Showing posts with label ကိုကျော်စွာ. Show all posts
Showing posts with label ကိုကျော်စွာ. Show all posts

Sunday, July 15, 2012

ကိုကျော်စွာရဲ့ မှတ်ချက်

ကိုနိုင်အောင်ရဲ့ ဖြေရှင်းချက်ကို ကျနော်ဝေဖန်ချင်ပါတယ် ။ ဒေါက်တာနိုင်အောင်ကိုဝေဖန်ရအောင် မင်းကဘာကောင်လဲတော့မမေးပါနဲ့ ကျနော်ဘာကောင်မှ မဟုတ်ပါဘူး ။ မဖြစ်မနေ ပြန်ဖြေရမယ်ဆိုရင်တော့ မတရားလွန်းတဲ့ ဖြစ်ရပ်တွေကို မသိချင်ယောင်ဆောင်ပြီး ငြိမ်မခံတတ်တဲ့ ကောင်တစ်ကောင်ပါပဲ ။ နေရှင်းသတင်းစာဖတ်ပြီးမှ သိရတာပါလို့ ဖြေကြားချက်ကို မျက်စိမှိတ်ပြီး ယုံပေးလိုက်ပါမယ် ။ ဘာလို့လဲဆိုတော့ ကျနော်ဟာ ကာယကံရှင်တွေ မဟုတ်သလို ဖြစ်ရပ်အတွင်းမှာ ပါဝင်ခဲတဲ့သူမဟုတ်လို့ပါပဲ ။ ဒါပေမယ့် ဒီကိစ္စကို သူသိသွားပြီးချိန်မှာ ဘာလိုများ တစ်စုံတရာ အရေးမယူ ပေးခဲ့တာလဲ ဆိုတာကို ကျနော်လို မျိုးဆက်သစ် "လူအ"တစ်ယောက်က သိချင်ပါတယ် ။ ထောက်လှမ်းရေးတွေ ဖြစ်ခဲ့မယ်ဆိုရင်လည်း ဒီလောက်ရက်စက်ခဲ့စရာ အကြောင်းမရှိပါဘူး ။ အနည်းဆုံးတော့ မြောက်ပိုင်းတာဝန်ရှိသူတွေကို အေဘီကနေထုတ်ပယ်တာ ဒါမှမဟုတ် အေဘီရဲ့ သဘောဆန္ဒမပါလို ဒီကိစ္စရပ်တွေကို ကန့်ကွက်ခဲ့တာတွေ လုပ်ခဲ့သင့်ပါတယ် ။ ခုချိန်မှ ကျနော်မသိလို့ပါလို့ ပြောတာတွေက ခေါင်းဆောင်မပီသတဲ့ ခေါင်းရှောင်သူတွေလိုဖြစ်နေပါတယ် ။ ကျနော် ပုဂိုလ်ရေးတိုက်ခိုက်နေတာ မဟုတ်ပါဘူး ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုးသားစွာ အမှားကိုဝန်ခံပြီး သမိုင်းကိုပြင်ဆင်ပေးနိုင်ဖို့ တောင်းဆိုနေတာပါ ။ မိမိရဲ့အသက်ထက် မိမိရဲ့ဂုဏ်သိက္ခာက ပိုအရေးကြီးမလား ထင်မြင်မိလို့ တောင်းဆိုမိတာပါ ။ ကြိုက်တဲ့လမ်းကိုရွေးပါ ။ သမိုင်းမှတ်တိုင်တွေက သက်သေခံပါလိမ့်မယ် ။ ရေငုံနှုတ်ပိတ်နေသူတွေကိုလည်း တစ်ခါတည်းပြောပါရစေ ။ ဒါဟာ နိုင်ငံရေး ကစားပွဲတစ်ခုမဟုတ်ပါဘူး ၊ အေဘီရဲ့ အမည်းစက်တစ်ခုမဟုတ်ပါဘူး ။ ကျနော်တို့ချစ်တဲ့ ကျနော်တို့လေးစားတဲ့ အေဘီဟာ မတရားမှု့တွေ ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး ။ လူနည်းစုတစ်စုက ကျူးလွန်သွားတာပါ ၊ အဲ့ဒီ့လူနည်းစုက ၀န်ခံပေးရဲရပါ့မယ် ။ အေဘီကိုချစ်တယ်ဆိုရင် ၊ အေဘီအပေါ်သစ္စာစောင့်သိပါတယ်ဆိုရင်တော့ ဒီအမည်းစက်ကို ဆေးကြောပေးကြဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်လို့ ကျနော်တစ်ယောက်တည်း ထင်မြင်မိပါတယ် ။
