Showing posts with label ကိုသံဒုတ်. Show all posts
Showing posts with label ကိုသံဒုတ်. Show all posts
Monday, July 16, 2012
ကိုသံဒုတ်ရဲ့ သဘောထား
မြောက်ပိုင်းတွင် ကျောင်းသားများ လူမဆန်စွာ ရက်ရက်စက်စက် သတ်ခဲ့သည့်အပေါ် သဘောထား။
---------------------------------------------------
မြောက်ပိုင်းမှာ ကျောင်းသားတွေကို သတ်တဲ့ကောင်တွေနဲ့ အတွေအခေါ်တူတဲ့ကောင်တွေက အချိန်မကျသေးဘူး၊ ရန်သူ့အကြိုက်လုပ်တယ်၊ဆိုပြီး အချိန်ကိုရသလောက်ဆွဲ အဖွဲ့အစည်းကို ဖြိုခွဲနေတာပါလို့ စွတ်စွဲပြီး လူသတ်တဲ့ကောင်တွေကို ကာကွယ်ဖို့ နည်း မျိုးစုံနဲ့ ကြိုးစားနေ့တဲ့ကောင်တွေပဲ။
တကယ်တော့ ဒီကောင်တွေက ဒီကိစ္စမှာသတ်ခဲ့တဲ့ကောင်တွေကို အပြစ်ပေးဖို့နေနေသာသာ ရာထူတောင် မရပ်ဆိုင်းရဲဘူး။ အော်လူသတ်တဲ့ကောင်တွေရဲ့ အလိုတူအလိုပါတွေဆိုတော့ ဒီလိုဖြစ်တာလဲ ဆန်းတော့ မဆန်းပါဘူး။
လူ့အခွင့်အရေးဆိုတဲ့ စကားကို အသုံးချ ဟန်လုပ်သုံးဆွဲ လူသတ် အာဏာလု အုပ်စုဖွဲ့ ဂိုဏ်ထောင် နိုင်ငံရေးလုပ်စားကြသူများလို့ ပဲပြောရတော့မယ်။
လူအခွင့်အရေးကို အလွဲသုံးစားလုပ်သူများဖြစ်တယ်။
2 · · ·
    • Aung Moe Win ဒီလိုကောင်တွေကို တဖြည်းဖြည်းချင်း ရှင်းကြတာပေါ့။ တော်လှန်ရေးစကားလုံးအော်ပြီး စစ်အစိုးရနဲ့စီးပွားရှာစားဖို့ကြိုးစားနေတဲ့ကောင်တွေကိ
      April 27 at 9:13am · · 4
    • ဘရာဇီး ငှက်ရိုး ကားတွေ အိမ်တွေ မြေတွေ လှမ်းဝယ်နေကြတယ်... ပျော်စရာကြီးပေါ့... ရွှေပြည်ကြီးရောက်မှ ဝိုင်းလှော်ခံရမှာ...
    • Uaung Aung
      အားလုံး ကိုတောင်းပန်ပါတယ်.. ကိုအောင်မိုးဝင်း ရေ အကို ရေတဲ့ စာထဲမှာ တော်လှန်ရေ ဆိုတဲ့ စာကားလုံး ပါလာလို့  ပါ ၂၀၀၈ ဖွဲ့ စည်းပုံအရ ဆိုရင် စစ်အာဏာရှင် အတွေးအခေါ်ဆိုတာ ရှိနေတယ် မြောက်ပိုင်း အမှူမှန်ပေါ်ပေါက် အောင်လုပ်တာ လည်း လုပ်တာပေါ့ အကို နဲ့  ကျနော် အတူတူ တော်လှန်ရေးဆိုတာ အကို သိအောင် မသိသေးရင်းလည်း တပွဲ လောက် အကို ကျနော် နဲ့  အတူတူ အလုပ် လုပ်ရအောင် စိတ်ခေါ်တာတော့ မဟုတ်ဘူးဗျာ တော်လှန်ရေး ဆိုတဲ့ စကားလုံး ကိုတော့ လွယ်လွယ် မသုံးနဲ့ ဗျာ ..ခြေမ မကောင်းရင် ခြေမ လက်မ မကောင်းရင် လက်မပေါ့ဗျာ...
