Showing posts with label ကိုဖိုးစန်း. Show all posts
Showing posts with label ကိုဖိုးစန်း. Show all posts

Saturday, July 14, 2012

ဝိညာဉ် နှိုးတဲ့ ပွဲ (ကိုဖိုးစန်း)

by Aye Lwin on Wednesday, February 15, 2012 at 10:09am ·

ရှင်သန်ခြင်းရဲ့ ဟိုဖက် ခရီးထွက်ခွာ

ဝိညာဉ်တို့  ခြေရာ

ရာဇဝင်မှာ ဘယ်အချိန်ထိ

လစ်လပ်နေဦးမှာလဲ -



ယုံကြည်ချက်ကို ရင်း

နင်းခဲ့တဲ့ ခြေလှမ်း

ဘယ်အလှမ်းမှာ အဟောင်းကို ဖြိုမယ်

ညာအလှမ်းမှာ အသစ်ကိုတည်မယ်

သစ္စာဓိဌာန် ထားခဲ့တယ်



သစ္စာသံ

မိုးယံမှာခြိမ်း ဟိန်းလာတဲ့ အခါ

နေရာ မက်တာလား

အသပြာ ဝှက်တာလား

ခြေထိုး ကစားတာလား

ရေချိုး မှားတာလား

သပ်လျှို ခွဲတာလား

' ဖျတ် ' ဆို ကွဲတာလား

ကြိုတင် ကြံစည်တာလား

နဂို ပင်အမှန်မညီတာလား

ဒီ ' လား ' တွေကြား

ငစဉ်းလဲ ကျား

လက်တွင်းမှာ ဓါး

တက်နင်းကာသွား

မြေခွေး ဥာဏ်နဲ့  ကစား

ယမမင်း ဖျားလောက်တဲ့ အကွက်တွေ နဲ့ 



ဒီလိုနဲ့  ဝိညာဉ် တစ်စု ဟာ

တောင်ကုန်းထိပ် က

အရိပ်မဲ့ ဟင်းလင်းပြင်မှာ

ကျန်နေရစ်ခဲ့ရရှာ .......



သမိုင်းဘီး တပါတ်လည်တဲ့ အခါ

လပ်နေတဲ့ စာမျက်နှာ

ဒါ .........



( ယုံကြည်စွာ တမ်းတခဲ့ရတဲ့ )

ဝိညာဉ်တို့  ရေ

မင်းတို့ ရဲ့  ပွဲ



မောင်ခိုင်သစ် ( ကသာ )

ကသာ ရာပြည့် မဂ္ဂဇင်း 1994 Oct



မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရ နေ့  က ဆရာ စူး ရဲ့ Tomorrow ပြကွက် အပြီး

ပါဂျောင်အကျဉ်းသား ဟောင်း ကျော်ဇင် က သူခံစားရသမျှ အတွက်

ဘဝတူ ဖိုးဆန်း ရဲ့  ကဗျာကို ပေးပို့ လာပါတယ်၊

  • 5 shares
    • ဘရာဇီး ငှက်ရိုး
      တနေ့နေ့မှာ အဲ့ဒီကျင်းသုံးကျင်းက အရိုးတွေကို ကျနော်တို့ လက်နဲ့ ကောက်ယူပြီး အကိုတို့အမတို့ ပျော်ရွှင်ခဲ့ဖူးတဲ့မြို့ အကိုတို့အမတို့ သူငယ်ချင်းတွေရှိတဲ့မြို့ အကိုတို့အမတို့ ဇာတိတွေကို ပြန်လည်သယ်ဆောင်ပြီး အိမ်ပြန်စေရမယ် စိတ်ချပါ ကျနော်တို့ ညီငယ်ည
ီမငယ်တွေက ထာဝရသစ္စာအဖြစ် တိုင်တည်ထားပါတယ် နဲနဲလေးပဲ ပွင့်လင်းလာသေးတဲ့ အခြေအနေမို့ပါ အကိုတို့အမတို့ရဲ့ ဝိညာဉ်တွေကို သက်သေအဖြစ်ထားပြီး အိမ်ပြန်ခွင့်ရအောင် စောင့်ရှောက်ပေးပါ မလွှဲမသွေ ကျနော်တို့သေပြီး အကိုတို့နဲ့ ပြန်တွေ့တဲ့အခါ ပြုံးရယ်ပြနိုင်တဲ့သူ ဖြစ်ပါရစေ.. အမှန်တရားကို ဘုရားရှင် (ဘုရားသခင်)နဲ့ နတ်ဒေဝါတွေ စောင့်ရှောက်ပေးပါစေ... ဒီအမှု့ကို တရားသဖြင့် အနိုင်ရသူတွေ အဖြစ် လမ်းပြခေါ်ဆောင်ပေးပါ.. ဒီကနေ့ ကျနော်တို့ ကျခဲ့တဲ့ မျက်ရည် နောင်တနေ့ အပြုံးမျက်ရည် ဖြစ်ပါရစေ...
      အကိုအမတို့ မွေးရပ်မြေတွေကို ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခွင့် ရသူဖြစ်ပါရစေ....
    • ဘရာဇီး ငှက်ရိုး ကိုကျော်ဇင်၊ကိုဖိုးဆန်းဆိုတော့ ကိုညီကျော်ရေးတဲ့ လပ်ကီး7 ထဲက မသေတဲ့ သူတွေပေါ့။ မန်းလေးပွဲမှာတော့ ဦးဇင်းဒသကို တွေ့ရပါတယ်.....
    • Kyaw Gyi AB သုံးယောက် လုံးတက်ရောက်ပါတယ်၊ဦးထုပ်နက် နဲ့ ခေါင်းငိုက်စိုက်ကျနေတာ ကျော်ဇင်ပါ။
    • Ohn Mar Oo Pleas let me share

Tuesday, July 10, 2012

ဥပဒေနဲ့ အညီ တွေးမိတွေးရာ


ABကျောင်းသားဟောင်း ဖိုးစန်းက ၀န်ခံပါတယ်..သူဟာ စပိုင်ပါတဲ့၊သူတင်မကပါဘူးတဲ့.၊ကသာကသွားတဲ့ (၉)ယောက်စလုံးစပိုင်ပါတဲ့၊ဖိုးစန်းကိုယ်တိုင်ရေးထားတဲ့ စာလေးဖတ်ကြည့်ပေးကြပါ...ရုံးတင်ခံတဲ့အချိန် သက်သေတင်နိုင်အောင်ပေါ့ကိုအောင်နိုင်..ဟဲ ဟဲဟဲ..၊
(ဆရာအောင်ပေါ်ထွန်းရေ..လိုအပ်သလို သုံးနိုင်ပါတယ်..)










  • You, Thiha Nwe, Vi Ya, Phonemo Mo and 19 others like this.
  • 13 shares
    • ဟာဂျူလီ ကသာ ဖတ်လို့ ရော ရကြလား..
    • Khin Yu Yu ရပါတယ်ဆရာ။အားတော့နည်းနည်းစိုက်ရတယ်
      March 17 at 1:09pm · · 1
    • Saw Lwin Oo ‎. . . . O_O
    • Lu Nga Tay မြန်မာကရေးတဲ့..မြန်မာစာကို..မြန်မာတစ်ယောက်နားလည်အောင်အတော်အားစိုက်ဖတ်လိုက်ရတယ်..
    • Hlaing Bwa Maung မော်နီတာပေါ် တင်လိုက် ပြီးရင် မိုက်ကရိုဆော့ ဖ် ဝါဒ်ပေါ်တင်ပြီး ချဲ့ ဖတ် ။နည်းနည်းတော့အလုပ်ရှုပ်တာပေါ့ ။ ဒါပေမဲ့မရှုံးပါဘူး ။ ပြုံးသွားစေရမယ်...း)
      March 17 at 1:37pm · · 2
    • Myr Thar အကုန်လုံးညီညွတ်ရမဲ့ အချိန်မှာ ခင်ဗျားတို့  အေဘီ တွေကလည်းတော်ကြပါတော့ဗျာ
    • Auntzaw Sankyaw မျက်မှန်ပါဝါတိုးထားတာနဲ့အတော်ဘဲ
    • Hlaing Bwa Maung Thit Moe နောက်တနည်းအနေနဲ့ ပုံကို click လုပ်လိုက်ပါ၊ ပြီးရင် Ctro ကို နှိတ်ထားပြီး + ကိုဆက်နှိတ်ရင် လိုသလောက် Zoom In လုပ်လို့ရပါတယ်။
    • Hlaing Bwa Maung Thit Moe ပြောဖို့မေ့သွားတယ် မူလအတိုင်းပြန်ရောက်ချင်ရင် Ctrl ကို နှတ်ထားပြီး ဇီးရိုး ကိုနှိတ်လိုက်ပါ။
    • Thiha Nwe ကျေးဇူးပါဆရာ....