1 · ·
အွန်လိုင်းပေါ်က တင်းနစ်ပွဲကတော့ ကြည့်ကောင်းလာသလိုပဲ ။ ကလေးဘ၀ မူကြိုတက်ချိန်က ဆရာမရဲ့ ခြင်းတောင်းလေး ဘယ်သူ့ကြောင့်လည်း မသိပါဘူး ။ မြောင်းထဲပြုတ် ကျသွားဖူးတယ် ။ လက်သည်ကတော့ မပေါ်ပါဘူး ။ ခေါင်းကြီးလုပ်တာပေါ့ ခေါင်းကြီးကလည်း ချီးပေကို လွှဲချပါတယ် ။ မြင်တဲ့လူတွေကလည်း ဘာမှဝင်မပြောပါဘူး ။ မပြောဆို ဒီနှစ်ယောက် ကလေးစကားနဲ့ဆို ဖွိုက်တာကိုးဗျ ။ ဒီတော့ ဒီတိုင်းပဲ နေလိုက်ကြတယ် ။ အသက်လေးရလာတော့လည်း ဒီလို ကလေးဘ၀က အဖြစ်ပျက်တွေမျိုး လူကြီးတွေမှာလည်း ရှိကြပါလားဆိုတာ အံ့သြရလောက်အောင်ကို တွေ့ရတယ်ဗျာ ။ အော်..............စကားလုံး အကြီးကြီးတွေ သုံးတိုင်းလည်း လေးစားစရာလူမျိုးတွေ မဟုတ်ကြပါလား ။
3 · ·
  • Phonemo Mo, Maung Than Swe and Myo Myint Thwe like this.
    ကို ထွန်းနိုင် ကြိုက်တယ် ငါလည်းအဲ့ဒီလိုပဲကွ သတင်းကြားပြီးမခံမ၇ပ်နိုင်ဖြစ်တယ်ကွာ
    February 15 at 12:20pm ·
    • ဘရာဇီး ငှက်ရိုး
      ဆရာဝန်နိုင်အောင်ရဲ့ သတင်းဌာနကို ပြောပြီး အလုပ်တွေ မအားတော့တာက နယ်မှာနေတဲ့ ကျနော့်ညီဝမ်းကွဲလေး ကျနော့်ဆီ မက်ဆေ့ခ်ျပို့သလိုဖြစ်နေတယ်...
      ပထမတကြောင်းက - အကိုကြီး ကျနော် မနေ့က မိန်းမခိုးလာတယ် မိန်းမရပြီ။
      ဒုတိယတကြောင်းက - ဒီနေ့ပဲ ကျနော့်မိန်းမ ကေ
      လးမွေးတယ် ကျနော်ကလေးအဖေ ဖြစ်ပြီ။... အဲ့နှစ်ကြောင်းက တနှစ်နဲ့ လေးလတိတိ ကြားမှာ ကွာခြားပါတယ်.....
      အဲ့လို တနှစ်ကျော်ကြာတဲ့ စာနှစ်ကြောင်းကို နီးနီးကပ်ကပ် ဖတ်လိုက်ရရင် ဘယ်လိုအဓိပါယ် ထွက်မလဲဗျာ.....
    • BarBu Abnb ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးအခြားသူတွေကိုငြင်းခိုင်းထားတာ ဘာမှမပြောဘဲ
      ငြိမ်နေတာဟာ ဝန်ခံနေတာဘဲပေါ့။
      March 7 at 9:01pm · · 1
    • ဘရာဇီး ငှက်ရိုး ကိုဌေးတင့်ပြောတာတော့ အရိုးတွေ မြုပ်ထားတာ ဖော်ပြီး အစဖျောက်နေကြသတဲ့....