    • Uaung Aung အကို ကိုယ့် ကျနော် like လုပ်ထားနော် ..D...
    • Aung Moe Win ကျနော်ပြောတဲ့စကားက ရှင်းပါတယ်။ တော်လှန်ရေးစကားလုံးပြောပြီး တော်လှန်ရေးလုပ်နေသူတွေကို ရည်ညွှန်းခဲ့လို့လား။ တော်လှန်ရေးစကားလုံးအော်ပြီး စစ်အစိုးရနဲ့စီးပွားရေးလုပ်နေကြတာ အခုမှ မဟုတ်ဘူး။ ငယ်ငယ်တည်းက တွေ့ဖူးတယ်။ မယုံရင် မြောက်ဥက္ကလာပ က ကွက်သစ်တွေ။ မန္တလေးမြို့ကို သွားကြည့်လေ။ တပွဲလောက် ကျနော်တို့နဲ့ အတူတူလက်တွဲလုပ်ရအောင် ဆိုတော့ ဘယ်လိုအလုပ်တွေလဲဗျ။ စိတ်ဝင်စားပါတယ်။
      April 27 at 4:46pm · · 1
Sunday, July 15, 2012
ကိုသံဒုတ်ရဲ့ ရဲရဲတောက်စကား
အပြစ်မရှိပဲ အသတ်ခံခဲရတဲ့ မြောက်ပိုင်းက ကျောင်းသား ရဲဘော်တွေရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ဘယ်ကောင်တွေဆီ ကမှ တောင်းခံစရာ မလိုဘူး။ သူတို့ အသတ်ခဲ့ရတဲ့နေ့ကစ ရှိပြီးသားဖြစ်တယ်။ သူတို့ဟာ ကျောင်းသားအစစ်တွေ ဖြစ်တယ်။ ဘာတဲ့ ကျောင်းသားညီညွတ်ရေးဆိုလား။ မင်းတို့က ကျောင်းသားညီညွတ်ရေးစကားပြောတယ်၊ မှတ်ထား တသက်စာစကားပြောလိုက်မယ်။ မြောက်ပိုင်းမှာ သတ်ခဲ့တဲ့ကောင်းတွေ၊ ထောက်ခံတဲ့ကောင်တွေ ၀ိုင်ရံပံပိုးခဲတဲ့ကောင်တွေ မင်းတို့ ကျောင်းသားညီညွတ်ရေးလုပ်ကြည့်လေကွာ။ လူထုနဲ့ ကျောင်းသားထုက အဆုံးဖြတ်ပေးမှာပါ။ မင်းတို့သိတဲ့ အုပ်စုသေးသေးလေးကို အာဏာ ဗိုလ်ကျ နိုင်ငံရေးလေးကို ကိုယ့်ကိုကိုယ် ဟုတ်လှပြီမှတ် အထင်ကြီးနေတဲ့ကောင်တွေ။ လုပ်ကြည့်လေကွာ။ မင်းတို့ လူထုကြားထဲ သွားကြည့်ပါအုံးကွာ။
    • Aye Aye Soe Win I watched the video of the 20th year anniversary of the massacre at the north camp. ကျောင်းသားအစစ်တွေ မြောက်ပို င်းရောက်ခါမှ ခွေးကိုက်ခံရတာရင်နာတယ်လို့ ရဲရင့်ကမှတ်တမ်းရေးခဲ့တယ်၊ ခွေးလေး တွေ ဖက်ကအလွန်နစ်နာပါတယ်၊
      ခွေးလေး တွေ ကချစ်စရာကောင်းပါတယ် ၊ကမ္ဘာပေါ်မှာဘယ်မှာမှမတွေ့နိုင်တဲ့ယုတ်မာရက်စက်မှု မျိုးခွေလေးေ တွမလုပ်ဘူး၊
      သူတို့ရက်စက်မှုကပြိုင်ဖက်မရှိပါ ၊ခွေးတွေဖက်က နာပါတယ်၊
      March 27 at 8:11pm · · 4