March 20
မင်္ဂလာပါ ဆရာ...ဆရာ့ရဲ့ " ဥပဒေနဲ့အညီ တွေးမိတွေးရာ " ကိုဇော်ဂျီဖောင့်နဲ့ရိုက်ပြီး ဒီကပဲပို့ပေးလိုက်ပါတယ်...ကျေးဇူးတင်ပါတယ်ဆရာ...
ဥပဒေနဲ့အညီ တွေးမိတွေးရာ(ဖိုးစန်း)
(၁၂.၃.၂၀၁၂) နေ့ထုတ် Messenger ဂျာနယ်ဖတ်ရတော့ မောင်ဖိုးစန်းတို့ ဆံပင်တွေ ထောင်ပြီး၊ ခေါင်းတွေ ပြန် ကျိန်းလာတယ်ဗျ။ ဒေါက်တာရော်နယ်အောင်နိုင်က သူတို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့ လွဲချော် ပြီး လုပ်ခဲ့တာ ဘာမှမရှိဘူးလို့ ပြောထားတာလေး ဖတ် လိုက်ရလို့ပါ။
ဟုတ်ပေတာပေါ့... မောင်ဖိုးစန်းတို့တောထဲသွား စပိုင်လုပ်ခဲ့ပြီး မြို့ပေါ်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ဟုတ် လှပြီဆိုပြီး တိတ်တိတ်လေး ဒူးနှံ့နေတာ... ရော်နယ်ကြီး တို့ကလည်း နားလည်ပေးပါတယ်။ မောင်ဖိုးစန်းတို့ကို ဘာတွေပါ။ ညာတွေပါဆိုပြီး မပြောပေးရှာပါဘူး။ ခုဆို မောင်ဖိုးစန်းတို့အဖွဲ့တွေဟာ စပိုင့်ချစ်သူတွေ၊ စပိုင့်ဇနီးတွေ၊ စပိုင့်သားသားမီးမီးတွေနဲ့ အေးချမ်းလို့ ပျော်ရွှင်လို့... ဒီအချိန်မှာ ဘယ်သကောင့်သားတွေက ရောနယ်ကြီးတို့ကို သွားဆွတယ်မသိဘူး... ကျုပ်ထင်ပါတယ်... မြို့ကြီး သားစပိုင်တွေထဲက ကွန်ပျူတာဝယ်နိုင်၊ အင်တာနက် လိုင်းဝယ်နိုင်တဲ့ သူတွေပဲ ဖြစ်မှာပေါ့... မောင်ဖိုးစန်းတို့ က တောသား၊ မနက်ဖြန်မနက် ဆန်အိုးထဲ ဆန်ရှိဖို့ ရုန်း ကန်နေရတာ... နိုင်ငံရေးတွေ ဘာတွေလည်း နားလည် တာဟုတ်ဖူးရယ်... စပိုင်ပဲ လုပ်တတ်တာ ... သြော် ကြုံတုန်း ပြောရဦးမယ် မောင်ဖိုးစန်းတို့ ကသာ က ဘယ် လောက်ထိ စပိုင်လုပ်စားကြလဲဆို ကိုးယောက်သွားတာ တောထဲရောက်လို့ ရော်နယ်ကြီးတို့နဲ့လည်း တွေ့ရော ကိုးယောက်စလုံး စပိုင်ဖြစ်ရော... အဲဒီလောက်ထိ လုပ် စားကြတာ... အဲ ... အဲဒီမြို့ကြီးသားစပိုင်တွေက ရော်နယ်ကြီးတို့ကို သွားပြီး ဥပဒေနဲ့ မညီဘူးတို့ ဘာတို့ သွားပြောတယ် နေမှာပေါ့...
ရော်နယ်ကြီးတို့ ခမြာ သနားပါတယ်... တောထဲ နေတုန်းကလည်း တော်လှန်ရေးကို ဖြောင့်ဖြောင့်မလုပ် နိုင်ရှာဘူး... စပိုင်တွေလိုက်ဖမ်းနေရတာနဲ့ အချိန်ကို ကုန်ရော... စပိုင်ဖမ်းအလုပ်များ လိုက်ပုံများ ပညာရှိ သတိဖြစ်ခဲဖြစ်ပြီး သူနဲ့အတူလာတဲ့ ကိုထွန်းအောင်ကျော် တို့ စပိုင်ဖြစ်နေတာတောင် နောက်ဆုံးအချိန်မှ သိရရှာ တာ...
ခုလည်း နိုင်ငံတကာထွက်ပြီး နိုင်ငံ့အရေး အားသွန် ခွန်စိုက်လုပ်နေပါပြီဆိုမှ ဘာညာသွားလုပ်တော့ မအား တဲ့ကြားက ရော်နယ်ကြီးတို့ခမျာ ဟိုရှင်းရ သည်ရှင်းရနဲ့ ... မြို့ကြီးသား စပိုင်တွေကို မောင်ဖိုးစန်း စိတ်ဆိုး တယ်... အားကြီးစိတ်ဆိုးတယ်...
ဒီကျောင်းသား ဆယ့်ငါးယောက်ကို ဥပဒေနဲ့ အညီ ငှက်ကြီးတောင်ဓားနဲ့ ဇက်ကိုပိုင်းတာများ၊ အားကြီး ရေးကြီးခွင်ကျယ်လုပ်နေကြတယ်... ဇက်ကို ပိုင်းတုန်းက ဥပဒေနဲ့အညီ တစ်ချက်ပဲ ခုတ်လို့ မသေရင် ဥပဒေနဲ့အညီ ခေါင်းတန်းလန်းနဲ့တန်းလန်းနဲ့ လွှတ်ပေး မယ်လို့ ရော်နယ်ကြီးတို့ စိတ်ထဲဥပဒေနဲ့အညီ တွေးထား တာကို မြို့ကြီးသား စပိုင်တွေ မသိဘူးလား... အတယ် ... မောင်ဖိုးစန်းတို့ တောသားတွေတောင် သိသေးတယ် ... တွေးတတ်ရင် လွယ်လွယ်လေးကို ... ဒါနဲ့များ ရော်နယ်ကြီးတို့ကို သွားစတယ်... ဒီမြို့ကြီးသားစပိုင် တွေကို မောင်ဖိုးစန်း စိတ်ဆိုးတယ် ... အားကြီး စိတ် ဆိုးတယ်။
ဥပဒေနဲ့အညီ လက်လေးကို ဖြတ်တာ၊ ခြေမလေး ကို ဖြတ်တာ၊ ဥပဒေနဲ့အညီ ကျဉ်စက်လေးနဲ့ တို့တာ ... ခန္ဓကိုယ်ကို မီးရှို့တာ... အားလုံးက ဥပဒေနဲ့ ညီ နေတော့ အဲဒီတုန်းက မောင်ဖိုးစန်းတို့ ဘာမှ ပြန်မပြော နိုင်ဘူး... စပိုင်ဟုတ်ပါတယ်လို့ ဝန်ခံချက်ပေးခဲ့ရတာ ပေါ့... ခုတစ်ခါ ရော်နယ်ကြီးတို့ကို သွားဆွတော့ ရော် နယ်ကြီးတို့က နောက်တစ်ခါမြို့ပေါ်လာပြီး ဥပဒေနဲ့အညီ စစ်ဆေးရင် အမလေးဗျာ မတွေးရဲတော့ပါဘူး... ဂုတ် ကပဲ ယားသလိုလို ... ကျောကပဲ နာသလိုလိုဖြစ်လာ ပြီ ... စိတ်ဆိုးတယ်နော်...
တစ်ခုတော့ ရှိတာပေါ့လေ ... ရော်နယ်ကြီးတို့က ခုလို ပြောလာဆိုလာဆိုတော့ ရော်နယ်ကြီးတို့ မသေသေး ပါလား... ရှိသေးတယ်ဆိုတာ သိရတော့ တအား ဝမ်း သာတယ်... မောင်ဖိုးစန်းကတော့ ရော်နယ်ကြီးကို မသေ စေချင်သေးဘူး... အဲ... အပြစ်တင်မစောနဲ့ဗျ ... ဒါ ကမ္ဘာ့အရေး ... နှယ်နှယ်ရရမဟုတ်ဘူး ... ကျုပ် ပြောပြမယ်...
အနောက်နိုင်ငံတွေက စပိုင်ဝတ္ထုအရေးကောင်းတဲ့ စာရေးဆရာတွေ ဘယ်ရောက်နေလဲ ... စဉ်းစားလို့ မရဘူး ... လူနှစ်ရာရှိတဲ့အဖွဲ့မှာ တစ်ရာဝန်းကျင်က စပိုင်တွေ၊ ဒီလောက်ခိုင်တဲ့ ဇာတ်အိမ်၊ ဒီလောက်များ တဲ့ ဇာတ်ဆောင်၊ ဒီလောက်ကောင်းတဲ့ ဇာတ်လမ်းကို ခုချိန်ထိ ခြေရာမခံမိသေးဘူး ... နေပေါ့... ဘက်ဆဲ လားဖြစ်ပြီး သူဌေးဖြစ်မယ့်အရေး..တော်တော်ညံ့တဲ့ စာရေးဆရာတွေ ... သူတို့ကိုလည်း စိတ်ဆိုးတာပဲ...
နောက် ... စီအိုင်အေ၊ မော့ဆက်၊ ကေဂျီဘီ၊ အက်ဘီအိုင် ... ဒီအဖွဲ့တွေ ဘာလုပ်နေလဲ ... ရော်နယ်ကြီး တို့နဲ့ တွေ့ပြီး စပိုင်တွေကို ဘယ်လို ခြေရာခံမိလဲ... ဘယ်လိုဖော်ထုတ်ပြီး ဘယ်လိုဖမ်းလဲ၊ ကိုယ်နဲ့ တောထဲ အတူလာတဲ့ သူကို စပိုင်မှန်းသိလျက်နဲ့ ဘယ်လိုသဘော ထားကြီးကြီးထားပြီး ငှက်ကြီးတောင်နဲ့ ပိုင်းလဲ... ဒါတွေ လေ့လာရမှာ ... နည်းယူရမှာ... အဲဒီရလာတဲ့ နည်းတွေ ဘယ်နေရာ သုံးမလဲ...
မောင်ဖိုးစန်း စဉ်းစားမိတာ ပြောမယ်... ခုကမ္ဘာ ကြီးမှာ လေမုန်တိုင်းတိုက်တာ၊ ငလျင်လှုပ်တာ၊ ရေ ကြီးတာ၊ မီးတောင်ပေါက်ကွဲတာ၊ ငတ်ကြ ပြတ်ကြတာ၊ ဆင်းရဲတာ၊ ကမ္ဘာကြီးပိုပူလာတာ အာရပ်တွေ နိုးကြွ လာတာတွေဟာ သူ့အလိုလိုဖြစ်လာတာမဟုတ်ဘူး... ကမ္ဘာမြေကြီးစိမ်းလန်းစိုပြည်တာကို မနာလိုမရှုစိမ့်တဲ့ တခြားဂြိုဟ်ကမ္ဘာက ရုပ်ဆိုးဆိုးနဲ့ အီးတီတွေက လူသား ယောင်ဆောင်ထားတဲ့ စပိုင်တွေ လွှတ်ပြီး ကမ္ဘာမြေပျက် စီးအောင် လုပ်နေတာဗျ ... ဒါကို ရော်နယ်ကြီးတို့ရဲ့ နည်းတွေနဲ့ အဲဒီစပိုင်တွေကို ဖော်ထုတ်လိုက်ရင် ကျုပ် အထင် စပိုင်သန်းပေါင်း နှစ်ထောင်၊ နှစ်ထောင့်ငါးရာ လောက် သုတ်သင်နိုင်မှာဗျ... ဒါဆို ကျန်တဲ့သူတွေ နေစရာ ထိုင်စရာ ချောင်ချိ လာမယ် ... စားစရာတွေ လည်းပေါလာမယ် ... စစ်မက်တွေ ဘေးအန္တရာယ် တွေမရှိတော့ဘူး... ဘယ်လောက်နိပ်လဲ ... စီအိုင်အေ တို့၊ အက်ဘီအိုင်တို့ ရော်နယ်ကြီးတို့နဲ့ တွေ့ဖြစ်အောင် တွေ့စမ်းပါဗျာ ... အဲတစ်ခုတော့ ရှိတယ်... ရော် နယ်ကြီးနဲ့ တွေ့ရင် ဥပဒေနဲ့တော့ ညီပစေပေါ့ဗျာ...
ရော်နယ်ကြီးရေ ကျုပ်ရေးတဲ့ထဲ ဥပဒေနဲ့ မညီတာ ပါခဲ့ရင် ခွင့်လွှတ်ပါဗျာ (ဟဲဟဲ)........................ဖိုးစန်း

ဆရာဟာဂျုလီရဲ့ ငရဲတွင်းမှ တိုးထွက်ခဲ့သူများ အင်တာဗျုး - ၂

ဆရာဟာဂျုလီ(ကသာ)က အခက်အခဲ ဖြစ်နေတဲ့ကြားက တင်ပေးခဲ့တဲ့ မှတ်တမ်းတွေပါ...။

ကိုထွန်းအောင်ကျော်ရဲ့အစ်ကို ကိုချိုကြီး နှိပ်စက်ခံရပုံကို ထရံပေါက်ကချောင်းကြည့်ရင်းမြင်ရပုံတွေကို ဖိုးစန်းကပြောခဲ့ပါသေးတယ်ကိုချိုကြီးရဲ့ တူမတူတဲ့သတ္တိများနဲ့ တုန့်ပြန်ခဲ့ပုံ များကိုလည်းအသံဖိုင်နဲ့တကွ မကြာခင် တင်ပါမယ်..

ဆရာဟာဂျုလီရဲ့ ငရဲတွင်းမှ တိုးထွက်ခဲ့သူများ အင်တာဗျုး


ဆရာဟာဂျုလီ(ကသာ)က အခက်အခဲ ဖြစ်နေတဲ့ကြားက တင်ပေးခဲ့တဲ့ မှတ်တမ်းတွေပါ...။

မကြာခင်လာမည်..မျှော်...
ABအသံတွေဆူညံနေပါတယ်၊ကျွန်တော်ကတော့ မီဒီယာသမားတစ်ယောက်အနေနဲ့ ABကျောင်းသား(၂)ယောက်နဲ့ ABဗဟိုအမျိုးသမီး(၁)ယောက်ကိုအင်တာဗျူးထားပါတယ်၊သူတို့ကတော့
ပန်းချီထိန်လင်းနဲ့အတူနှိပ်စက်ခံခဲ့ရတဲ့ ဖိုးစန်း၊နောက်ကျော်ဇင်ထွန်း(ကသာ) နဲ့ မထက်ထက်တို့ပဲဖြစ်ပါတယ်၊သူတို့တတွေရဲ့ပြောပြချက်တွေမှာ အဖြစ်မှန်တွေအများကြီးပါနေပါတယ်၊
အဲဒီအင်တာဗျူးကို စာမျက်နှာပေါ်တင်ဖို့ကြိုးစားနေပါတယ်၊သူတို့နဲ့ဗျူးတဲ့ အသံဖိုင်ကိုလည်း ကျွန်တော်ရဲ့FBပေါ်မှာ တင်မှာပါ၊ကသာကနေ အသံဖိုင်တွေတင်လို့မရလို့ မန္တလေးရောက်ရင်တင်ပေးပါ့မယ်၊ကသာကနေ ABကို
ရောက်သွားတဲ့ကျောင်းသား(၉)ယောက်ရှိပါတယ်၊၅ယောက်အသတ်ခံရပါတယ်၊တစ်ယောက်က မန္တလေးမှာ၊တစ်ယောက်က မုံရွာမှာ၊နှစ်ယောက်က ကသာမှာပါ၊ခုကသာက(၂)ယောက်တော့ဗျူးပြီးပါပြီ၊မကြာခင် လာပါမည်..မျှော်နေကြပါ..
(ဟာဂျူလီ(ကသာ)

