် တလေးတစား တန်ဘိုး ထားပြီး ဖြေလိုက်ပါတယ် ။” ကျနော်ဟာ မြန်မာနိုင်ငံမှာ မွေးခဲ့တဲ့ မြန်မာ နိုင်ငံသား တစ်ဦးဖြစ်လို့ပါဘဲ” ။

ပြီးတော့ ”လူသား တစ်ဦးအနေနဲ့လူ့ဂုဏ်သိက္ခာ ၊ လူ့တန်ဘိုးကို ထိန်းသိမ်းဖို့တာဝန်ရှိတယ်” လို့အခိုင်အမာ ယုံကြည်လို့ပါဘဲ။

အရင် စာတွေမှာ ကတည်းက ကျနော်ရေးခဲ့ပြီးပါပြီ။

မြောက်ပိုင်းကိစ္စဟာ ဘက်နှစ်ဘက်(နိုင်ငံတော်နှစ်မျိုး) ကြားက ပြဿနာ၊ တပ်စုတစ်စု၊ အဖွဲ့အစည်း တစ်ခုတည်း အတွင်းက ပြဿနာမျှသာ မဟုတ်တော့ဘူး။

နယ်လွန်သွားပြီ၊

မြန်မာ အပါအဝင် တိုင်းရင်းသား လူ့အဖွဲ့အစည်းဝင် အားလုံးရဲ့ယဉ်ကျေးမှု ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်း အသရေဖျက်တာ။

လူ့အဖွဲ့အစည်းဝင်တွေရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဘိုးကို မိုက်ရိုင်း စုတ်ပဲ့စွာ စော်ကားလိုက်တာပဲ လို့ ယူဆပါတယ်။

အဲဒီလူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့အဖွဲ့အစည်းဝင် တစ်ဦးဖြစ်တဲ့ကျနော့်မှာ တာဝန်ရှိတယ်လို့ယုံကြည်လို့ အခုလို ဝင်ပြီး ရေးသားခြင်းဖြစ်ပါတယ်။

မိတ်ဆွေများ ခင်ဗျား၊ အားလုံးကို လေးစားပါတယ်။

ဒါကြောင့်လည်း ရေးလက်စ များ ဆက်မတင်ခဲ့တာပါ။

အခုလည်း ကျနော့်အမြင်၊သဘောထားကို ကြားဖြတ်ပြီး ကျနော်တတ်စွမ်းသမျှ ရှင်းပြလိုက်ပါတယ် ။

ကျနော်ဆက် ရေးသွားပါမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

”ဟေး... အသံတွေ တိတ်ကုန်ပါလားဟေ့......

ခွာရှပ်ပြီး ကန်သင်းကို ထိုးခွဲ ...ဂျိုပဲ သွေးနေတာလား၊

စိတ်ကြိုက်ပြင်ဆင်ပြီးရင် ခတ်ကွင်းထဲ ဝင်ခဲ့တော့ ၊

”ဂျို”ထောင်လား။ ”ဂြိုဟ်” ကောင်လား..။

အံသွားတွေ ကျိကျိမြည်အောင် ကြိတ်ထားတဲ့ ပရိသတ် ကြီးက သိပြီးသား အဖြေကို အေးစက်တဲ့မျက်လုံးတွေနဲ့ကြိုဆို နေကြပါတယ် ။”

ဦးသန်းဆွေ(မြေနီကုန်း)

ဟစ်တိုင် မှကူးယူဖော်ပြသည်


· · Share