    • Swe Thandar Oo ဒီမိုကရေစီတိုက်ပွဲကို အကြောင်းပြပြီး အခွင့်အရေးယူတဲ့ အတိုက်အခံပဲ ဖြစ်ဖြစ် ကျောင်းသားပဲဖြစ်ဖြစ် ဒီမိုကရေစီနည်းလမ်းမကျတာမှန်သမျှ ဆန့်ကျင်ရမှာပဲ။ စစ်အစိုးရကိုပဲ ဆန့်ကျင်မှာ မဟုတ်ဘူး။
ကိုသံဒုတ်ရဲ့ တတိယမြောက် ဆုံးမစာ
မည်သူမဆို အာဏာရစ်မူးလာပြီဆိုလျှင် အာဏာရှင်ဖြစ်တာပဲ။ နွားခြေရာခွက်ကို သမုဒရာလို့ထင်ပြီး ရှိတဲ့ အာဏာအဆုပ်အပဲ့ကလေးကို အဟုတ်မှတ်ပြီး အာဏာရှုးတွေက အာဏာနဲ့ လက်နက်ကိုင်တပ်ကို အလွဲသုံးစားလုပ် အာဏာရစ်မူး လာပြီဆိုလျှင် ကိုယ့်ရဲဘော်ရဲဘက်ချင်းပါ ဖေါက်ပြန်တော့တာပဲ။ ညှင်းပန်းနှိပ်စက်တယ်။ သတ်တယ်။ ရဲဘော်ရဲဘက်ပေါ် သစ္စာဖေါက်တယ်။ မူဝါဒအမှားတွေ စည်းရုံးရေးလမ်းစဉ်အမှားတွေ လုပ်ဟန်အမှားတွေကို အုပ်စုဖွဲ ဂိုဏ်ဖွဲ့ပြီး အမှားတွေကို အမှန်ဖြစ်အောင် ဖုံးကွယ်ဖို့ ကြိုးစားတော့တာပဲ။ လူထုထဲ မျက်နှာပွင့်ချင်ရင် လူထုအကြိုးပြုလုပ်ငန်း လုပ်ရတယ် ဆိုတာထက် အာဏာရူးတို့ လုပ်ဟန် အလွယ်လမ်း ဖြတ်လမ်းနည်းကို သုံးလာကြတာပေါ့။ တံလျှက်ကို ရေထင် လူထုရဲ့ အကဲဖြတ်ချက် သဘောထားကို လစ်လျူရှု ပိုးဖလံမျိုးတို့ အာဏာရစ်မူး မီးကိုတိုးကြလေ သတည်းပေါ့။
ဒီမိုကရေစီသဘောသဘာဝ အများစုအနည်းစု သဘော သဏန် မဟုတ်ပဲ နိုင်ငံရေး ဂိုဏ်ထောင် အုပ်စုဖွဲ့ အနိုင်ကျင့်ဖို့ စုဖွဲ့မှုလို့ ဆိုကြရတော့မယ်။ တိုင်းပြည်အတွက် အထူးသတိထားစရာ ကြောက်စရာပါပဲ။
2 · ·
    • Tun Oo မှန်တယ်ဗျာ
    • Min Tharr ကိုသံဒုတ်ရေ အာဏာရူးတွေနဲ. ဖေါက်ပြန်ရေးသမားတွေအတွက် သံဒုတ်နဲ. အရိုက်ခံလိုက်၇သလို ခံစားသွားရမှာပါ ခင်ဗျားရေးသားချက်ကတော့
    • မိုး စဲ ကိုသံဒုတ် အဲ့ဒီ အာဏာကို ယစ်မူးသူတွေက ခုတော့ ယစ်မူးယုံ မဟုတ်တော့ဘူးဗျ သူတို့ ဘ၀ ဖြစ်သွားပြီ ဒါ့ကြောင့် သူတို့ အချောင်သမားဂိုဏ်းကို အထိမခံနိုင်ဖြစ်သွားပြီ ဒီလူတွေကို မတိုက်ရင် ရဲဘော်တွေ ပြည်သူတွေရဲ့ ဘ၀ဟာ လုံခြုံမှု မရှိနိုင်တော့ပါဘူး..ကျနော်တို့ ပြည်တွင်းစစ် တရားခံကလဲ ဒီအာဏာယစ်မူးမူ့တွေကနေ စ တာပါပဲ..သောက်တလွဲဗျာ..စိတ်တိုတယ်.
ကိုသံဒုတ်ရဲ့ ဒုတိယမြောက် ဆုံးမစာ
မြောက်ပိုင်း ကျောင်းသားတွေကိုသတ်တဲ့ ကိစ္စက ဒီကောင်တွေ တလျှောက်လုံးလိမ် လာခဲ့တာပဲ။ နှစ်ပေါင်း ၂၀ရှိပြီ။ သမိုင်းအမှားနဲ့ ဆက်သွားလို့ မသင့်ဘူး။ ဒီကောင်တွေ လူလိမ် တွေ ပက်ပက်ဆက်ဆက် လူသတ်ခဲ့တဲ့ကောင်တွေ နောက် လူသတ်ဖို့ လဲ ၀န်လေးမဲ့ကောင်တွေ မဟုတ်ဘူး။ သူတို့မှာ ဘာကျင်နာတရား ညှာတာထောက်ထားမှု မရှိဘူးဆိုတာ လက်တွေက သက်သေပြနေတာပဲ။
သတိထားကြ။ နောက်ဒါမျိုး သမိုင်းအဆက်ဆက် မဖြစ်ဘို့လိုတယ်။ တာဝန်ယူဘို့လိုတယ်။ အာမခံဘို့ လိုတယ်။ သဘောတရားအရ လူ့ကျင့်ဝတ်နဲ့ တော်လှန်ရေးကျင့်ဝတ်နဲ့ မညီဘူးဆိုတာ သဘောတရားအရ လူတဦးချင်းရော အဖွဲ့အစည်းသဘောရော လူအဖွဲ့အစည်းသဘောရော လက်မခံဖို့လိုတယ်။
လူတဦးချင်းပဲဖြစ်ဖြစ် အဖွဲ့အစည်းတခု ပဲဖြစ်ဖြစ် အောင်မြင်မှု ဆုံးရှုံးမှုဆိုတာ အဓိကက ကာယကံရှင်သာ အဓိကဖြစ်တယ်။ အကြောင်းတရားဖြစ်တယ်။ ပြုသူဖြစ်တယ်။
ကိုယ်စိုက်ပျိုးသလောက် ကိုယ်ရမှာပဲ။ ဒါ ဘာဝမ်းနည်းစရာရှိသလဲ။ လောဘရမက်တက်ပြီး အပိုလိုချင်လို့မရဘူး။ နောက်တခုက ဘယ်အရာမှ မတည်မြဲဘူး။ အခြေအနေနဲ့ အချိန်အခါနဲ့အညီ ပြောင်းလဲနေတယ်။
ဘယ်သူ့သမိုင်းမှ ဖျက်လို့မရဘူး။ ဖန်တီးလို့လဲမရဘူး။ အပိုဆုလိုချင်လို့လဲ မရဘူး။
သံဒုတ်ဆိုတဲ့ ကောင်က ဘာကောင်မှကို မဟုတ်တာ။ အဲဒီဘာကောင်မှ မဟုတ်တဲ့ကောင်ရဲ့  ဘာမဟုတ်တဲ့သမိုင်းကို ဘယ်သူကမှ လာပြီးဖျက်လို့ မရဘူး။
ကြီးကြီးကျယ်ကျယ် လူထင်အကြီးခံချင်လို့လဲမရဘူး။ လုပ်တာက ၂ ပြားဖိုး။ လိုချင်တာက ၁ကျပ် ဖိုးလဲ မရနိုင်ဘူး။ အဲဒီလိုပဲ မြင်ပါတယ်။
သံဒုတ်ဆိုတဲ့ကောင်ကို ဝေဖန်ကြုတိုက်ခိုက်ကြဆိုပြီး အလကား ဘလိုင်းလုပ်လို့မရဘူး။ ဝေဖန် စရာ တိုက်ခိုက်စရာ ပြစ်တင်စရာ ရှုံချစရာရှိရင် ရှုံချခံရမှာပဲလို နားလည်ပါတယ်။
ဒါဟာလူအဖွဲ့အစည်းဖြစ်တယ်။ ဒီမိုကရေစီကို လိုချင်သူတွေဖြစ်တယ်။
ရုပ်ခန္ဖာကို သတ်လို့ရမယ်။ သမိုင်းကို သတ်လို့မရပါ။
Friday, July 13, 2012