Saturday, July 14, 2012

အနှစ်နှစ်ဆယ်ပြည့် ရန်ကုန်(၁၀)ရက်နေ့ပွဲမှ ပုံရိပ်များ

ကိုမင်းကိုနိုင်(ကိုပေါ်ဦး)၏ အမှတ်တရ စကားလုံး
















ကိုအိုကေ(ကိုအုန်းကြိုင်)၏ မှတ်ချက်

မြောက်ပိုင်းတွင်ကြွေလွင့်သွားခဲ့ရသောကျောင်းသားများအမှတ်တယနေ့(ရန်ကုန်-၁၀.၂.၂၀၁၂)
ရင်ဖွင့်မှတ်တမ်းများ..................

မြောက်ပိုင်းတွင်ကြွေလွင့်သွားခဲ့ရသောကျောင်းသားများအမှတ်တယနေ့(ရန်ကုန်-၁၀.၂.၂၀၁၂)
ရင်ဖွင့်မှတ်တမ်းများ..................

ဒေါ်ချိုချိုကျော်ငြိမ်းဝမ်းနဲမှတ်တမ်းတွင်လက်မှတ်ထိုးစဉ်။(၁၀.၂.၂၀၁၂-ရန်ကုန်)
နောက်ကဘယ်သူတွေရဲ့သမီးလေးပါလဲ...သိသူဖြေပေးကြပါ.....

မြောက်ပိုင်းတွင်ကြွေလွင့်သွားခဲ့ရသောရဲဘော်များအနှစ်(၂၀)ပြည့်-(မြောက်ပိုင်းပြန်ရဲဘော်များ)
ရန်ကုန်-၁၀.၂.၂၀၁၂

မြောက်ပိုင်းတွင်ကြွေလွင့်ခဲ့ရသောရဲဘော်များနှစ်(၂၀)ပြည့်အောက်မေ့ဘွယ်အခန်းအနား(ရန်ကုန်)

မြောက်ပိုင်းတွင်ကြွေလွင့်ခဲ့ရသောကျောင်းသားများ(၂၀)နှစ်ပြည့်ဆွမ်းကျွေးနှင့်ရေစက်ချအမျှပေးဝေပွဲ(ရန်ကုန်)- ကိုမင်းကိုနိုင်တက်ရောက်(၁၀.၂.၂၀၁၂)

မြောက်ပိုင်းတွင်ကြွေလွင့်ခဲ့ရသောကျောင်းသားများအမှတ်တရနေ့(ရန်ကုန်)သို့ခံစားနားလည်
စွာရောက်ရှိလာသောကိုမြအေး(၈၈မျိုးဆက်)

မြောက်ပိုင်းတွင်ကြွေလွငိ့ခဲ့ရသောကျောင်းသားများအမှတ်တရနေ့ဆွမ်းကျွေးပွဲတွင်
ဒေါ်ချိုချိုကျော်ငြိမ်းတက်ရောက်အမျှပေးဝေ...(၁၀.၂.၂၀၁၂)ရန်ကုန်

မြောက်ပိုင်းမှကျောင်းသားများ အမှတ်တရ ရန်ကုန် ၁၀ ရက်နေ့ ပွဲမှာ လာရောက်သွားတဲ့ ၈၈မျိုးဆက် မနီလာသိန်း

