Showing posts with label ဦးစိန်. Show all posts
Showing posts with label ဦးစိန်. Show all posts
Monday, January 21, 2013
AB မြောက်ပိုင်း အဖြစ်အပျက်၏ သမိုင်းမှန် ပေါ်ပေါက်ရေးသို့ ရည်ညွှန်းလျှက်
by Sein Sein Thu on Sunday, December 30, 2012 at 8:10am ·
                 ABSDF ၏ လက်ရှိဥက္ကဌ နှင့် အဖွဲ့ဝင်တချို့ မြန်မာပြည်ပြန်ဝင်လာတဲ့အချိန် ကျွန်မ ပတ်ဝန်းကျင်က မိတ်ဆွေသူငယ်ချင်းတချို့က ရှုထောင့်မျိုးစုံက ဝေဖန်ကြတဲ့အခါ ကျွန်မကလည်း ကျွန်မပြောချင်တဲ့ အကြောင်းအရာတချို့ကို ပြောချင်ခဲ့ပါတယ်။
                 ကျွန်မက ဦးစိန်သမီးပါ။ ဦးစိန်ဆိုတာ 1991-92 က ABSDF မြောက်ပိုင်းမှာ ရန်သူ့လူဆိုတဲ့ခေါင်းစဉ်တပ်ပြီး မတရားဖမ်းဆီးနှိပ်စက်ခံရင်း သေဆုံးခဲ့ရတဲ့လူများစွာထဲက တစ်ဦးပါ။
                 ဖေဖေံကို 1944 ခုတွင်မွေးဖွားခဲ့ပါတယ်။ ဖေဖေ တက္ကသိုလ်ကျောင်းသားဘ၀အစမှာ 1962 - 7 ဇူလိုင် အရေးတော်ပုံကြီးကို စတင်ကြုံတွေ့ခဲ့ရပါတယ်။ 7 ဇူလိုင် အရေး အခင်းမှာ ဖေဖေနဲ့အတူ ရှေ့ဆုံးကချီတက်သော ကျောင်းသားတွေရဲ့ သွေးတွေကိုမြင်ခဲ့ရပြီး ကျွန်မဖေဖေကတော့ ကံကောင်းစွာ အသက်ဘေးမှ လွတ်ခဲ့ရပါတယ်။ အဲဒီကစလို့ 1970 အလုပ်သမားအရေးအခင်း၊  ဦးသန့်အရေးအခင်း၊  မှိုင်ရာပြည့်အရေးအခင်း၊ မီးမောင်းစာစောင်ထုတ်ဝေမှုတွေမှာ ဖေဖေက တက်ကြွစွာပါဝင်ပတ်သက်ခဲ့ပါတယ်။ အဲဒီလှုပ်ရှား မှုတွေကြောင့် စစ်အစိုးရထောင်မှာ အကျဉ်းကျခံခဲ့ရပါတယ်။ 1988 အရေးအခင်းမှာ မ/ဥက္ကလာ အထွေထွေသပိတ် ကော်မတီမှာ ဖေဖေက တက်ကြွစွာပါဝင်ခဲ့ပြီး 1989 ဇူလိုင် 14 မှစတင်ကာ အိမ်က ထွက်သွားခဲ့ပါတယ်။ အဲဒီဘက်ကို မသွားဖို့တားခဲ့တဲ့ သူငယ်ချင်းတွေရဲ့ဆန္ဒကို ဆန့်ကျင်ပြီး 1989 စက်တင်ဘာမှာ  ABSDF မြောက်ပိုင်းကို   ရောက်ရှိတောခိုခဲ့ပါ တယ်။  ဖေဖေဟာ 1991 သြဂုတ်လ နောက်ဆုံးပတ်လောက်မှာ ABSDF မြောက်ပိုင်ရဲ့ အစိုးရသူလျှိုဖမ်းပွဲလို့ခေါင်းစဉ်တပ် ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရပြီး1991 အောက်တိုဘာ 23 မှာ ဖေဖေ ဟာ နှိပ်စက်ခံရမှုဒဏ်တွေနဲ့ သေဆုံးခဲ့ပါတယ်။