ညီအကိုချင်းပေးစာ ( သို့ ) သံဒုတ်မှ သံခဲသို့ (သို့) သံခဲရေ - မင်းခေါင်းဖြတ် ခံနေရအုံးမယ်
ညီအကိုချင်းပေးစာ ( သို့ ) သံဒုတ်မှ သံခဲသို့ (သို့) သံခဲရေ - မင်းခေါင်းဖြတ် ခံနေရအုံးမယ်၊ ( သံဒုတ် )
by Than Doke on Saturday, January 28, 2012 at 9:53am ·
တောခိုတော့မယ်လို့ မိဘတွေကိုပြောတော့ အဆိုးအကောင်း ဘာမှ မပြောကြပါဘူး။ မိဘနှစ်ယောက်စလုံးကို ဦးချကတော့တယ်။ သူတို့ပေးတဲ့ လမ်းစရိတ်ကို ယူလိုက်တယ်။ အဖေက " တော်လှန်ရေးဆိုတာ သေတတ်တယ်နော် ငါ့သား" " လုပ်ရင်လဲ ပြီးအောင်ထိလုပ် " ဆိုပြီးပြော ရှာတယ်။ အမေကတော့ စိုးရိမ်စိတ်နဲ့ " ဖြစ်ပါ့မလား ငါ့သားရယ် " လို့ဆိုတာ မင်းမှတ်မိလား။
အဖေပြောတဲ့ အတိုင်း တော်လှန်ရေးက သေတတ်တယ်ဆိုတာ တကယ်ပဲ။ မြောက်ပိုင်းက ကျောင်းသား ရဲဘော်တွေ တော်တော် ဆိုးဆိုးဝါးဝါးကို ကြူံတွေ့ခဲ့ရတယ်ကွာ။ ရင်ထုမနာပဲဟေ့။ အခုထိကို သူလျှိုဆိုပြီ စွတ်ဆွဲနေတုန်းပဲဟေ့။ မလုပ်ကောင်းပါဘူးကွာ။
ငါကတော့ ကိုထွန်းအောင်ကျော်တို့ကို အလေးပြုတယ်။ နောက်ပြီး ခံခဲ့ရတဲ့သူတွေကို သတ္တိခဲတွေလို့ သတ်မှတ်တယ်။ ငါဆို သူတို့လောက်
သတ္တိ မရှိလောက်ဘူးထင်တယ်။
သံခဲရေ ... မင်းလည်း သတိဝီရိယနဲ့တော့နေအုံးနော်။ မင်းလဲ အသတ်ခံနေရအုံးမယ်။ ညီအကိုဆိုတော့လည်း တာဝန်ရှိလို့ ငါကတော့ သတိပေးတာပါ။ ငါကတော့ ဗြောင်ပဲ။ ငါကိုလည်း သတ်ချင်တဲ့ကောင်တွေက ချောင်းရင်လဲ ချောင်းနေမှာပဲ။
မင်းနဲ့ မြောက်ပိုင်းသွားတဲ့ကောင်တွေကတော့ ငါကို အမေရိကားကနေ သတိတော့ပေးရှာတယ်။ အကိုတဲ့ အဲဒီကောင်တွေက လက်ယဉ် တယ်ဆိုပဲ။ မင်းသိတဲ့ အတိုင်းပဲ မဲဆောက်မှာ ငါကတော့ မင်းတို့ အဖွဲ့အစည်းလောက် အင်အားမရှိပါဘူး။ နေတာလဲ ကိုယ်ဖါသာကိုနေတာပဲ။
မင်းတို့ အဖွဲ့အစည်းကပါပဲ။ လ္ဘက်ရည်ဆိုင်မှာ ဗြောင်လာပြီး မင်းကောင်းကြောင်းပြောသလို မင်းကို ထောက်ခံသလိုပြောရင်း လာဆော်ကားလို့ ငါကပြောလိုက်တယ် သံခဲဆိုတဲကောင်က အချောင်းသမားလို့ ပြောပစ်လိုက်တယ်။ ဒါမျိုးတော့ လာမလုပ်နဲ့လေကွာ။