ကိုပြည်စိုးနိုင်

ကိုကျော်စွာ တင်ပေးတဲ့ ကိုပြည်စိုးနိုင်ရဲ့ ပုံလေးပါ...။
ရန်ကုန်၁၀ရက်နေ့ပွဲမှာတော့ ကိုပြည်စိုးနိုင်ရဲ့ ညီငယ် တက်ရောက်ခဲ့ပါတယ်...။
ကိုပြည့်စိုးနိုင်ပါ ။ ၈၈ ၀န်းကျင်ကတည်းက နိုင်ငံရေးလှုပ်ရှားမှု့တွေကို ကိုမင်းကိုနိုင်တို့နဲ့တူတူ လက်တွဲဆောင်ရွက်ခဲ့သူတစ်ဦးပါ ။ မြောက်ပိုင်းမှာ စစ်ထောက်လှမ်းရေးဟုစွပ်ဆွဲကာ မတရား သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ် ။ ကိုမောင်မောင်ကြွယ်နဲ့ ကိုထွန်းအောင်ကျော်ဟာ သူလျှိုတွေမဟုတ်ပါဘူး ကျောင်းသားစစ်စစ်တွေပါ သူတို့အတွက် ကျနော်ပုခုံးထမ်းပြီး အမှန်တရားဖော်ထုတ်ပါ့မယ်လို့ ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေးက ကတိပေးခဲ့ပါတယ် ။ ဒါဆို ကိုပြည်စိုးနိုင်ဟာ ထောက်လှမ်းရေးမဟုတ်ပါဘူး ကျောင်းသားစစ်စစ်ပါလို့ ဘယ်သူကထောက်ခံပေးမှာလဲဗျာ ။ ဒီဓါတ်ပုံထဲမှာပါတဲ့လူတွေ ဘယ်သူများသိကြပါလဲ ။ ကိုမင်းကိုနိုင်ကရော ကိုပြည်စိုးနိုင်အတွက် ဘာလိုမှတ်ချက်ပေးချင်လည်း သိချင်လို့ပါ ။

အနှစ်နှစ်ဆယ်ပြည့် မန်းလေးပွဲမှ ပုံရိပ်များ

ဘုံပျံတောရ မြ၀တီမင်းကြီးကျောင်းတိုက်၊ မန္တလေးမြို့
မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့
ပုံ ၄ - ဓါတ်ပုံ - ကိုညိုကြီး

"" WE ARE NOT LOOKING FOR REVENG
WE ARE LOOKING FOR THE TRUTH & JUSTICE ""
မ.က.ဒ.တ (မြောက်ပိုင်း) ကျောင်းသားရဲဘော်ဟောင်းများ

မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့
ပုံ ၁
မြ၀တီမင်းကြီးကျောင်းတိုက်၊ မန္တလေးမြို့။
၁၂.၂.၂၀၁၂ (တနင်္ဂနွေ)ဓါတ်ပုံ - ကိုညိုကြီး

မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့
ပုံ ၂
မြ၀တီမင်းကြီးကျောင်းတိုက်၊ မန္တလေးမြို့။
၁၂.၂.၂၀၁၂ (တနင်္ဂနွေ)ဓါတ်ပုံ - ကိုညိုကြီး

တက်ရောက်သော ပရိသတ်
မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့
ပုံ ၃ - ဓါတ်ပုံ - ကိုညိုကြီး

ဗကသ ဧ။် ၀မ်းနည်းခြင်း သ၀ဏ်လွှာနှင့် ကြေငြာချက်အား ကိုဘိုဘိုမှ ဖတ်ကြားပေးစဉ်

မနန်းအောင်ထွေးကြည်ရဲ့ သ၀ဏ်လွှာကို မဖတ်နိုင်ပါဟု အကြိမ်ကြိမ်ငြင်းပြီးမှ အားတင်းဖတ်ရှု့ပေးခဲ့တဲ့ မသင်းသင်းညီ

ပါဖောင်းမန့်ပွဲကြည့်နေကြသော

ကာယကံရှင်တွေသာမက ပရိတ်သတ်များကိုပါ မျက်ရည်ချူနိုင်ခဲ့သည့် မြောက်ပိုင်တွင်ကြွေလွင့်ခဲ့သော ကျောင်းသားများအမှတ်တရနေ့မှ ပါဖောင်းမန့်ပြကွက်တစ်ချို့

Tomorrow ပြကွက် ထိလား မထိလားတော့မသိပါဘူး ကြည့်ရှု့နေသူတွေကတော့ ဒီပုံထဲကအတိုင်းပါပဲ

ဝမ်းနည်းစကားပြောကြားနေစဉ်ထိန်းမရတဲ့ မျက်ရည်စများနဲ့ ကိုမြအေး

မနန်းအောင်ထွေးကြည်ဧ။် သ၀ဏ်လွှာအား မသင်းသင်းညီမှ ဖတ်ကြားနေစဉ်

အသက်မသေပဲ ထွက်ပြေးလွပ်မြောက်လာခဲ့ကြသော မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ

ကျောင်းသားသမဂ သီချင်းအား ပြီးဆုံးအောင်မဆိုနိုင်ကြသူများ
အကောင်းဆုံးသက်သေများ - ဆေးမှုးကိုသိန်းထွန်းနှင့်ကိုအောင်မြင့်ဟန်(ကိုဘစ)

မြောက်ပိုင်းတွင် ရက်စက်စွာ သတ်ဖြတ်ခြင်းခံရသော ကျောင်းသားများအတွက် ၀မ်းနည်းခြင်း သ၀ဏ်လွှာနှင့် ကြေငြာချက်အား အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ် (အထက်မြန်မာပြည်) မှ ဖတ်ကြားစဉ်

ကျောင်းသားသမဂ သီချင်းအား သီဆိုနေစဉ် - ကိုချိုကြီး အတွက် ညီမဖြစ်သူရဲ့  ခံစားရမှု
— with Hlaing Bwa, Aye Aye Soe Win, Ko Htike, Ko Baloi, Min Tharr and Cho Tu Zal.

ကျောင်းသားသမဂ သီချင်းအား မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများက သံပြိုင်သီဆိုစဉ်

ကိုမြအေးမှ ပြောကြားနေစဉ်

မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများဧ။် ကြေငြာချက် ကို ဘိုဘို(စမ်းချောင်း)မှ ဖတ်ကြားစဉ်

သွေးစွန်းခဲ့သော အာစံကုန်းနောက်ခံဖြင့် တရားနာ ရေစက်ချ အမျှဝေ

ကျဆုံးသွားသော ကျောင်းသားရဲဘော်များကို ဂုဏ်ပြုသောအားဖြင့် တစ်မိနစ် ငြိမ်သက်စွာ ဂုဏ်ပြု

ကျဆုံးသွားတဲ့ ကိုမောင်မောင်ကြွယ်အတွက် တာဝန်အပြည့်အဝ ယူမယ်ဆိုတဲ့ ကိုမြအေး

ရေစက်ချ အမျှပေး

ကိုမြအေးနှင့်၈၈မျိုးဆက်များလဲတက်ရောက်

ကျဆုံးသွားသော ကျောင်းသားရဲဘော်များအတွက် ၀မ်းနည်းခြင်း ပန်းပွင့်များ

ကျဆုံးလေသူများအတွက် ဖြေမဆည်နိုင်တဲ့ ၀မ်းနည်းမျက်ရည်များ-၂
(Tomorrow အမည်ရ ပါဖောင်းမန့် ကြည့်ရှု့နေစဉ်)

ကိုထွန်းအောင်ကျော်နှင့်တကွ ကျဆုံးခဲ့သူများ အမှတ်တရ

မြောက်ပိုင်းတွင် ကျဆုံးသွားခဲ့သော ကိုမောင်မောင်ကြွယ်ဧ။်မိခင် အမှန်တရားဖော်ထုတ်ရေးအတွက် မန်းပွဲသို့ ဒေါ်ချိုချိုကျော်ငြိမ်း တက်ရောက်လာ

ဝမ်းနည်းအထိမ်းအမှတ်ရင်ထိုး

ကျဆုံးလေသူများအတွက် ဖြေမဆည်နိုင်တဲ့ ၀မ်းနည်းမျက်ရည်များ
(Tomorrow အမည်ရ ပါဖောင်းမန့် ကြည့်ရှု့နေစဉ်)



အမှန်တရားဖော်ထုတ်ပွဲအတွက် ဆွေးနွေးတိုင်ပင်
(အေဘီမြောက်ပိုင်းရဲဘော်ဟောင်းများ)

ကိုကြောင်ဘာတွေလုပ်

အမှန်တရားဖော်ထုတ်ရေးအတွက် မန်းပွဲသို့ ရန်ကုန် မန်းနှင့် နေရာအရပ်ရပ်မှ မြောက်ပိုင်းမှရဲဘော်ဟောင်းများ တဖြည်းဖြည်းရောက်ရှိ (၃နာရီ-၂၄မိနစ်) ၁၁ရက်နေ့ မြ၀တီကျောင်းတိုက် မန္တလေး