Monday, July 9, 2012

ငရဲတွင်းမှ တိုးထွက်ခဲ့သူများ - ၅ - ဇာတ်သိမ်း




ဂျူ ။ ။ အဲဒီအချိန်မှာ မင်းတို့ကို န၀တက ပြန်လာဖို့ ကြိုဆိုရေးစန်းတွေ ဘာတွေ လုပ်နေတာကို သိလား။
ဖိုးစန်း ။ ။ မသိဘူး။ လုံးဝမသိဘူုး။ ကျွန်တော်တို့ ထောင်ထဲမှာ အကြာကြီးနေခဲ့တော့ ဘယ်သိပါ့မလဲ။ ကျွန်တော်တို့ စိတ်ထဲမှာက ကိုယ့်အိမ်ကိုယ်ပြန်မယ်။ အိမ်ရောက်ပြီးမှ ဖမ်းချင်လည်း ဖမ်းပါစေပေါ့။ အဲဒီလိုပဲ သဘောထားပြီး ပြန်ချင်တာ။
ကျော်ဇင်ထွန်း ။ ။ အဲဒီမှာ တရုတ်လုံခြုံရေးတွေက ရှေ့ကားနောက်ကားမှာ လုံခြုံရေးတွေ အပြည့်ထားပြီး ကျွန်တော်တို့ကို အလယ်ကနေ ကားတွေမှာ တင်ပြီးခေါ်ခဲ့တယ်။ နယ်စပ်ရောက်တော့ ကျွန်တော်တို့တတွေကို ကားပေါ်ထားခဲ့ပြီး သူတို့က နယ်စပ်လုံခြုံရေးတာဝန်ယူထားတဲ့ မြန်မာစစ်တပ်အရာရှိတွေနဲ့ သွားတွေ့တယ်။ ပြီးတော့ ပြန်လာပြီး ကျွန်တော်တို့ကို တန်းစီခိုင်းတယ်။ ပြီးတော့မှ လက်ဆောင်မုန့်တွေဘာတွေ ပေးပြီး နှုတ်ဆက် စကားပြောတယ်။ အဲဒီအချိန်မှာ ညတစ်နာရီကျော်နေပြီ။ စစ်တပ်ကတော့ မီးတွေထွန်းထားတယ်။ နောက် ကျွန်တော်တို့ကို တပ်စခန်းထဲခေါ်သွားတယ်။ နောက်တန်းမှူးဗိုလ်မှူးတစ်ယောက်က ထိပ်တုံးတွေ အများကြီးစီထားပြီး ကျွန်တော်တို့ကို ခတ်ဖို့လုပ်တယ်။ အဲဒီမှာ ကျောင်းသားတွေကို ထိပ်တုံးခတ်ရန် မလိုကြောင်း၊ လိုမယ်ထင်ရင် သူတို့ ၅ယောက်ကို ခတ်ထားပါ။ ကျောင်းသားတစ်ယောက်ထွက်ပြေးရင် ကျွန်တော်တို့ ၅ ယောက် စလုံးကို သတ်ပါဆိုပြီး အာမခံတော့မှ ထိပ်တုံးရန်ကနေ လွတ်သွားတယ်။ ပြီးတော့ အဲဒီဗိုလ်မှူးက ကျွန်တော်တို့ကို အေးအေးဆေးဆေးနားပါဆိုပြီး ဗီဒီယိုပြပေးတယ်။ ပြတဲ့ကား ကျော်ရဲအောင်ကား၊ အဲဒီတော့မှ ကျွန်တော်တို့ ကျော်ရဲအောင်ကို မြင်ဖူးကြတာ၊ နောက် အိပ်ကြတယ်။ မနက်မိုးလင်းတော့ စစ်တပ်က ကော်ဖီတိုက် မုန့်ကျွေး၊ ထမင်းကျွေးတာတွေ လုပ်ပေးတယ်။ ညနေပိုင်းမှာ ဂုံနီအိတ်တွေထဲ ကောက်ရိုးထည့်ပြီး ထမ်းခိုင်းတယ်။ ပေါ်တာ နဲ့တူအောင်ပေါ့ဗျာ။ လမ်းမှာ ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက်ပေါ့၊ ပြီးတော့ လွယ်ဂျယ်စခန်းကနေ စစ် ကြောင်းလုံခြုံရေးနဲ့ ထွက်ခဲ့ကြတယ်။ လွယ်ရုံစခန်းမှာ ညအိပ်ကြရတယ်။ နောက် အဲဒီကနေ စိန်လုံစခန်းကို ပို့ပေး တယ်။ စိန်လုံ ချဒ်ကျောင်းမှာ ထမင်းထုပ်တွေ အဆင်သင့်ထားပြီး ကျွေးတယ်။ နောက်နေ့ စိန်လုံကနေ ဂျစ်ကားတွေ အများကြီးနဲ့ ကျွန်တော်တို့ကို ဗန်းမော်ကိုပို့ ပေးတယ်။. ဗန်းမော်မှာက လေ့ကျင့်ရေးတပ်တစ်ခုထဲမှာ ထားတယ်။ ကြက်ခြေနီက အင်္ကျီတွေ၊ ဖိနပ်တွေပေးတယ်။ အစားအသောက်တွေ ကောင်းကောင်းကျွေးတယ်။ အဲဒီမှာ ၈ ရက်လောက်နားပြီးမှ မိန်းကလေးနှစ်ယောက်နဲ့ ယောကျာ်းလေး ၁၈ ယောက်ကို တပ်မတော်လေယာဉ် ၀၁၁ နဲ့ ရန်ကုန်ကိုခေါ်သွားတယ်။ သတင်းစာရှင်းလင်းပွဲလုပ်ပေးတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဘာတွေပြောရ မယ်၊ မပြောရဘူး ဘာမှ မပြောထားပါဘူး။ အားလုံး ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် ပြောခွင့်ပြုပါတယ်။ ကျွန်တော်တို့ကလည်း အားလုံး အမှန်အတိုင်း ပြောပြကြတယ်။ ဒါပါပဲ။
ဂျူ ။ ။ ဒါဆို မေးမယ်နော်၊ အခုအချိန်မှာ ခင်ဗျားတို့ကို မတရားစွပ်စွဲပြီး နှိပ်စက်ခဲ့တဲ့သူတွေကို ဘာဖြစ်စေချင်လဲ။ ဘာပြောချင်လဲ။
ထက်ထက် ။ ။ ကျွန်မစိတ်ထဲမှာတော့ အခုလက်ရှိ နိုင်ငံခြားမှာရှိနေတဲ့ အဲဒီတုန်းက တာဝန်ရှိနေခဲ့တဲ့ သူတွေ ပေါ့။ ဒီကိစ္စကို ၀န်ခံစေချင်တာ၊ "ဟုတ်တယ်၊ ကျွန်တော်တို့ မှားခဲ့တယ်။ ကျွန်တော်တို့ ဖမ်းဆီးနှိပ်စက်ခဲ့တဲ့သူတွေ ဟာ တကယ်တော့ ကျောင်း သားအစစ်တွေပါ" ပေါ့နော့။ အဲဒီလိုလေးနဲ့ ကျွန်မတို့ရဲ့ သမိုင်းကြောင်းကို ပြန်ဆေးပေးစေချင်တာ။ ကျွန်မတို့ရဲ့ ဖြူစင်ခဲ့တဲ့အကြောင်းကို သူတို့အနေနဲ့ ပြန်ပြောပြစေချင်တာ။ ကျွန်မတို့ရဲ့ ဆိုတာက ကျွန်မတို့လို အသက်ရှင်ကျန်ခဲ့တဲ့သူတွေအတွက်သာမကပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သေသွားတဲ့သူ တွေ၊ လူစင်မမီတော့တဲ့သူတွေအတွက်ကော ပြောနေတာပါ။ သူတို့ အခုထိ ပြည်ပမီဒီယာတွေနဲ့ ပြောတဲ့အခါဖြစ် ဖြစ်၊အင်တာနက်စာမျက်နှာတွေမှာ ဖြစ်ဖြစ် သူတို့က မမှားဘူးဆိုတာ ပြောနေတုန်းပဲ။ သူတို့မမှားဘူးဆိုတော့ သေခဲ့ တဲ့သူတွေ၊ ထွက်ပြေးခဲ့တဲ့သူတွေက မှားတယ်ပေါ့။ ဒါကို ကျွန်မတို့က မကျေနပ်တာ။ သူတို့ကို အာဃာတ နဲ့ ဘာဖြစ်အောင်ညာဖြစ်အောင် ပြောနေတာ မဟုတ်ပါဘူး။
ဖိုး စန်း ။ ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့လို လူ ၂၀၀ ကျော်ပဲရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို ဘယ်လောက်ညံ့တဲ့ အစိုးရဖြစ်ဖြစ် သေချာတာတစ်ခုက စပိုင် ၁၀၀ လောက် ထည့်မထားဘူးဆိုတာပါပဲ။ ဒါကို ဘယ်လိုလူညံ့ပဲဖြစ်ဖြစ် တွေးလို့ရပါတယ်။ နောက်တစ်ခု အဲဒီကပြန်လာပြီး နိုင်ငံရေးကိုကြောက်သွားတဲ့ ကျောင်း သားတွေရှိသလို၊ ဒီရောက်မှ နိုင်ငံရေးဆက်လုပ်လို့ ထောင် ၁၅ နှစ်၊ အနှစ် ၂၀ ကျသွားတဲ့ ကျောင်းသားတွေလည်း အများကြီးရှိနေတာပဲ။ ပြည်ပထွက်ပြီး နိုင်ငံရေးဆက်လုပ်တဲ့ ကျောင်းသားတွေလည်း ရှိနေတာပဲ။ ဒီတော့ အဲဒီတုန်းက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်လုပ်ဆောင်ခဲ့တဲ့သူတွေအနေနဲ့ သူတို့ဟာ အဲဒီတုန်းက အထက်အထက်ကလူတွေကို မလွန်ဆန်နိုင်လို့ လုပ်ခဲ့တာပါ။ တကယ်တော့ စပိုင်မဟုတ်ခဲ့ကြပါ ဘူး။ ဒါလေးပြောရမယ့်အစား သူတို့ ခုလို ကျားကျားမီးယပ် ဆက်လုပ်နေတဲ့အပေါ်မှာ ကျွန်တော်တို့က မကျေနပ်ကြ တာ ။ ဒီလိုမကျေနပ်ဘူးဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့က သူတို့ကို သတ်ချင်ပါတယ်။ ဖြတ်ချင်ပါတယ်။ ဒါတွေ ပြောနေတာမဟုတ်ဘူး။ သူတို့သိနေတဲ့ အမှန်တရားကို အမှန်အတိုင်း ပြောပြစေချင်တာ၊ ဒါပါပဲ။
ကျော်ဇင်ထွန်း ။ ။ သူတို့က ကျွန်တော်တို့ကို အခုအချိန်အထိ ထောက်လှမ်းပါလို့ စွပ်စွဲနေတာဟာ သူတို့မှာ ရည်ရွယ် ချက်တစ်ခုရှိရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တှို့တတွေဟာ ထောက်လှမ်းရေးမဟုတ်ခဲ့ကြဘူး ဆိုတာ သူတို့လည်း သိနေတာပဲ။ သူတို့ စလုပ်ခဲ့တာကိုက ပုဂ္ဂိုလ်ရေးတွေကြောင့် လုပ်ခဲ့တယ်ဆိုတာ သူတို့ ပိုသိ တာပေါ့။ ဒီတော့ ကျွန်တော်တို့အပါအ၀င် သေသွားတဲ့ ကျောင်းသားတွေ၊အသတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ ဟာ ထောက်လှမ်းရေးမဟုတ်ခဲ့ကြပါဘူးဆိုတာ ၀န်ခံပေးပါ။ အခုလိုပြောနေတာဟာ သူတို့ကို ထောင်ကျစေချင်လို့တို့၊ ဒုက္ခရောက်စေချင်လို့တို့ မဟုတ်ပါဘူး။ ဒီလိုဝန်ခံခိုင်းတာဟာ အေဘီ (မ.ပ) က ကျောင်းသားတွေဟာ ဖြူစင်ခဲ့ကြ တယ်ဆိုတာ ပြချင်လို့ပါ။ အဲဒီလိုလေး ပြောပေးခဲ့ရင်ကို ကျွန်တော် ၈လ နဲ့ ၆ ရက်ကျော် အနှိပ်စက်ခံခဲ့ရတာကို သင်ပုန်းချေပေးလို့ ရပါတယ်ဗျာ။
ကျွန်တော် တွေ့ဆုံမေးမြန်းဖြစ်ခဲ့တဲ့ ကျောင်းသားတွေဟာ အခုဆိုရင် အသက် ၄၀ ကျော် နေကြပါပြီ။ ဒါပေမဲ့ သူတို့ရဲ့အတွင်းစိတ်သဏ္ဍာန်မှာ သူတို့ကြုံခဲ့ရတဲ့ ငရဲခန်းများကတော့ ရှိနေကြဆဲပါ။ ဒါကလည်း မေ့ပျောက် လို့ရနိုင်တဲ့ ဖြစ်ရပ်တွေမှ မဟုတ်ခဲ့တာကိုး။ အခြားလူငယ်များ ပျော်ရွှင်စွာ ကျောင်းတက်ကစားနေတဲ့အချိန်မှာ သူတို့ တတွေဟာ ငရဲခန်းအတွင်း ခြေဖနောင့်ကို ၄ လက်မသံချောင်း ရိုက်သွင်းထားတာတွေ၊ ကျဉ်စက်နဲ့ စအိုကို တို့တာတွေ၊ ခြေလက်အင်္ဂါတွေကို ဒိုင်းနမိုက်တပ် ဖြတ်တောက်တာတွေ ၊လပေါင်းများစွာ မျက်နှာကို အ၀တ်မည်း ချည်နှောင်ပြီးမှ သံခြေကျင်းခတ် အိပ်စက်ခဲ့ရတာတွေ၊ ကိုယ့်ရဲ့ သေဖော်သေဖက် သွားဖော်လာဖက်တွေကို ကိုယ့် ရှေ့တင် ခေါင်းဖြတ်သတ်ခံရတာတွေ၊ ရယ်မောပျော်ရွှင်ခြင်းကို ကာလပေါင်းများစွာကင်းကွာခဲ့ရတာတွေဟာ ဘယ်လိုလူကများ မေ့နိုင်မှာတဲ့လဲ။ တချို့ သဘောထားသေးသိမ်သူများဆိုရင် ဂလဲ့စားချေလိုစိတ်ပင် ပြင်းထန် ကောင်းပြင်းထန်နေကြပါလိမ့်မယ်။ အခုတော့ ကျွန်တော်တွေ့ဖူးခဲ့တဲ့ အေဘီကျောင်းသားအများစုဟာ သူတို့ရဲ့ဖြူစင်ခဲ့မှုကို ပြချင်တာကလွဲပြီး ဘာအငြိုးအတေးမှ မရှိကြရှာပါဘူး။ ဘယ်သူကမှ ဘယ်သူ့ကို တုန့်ပြန်လိုစိတ်လည်း မရှိခဲ့ကြပါဘူး။ သူတို့လိုချင်နေတဲ့ အမှန်တရားကို ဘာကြောင့်များ မပေးနိုင်ကြတာပါလဲ။ သူတို့ရဲ့ ဘ၀အဆိုးတွေကြားမှာ အလင်းမျှင်ကလေးတစ်ခုဖြစ်တဲ့ စာပေလွတ်လပ်ခွင့်ကလေးပေါ်လာတာ သူတို့ ဘ၀အတွက် ကောက်ရိုးမျှင်ကလေးတစ်မျှင်ပါပဲ။ သူတို့ ခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို သူတို့ရင်ဖွင့်ခွင့်ရတာကိုပဲ သူတို့ ကျေနပ်နေကြပါရဲ့ဗျာ။ ကျွန်တော် သူတို့ကိုမေးမြန်းရင်း၊ လူငယ်ပေမယ့် စိတ်ဓာတ်မငယ်ခဲ့တဲ့သူတို့ရဲ့ အ တွင်းစိတ်ကို ဖတ်လို့ရနိုင်ခဲ့ပါတယ်။ ကျွန်တော့်လိုပဲ စာဖတ်သူတွေ သူတို့လေးတွေရဲ့ ငရဲခန်းတွေကို ဖတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။
ဟာဂျူလီ (ကသာ)
စာရေးသူ၏မှတ်ချက်။ ။ ထိုအချိန်က အေဘီ (မြောက်ပိုင်း) ရဲ့ ဥက္ကဋ္ဌမှာ ကိုထွန်းအောင်ကျော် (ဖမ်းဆီး သတ်ဖြတ်ခံရ) ဖြစ်ပြီး၊ ဒုဥက္ကဋ္ဌနှင့် စစ်ရေးတာဝန်ခံ ကိုသံချောင်း၊ အတွင်းရေးမှူး ရော်နယ်အောင်နိုင်၊ တွဲဖက်အ တွင်းရေးမှူးနှင့် ထောက်လှမ်းရေးတာဝန်ခံ မျိုးဝင်းနှင့် ထောက်လှမ်းရေးအရာရှိမှာ သန်းဝင်းတို့ ဖြစ်ခဲ့ကြပါသည်။ ယခုအခါ မျိုးဝင်းမှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ကိုသံချောင်းသည် သာယာဝတီထောင်၌ ပြစ်ဒဏ်များ ခံယူလျက်ရှိပါ သည်။ ရော်နယ်အောင်နိုင်မှာ ဘီဘီစီသတင်းဌာနတွင် အလုပ်ဝင်နေရာမှ ကျောင်းသားဟောင်းများ၏ ကန့်ကွက်မှု အရ အလုပ်မှထွက်သွားခဲ့ရပါသည်။ သူ့ကို အခြား ပြည်ပသတင်းဌာနများနှင့် အင်တာဗျူးခန်းများတွင် မကြာမကြာ တွေ့ရသော်လည်း တရားဝင် မည်သည့်နိုင်ငံ၌နေကြောင်း မသိရသေးပါ။
BarBu Abnb အထက်ပါဖြစ်စဉ်နှင့်ပတ်သက်ပြီးမဟုတ်ဘူးဆိုရင်လည်းမဟုတ်တဲ့ဘက်က
Comment တက်ရေးပါ။မှန်တယ်ဆိုရင်လည်းထောက်ခံမူအတွက်ရေးပေးကြစေလိုပါတယ်။
March 19 at 4:54am ·