                1992 ခုနှစ်တွင် အလင်းဝင်လာသောသူများ၏ သတင်းစာရှင်းလင်းပွဲမှတဆင့် ဖေဖေ တောတွင်းတစ်နေရာမှာသေဆုံးတယ်လို့ ရပ်ကွက်လူကြီးများမှ အကြောင်းကြားသဖြင့် ကျွန်မတို့ သိခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်မအပါအ၀င် ကျွန်မတို့မိသားစုသိလိုသည်မှာ သေဆုံးသွားပါသည်ဟုပြောသော ဦးစိန်သည် ကျွန်မဖေဖေ ဟုတ်ခြင်း မဟုတ်ခြင်းသည် အဓိက အချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မ အဆင့်ဆင့်စုံစမ်းပြီး အလင်းဝင်လာသူတစ်ယောက်နှင့် သွားရောက်တွေ့ဆုံမေးမြန်းသောအခါ မိသားစုအတွက် အစားထိုးမရနိုင်သော ကျွန်မ၏  ဖခင်ဆိုတာ သေချာခဲ့ပါတယ်။ ကျွန်မမျက်ရည်တွေကြားမှ ထိုသူရှင်းပြသည်ကို မှတ်မိနေသည်မှာ ဖေဖေဟာ လူငယ်များလေးစား ချစ်ခင်မှုကိုခံရသဖြင့် မနာလိုသောသူများမှ   ဖမ်းဆီးမှုကို ခံရသည် မှန်သော်လည်း နှိပ်စက်ခံရခြင်းမရှိဘဲ သေဆုံးခဲ့ရသည်ဟု ဖြစ်ပါတယ်။
               2012 ဖေဖော်ဝါရီလ 10 ရက်နေ့မှာ facebook ပေါ်ကနေ အလွန်ကြောက်ရွံ့ထိတ်လန့်ဖွယ်အဖြစ်အပျက် ကို စပြီးဖတ်ခွင့် သိခွင့်ရပါတယ်။ အဲဒီညမှာပဲ ကျွန်မဘ၀မှာ  ဘယ်တော့မှမေ့နိုင်မှာမဟုတ်တဲ့ စကားတချို့ကို ကျွန်မသိခဲ့ရပါတယ်။ ဖေဖေဟာ ထောက်လှမ်းရေးပါလို့ ကိုယ်တိုင်ဝန်ခံခဲ့ရလား ဆိုတဲ့ ကျွန်မ မေးခွန်းကို ၀န်မခံလိုမဖြစ် အောင်နှိပ်စက် ခဲ့တာလေ ဆိုတဲ့စကားသံက သမီးတစ်ယောက်အနေနဲ့ ကျွန်မ အရမ်းတုန်လှုပ်ခဲ့ရတာပါ။
                ဖေဖေဟာ နိုင်ငံရေးခံယူချက် အရမ်းပြင်းထန်တဲ့သူပါ။ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ ဖေဖေတို့ကျရာက်ခဲ့တဲ့ကာလတွေမှာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူတိုင်း ဘယ်လောက်ပြင်းထန်တဲ့နှိစက်မှုခံခဲ့ရတယ်ဆိုတာ သိကြမှာပါ။ ဒီလို နှိပ်စက်မှုဒဏ်ခံခဲ့ရတာတောင်မှ မကြောက်မရွံ့ ယုံကြည်ရာလမ်းကို ဆက်လျှောက်ခဲ့သူပါ။ 2002  June မှာ ထုတ်ခဲ့တဲ့ ဧရာဝတီရဲ့ volume 10 No.5 မှာ ဖေဖေကို ဖေဖေ့မိတ်ဆွေ ဦးမောင်မောင်တိတ်ကလည်း "U Sein had very strong political beliefs in prison, so it is difficult for  me to believe that he was a spy." လို့ ပြောထားပါတယ်။ AB မြောက်ပိုင်းရဲ့ အကျဉ်းထောင်ထဲမှာ နှိပ်စက်ခံရတဲ့ဒဏ်ရာတွေရဲ့ ခန္ဒာကိုယ်နာကျင်မှုထက် သူ့စိတ်ဓါတ်၊ သူ့ယုံကြည်ချက်ကို စော်ကားခံရတဲ့အတွက် စိတ်ဒဏ်ရာ နာကျင်မှုဟာ ဘယ်လောက်ပြင်းလိုက်မလဲလို့ တွေးမိတိုင်း ကျွန်မ ရင်နင့်စွာ ခံစားရပါတယ်။ ရန်သူက ရန်သူလိုဆက်ဆံတာ ခံရတဲ့အတွက် နာကျဉ်းစရာကောင်းတယ် ဆိုပေမယ့် မိမိက စိတ်ရင်းနဲ့ မိတ်ဆွေလို့ သတ်မှတ်ထားသူရဲ့ ရန်သူထက်ဆိုးတဲ့ ရန်သူ့လူ ဆိုတဲ့ မဟုတ်မှန်းသိသိကြီးနဲ့ စော်ကားတဲ့အသံ က ဘယ်လောက် ရင်နာစရာကောင်းမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် အလွန်ဆိုးရွားလှပါတယ်။ ဒါတွေကို ခံစားကြည့်နေရုံ နဲ့ ကျွန်မရဲ့ သမီးတစ်ယောက်တာဝန် မကျေနိုင်ပါဘူး။ ဖေဖေရဲ့ သမိုင်းအမှန် ပေါ်ပေါက်ဖို့ ကြိုးစားလုပ်ဆောင်ရမယ်လို့ ကျွန်မ ခံယူမိပါတယ်။ အဲဒီမှာ  ဂလဲ့စားချေ မယ်ဆိုတဲ့  ရည်ရွယ်ချက်မပါပါဘူး။ ဖေဖေ ကျေနပ်စွာရွေးချယ်ခဲ့တဲ့ ABSDF အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာ ကျဆင်းပါစေဆိုတဲ့ ရည်ရွယ်ချက်မပါ ပါဘူး။
                 ကျွန်မဖေဖေ ဦးစိန်ဟာ ကျောင်းသားတပ်မတော်ကို အင်အားဖြည့်မယ်လို့ ကြွေးကြော်ပြီး ABSDF ကို ၀င်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့ ကျွန်မ ရဲ့ မောင်တွေ၊ ညီမတွေ၊ တူတွေ၊ တူမတွေ၊ တပည့်တွေ စတဲ့မျိုးဆက်သစ်တွေကို ABSDF ဆိုတာ ငါ့ဖေဖေ ယုံကြည်စွာဝင်ရောက်သွားခဲ့တဲ့ အဖွဲ့အစည်းလို့ သမီးတစ်ယောက်အနေ နဲ့ ဂုဏ်ယူဝင့်ကြွားစွာပြောချင်ပါတယ်။ ဒါပေမယ့် လူတွေက ဖေဖေသေဆုံးရခြင်းဟာ ဒီအဖွဲ့ထဲမှာပဲ နိုင်ငံရေးသမားစစ်စစ်ကြီးကို ထောက်လှမ်းရေးပါလို့ စွပ်စွဲဖမ်းဆီး နှိပ်စက် ခံခဲ့ရ လို့  သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ မြင်နေပါတယ်။ ဖေဖေ အပါအ၀င်လူပေါင်း 100 ကျော်ကို စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ချိုးနှိမ်ခဲ့ပြီး ထိုလူ့အခွင့်အရေး  ချိုး   ဖောက်မှုကြီးကို ကျူးလွန်ခဲ့သူတွေဟာ ABSDF မှ အဖွဲ့ဝင်များဖြစ်သည်မှာ မှန်သော်လည်း အဖွဲ့အစည်းကို ကိုယ်စားပြုတာမဟုတ်ဘဲ ထိုကျူးလွန်ခဲ့သူတို့၏ ကိုယ်ပိုင်     ခံစားချက် ကြောင့်သာ ကျူးလွန်ခဲ့တာပါ ဆိုတဲ့ သမိုင်းအမှန်ကို အများပြည်သူကို ချပြလိုတဲ့ဆန္ဒ ကျွန်မမှာရှိပါတယ်။