မင်းမိန်းမ ခင်ရွှေလှိုင်ကလည်း ငါဖေစ်ဘွတ်တွေထဲက ကိုယ်တွေ့ ဖြစ်ရပ်ထဲမှာ ဘာလဲ မြောက်ပိုင်းကျောင်းသားတွေကို သတ်တဲ့အချိန်က သွားကြည့်တယ်ဆိုလား ကြားရတယ်။ ဒါဆိုလဲ အဲဒီအမှုမှာတော့ မျက်မြင်သက်သေပေါ့။ သူကဘယ်ဘက်က သက်သေထွက်မလဲတော့ မသိဘူး။ သမိုင်းဝင် စိတ်ဝင်စားစရာတခုပဲ။
မြောက်ပိုင်းမှာ မင်းနဲ့ ငါရယ် စတောခိုတော့ အတူတူသွားကြတဲ့ မြတ်ကိုကြီးက ပထမဆုံး အသတ်ခံလိုက်ရတာလို့ သိရတယ်။
ကြားရတဲ့ သတင်းတွေကတော့ ကြောက်စရာပဲကွာ။ အုပ်စုတွေဖွဲ့ ဂိုဏ်ဖွဲ့ပြီးကို လုပ်ခဲ့ကြတာပဲ။ အဲဒီ ဂိုဏ်တွေ အုပ်စုတွေက မင်းတို့ အေဘီထဲမှာ ရှိသေးလားတော့ မသိဘူး။ မင်းကတော့သိမှာပဲ။
ငါကတော့ အကိုကြီးသဘောမျိုး အသိပေးတာပဲ။ နောက်မှ ငါသတိမပေးဘူးမလုပ်နဲ့။ ငါကတော့ ဗြောင်ပဲ။ သူများကိုလည်း မတရား မလုပ်ခဲ့ဘူး၊ ကိုယ့်ကို လုပ်တာလဲ ခံချင်တဲ့ကောင် မဟုတ်ဘူး။ ဘယ်သူမဆို အများနဲ့ တယောက် လက်နက်ရှိသူနဲ့ လက်နဲ့မဲ့သူကတော့ ခံရတာပေါ့ကွာ။
သတိနဲ့ အလုပ်လုပ်ပေါ့ကွာ ခေါင်းဖြတ် အသတ်ခံနေရအုံးမယ်။ ကိုယ်ရဲ့ လုပ်ဖေါ်ကိုင်ဖက်ချင်းကို ဆောင့်ရှောင့် ကာကွယ်ပါကွာ။
အာဏာတော့ မရှုးနဲ့ဟ။ အဲဒီအာဏာရှုတွေကြောင့်ပဲ ငါတို့တောခိုခဲ့ရ မိဘတွေဒုက္ခ ရော့က်ကြ။ လူတွေမှာ ဆင်းရဲမွဲတေနေတာ မင်းအမြင်ပဲ။
အမှန်တကယ်တော့ အမှန်တရားကပဲ ဆောင့်ရှောက်မှာပဲ။ လူများတိုင်းလဲ မှန်တာမဟုတ်ဘူး။ တချို့ကိစ္စတွေက ညီအကိုချင်းလဲ မရဘူး။ သူ့တရားနဲ့ သူစီရင်သွားမှာပဲ။
ဒါပါပဲကွာ။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက်ကွာ။ ငါကတော့ ရေးသင့်တယ်ထင်ရင် ရေးရမှာပဲ။
မင်းရဲ့ အကိုကြီး သံဒုတ်
· · Share
  • 46 shares
    • Zaw Zaw Hlaing လူများတိုင်းလဲ မှန်တာမဟုတ်ဘူး။ တချို့ကိစ္စတွေက ညီအကိုချင်းလဲ မရဘူး။ သူ့တရားနဲ့ သူစီရင်သွားမှာပဲ။တဲ့... ကိုသံဒုတ်ရဲ့ အဲ့ဒီစကားလေးတော့ ကျနော်တော်တော်နှစ်သက်တယ်.. အမှန်တရား ကိုသံဒုတ်ရေ..