  • 14 shares
    • BarBu Abnb အကိုရေထောက်လှမ်းရေးတာဝန်ခံကမထက်ထက်ပြောတဲ့ရှေးဂေါ်(ခေါ်)သန်းဇော်
      မန္တလေးကပါ။အရင်က၂၆လမ်းသင်ဂဇာချောင်းအနောက်ကပ်လျက်တာရိုးအနီးနေပြီး
      ယခုသမန်းကုန်းမြို့သစ်မှာနေတယ်လို့သိရပါတယ်။
    • Htun Htun Oo အပိုင်း ၁ ကနေ ၄ အထိ (ပြီးခဲ့တဲ့ အပိုင်းတွေ) လိုချင်လို့ပါ။ ညွှန်ပြပေးပါနော်။

ငရဲတွင်းမှ တိုးထွက်ခဲ့သူများ - ၎






ဂျူ ။ ။ အဲဒီကနေ ဘယ်လိုထွက်ပြေးလာတယ်ဆိုတာလေး ပြောပြပါဦး။
ကျော်ဇင်ထွန်း ။ ။ အဲဒီလိုနဲ့ ကျွန်တော်တို့ကို ဖမ်းထားပြီး ရိုက်နှက်ညှင်းပန်းလာတာ၊ ၈ လကျော်လာခဲ့ပြီပေါ့။ အဲဒီ အချိန် မိုးဦးရာသီကို ရောက်လာပြီ။ အဲဒီမှာ ကျွန်တော်တို့ တွေးမိလာတာ တစ်ခုရှိလာပြီ။ ဖြစ်တာက ဒီလိုဗျ။ ကျွန်တော်တို့ကို အချုပ်ခန်းထဲ ထည့်ထားတဲ့အချိန်တွေမှာ သံခြေကျင်းခတ်တယ်။ လက်ပြန်ကြိုးတုတ်ပြီး တိုင်မှာ ချည်ထားတယ်။ မျက်နှာကို အ၀တ်စီးထားတယ်။ အဲဒီလိုထားတော့ လှုပ်ရှားမှုက မရှိဘူး။ တောထဲအလုပ်သွားလုပ်ချိန်လေးပဲ။ လှုပ်ရှားမှုက ရှိနေကြရတာ။ ဒီတော့ တချို့ မလှုပ်ရှားနိုင်လို့ အလုပ်ထွက်မလုပ်နိုင်တဲ့ အချုပ်သားတွေ တဖြုတ်ဖြုတ်သေနေကြတယ်။ ဒီတော့ မိုးတွင်းရောက်ရင် အလုပ်ထွက် နိုင်မှာ မဟုတ်ကြတော့ဘူး။ ဒီတော့ ငါတို့ဟာ သေကြရတော့မယ်။ ဒီတော့ ငါတို့ ဒီလိုပဲနေရင် သေမယ်၊ ထွက်ပြေး ရင် လွတ်ကောင်းလွတ်မယ်။ သေချင်မှသေမယ်။ အဲဒီိလိုတွေးပြီး တိုင်ပင်ဖြစ်ကြတာက ကိုမြင့်သိန်း (ကသာ)နဲ့ ကိုစိုးလေး (အင်းတော်) တို့လို တန်းစီလုပ်နေတဲ့ လူတွေပဲ။ အဲ သူတို့တိုင်ပင်တယ်ဆိုတာကလည်း အချုပ်ခန်းထဲမှာ တိုင်ပင်လို့ရတာ မဟုတ်ဘူးလေ။ တောထဲ အလုပ်သွားလုပ်တဲ့အချိန် တိုးတိုးတိတ်တိတ် တိုင်ပင် ကြတာ။ သူတို့ ဦးဆောင်ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့လို စိတ်ချရတဲ့သူတွေကို အသိပေးတာ။ အကုန်လုံးကို တော့ ဘယ်အသိပေးရဲမှာလဲ။ တစ်ယောက်ယောက်က မျက်နှာလိုအားရ ပြောလိုက်ရင် အကုန်ခေါင်းဖြတ်ခံကြရမှာ။
အဲဒီလိုတိုင်ပင်ကြတော့ ကျွန်တော်တို့ကလည်း အားလုံးပြေးမယ်ဆိုရင် လိုက်မယ်ပေါ့။ ပေးတဲ့တာဝန် ကျေ မယ်ပေါ့။ အဲဒီလိုနဲ့ ပြေးမယ့်ညမှာ တန်းစီးလုပ်တဲ့ ကိုမြင့်သိန်းတို့၊ ကိုစိုးလေးတို့ကနေ ကျွန်တော်တို့ကို နေ့တိုင်း ခတ်သလို သံခြေကျဉ်းကို သော့မခတ်တော့ဘဲ စေ့ရုံပဲစေ့ထားပေးတယ်။ အချုပ်သား ၅၅ ယောက်စလုံး ကိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ယုံကြည်စိတ်ချရလို့ ကြိုပြောထားတဲ့သူ ဆယ့်လေးငါးယောက်လောက်ကိုပဲ ဟပေး ထားတာပေါ့။ အဲဒီမှာ စပြေးမယ့်အချိန်ကိုတော့ ည ၁၂ နာရီနောက်ပိုင်းလို့ သတ်မှတ်ထားတယ်။ ဘာဖြစ်လို့ ည ၁၂ နာရီနောက်ပိုင်း သတ်မှတ်သလဲဆိုတော့ နောက်ဆုံးကင်းလဲချိန်က ၁၂ နာရီကိုးဗျ။ ဒီတော့ ကင်းလဲပြီးတာနဲ့ သော့ဟပေးထားတဲ့ ရဲဘော်အချုပ်သားတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် သော့ဖြုတ်ပြီး ခြေထောက်နောက်တစ်ချောင်းမှာ ချည်ထားတဲ့ သွပ်နန်းကြိုးကိုလည်း ဖြုတ်ထားကြတာပေါ့။ စပြီး လှုပ်ရှားတာက ကျွန်တော်တို့ရဲ့အချုပ်ခန်း ကုတင်မှာအိပ်နေတဲ့ ကင်းသမားကို ၀င်းမြင့်က ဖိချလိုက်တယ်။ စိုးလေးလက်ထဲမှာ ကျွန်တော်တို့ အလုပ်လုပ်ရင်ကိုင်တဲ့ ဓားရှိတယ်။ အဲဒီဓားနဲ့ ကင်းသမားရဲဘော်ရဲ့လည်ပင်းကို ထောက်လိုက်တယ်။ မြင့်သိန်းက ကင်းသမားရဲ့ သေနတ်ကို ဆွဲယူမောင်းတင်ပြီး ချိန်ထားလိုက်တယ်။ ကျွန်တော် တို့ထဲက တချို့က ကင်းသမားဆီသွားပြီး ရှိတဲ့သံကြိုးတွေ၊ သွပ်နန်းကြိုးတွေနဲ့ ချည်လိုက်ကြတယ်။ ချည်တာမှ ဘယ် လောက်ထိ ချည်သလဲဆိုရင် ကင်းသမားဟာ မံမီရုပ်လိုဖြစ်သွားတာ။ ပြေးမယ်ဆိုတာ ကျန်တဲ့အချုပ်သား တွေ ကြိုမသိထားတော့ သူတို့ကိုလည်း ပြေးဖို့နှိုးလိုက်တော့ အချို့က သူတို့ကိုခေါ်ထုတ်ပြီး သတ်မယ်ထင်လို့ "မသတ်ပါနဲ့ဗျာ" ဆိုပြီး တောင်းပန်ကြတယ်။ ဟုတ်တယ်လေ မျိုးဝင်းတို့က ညညခေါ်ထုတ်ပြီး သတ်တဲ့အကျင့် ရှိတာကိုး။ အဲဒီမှာ ထိတ်လန့်နေတဲ့ ရဲဘော်အချုပ်သားတွေကို ကျွန်တော်တို့ ထွက်ပြေးကြမှာဖြစ်လို့ မအော်ဖို့ အသံ မထွက်ဖို့ အတော်ပြောရတယ်။ ကျွန်တော်တို့ အချုပ်မှာ ရဲမေတွေကိုလည်း အတူတူချုပ်ထားတာဆိုတော့ သူတို့ကိုလည်း နိုးပြီးပြောရတယ်။ အဲဒီမှာ ကျွန်တော်တို့ထဲကအချို့က ကျွန်တော်တို့ အချုပ်ဆောင်မှာရှိတဲ့ ကင်း သမားရဲဘော်တွေ စုအိပ်တဲ့တဲကိုသွားဝိုင်းကြသေးတယ်။ သူတို့ထဲမှာရှိနေတဲ့ သေနတ်ကိုရအောင်လို့ပေါ့။ အဲဒီ ရဲ ဘော်တွေထဲက တစ်ယောက်က ချောင်းဆိုးပြီး နိုးနေတာတွေ့လို့ အဲဒီအစီအစဉ်ကို ဖျက်လိုက်ရတယ်။ ဒါနဲ့ ခြေကျဉ်းမဖြုတ်ထားတဲ့ အချုပ်သားတွေကို ပြေးရင် သံကြိုးသံ မမြည်အောင်ဆိုပြီး ဘောင်းဘီနောက်တစ်ထည် ထပ်ဝတ်ခိုင်းရတယ်။ နောက်တော့ ကျွန်တော်တို့ တရွေ့ချင်း ဖြေးဖြေးလေး စခန်းကုန်းပေါ်ကနေဆင်းကြတယ်လေ။ လူက ၅၀ ကျော်ဆိုတော့ အသံမထွက်ဖို့ကို ထိန်းရတာမလွယ်လှဘူး။ မလွယ်လည်း သတိထားရတာပေါ့။ ကျွန်တော်တို့ပြေးတဲ့ နေရာက စခန်းသုံးခုကြားမှာရှိတာလေ။ အဲဒီကြားက ပြေးရတာဆိုတော့ အခြေအနေက ပြောလို့မရဘူးပေါ့။. နောက်ဆုံး ကျွန်တော်တို့အဖွဲ့ စခန်းကုန်းအောက်က ချောင်းလေးထဲရောက်တော့ ၂ နာရီထိုးနေပြီ။ ချောင်းထဲမှာ ခြေကျဉ်းမဖြုတ်ရသေးတဲ့ အကျဉ်းသားတချို့ကို ခြေ ကျဉ်းတွေရိုက်ဖြုတ်ပေးတယ်။ အဲဒီချောင်းက ကျောက်တုံးတွေကို ဖြတ်စီးတာဆိုတော့ အသံကိုတော့ စိတ်အေးရ ပြီလေ။ ချောင်းရေစီးသံက နဂိုကတည်းက ဆူညံနေတာဆိုတော့ သိပ်ပူစရာမလိုတော့ဘူးပေါ့။ အဲဒီကနေ ကျွန်တော် တို့ ဆက်ပြေးလာတာ ပြေးနိုင်သလောက် ပြေးကြတာဖြစ်လို့ အဲဒီနေရာမှာ လဲတဲ့သူလဲ ကွဲတဲ့သူကွဲပဲ၊ မတတ်နိုင်ဘူး အသက်နဲ့လုပြေးကြရတာကိုး။ ဒီလို ပြေးလာရင်းနဲ့ ကျွန်တော်တို့တွက်ထားတာက