မန္တလေးရောက် မြောက်ပိုင်းပြန်ကြီးများ
မြောက်ပိုင်းတွင် ကြွေလွင့်ခဲ့သော ကျောင်းသားများ အမှတ်တရနေ့ မန္တလေး ပွဲ တက်ေ၇ာက်ရန် (နံနက်-၆နာရီ မန်း)

ဖမ်းစည်းခံရသည့် စာရင်းတွင် မပါဝင်ခဲ့သော်လည်း အမှန်တရားပေါ်ပေါက်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့ကြတဲ့ မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းတစ်ချို့လည်း တက်ရောက်

ကိုဘိုဘိုနှင့်ကိုကျော်စွာ

ကျောင်းသားခေါင်းဆောင် ကိုမြအေးအတွက် အမှတ်တရ ဓါတ်ပုံ....

ဒီဓါတ်ပုံတွေရိုက်နေရင်းကနေ ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်နာမည်သွားသတိရတယ် ... လွတ်မြောက်နေသော စစ်တရားခံတစ်ဦးဆိုလား....... အဲလိုလွတ်နေကြရင် ၀ိုင်းပြီးဖေါ်ထုတ်ပေး ကြပါ..:- ကိုမင်းမင်းလတ်

မြင်ရတဲ့မြင်ကွင်းတွေက တကယ်ကိုစိတ်မကောင်းပါဘူး...

တစ်ခါတစ်လေကြရင် ပန်းချီဆရာတွေက ပန်းချီကားကြည့်သူတွေကို တွေးစေချင်တယ်.......

DVB မှာသူ့ပုံလေးပါချင်တယ်ဆိုတဲ့ ကိုညီညီကျော်ရဲ့သား

ကိုထွန်းအောင်ကျော်သို့အမှတ်တရ............
“ အမှန်တရားဟာသင်တို့နှင့်အတူရှိနေပါပြီ ”

မြောက်ပိုင်းဒေသတွင်ကြွေလွင့်သွားခဲ့ကြသောကိုထွန်းအောင်ကျော်နှင့်ရဲဘော်များအတွက်
ဆွမ်းကျွေးနှင့်ရေစက်ချကုသိုလ်ပြုအမျှပေးဝေပွဲ(၁၂.၂.၂၀၁၂)မန္တလေးမြို့-မြ၀တီမင်းကြီးကျောင်း

မြောက်ပိုင်းတွင်ကြွေလွင့်ခဲ့ရသောကျောင်းသားများအမှတ်တယနေ့(၁၂.၂.၂၀၁၂-မန္တလေး)
ပန်းချီဆူးမြင့်သိန်းရဲ့ပြကွက်တစ်ခု(TOMORROW အမည်ရ ပါဖေါမန့်)တွင်ဝမ်းနဲကြေကွဲနေသူများ

မြောက်ပိုင်းတွင်ကြွေလွင့်ခဲ့ရသောကျောင်းသားများအမှတ်တယနေ့(၁၂.၂.၂၀၁၂-မန္တလေး)
ပန်းချီဆူးမြင့်သိန်းရဲ့ပြကွက်တစ်ခု

အာဆံကုန်းပုံရိပ်နှင့်......
မြောက်ပိုင်းပြန်တို့ရဲ့ပွဲ......

မြောက်ပိုင်းတွင်ကြွေလွင့်ခဲ့ရသောကျောင်းသားများအမှတ်တရနေ့(၁၂.၂.၂၀၁၂)မန္တလေး-
ကိုဘိုဘို-အနကလရဲ့ခံစားချက်....ကိုအောင်နိုင်သိပါစေ...

အနှစ်နှစ်ဆယ်ကြာခဲ့ပေမဲ့လဲ...








ပုံများကိုကိုရဲလင်း,Burma VJ, ကိုညိုကြီး, ကိုမင်းမင်းလတ်,ကိုညီညီကျော်, ကိုကျော်စွာဖေ့စ်ဘွတ်ခ်မှ ကူးယူပါသည်...

အောက်ပါပုံများကို အမ မအမာနီ ဖေ့ဘွတ်ခ်မှ ကူးယူလာပါသည်..။