Showing posts with label ကိုဘလိုင်း. Show all posts
Showing posts with label ကိုဘလိုင်း. Show all posts

Saturday, July 14, 2012

ငရဲပွက်ပမာ သေဆုံးသူတို့၏ AB မြောက်ပိုင်းမှအရိုးတွန်သံများ

ငရဲပွက်ပမာ သေဆုံးသူတို့၏ AB မြောက်ပိုင်းမှအရိုးတွန်သံများ ( ကဗျာ )


သင်တို့၏ မင်းမဲ့စရိုက်ဆန်စွာ အမိန့်အာဏာတို့ဖြင့်

ပါးကွက်သားဆန်ဆန် သတ်ဖြတ်ခဲ့သော

AB မြောက်ပိုင်းမှ တော်လှန်သူတို့၏ အရိုးတွန်သံများသည်

ငရဲပွက်ကဲ့ပမာ ပဲ့တင်ရိုက်ခပ်

ညပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး

သင်တို့အား ညစဉ်လိုလို ခြောက်လှန့်နေစေမည်ဖြစ်သည်။

ပြေးလို့လွတ်မည် မဟုတ်သည့် ထိုရာဇဝင်သွေးကြွေးတို့ကို

သင်နှင့် ပြုသူအပေါင်းတို့က

ပြန်လည် လည်စဉ်းခံ၍ ပေးဆပ်ကြရမည်ဖြစ်သည်။

သင်တို့၏ အာဏာရမက်ဇောတွေကြောင့်

အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုစနစ်ဆိုးအောက်

များစွာသော AB ရဲဘော်အပေါင်းတို့သည်

ဒုက္ခမျိုးစုံတို့ကို ကြုံဆုံစေခဲ့ပြီး

ဌက်ဖျားမိလို့အခြေမလှ ပြန်ကြသူလည်းရှိ ၊

တနေ့ဆေးမကူ သေသူလည်းရှိ ၊

ခေါင်ဆောင်ပိုင်းတချို့ ရွှေရ- ငွေရ

ဟန်ကျနေသူလည်းရှိ ၊

အဲဒီ- ခေါင်းဆောင်တွေပဲ

ရေငတ်လျှင်ဘီယာသောက် သရဲကြောက်လို့အဖေါ်ခေါ်အိပ့်

နောင်ရေးစိတ်အေးဖို့ အိမ်မြေ- ခြံ- ကားတွေလည်း

တိတ်တစိတ် ဝယ်ယူထားကြလေရဲ့ ။

မြောက်ပိုင်း အေဘီမှ ငရဲပွက်ပမာ

သေဆုံးသွားသူတို့၏ တောက်ခေါက်သံပြင်းပြင်းတို့သည်

နေ့ပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး

နေ့စဉ်လိုလို သင်တို့အား

အရိပ့်မဲ့တစ္ဆေကဲ့သို့ ခြောက်လှန့်နေဦးမည်ဖြစ်သည်။

ထိုသူတို့၏ ရာဇဝင်သွေးကြွေးတို့ကို ငါတို့ဆပ်အံ့

ငါတို့၏ ချွန်မြသော ကလောင်သွားဖြင့်

ရာဇဝင်သမိုင်းမှန်များကို ရေးဖော်ကြ ၊

ငါတို့၏ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှအားတို့ဖြင့်

အမှန်တရားကို တူးဖော်ကြ ၊

ကမ္ဘာကုန်တည်သ၍ ငါတို့၏ စိတ်အစဉ်ထဲဝယ်

ရက်စက်သူတို့အပေါ်

ဖြေသော် မပြေ- ချေသော်မကြေ ကမ္ဘာမကြေပဲ....ဟေ့းးးးးးးးးးး။။

ABSDF တွင် ဥပဒေမဲ့ လူမဆန်စွာ ရက်ရက်စက်စက် အမိန့်ပေး

သတ်ဖြတ်ခဲ့ကြသည့် လူသတ်တရာခံများကို ဤ- ကဗျာဖြင့်

ပြင်းပြင်း- ထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်..။

( ဖြေသော်- မပြေ.....ချေသော်- မကြေ.....ကမ္ဘာမကြေ )



Print this post