                ဒါကြောင့် အမှုမှန်ဖော်ထုတ်ရေးအဖွဲ့သို့ ကျွန်မကပဲ စတင်ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကာယကံရှင်သမီးတစ်ယောက် အနေနဲ့ ထိုအဖွဲ့၏ လုပ်ဆောင်ချက်များကို  အားမရခဲ့မိပါ။ ပြစ်မှုကျူးလွန်သူများကိုယ်တိုင်က မှားယွင်းစွာ စွပ်စွဲပြောဆိုပြီး ထိုလူမဆန်သည့် ပြစ်မှုကို ကျူးလွန်ခဲ့ပါတယ် လို့ သမိုင်းမှန်ကို ၀န်ခံစေချင်ခဲ့မိပါတယ်။ ဒါပေမယ့် ကျွန်မ အမြင်အရ ကျူးလွန်ခဲ့သူတွေဟာ အမှားကို တိကျသေချာစွာ ၀န်ခံမည့်ပုံများ မတွေ့ရပါ။ ဒါ့ကြောင့် ကျွန်မဟာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်မတို့ တရားစွဲဆိုထားသည် မှာလည်း ABSDF အဖွဲ့အစည်းကို မဟုတ်ပါ။ ကျွန်မဖေဖေ အပါအ၀င် လူ 30 ကျော် ရက်စက်စွာ သေဆုံးခဲ့ရပြီး လူပေါင်း 100 ကျော်၏ နိုင်ငံရေး ဂုဏ်သိက္ခာကို ချိုးနှိမ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို အမှန်တကယ်ကျူးလွန်ခဲ့သည့် လူတစ်စုကိုသာ တရားစွဲဆိုခြင်းဖြစ်ပါတယ်။
                                                                                                                                                                                               ဦးစိန် သမီး
19Unlike ·  · 
  • Maung Than Swe နတ်အိုးများ ကွဲတော့ ၊ ပဲလည်းလှော်မရ ၊ ချီးလည်းကော်မရ၊ ခက်တော့နေပြီ။
  • Aye Aye Soe Win အကြွေးယူခဲ.သူတွေစီက အကြွေးပြန်တောင်းရမယ်။ အရင်းနဲ. အတိုး အတိအကျရပါမှ ညိမရေ။ တောင်.ထား။
  • Nicky Shein မစိန်စိန်သူ ဟာ၊ တော်လှန်တဲ့ ခွပ်ဒေါင်းကျောင်းသားစိတ်ဓါတ်ပိုင်ရှင် စစ်စစ် ဖြစ်ပါရဲ့နဲ့ ခွပ်ဒေါင်းအရေခြုံ၊ တော်လှန်ရေးအညွန့်ခူး စိတ်ဓါတ်နဲ့ ကိုယ်ကျင့်သိက္ခာပျက်ပြားနေတဲ့ လူတစုရဲ့ မတရားဖိနှိပ်ရက်စက်မှုကြောင့် သေဆုံးခဲ့ရမှန်း အတိအကျ သိရတဲ့ ဖခင်တယောက်အတွက် သမီးယောက်အနေနဲ့ ဘယ်လောက် နာကျည်းခံခက်ဖြစ်နေမလဲဆိုတာ သူရေးတဲ့စာမှာပေါ်လွင်လျှက်ရှိပါတယ်။ ဒီကြားထဲက မွန်မြတ်တဲ့ ABSDF ရဲ့ ဂုဏ်သိက္ခာကိုလဲ အထူးသတိထားရှောင်ရှားပြီး မထိခိုက်အောင်စော်ကားမိတယ်လို့ အထင်မခံရအောင် ခက်ခဲစွာနဲ့ ယခုစာကို ရေးဖွဲ့ရတယ်ဆိုတာ စာဖတ်သူတိုင်းလဲ ရိပ်မိမှာပါ၊ ဒီအခြေအနေဟာ သန့်စင်မွန်မြတ်တဲ့ ခွပ်ဒေါင်းအလံရဲ့ မွန်မြတ်တဲ့ ဂုဏ်သိက္ခာကို ကိုယ်ကျိုးရှာ အယုတ်တမာတစုနဲ့ သူတို့ရဲ့ အရိုးအရင်းကိုက် လူတစုက ဖေါက်ပြန်စွာ အလွဲသုံးစားလုပ်နေဆဲ နဲ့ သူတို့ရဲ့ ယုတ်မာပက်စက်မှုတွေကို ဖေါ်ထုတ်နေခြင်းကိုပဲ ABSDF ကို