မိုးမလင်းခင် တရုတ်ပြည် ခမားမြို့ထဲကိုရောက်မယ်ပေါ့။ ဒါပေမဲ့ ပါဂျိုလမ်းခွဲမှာ လမ်းမပြောင်းတဲ့အနေနဲ့ ခြေကျဉ်းသော့ဖြုတ် ပြီး ၊ မပြေးတဲ့ဘက်ကို လမ်းကြောင်းလွှဲချတာနဲ့ ခြေရာဖျောက်တာနဲ့ဆိုတော့ အချိန်တွေက နောက်ကျသွားတာ ကချင်တဲလေးတစ်ခုကိုရောက်တယ်။ အဲဒီတဲရှင်ကလည်း ကျွန်တော်တို့အဖွဲ့ကို ထမင်းကျွေးချင်တယ်။ ဒါပေမဲ့ လူက ၅၀ ကျော်ဆိုတော့ မတတ်နိုင်ဘူးပေါ့။ အဲဒီမှာ သံယောဇဉ်ပဲလို့ခေါ်တဲ့ ပဲကြီးတွေကို လှော်ကျွေးတယ်။ တစ်ယောက်ကို လက် နှစ်ဆုပ်စာလောက်ရတယ်။ အဲဒီအချိန်မှာ ၇ နာရီထိုးနေပြီ။ ဒီတော့ ဆက်ပြေးကြတယ်။ နောက် မိုးတွေသည်းလာတယ်။ အဲဒီညမှာ တရုတ်အဖိုးကြီးတစ်ယောက်ရဲ့ လားတဲမှာ အိပ်ကြတယ်လေ။ တဲပိုင် ရှင် အဖိုးကြီးပေးတဲ့ ဆန်ကိုပြုတ်ပြီး ဆန်ပြုတ်တစ်ယောက်တစ်ခွက် သောက်ကြတယ်။ အဲဒီ လားတဲနေရာကနေ ကြည့်လိုက်ရင် တရုတ်ပြည်ရဲ့ ကားလမ်းမတစ်ခုကို မှုန်ပျပျမြင်နေရတယ်။ နောက်တစ်နေ့မနက်မှာ ကျွန်တော်တို့ ဖွဲ့စည်းပုံကို စနစ်ကျအောင် တည်ဆောက်ပြီး စနစ်တကျဖြစ်လာပြီး အဲဒီလိုနဲ့ ဆက်ထွက်လာရင်း တရုတ်ရွာပျက် ကလေးကို ရောက်တယ်။ အဲဒီမှာ ညအိပ်တယ်။ အဲဒီရွာမှာပဲ စတည်းချတယ်။ ခေါင်းဆောင်အချို့က တရုတ်ပြည် မြို့တစ်မြို့ကိုသွားပြီး အဆက်အသွယ်ရှာတယ်။ တွေ့တယ်၊ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့ ကုန်သည်တွေက သူ တို့ မြန်မာနိုင်ငံကိုပို့ပေးမယ်။ ကားလွှတ်လိုက်မယ်ပေါ့။ ကျွန်တော်တို့ ကားလမ်းကို ဆင်းစောင့်နေကြတယ်။ စောင့် နေရင်းနဲ့ အနီးအနားကရွာခံတွေက ထမင်းချက်ကျွေးတယ်။ ခဏအကြာမှာ လာကြိုတဲ့ကားရောက်လာတယ်။ ဖြစ် ချင်တော့ လာကြိုတဲ့ကားနောက်မှာ တရုတ်ရဲက မသင်္ကာလို့ဆိုပြီး သုံးဘီးဆိုင်ကယ်နဲ့ အဲဒီကားနောက်က ကပ်ပါ လာတယ်။ အဲဒီမှာ ကျွန်တော်တို့ အကုန် တောထဲဝင်ပြေးကြပြန်တယ်။ လာကြိုတဲ့ကားကလည်း ကြောက်ပြီးပြန် ပြေးရော။ အဲဒီမှာ ကျွန်တော်တို့အထဲက တရုတ်စကားတတ်တဲ့ သူတစ်ယောက်က တရုတ်ရဲကို အကျိုးအကြောင်း ပြောပြတော့ တရုတ်ရဲက အချိုသတ်ပြီး ပြန်ချသွားတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း တောထဲဝင်ပြေးတဲ့သူတွေပြန် ခေါ်ပြီး လမ်းမပေါ်တက်လိုက်တော့ တရုတ်အာဏာပိုင်တွေက စောင့်နေတယ်။ နောက်တော့ ကျွနတော်တို့ကို အိပ်ခန်းကြီးကြီးတစ်ခုထဲကို ၀င်ခိုင်းတယ်။ ပြီးတော့ သူတို့ စကားပြောစက်တွေနဲ့ သူတို့ရဲ့ အထက်လူကြီးတွေကို သတင်းပို့တယ်။ ဟိုက ဘာပြန်ပြောတယ်မသိဘူး။ သူတို့တတွေဟာ သူတို့ရဲ့ အမှတ်အသားတံဆိပ်တွေ၊ ယူနီ ဖောင်းတွေကိုချွတ်ပြီး စကားပြန်ကနေတစ်ဆင့် ကျွန်တော်တို့အားလုံးကို စစ်ဆေးမေးမြန်းတယ်။ ဗီဒီယိုရိုက်တယ်။ ပြီးတော့ လက်နက်ပါလာရင် အပ်ဖို့ပြောတယ်။ ကျွန်တော်တို့ တရုတ်ပြည်ထဲရောက်ပြီဆိုတာ သိကတည်းက လက်နက်တွေကို ထားခဲ့ပြီးပြီ။ ဒီတော့ လက်နက်နဲ့တူတာဆိုလို့ ထမင်းစားတဲ့ ခက်ရင်းတစ်ချောင်းပဲ အပ်လိုက် တယ်။ နောက် ငွေပါလာရင် အပ်ခိုင်းတယ်။ ပြီးတော့ စကားပြန်ကနေတစ်ဆင့် စကားပြောတယ်။ သူပြောတာက ကျွန်တော်တို့ကို လိုချင်တဲ့အဖွဲ့တွေ အရမ်းများတယ်။ ဒီတော့ မင်းတို့ လုံခြုံရေးအတွက် ငါတို့ တစ်နေရာကိုခေါ် သွားမယ်။ မင်းတို့ ဘာမှ ပြသနာမလုပ်ပါနဲ့ဆိုပြီး အဲဒီညနေမှာ ထရပ်ကားကြီးတစ်စီးနဲ့ ခေါ် သွားတယ်။ ကျွန်တော် တို့အားလုံးလည်း ကားနဲ့လိုက်သွားရတာပေါ့။ ဒါပေမဲ့ သတိတော့မလွတ်ကြဘူး။ ကားမိုးကာကိုဖြဲပြီး သွားရာလမ်း ကြောင်းကို ကြည့်နေကြရတယ်။ လိုင်စင်ဘက်ကို ပြန်ပို့မှာစိုးလို့ပေါ့။ ဒါပေမဲ့ မပို့ပါဘူး။ အချုပ်ခန်းသုံးခန်းရှိတဲ့ ၀န်း ကျယ်ကြီး ထဲကို ကားမောင်းဝင်သွားတယ်။ အဲဒီအချိန်မှာ မှောင်စပျိုးနေပြီ။ နောက်တော့ ကျွန်တော်တို့ကို လူခွဲပြီး အချုပ်ခန်း ၃ ခန်းထဲ မျှထည့်တယ်။ ပြီးတော့ သူတို့ပြောတယ်။ မင်းတို့ကို ဖမ်းတာမဟုတ်ပါဘူး။ ဒီကနေ မင်းတို့ ကြောက်ပြီး အပြင်ထွက်ပြေးရင် ပြသနာတွေဖြစ်မှာစိုးလို့ပါဆိုပြီး ရှင်းပြတယ်။ ဒီထဲမှာဆိုရင် ငါတို့မင်းတို့ကို တာဝန် ယူတယ်။ အခုတော့ ထမင်းချက်ချိန်မရှိတော့ဘူးဆိုပြီး အချိုရည်ဗူးကြီး သုံးဗူးနဲ့ တရုတ်လမုန့်တွေ အများကြီး ကျွေး တယ်။ ဇလုံတစ်လုံးစီပေးတယ်။ ကျွန်တော်တို့လည်း ငတ်ငတ်နဲ့ တွယ်ကြတာပေါ့နော့။ အဲဒီမှာ ညအိပ်ပြီး မနက်စောစောမှာ ကျွန်တော်အားလုံးထတယ်။ စနစ်တကျ ကိုယ်လက်ကြံ့ခိုင်ရေးလုပ်တယ်။ အဲဒါက မတိုင်ပင်ဘဲ အခန်းတိုင်းလုပ်ကြတာ။ အဲဒါကို မြင်ပြီး သူတို့က အချုပ်ခန်းလာဖွင့်ပေးတယ်။ မင်းတို့ ကစားချင်ရင် ဟော ဒီခြံထဲမှာ ကြိုက်သလို ကစားကြပါ။ ခြံပြင်ကိုတော့ လုံးဝမထွက်ပါနဲ့ဆိုပြီးလည်း ပြောတယ်။ ဒီလို ကစားပြီး နေ့လည်ကျတော့ ကျွန်တော်တို့ကို ထမင်းခေါ်ကျွေးတယ်။ အဲဒီမှာ ကျွန်တော်တို့ အချင်းချင်းတိုင်ပင်ကြတာပေါ့။ ငါတို့ တကယ်ငတ်ခဲ့မှန်းသိအောင် စားနိုင်တာထက်ပိုစားကြမယ်ဆိုပြီး စားလိုက်ကြတာ သူတို့တတွေအတွက် စား စရာတောင်မကျန်တော့ဘူး ဖြစ်သွားတယ်။ အဲဒီမှာ သူတို့ပြောပြန်တယ်။ မင်းတို့စားတာကြည့်ပြီး ၀မ်းသာတယ်ပေါ့။ ကုန်လည်းကုန်သွားပြီပေါ့။ အခု မင်းတို့ကို ထပ်ပြီးချက်ကျွေးလို့ရသေးတယ်ပေါ့။ ဒါပေမဲ့ မင်းတို့က အကြာကြီးငတ်လာကြတော့ ခု တစ်ခါတည်းများများစားလိုက်ရင် အန္တရာယ်ဖြစ်မှာစိုးလို့ မချက်ကျွေးတော့တာပါပေါ့ဗျာ။ အဲဒီမှာ ကျွန်တော်တို့ကို သနားသွားပုံရတယ်။ ဒီလိုနဲ့ ညနေကျတော့ ကျွန်တော်တို့ကို တန်းစီခိုင်းပြီး ဘာသာပြန်က စကားပြောတယ်။ မင်းတို့ကို ၀မ်းသာစရာ စကားပြောမယ်။ မင်းတို့ ၀မ်းအသာလွန်ပြီး မအော်ကြပါနဲ့၊ မဆူကြပါနဲ့ဆိုပြီး ကျွန်တော်တို့ကို မြန်မာနိုင်ငံပြန်ပို့မယ့်အကြောင်း ပြောတယ်။ ကျွန်တော်တို့ကို အစကတည်းက သူတို့က မေးထားတယ်လေ။ ဘယ်ကိုသွားချင်လဲလို့။ ကျွန်တော်တို့ကလည်း မြန်မာနိုင်ငံပြန်ချင်တယ်လို့ ပြောထားတယ်လေ။