    • Poe Kay ကြိုက်တယ်ဗျာ။ အစ်ကိုပီသပါပေတယ်။
    • Ni Lynn လက်ရှိ AB ခေါင်းဆောင်ကိုသံခဲ ငြိမ်နေရင် အဖွဲ့အစည်းတခုလုံး နစ်နာသွား နာမည်ပျက်သွားနိုင်တယ်။
    • Ko Oo
      သံခဲရေငါလည်းစေတနာနဲ့ပြောချင်ပါတယ်၊မပြတ်သားရင်ကြားညှပ်တတ်ပါတယ်၊နိုင်ငံရေးဟာလောလုံးပွဲမှာခေါက်ဆွဲစားလို့မရဘူး၊အမှန်တရားဖက်ကပြတ်ပြတ်သားသားရပ်တည်ရတယ်၊ခွပ်ဒေါင်းအလံဟာလူသတ်သမားတွေကိုအကာ အကွယ်ပေးဖို့မဟုတ်ဘူး၊ပြည်သူတွေကိုလွတ်မြောက်ဖို့အတွက်ဖြစ်တယ်၊
      ငါတို့ပြောစကားတွေကိုနားမထောင်ချင်တောင်မှခွပ်ဒေါင်းတို့၏
      သမိုင်းကိုထိမ်းသိမ်းသောအားဖြင့်အမှန်တရားဖက်ကအမြန်ဆုံးရပ်တည်ပေးစေချင်တယ်၊တကယ်လို့ABSDFဟာအမှန်တရားဖက်ကမရပ်တည်ပဲ၊မင်းမဲ့ဆန်တဲ့လူသတ်မှုကိုအကာအကွယ်ပေးမိခဲ့ရင်ဝမ်းနည်းစရာကောင်းမဲ့ကျဆုံးခန်းကို၊မည်သူမှမပြုပဲကိုယ့်ဟာကိုယ်ရွေးချယ်သလိုဖြစ်သွားပါလိမ့်မယ်၊အချိန်သိပ်မရှိတော့ပါ၊အမှန်ဆုံးပြုပြင်နိုင်တဲ့ဆုံးဖြတ်ချက်အသစ်တွေကိုABSDFကိုချစ်တဲ့သူတွေအားလုံးကမျှော်လင့်နေကြတယ်ဆိုတာသိစေချင်ပါတယ်
    • Aung Moe Win ကြိုက်တယ် ကိုသံဒုတ်ရေ-
    • Minthura Wynn Well said Ko Than Doke! You did a great job! Keep it up!
    • Aye Aye Soe Win He is funny..blunt..good qualities...(:-
    • Minthura Wynn Ko Than Doke I really the one you wrote အဖေက " တော်လှန်ရေးဆိုတာ သေတတ်တယ်နော် ငါ့သား" " လုပ်ရင်လဲ ပြီးအောင်ထိလုပ် " ဆိုပြီးပြော ရှာတယ်။ I understand that this is a friendly reminder for all of us not just Ko Than Khe. Thanks for rephrasing your father's words. Appreciate it.
    • Aye Aye Mon Brothers????
      Aww
    • မိုး စဲ ကိုသံဒုတ်ရေ..ခင်ဗျားတို့ ညီအကို နှစ်ယောက်လျှောက်ခဲ့ရတဲ့ ခရီးကြမ်းကြီးက အဝေးကြီးပါ.၀မ်းသာ ဂုဏ်ယူပါတယ်ဗျာ မနေ့က ကိုသံခဲကို မြောက်ပိုင်းက လူသတ်ကောင်တွေနဲ့ အတူ တွဲပြီးတွေ့လိုက်ရတော့ စိတ်မကောင်းဘူးဗျာ.တော်လှန်ရေးမှာ လူသတ်ရတယ် သေတတ်တယ်ဆိုတာ လက်ခံပါတယ် ဒါပေမဲ့ ရန်သူသတ်တာ မခံရပဲ အခြင်းခြင်း အာဏာလုပြီး အသတ်ခံရတဲ့ အဖြစ်မျိုးကတော့ ဆိုးပါတယ်ဗျာ ကိုသံခဲ တခုခု ပြောရင်ကောင်းမယ်ဗျာ ကိုသိုက် တော့ ပြောခဲ့တယ်..