စော်ကားသရောင်နဲ့ ရိုးသားတဲ့ အပြစ်နဲ့ ဘာမှ မပါတ်သက်သောAb ရဲဘော်ဟောင်းများကို ခုတုံးလုပ် အသုံးချ ယုတ်မာစွာ ဆက်လက် ဝါဒဖြန့် ရန်တိုက်ပေးရင်း ၄င်းတို့ရဲံ အကျိုးစီးပွားကို ခုခံကာကွယ်နေဆဲ ဖြစ်နေလို့ပါပဲ။ ဒါဟာ ABsdf ရဲံ ဂုဏ်သိက္ခာကို ကာကွယ်တာလား ခုတုံးလုပ်နေတာလားဆိုတာ ကျန် ABSDF ရဲဘော်များက အထူးသတိထားရမဲ့အခြေအနေပါ၊ လက်တွေ့မှာ ABSDF ရဲ့ အလံတော်ကို ခြုံပြီး သူတို့ကိုယ်ကျိုးစီးပွားကိုပဲ ကာကွယ်ရင်း အနာဂါတ်မှာလဲ အသုံးချဖို့ ကြိုတင်ကြံစည်နေတာဖြစ်လို့ အမှန်တကယ် အမှုမျာနဲ့ မသက်ဆိုင်သော ကျန် ရဲဘော် ဟောင်းများရော လက်ရှိရဲဘော်များကပါ ဒီကိစ္စကို သတိကြီးစွာထားလို့ ABSDF ရဲ့ ဂုက်သိက္ခာကို ကာကွယ်သွားကြဖို့နဲ့ သူယုတ်မာအပေါင်းရဲ့ ဆက်လက် အလွဲသုံးစား ပြုနေမှုများကို ဝိုင်းဝန်းကာကွယ်သွားကြဖို့ အားလုံးမှာတာဝန်ရှိကြောင်း ရေးသားအကြံပြုလိုက်ပါတယ်။
  • Aung Moe Win မစိမ်းစိမ်းသူ.--- ခင်ဗျားနဲ့ အတူ ကျနော်ရှိနေပါမယ်။ လိုအပ်သလို ဆက်သွယ်ပါ။ အမှန်တရားအတွက် အင်အားသိန်းချီရှိတဲ့စစ်တပ်ကို ဆန့်ကျင်လာခဲ့တာပါ။ မလောက်လေးမလောက်စား လူအုပ်စုလောက်ကိုတော့ ကျနော်တို့တတွေ အသားလေးတိုက်ထုတ်နိုင်မယ် ဆိုတာ ယုံပါ။
  • Soe Lynn ရင်နှင့်အမျှ............................................
  • Aung Gyi Gsc အမှန်တရားဆိုတာပေါ်လာမှာပါအဲ့ဒီအချိန်ကြရင်တော့ဒူးတုန်မနေနဲ့
  • Smar Nyi Nyi Ma Sei . be strong. We have to walk the long journey. We are together and united.
Sunday, January 13, 2013
ဦးစိန်ကျဆုံးခြင်း၂၁ နှစ်ပြည်. နှစ်ပတ်လည်
October 28, 2012 
With ဘရာဇီး ငှက်ရိုး.
October 28, 2012 
  • You, Soe Lynn, Nicky Shein, Aye Aye Soe Win and 6 otherslike this.
  • Sein Sein Thu ဖေဖေ ကွယ်လွန်ခြင်း ၂၁ နှစ်ပြည်. နှစ်ပတ်လည် သို. လာရောက်ခဲ.သော မိတ်ဆွေများ ။ လာရန် စိတ်ဆန္ဒ ရှိ သော်လည်း အကြောင်း အမျိုးမျိုး ကြောင်. မလာ နိုင်ခဲ.သော မိတ်ဆွေအားလုံးကို ကျေးဇူး တင်ပါတယ်။ ဒီနေ.အခမ်း အနားသို. ရောက်ရှိခဲ.တဲ. ဖေဖေ. သူငယ်ချင်းများရဲ. ဖေဖေ.ကို သတိတယမှတ်တမ်းတွေပါ။
  • Sein Sein Thu ဖေဖေ ကိုယ်စား ဒီစာတွေ ဖတ်ပြီး ဖေဖေ. သမိးး တယောက် အနေ နဲ. ကျေနပ် ဂုဏ်ယူမိပါတယ်။