ငရဲတွင်းမှ တိုးထွက်ခဲ့သူများ - ၃



ဂျူ ။ ။ လုပ်ပါဦး၊ မှတ်မိသမျှ တွေထဲက အဆိုးရွားဆုံး နှိပ်စက်မှုလေးတစ်ခုလောက် ပြောပေးပါဦး။
ဖိုးစန်း ။ ။ ပြောရမယ်ဆိုရင် နှိပ်စက်သမျှကတော့ ဖက်ဆစ်က အဖေခေါ်ရလောက်အောက် တွေကြီးပဲဗျ။ ဥပမာဗျာ၊ ထောက်လှမ်းရေးပါလို့ ၀န်မခံတဲ့ ရဲဘော်ရဲ့ လက်ကိုဖြတ်တယ်ထားပါတော့ ၊ ဒီအတိုင်း ဓားနဲ့မဖြတ်ဘူး၊ လက်ဖ၀ါးကို ယမ်းကပ်ထားပြီး ဖြတ်ပစ်တာ သဘောကတော့ လက်ပြတ်ပြီးသွားတာတောင် ယမ်းဆိပ်နဲ့ အနာယင်းပြီး ပုပ်ပွ ကျန်ခဲ့အောင် လုပ်တာပေါ့။ ထားပါတော့ဗျာ။ ခင်ဗျားမေးသလို ကျွန်တော်မမေ့နိုင်တဲ့ နှိပ်စက်ပုံအကြောင်း ပြောပြ မယ်။ တစ်ည ၈ နာရီလောက်မျာ ကျွန်တော်နဲ့ ကိုထိန်ကို အချုပ်အခန်းအပြင်ဖက် ခေါ်ထုတ်သွားတယ်။ မြေပေါ်စိုက် ထားတဲ့ ငုတ်တိုင်မှာ ခြေထောက်တွေကို ကြိုးချည်ထားတယ်။ ပြီးတော့မှ သူနဲ့ကျွန်တော့်ကို ၀ါးဆစ်ပိတ် တွေနဲ့ ရိုက်တော့တာပဲ။ ၀ါးဆစ်ပိတ်ဝါးတွေဟာ ကျွန်တော်တို့ကိုယ်တိုင် ညနေက ထမ်းထားခဲ့တဲ့ ၀ါးတွေ လေ။ ပထမတော့ ဘယ်ဘက်ကို ရိုက်တယ်ပေါ့။ ကျွန်တော်က စရိုက်ကတည်းက ရိုက်တဲ့အချက်ရေကို ရေထားတာ တစ်ချက်၊ နှစ်ချက်၊ သုံးချက်၊ လေးချက်၊ ငါးချက်ပေါ့ (၁၅) ချက်ပြည့်ရင် တစ်ဘက်လှည့်ပေးလိုက် တယ်။ (၁၅) ချက်ရိုက်ပေါ့။ နောက်ဆုံးတော့ဗျာ တစ်ချက်အရိုက်ခံလိုက်ရ တစ်ဖက်လှည့်ခံရကို ဖြစ်သွားတော့တာ ပဲ။ တုတ်ချက်တွေက များလွန်းတာကိုးဗျ။ မခံနိုင်တော့ဘူး။ ကိုထိန်လည်း အဲဒီလိုပဲ။ သူနဲ့ကျွန်တော်နဲ့ဖြစ်နေပုံက အခုနေ ပြန်တွေးမိတော့ ရယ်ရောဗျ။ သူနဲ့ ကျွန်တော့်ကို ငုတ်တိုင်ချည်ပြီး ရိုက်တဲ့နေရာက သုံးလေးပေလောက်ပဲ ဝေးတာဆိုတော့ တစ်ယောက်ရိုက်ခံလိုက် တစ်ဖက်လှည့်လိုက်နဲ့ ခေါင်းချင်းဆိုင်မိလိုက် ဖင်ချင်းဆိုင်မိလိုက်နဲ့ဗျ။ နောက်ဆုံးတော့ ၀ါးစိမ်းတုတ် ၂ စီး၊ ၃ စီး ကုန်သွားတယ်။ ကြွေမွကုန်တယ်၊ ရိုက်စရာ မရှိတော့ဘူး။ ဒီတော့ ခပ် လှမ်းလှမ်းမှာရှိတဲ့ ထင်းချောင်းကြီးယူပြီး ကျွန်တော်တို့ခေါင်းတွေကို ရိုက်ခွဲပစ်တယ်။ ကျွန်တော်တို့ခေါင်းတွေ ကွဲကုန် တယ်။ နောက်တော့ သူတို့က ကျွန်တော်တို့ကို အချုပ်ထဲပြန်သွင်းပြီး နာ့စ်မတွေခေါ်ပြီး ချုပ်ခိုင်းတယ်။ ပြီးတော့ "ဟေ့ . .. ဒီကောင်တွေဆီက သွေးညှီနံ့တွေ နံတယ်၊ အပြင်ထုတ်ထားလိုက်ကွာ" ဆိုပြီး အပြင်ဘက်ကို ပြန် ဆွဲထုတ်တယ်။ အပြင်ဘက် ငုတ်တိုင်မှာ ကြိုးပြန်ချည်ပြီး လက်ပြန်ကြိုးတုတ်ပြီး ပစ်ထားလိုက်တယ်။ အဲဒီမှာ ကျွန်တော်တို့ ဒုက္ခ ရောက်တော့တာပဲ။ အဲဒီအချိန်က ရေတောင်ခဲတဲ့ ဆောင်းတွင်းကြီးလေဗျာ။ တောင်ကလည်း တောင်ထိပ်ဆိုတော့ အအေးဒဏ်ကို ခင်ဗျား စဉ်းစားသာကြည့်တော့၊ အချိန်ကလည်း ည ၁၁ နာရီ၊ ၀တ်ထားတာက ယူနီဖောင်းပါး ပါးလေးတစ်စုံစီဆိုတော့ဗျာ။ နောက်ဆုံး ဘယ်လောက်အေးသလဲဆိုရင် ကျွန်တော်တို့ ခန္ဒာကိုယ်အောက်မှာ ရေတွေခဲလာတယ်။ ကိုယ်ခန္ဒာလေး နည်းနည်းကြွလိုက်တာနဲ့ ရေခဲညှောင့်သံ တွေ တဖျစ်ဖျစ်မြည်သံတွေ ထွက်လာတယ်။ အဲဒီအချိန်မှာ ကိုထိန်က "ဟီးအီးအီး" ဆိုပြီး အသံကျယ်ကျယ်အော် ဟစ် ငြီးညူနေတယ်။ ကျွန်တော်ကတော့ တောင့်ခံနေတာပေါ့။ အဲဒီအချိန်မှာ ကိုထိန်က ကျွန်တော့်အနားကို တရွေ့ရွေ့တိုးလာပြီး "ဖိုးစန်း… ငြီး… ငြီး… ကျယ်ကျယ်လေးငြီး၊မငြီးရင် မနာဘူးထင်ပြီး ထပ်ထွက်ရိုက်နေမယ်" လို့ ပြော တယ်။ အဲဒီတော့မှ ကျွန်တော်လည်း သဘောပေါက်သွားပြီး ခပ်ကျယ်ကျယ်ငြီးပြနေရတော့တာပေါ့။ "ဟီး အီးအီး"ဆိုပြီး ဟုတ်တော့ဟုတ်တယ်။ ကိုထိန်နဲ့ ကျွန်တော် ငြီးသံလေးလျှော့သွားတော့ အစောင့်တွေဆီကနေ အသံတစ်သံ ထွက်လာတယ်။ "ဟေ့.. ဒီကောင်တွေဆီက အသံမကြားရတော့ဘူး။ ရေထွက်လောင်းကွာ" တဲ့ မကြာပါဘူး။ အစောင့်တစ်ယောက်က ရေဖလားနဲ့ ရေခပ်လာပြီး ကျွန်တော်တို့နှစ်ယောက်ရဲ့ ကျောထဲကို ရေ လောင်းထည့်ကြတယ်။ အဲဒီမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် သေလူပဲ သတ်မှတ်လိုက်ကြတယ်။ သွေးခဲပြီး ငါတို့သေတော့မယ်ပေါ့ ။ ဒီတော့ အသက်ဘယ်အချိန်ထွက်မလဲဆိုတာကို သတိထားနေလိုက်ကြတယ်။ နှစ်နာရီ ။ ငါတို့မသေသေးဘူး။ ၃ နာရီ သံချောင်းခေါက်သံကြားတယ်။ ဟာ.. ငါတို့ မသေသေးဘူး။ အဲဒီလိုပေါ့ဗျာ။ နောက်ဆုံး မိုးလင်းလို့ နေရောင်သေးသေးလေး စထွက်လာတော့ ပျော်လိုက်တာဗျာ။ ဟာ.. ငါတို့မသေတော့ဘူးပေါ့။ အဲဒီမယ် နေရောင်ခြည်ကို လူတွေ ကျေးဇူးရှင်လို့ သတ်မှတ်တာ သိပ်မှန်တာပဲဆိုပြီးလည်း တွေးမိလိုက်သေးတယ်။ နေရောင်ခြည်ကိုလည်း စိတ်ထဲကနေ ထွက်ခဲ့စမ်းပါ ပြင်းပြင်းလေး ထွက်ခဲ့စမ်းပါလို့လည်း ဆုတောင်းနေမိတယ်။ နောက်တော့ အစောင့်တွေက ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်ပြန်ကြိုးတွေလျှော့ပေးပြီး ထမင်းကျွေးတယ်။ ထမင်းစားပြီးတော့ ကိုထိန်ကို အချုပ်ခန်းထဲပြန်သွင်းပြီး၊ကျွန်တော့်ကိုတော့ "ဒီကောင့်ကို ကားစင်တင်လိုက်ကွာ" ဆိုပြီး သစ်လုံးနဲ့လုပ်ထားတဲ့ လက်ဝါးကပ်တိုင်မှာ လက်တွေကိုချည်လိုက်တယ်။ ပြီးတော့မှ ကြာပွတ်နဲ့ တစ်ယောက်စီ ထွက်ထွက်ပြီး ရိုက်တယ်။ ကြာပွတ်မှာ ကြိုးတွေထုံးထားတော့ အခံရခက်တာပေါ့ဗျာ။ ဒီလိုနဲ့ နေ့လည် ၁ နာရီလောက်မှာ ခွေးတစ်ကောင်ကို ကျွန်တော်မြင်လိုက်ရတယ်။ ကျွန်တော်နဲ့ခွေးက ပေ ၅၀ လောက်ပဲ ဝေးတာဆိုတော့ ကျွန်တော် ခေါင်းနပန်းကြီးသွားတယ်။ စိတ်ထဲကနေလည်း ခွေးကို အမိန့်ပေးနေမိ တယ်။ "ဟေ့ကောင်.. မင်းပြန်လှည့်သွားစမ်း.. ငါ့ဆီမလာနဲ့.. မင်း ငါ့ဆီလာရင် ငါ့ကို ဟောင်တော့မှဖြင့် ဟောင်ရင် ငါ့ကို ခဏမေ့နေတဲ့ အစောင့်တွေ သတိရပြီး ငါ့ကို လာရိုက်နေဦးမှာ။ ဒီတော့ ငါ့အနားမလာပါနဲ့ကွာ" လို့ စိတ်ထဲ ကနေ အမိန့်ပေးနေမိတယ်။ ဒါပေမဲ့ ဒီကောင်က မရဘူးဗျ။ တရွေ့ရွေ့နဲ့ ကျွန်တော့်နားကပ်လာတယ်။ ပြီးတော့ ကျွန်တော့်ကို ထူးထူးဆန်းဆန်းကြည့်တယ်။ သူ့အတွက် ထူးဆန်းမယ်ဆိုလည်း ထူးဆန်းရောကိုးဗျ။ လက်ဝါးကပ်တိုင်မှာ တွဲလောင်းကျနေတဲ့လူကို သွေးတွေတရွှဲရွှဲနဲ့ဆိုတော့ သူ့အတွက် ထူးဆန်းနေမှာကိုး။ အဲဒီမှာ ကျွန်တော့်ကို ထိုးဟောင်တော့တာပဲ.။ အဲဒီမှာ အစောင့်တွေ ကြာပွတ်ကိုင်ပြီးထွက်လာတယ်။ ပြီးတော့ "တွေ့လား ဟေ့ကောင် မင်းကို ခွေးတောင်ကြည့်မရဘူး" ဆိုပြီး အသားကုန်ရိုက်တော့တာပဲ။ အဲဒီမှာ ကျွန်တော် က ခွေးကို စိတ်ထဲကနေ ဆဲတော့တာပဲ။ "ခွေးမသား၊ ဒါကြောင့် ငါပြောတာ ငါ့နားကို မလာပါနဲ့။ ငါ့ကိုမ ဟောင်ပါနဲ့လို့ ခု မင်းကြောင့် ငါ ရိုက်ခံရပြန်ပြီ" လို့။