    • Ko Myo Min လေးစားတန်ဖိုးထားပါတယ် ကိုသံဒုတ်။
    • Nay Zaw အကို့စိတ်စိတ်ဓာတ်တော့ကြိုက်သွားပြီ။
    • Zaw Myo Lwin ကျေးဇူးပြု၍ မျှဝေပါရစေခင်ဗျာ။ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ။
    • Nweni Tun အကိုသံဒုတ်ရေ..ဒီစာကို ကိုသံခဲအတွက်ချည်းပဲမဟုတ်ပဲ..တော်လှန်ရေးရဲဘော်..ရဲမေအားလုံးအတွက်ရေးပေးလိုက်တာလို့ ခံစားရတယ်...ဒီစာထဲကအမှန်တရားတွေအတွက်..ကျေးဇူးပါအကို
    • Shwe Zaw Naing အမှန်တရားအတွက် ရင်ဆိုင်နိုင်ကြပါစေ...........
    • Thein Htwe ကိုအောင်နိုင်ကတော့ေ၇ဒီယိုမှာပြောသွားတယ်...မတုံလှုပ်တဲ့ ပုံပဲ
    • အိုးဝေအောင် အိုးဘားမား ko gyi သံဒုတ်နဲ့ ဒီနေရာမှာ သိကျွမ်းခင်မင်ရတာ သိပ်အဖိုးတန်တယ်။ကျနော့မှာ အကိုအရင်းမရှိဘူး။အခုပြောဆိုဆုံးမနေတာတွေက တကယ့်အကိုအရင်းတယောက် ပြောနေသလို ရင်ထဲခံစားရတယ်။(တော်လှန်ရေး+နိုင်ငံရေးလောကမှာ အကိုအရွယ်တွေရှိခဲ့ ခင်ခဲ့ ခင်ဆဲ...သို့သော် ကိုသံဒုတ်လောက် ရဲရင့်ပြတ်သားစွာ ညီတယောက်ကို ပြောဆိုတာမျိုး မကြားခဲ့ရဘူး။)လေးစားပါတယ် အကိုကြီးခင်ဗျာ..။
    • Ko Oo ကိုသံခဲဘ၀ကဆူးကြားကဗူးခါးဖြစ်နေပါတယ်၊သူမှာအုပ်မရှိဘူး၊pressureတွေ ဘက်ပေါင်းစုံကရှိနေတယ်၊သေချာတာတစ်ခုကသူသတ္တိရှိရှိနဲ့သူဗဟိုကော်မီတီကိုဦးဆောင်မှုပေးဖို့လိုနေတယ်၊သူသတ္တိရှိရှိလုပ်ခဲ့ရင်သူ့နောက်မှာရပ်ပေးမဲ့လူတွေအများကြီးရှိနေပါတယ်၊
    • Min Lwin ကြိုက်တယ် ကိုသံဒုတ်ရေ
    • Min Lwin ‎)လေးစားပါတယ်
    • Than Doke
      မြောက်ပိုင်း ကျောင်းသားတွေကိုသတ်တဲ့ ကိစ္စက ဒီကောင်တွေ တလျှောက်လုံးလိမ်လာခဲ့တာ။ နှစ်ပေါင်း ၂၀ရှိပြီ။ သမိုင်းအမှားနဲ့ ဆက်သွားလို့ မသင့်ဘူး။ ဒီကောင်တွေ လူလိမ် လူညစ်တွေ လူသတ်ခဲ့တဲ့ကောင်တွေ နောက် လူသတ်ဖို့ လဲ ၀န်လေးမဲ့ကောင်တွေမဟုတ်ဘူး။ အမှားကို
    • Tun Oo ကိုဒုတ် ရေ လေစာတယ်ဗျာ ခေါင်ဆောင် အရည်အချင်ဆိုတာ ခေါင်းမရှောင် ခြင်းတခုလည်းပါပါတယ်။
    • Sai Htain Lin Zan လူနဲ တိုင်းကော မှန်လားခင်ဗျာ