ငရဲတွင်းမှ တိုးထွက်ခဲ့သူများ - ၂



ဂျူ ။ ။ မျိုးဝင်း၊ သန်းဇော်တို့က တပ်ဖွဲ့ဝင်တွေကို နှိပ်ကွပ်ချင်နေသလို၊ သံချောင်းတို့၊ ရော်နယ်အောင်နိုင်တို့က ရော ကိုထွန်းအောင်ကျော်အပေါ် ဘယ်လိုတွေကြောင့် စိတ်ကွက်တယ်ထင်လဲ။
ဖိုးစန်း ။ ။ ကျွန်တော်အထင်ကတော့ ကိုထွန်းအောင်ကျော်တို့ မရောက်ခင်က သံချောင်းက နာမည်ကြီး ကိုထွန်းအောင်ကျော်ရောက်လာတော့ သူထက် နာမည်လွှမ်းမိုးတဲ့သူ ရောက်လာတယ်ပေါ့။ ကိုထွန်းအောင်ကျော် ဆိုတာက မြေပေါ်မှာကတည်းက ဗကသ ခေါင်းဆောင်လေ၊ တော်လည်း တအားတော်တော့ နိုင်ငံရေးအမြင်က လည်း ပြည့်တော့ ကမ္ဘာကတောင် စိတ်ဝင်စားရတယ်။ နောက် ကိုထွန်းအောင်ကျော် ဥက္ကဋ္ဌဖြစ်လာတော့ မူးယစ်ဆေးဝါးတွေ ဘာတွေကို ဆန့်ကျင်တိုက်ဖျက်တယ်။ အဲဒီလို မူးယစ်ကိစ္စကို ပြတ်သားမှုကြောင့် ကေအိုင် အေ လူကြီးတွေကတောင် ကိုထွန်းအောင်ကျော်ကို လေးစားလာရတယ်။ အဲဒါတွေကြောင့် ဖြစ်နိုင်တယ်။
ကျော်ဇင်ထွန်း ။ ။ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြောက်ပိုင်းလုပ်မယ်ဆိုတော့ သံချောင်းက ပြောတယ်။ ဒါဆို ကျုပ်က စစ်ရေးခေါင်းဆောင် မလုပ်ရတော့ဘူးလားလို့ မေးတာကို ကျွန်တော်ကိုယ်တိုင်ကြားဖူးတယ်။ နောက် ရော်နယ်အောင်နိုင်လည်း ဒီစိတ်တွေရှိနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရော်နယ်အောင်နိုင်နဲ့ ကိုထွန်းအောင်ကျော်က တစ်မြို့တည်းသားတွေ၊ မြေအောက်ရောက်တဲ့အထိ အတူတူလာကြတာ။ ဒီ တော့ ကိုထွန်းအောင်ကျော် ထောက်လှမ်းရေး မဟုတ်မှန်း သူသိနေတာပဲ။ ကိုထွန်းအောင်ကျော်ကို ထောက်လှမ်း ရေးပါဆိုပြီး ဖမ်းဆီးစစ်ဆေးနေချိန်မှာ ရော်နယ်အောင်နိုင်က အတွင်းရေးမှူးလေ။ ဒါကို ဘာကြောင့် သူက မတားခဲ့တာလဲ။ ထောက်လှမ်းရေး မဟုတ်မှန်း ဘာကြောင့် အာမ မခံနိုင်ရတာလဲ။ ဒါတွေဟာ ရော်နယ်အောင်နိုင်ရဲ့ မရိုးသားမှုတွေပဲ၊ မျိုးဝင်းက တော့ အဓိက ဖြိုခွဲသူပဲ။ သူ့ရဲ့ အငြိုးအတေးဟာ သိပ်ကြီးမားတယ်။
ဂျူ ။ ။ ဘယ်လိုကြီးမားတာလဲ။
ကျော်ဇင်ထွန်း ။ ။ ကြုံဖူးတာလေး ပြောပြချင်တယ်။ တစ်ရက် ကျွန်တော်ရယ် ၊ ကိုညီ (ကိုညီညီကျော်) ရယ်၊ မျိုးဝင်း ရယ်၊ ကျားလေးရယ် ဗဟိုကနေ ကားနဲ့ဆင်းလာတော့ ယင်ကျမ်းရွာအကျော်က ဓားလုပ်တဲ့ရွာမှာ ကားရပ်တယ်။ မျိုးဝင်းနဲ့ ကျားလေးက ဓားဆင်းဝယ်တယ်။ ဓားဆိုင်မှာ မျိုးဝင်းဓားရွေးနေပုံကိုကြည့်ပြီး ကြက်သီးထမိတယ်။ သူက ဓားတစ်ချောင်းကို ကိုင်ကြည့်လိုက်၊ လူတစ်ယောက်ကို ခုတ်တဲ့ပိုင်းတဲ့ပုံစံမျိုးနဲ့ဆိုတော့ ကျွန်တော်တို့ အူကျိန်းမိတာ ပေါ့။ အဲဒီမှာ တစ်ခုပြောစရာရှိတယ်။ အပတ်စဉ် (၅) ဒါဘာပွဲမှာ စကားပြောကြတော့ မျိုးဝင်းအကြောင်းကို သင်တန်းဆင်းတဲ့သူတွေက မျိုးဝင်းရှေ့မှာတင် ဝေဖန်ကြတယ်။ မျိုးဝင်းဟာ တရုတ်နိုင်ငံထဲ ရောက်သွားရင် ဘယ်လောက်ဈေးကြီးတဲ့ အမျိုးသမီးကို ဆက်ဆံတယ်ကအစ ၀ိုင်းဝေဖန်ကြတယ်။ နောက် ထောက်လှမ်းရေးတွေပါဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတော့ သူ့ကို ဝေဖန်တဲ့သူတွေ အကုန်လုံး အဖမ်းခံရတယ်။ သူတို့ကို သတ်တော့ "မင်း ဟိုတုန်းကလို ငါ့ကိုပြောသလို ပြောဦးလေကွာ" ဆိုပြီး သတ်တာ။
ဂျူ ။ ။ အပ်စိုက်ကိုသတ်တာရော ဘာကြောင့်လို့ထင်လဲ။
ကျော်ဇင်ထွန်း ။ ။ ကျွန်တော်ထင်တာတော့ ကိုအပ်စိုက်က မြောက်ပိုင်းမပြောင်းခင်က ပြန်ကြားရေးတာဝန်ခံ လုပ်တယ်။ မြောက်ပိုင်းဖြစ်ဖို့လုပ်တဲ့အခါ တက်ကြွတယ်။ ဒါကြောင့် အငြိုးထားတယ်လို့ ထင်တယ်။ ကိုအပ်စိုက်က ဗဟိုကော်မတီ လူကြီးလေ။ သူ့ကိုဖမ်းတာက နည်းနည်းစောတယ်။ ကသာအုပ်စုထဲမှာ သူက အနာဆုံးပဲ။ သူ့စအိုကို ၀ါးလုံးထိုးသွင်းပြီးမွေ့တယ်။ ပြီးတော့မှ စအိုဝကို ကျဉ်စက်နဲ့ တို့တယ်။ သူတို့ကျဉ်စက်နဲ့တို့တော့ စခန်းကိုမီးပေးတဲ့ အင်ဂျင်စက်တောင် ထိုးရပ်သွားတဲ့အထိ ပက်ပက်စက်စက် လုပ်တာ၊ သူဟာ အလွန်ပျော်တတ် တဲ့ သူပါ။ စခန်းမှာ လူချစ်လူခင်ပေါတယ်။
ထက်ထက် ။ ။ ဟုတ်တယ်။ ကျွန်မတို့ ရဲမေတွေကိုဆို တအားစတာ၊ စတယ်ဆိုတာ လူပျိုအပျို စနည်းမျိုး မဟုတ်ဘူး။ ဥပမာ ရဲမေတွေ သူ့ရှေ့ကဖြတ်သွားရင် "ဟွန့်..ကောင်မလေးတွေ ငါ့ရှေ့ကလည်းဖြတ်သွားတာ ကောင်းကောင်းမဖြတ်ကြဘူး လေကလည်း လည်သွားသေးတယ်၊ နံလိုက်တာ" ဆိုတာမျိုး စတာ။
ကျော်ဇင်ထွန်း ။ ။ သူ့ကို နောက်ဆုံးတွေ့လိုက်ရတာက လိုင်စင်မှာ ကျွန်တော် ဘောလုံးပွဲသွားကြည့်တဲ့နေ့ ဘောလုံးကွင်းနဘေးကနေ ထမ်းစင်နဲ့ ခေါ်သွားတာတွေ့တယ်။ အစက ဘယ်သူမှန်း မသိဘူးပေါ့။ နောက်မှ တိုးတိုးတိတ်တိတ်မေးကြည့်တော့ ကိုအပ်စိုက်ပေါ့။ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံသွားတင်တာလို့ ပြောတယ်။
ထက်ထက် ။ ။ ဟုတ်တယ်။ အဲဒီအချိန်က ကျွန်မတို့ ဆေးသင်တန်းတက်နေတဲ့ဆီ ကိုအပ်စိုက်ကို ပို့လာတယ်။ ကျွန်မတို့နဲ့ သင်တန်းအတူတူတက်နေတဲ့ ကေအိုင်အေက သူနာပြုတွေကိုပဲ သွားပြုစုစေတယ်။ အဲဒီသူနာပြုတွေ ပြုစုပေးရာကနေ ပြန်လာတဲ့အခါတွေမှာတော့ ကျွန်မက မေးတာပေါ့။ အခြေအနေ ဘယ်လိုလဲလို့ သူတို့ပြောတာ က ဒဏ်ရာတွေက တစ်ကိုယ်လုံး ရစရာမရှိဘူးတဲ့၊ တစ်ရက်တစ်ရက် ပြည်(ပြီ) တွေက ဆေးရုံ သုံးခွက်နဲ့ တစ်ခွက် စာလောက် ထွက်တယ်တဲ့ ပုပ်စော်လည်းနံနေပြီပေါ့။ နောက်တော့လည်း ဆုံးသွားတာပါပဲ။
ဂျူ ။ ။ နောက်တော့ ကျော်ဇင်တို့ ဖိုးစန်းတို့ ဖမ်းခံရတယ်နော်။ ပြောပါဦး၊ ဖမ်းခံရပုံလေးတွေကို။
ကျော်ဇင်ထွန်း ။ ။ ကျွန်တော့်ကို အရင်ဖမ်းတာ။ အဲဒီနေ့က ကင်တင်းမှာ အရက်သောက်ဖို့ အရက်သွားဝယ်ပြီး အပြန်မှာ သန်းဇော်နဲ့တန်ဂွန်းက လမ်းမှာတင် သေနတ်နဲ့ ချိန်ပြီးဖမ်းတာ။ ဟိုရောက်တာနဲ့ စစ်တော့တာပေါ့ ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်တို့က သိနေပြီ။ မင်းတို့ ထောက်လှမ်းရေးလားမေးရင် ဟုတ်ပါတယ်လို့ ပြောရမယ် ဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့….
ဖိုးစန်း ။ ။ ဘာဖြစ်လို့လည်းဆိုတော့..တစ်ညမှာ ခင်မောင်စိုးကို ဖမ်းပြီးစစ်တယ်။ ကျွန်တော်တို့တဲနဲ့က ပေ ၅၀၊ ၁၀၀ လောက်ပဲ ဝေးတော့ ကျွန်တော်တို့ ကြားနေရတယ်။ အစစ်ခံရတဲ့ သူက မဟုတ်ဘူးငြင်းတယ်။ နောက်ကျတော့ သေတာပဲ။ အလောင်းကို ဆွဲထုတ်သွားတယ်။ ဒီတော့ ကျွန်တော်တို့အားလုံးရဲ့ အသိမှာ AB ထောက်လှမ်းရေးက မင်းတို့ဟာ စစ်တပ်ကလွှတ်တဲ့ ထောက်လှမ်းရေးတွေမဟုတ်လားလို့ စစ်ပြီဆိုရင် ဟုတ်တယ်ဖြေရမယ်ဆိုတာ၊ ရဲဘော်အားလုံး သိပြီးသားလေ။
ကျော်ဇင်ထွန်း ။ ။ ဟုတ်တယ်။ ကျွန်တော့်ကိုဖမ်းပြီး တိုင်မှာ ကြိုးတုတ်ထားတဲ့အချိန်ကို မွေ့ယာတွေဘာတွေနဲ့ ထားတာတွေ့လို့မေးကြည့်တော့ သူက SB က ဗိုလ်ကြီးဆိုတာ ၀န်ခံပြီးပြီပေါ့။ ဒါနဲ့ ကျွန်တော့်ကို စစ်တယ်။ ပထမ တော့ ဓားဦးချွန်နဲ့ ပေါင်ထိုးဆွတယ်။ နောက် ဗိုက်ကိုလှန်ပြီး ဓားသွားနဲ့မွှမ်းတယ်။ အခုထိ ဗိုက်မှာ ဓားမွှမ်းရာတွေ ရှိတယ်။ ဒါတွေကို ကျွန်တော်ကြိတ်ခံတယ်။ နောက်တော့ ကြွပ်ကြွပ်အိတ်ကို ရေဆွတ်ပြီး ခေါင်းကိုစွတ်ချတယ်။ အဲဒါမှာ ကျွန်တော် ဘယ်လိုမှ မခံနိုင်တော့ဘူး။ ၂ ခါ စွတ်တယ်။ ကျွန်တော် အသက်ရူလို့မရတော့ဘူး ဖြစ်သွားတယ်။ ကျွန်တော်က ရဲကအတင်းအကျပ် သတင်းပေးလုပ်ခိုင်းလို့ လုပ်ရပါတယ်ဆိုပြီး ထွက်ဆိုလိုက်တယ်။ ကျွန်တော့်လို ၀န်မခံတဲ့သူတွေကို လက်ဖြတ်ခြေဖြတ်လုပ်ပစ်တယ်။
ဂျူ ။ ။ ဖိုးစန်းနဲ့ ပန်းချီထိန်လင်းက တစ်တဲထဲမှာ အတူနေခဲ့တာဆိုတော့ မင်းတို့အဖမ်းခံရပုံလေး ပြောပါဦး။
ဖိုးစန်း ။ ။ ကျွန်တော်နဲ့ ကိုထိန်နဲ့က တစ်တဲထဲမှာ အတူနေရတာ ဟုတ်တယ်။ ကိုထိန်ရော ကျွန်တော်ပါ စခန်း တစ်ခုလုံး ထောက်လှမ်းရေးကြမ္မာဆိုးဝင်ကတည်းက အပြင်ကို သိပ်မထွက်တော့ဘူး တဲထဲမှာပဲ နေကြတာ။ ဘာဖြစ်လို့လည်းဆိုတော့ AB ထောက်လှမ်းရေးတွေဟာ အဲဒီအချိန်မှာ ခွေးရူးလိုဖြစ်နေပြီ။ မဲမဲမြင်ရင် ကိုက်ချင် နေတယ်။ စခန်းထဲမှာ ဘယ်သူ့ကိုမဆို သူတို့ ဖမ်းဆီးနှိပ်စက်စစ်ဆေးပိုင်ခွင့် အာဏာတွေရှိနေတယ်လေ။ ကျွန် တော်တို့ဆို ညရောက်မှာကို ကြောက်နေတယ်။ ညဆိုရင် ငရဲခန်းလို "အမယ်လေး၊ အဘလေး" အော်ဟစ်သံတွေ မျိုးဝင်းရဲ့ ၀မ်းခေါင်းသံနဲ့ ဟားတိုက်ရယ်မောသံတွေကို မကြားရက်တော့ဘူး။ ခုနက ပြောသလိုပေါ့။ ကျွန်တော်တို့ တဲအပြင်မထွက်ကြတော့ ဟင်းအဖြစ် စားစရာ ဘာမှ တဲထဲမှာ မကျန်ကြတော့ဘူး။ ဒီတော့ ဟင်းစားရဖို့ ဘာလုပ် ရသလဲဆိုတော့ ကျွန်တော့်မှာရှိတဲ့ စစ်ကိဘက်ကို ဆန်ထည့်ထားပြီး အ၀ကို ဖွင့်ထားပေးလိုက်တယ်။ အဲဒီ ကိဘက် အိတ်ထဲက ဆန်ကို ကြွက်ဝမ်းဖြူတွေဝင်စားပြီဆိုတော့မှ ကပျာကယာပြေးသွားပြီး ကိဘက်အိမ်အ၀ကို ပိတ်လိုက်ရတယ်။ ပြီးတော့မှ ကိဘက်အိတ်ကို တဖုန်းဖုန်းရိုက်ပြီး ကြွက်ကိုသတ်ပြီး စားရတယ်။ ဟုတ်တာပေါ့၊ တတ်နိုင်ဘူးလေဗျာ။ ကိုယ်က ငတ်ပြီကိုး၊ အကုသိုလ်တော့ ဖြစ်တာပေါ့။ အဲဒီအကုသိုလ်ကလည်း မကြာခင်မှာ ကျွန်တော်တို့ကို လာရစ်နွယ်တော့တာပါပဲ။ ပထမဦးဆုံး ကိုထိန်ပေါ့။ တစ်ရက်ထမင်းစားပြီး ကိုထိန်က ပန်းကန် ထွက်ဆေးတယ်။ ကျွန်တော်တို့ ရှေ့တင်ပဲ ပန်းကန်ထွက်ဆေးတဲ့ ကိုထိန်ကို ဟေ့ဟောင် ထိန်လင်းလာဦးဆိုပြီး ပခုံးကကိုင်ပြီး ခေါ်သွားတာကို ကျွန်တော်တို့ တွေ့ရတယ်။ ညအထိ ပြန်မလာလို့ ငါတို့ကိုထိန်တော့ ငရဲခန်းထဲ ရောက်သွားရှာပြီလို့ သိလိုက်ရပါတယ်။ ကြုံလို့ပြောရဦးမယ်။ ကိုထွန်းအောင်ကျော်ရဲ့အစ်ကို ကိုချိုကြီးရဲ့ သတ္တိရှိပုံ လေးပေါ့။ တစ်ရက် တဖုန်းဖုန်း အသံကြားလို့ ထရံပေါက်က ချောင်းကြည့်လိုက်တော့ ကိုချိုကြီးကို မလှုပ်နိုင်အောင် ကြိုးတုတ်ပြီး ရိုက်စစ်တယ်။ ကိုချိုကြီးက လုံး၀၀န်မခံဘူး။ သူ့ကိုစစ်တဲ့သူတွေကို "မင်းတို့ သတ္တိရှိရင် ငါ့ကိုကြိုးဖြည်ပေးလိုက်စမ်း၊ မင်းတို့နဲ့ ငါနဲ့ချမယ်" ဆိုပြီး စိန်ခေါ်တယ်။ ဒါပေမဲ့ဗျာ ဘယ်ရမှာလည်း တစ် ကိုယ်လုံး မလှုပ်နိုင်အောင် ကြိုးချည်ထားပြီး ရိုက်တာဆိုတော့ နောက်ဆုံး မျော့သွားတော့တာပေါ့။ သူဟာ သတိမ လွှတ်မချင်း "မင်းတို့ သတ္တိရှိရင် ငါ့ကို ကြိုးဖြည်ပေးလိုက်စမ်း မင်းတို့နဲ့ ငါနဲ့ ချမယ်" ဆိုပြီး ပြန်စိန်ခေါ်သွားခဲ့တာ။ သူမေ့သွားတော့မှ ၀က်ထမ်းသလို လက်နဲ့ခြေထောက်ကြားထဲ ၀ါးလုံးနဲ့လျှိုထမ်းပြီး ခေါ်ထုတ်သွားတော့တာပေါ့…နောက်တော့ ကျွန်တော့်အလှည့်ရောက်ပြီပေါ့။ ကျွန်တော့်ကို တဲထဲကနေ လာဖမ်းခေါ်တယ်။ ကျွန်တော်ကတော့ အစောကြီးကတည်းက စဉ်းစားထားပြီးသားလေ ထောက်လှမ်းရေးဟုတ်သလားဆိုရင် ဟုတ်တယ်လို့ပြောဖို့ကို။ ဒီ တော့ ကျွန်တော့်ဖမ်းသွားပြီး ထောက်လှမ်းရေး ဟုတ်သလားဆိုတော့ ဟုတ်တယ်ပေါ့။ ဘာထောက်လှမ်းရေး တာဝန်ယူရတာလဲဆိုတော့ ကျွန်တော်က ဓာတ်ပုံထောက်လှမ်းရေးပါလို့ ဖြေလိုက်တယ်။ မင်းအထက်အရာရှိက ဘယ် သူလဲဆိုတော့ "ကိုအပ်စိုက်" ပေါ့။ အဲဒီလို ကိုအပ်စိုက်လို့ ဖြေရတာကလည်း အဲဒီအချိန် ကိုအပ်စိုက်သေပြီဆိုတာ ကျွန်တော်တို့က သိပြီးနေပြီလေ။ ဒီတော့ ဘာဖြစ်ဖြစ် ကိုအပ်စိုက်ပဲ ချရတော့တာပေါ့။ အဲဒီမှာ သူတို့က ထပ်မေး တယ်။ "မင်း ဓာတ်ပုံတွေရိုက်ပြီး ဘယ်လိုပြန်ပို့တာလဲ" ပေါ့။ ကျွန်တော်ပြောခဲ့ဖူးသားပဲ။ ဒါတွေမေးရင် ဒီလိုဖြေဖို့ စဉ်းစားထားပြီးသားပါလို့၊ "ဓာတ်ပုံတွေရိုက်ပြီးရင် ကိုအပ်စိုက်ကိုအပ်ရတယ်။ သူက ကျွန်တော့်အထက်အရာ ရှိဆိုတော့ သူခိုင်းတာပဲ ကျွန်တော်လုပ်ရတာပေါ့။ ဟုတ်တယ်လေ မယုံရင် ကိုအပ်စိုက်ကို သင်္ချိုင်းမှာ လိုက်မေး ပေါ့။ သူတို့ကလည်း သူတို့ စစ်သမျှတွေကို မရိုက်မနှက်ရသေးဘဲ ထောက်လှမ်းရေးပါလို့ ကြိုပြီးဝန်ခံနေကြတော့ အယုံအကြည်ရှိကြတော့ပုံ မပေါ်ဘူးဗျ။ ရိုက်တာပဲ။ ရိုက်နည်းကတော့ စုံသလားမမေးနဲ့ဗျာ။