Showing posts with label ကိုဇာနည်(၈၈). Show all posts
Showing posts with label ကိုဇာနည်(၈၈). Show all posts

Monday, September 3, 2012

၈၈မျိုးဆက်ကျောင်းသားများ(ပြည်ပ)၏ သဘောထားထုတ်ပြန်ကြေငြာချက်(၃/၂၀၁၂)






  • လက်ကျန်ပြည်ပ ၈၈၏်အဆိုကို လုံးဝကိုထောက်ခံပါတယ်။ နံမည်ကြီးခဲ့လို့ ခေါ်ယူတွေဆုံးခြင်းဆိုတာ လုပ်ခဲ့ကြတဲ့ နှစ်ဘက်လုံးက ပြစ်မူအမှားတွေကို သေဖေါ်ညှိတဲ့စကားနဲ့ နိုင်ယဉ်လို့ရပါတယ်။ လက်ရှိအခြေနေက သေဖေါ်ညှိတဲ့ အနေထားအဆင့်ပါဘဲ။ မိုးသီးဇွန်နဲ့ နိင်အောင်တို့ရဲ့ တလျှောက်လုံး လုပ်လာခဲ့တဲ့အမှားများကို ဂျိုထပ်တပ်ပေးတဲ့ ပုံစံပေါက်နေသလို ဒီပိုစ်မှာဆိုခဲ့သလို ကိုဋ္ဌေးနိုင်လုပ်ကြံခြင်းခံခဲ့ရသလို နိင်အောင်၏အောက်လက်ကိုနင်း အလုံးစုံပျက်သုံးရေလုပ် ရှိခဲ့ဘူးတဲ့ ဒေါက်တာဘွဲနဲ့ လူစွာတက်လုပ်တဲ့အလုပ်တွေကို မြန်မာပြည်ထဲဝင် ပြည်သူတွေကို ဒီနည်းလမ်းတွေနဲ့ ဒုက္ခပေးမှာကိုတော့ လုံးဝကန်ကွက်ရပါလိမ့်မယ်။မိုးသီးဇွန်နဲ့ နိင်အောင်လို ရက်စက်မူနဲ့ အထင်ကရနံမည်ကြီးသူကိုတောင် ဘလက်ခ်လစ် မပယ်ဖျက်ခင် လက်ခံတွေဆုံပြီး မြန်မာပြည်ဝင်ခါနီး နံမည်စားရင်းပယ်ဖျက်နိင်ရင် သူတို့လောက် မဆိုးတဲ့ အခြားသူတွေကို ဘယ်အတွက်ကြောင့် ကျန်ရှိနေရပါသလဲဆိုတာ မေးခွန်ထုတ်ရင်း နိင်အောင်နဲ့မိုးသီးဇွန်တို့ရဲ့ အကောက်ကြံမူလားဆိုတာ ထပ်မေးရပါလိမ့်မယ်ရှင်။
    · · 15 hours ago ·

    • You, Yadanar Sukhaing and 8 others like this.
    • 2 shares
      • Myint Myint Aye မာမီ ထားရေးတာမှန်ပါတယ်။သူခိုးသေဖေါ်ညှိုတယ်ပြောရင်တောင်ရသေးတယ်။သူတို့ပြန်ဝင်လာရဲတာကိုအံသြမီပါတယ်။
        15 hours ago · · 3
      • Thit Sar SHARE သွားပြီမာမီရေ
        14 hours ago ·


    • Lin Myat မိုးသီး နှင့် အောင်နီုင်...ဒီကိစ္စ အရင်ရှင်းပါ
      16 hours ago ·

Thursday, August 30, 2012

ကိုဇာနည်ပေးတဲ့သတင်း(ကိုနေဇော်မှတဆင့်)

Zar Ni
အခုဘဲ (မပ)ရဲဘော်တွေသတင်းပို့လာပါတယ်...။သတင်းစာရှင်းလင်ပွဲနေရာကိုရောက်နေကြပြီ..ခန်းမအ၀မှာ..ဗွီးနိုင်းတွေဝေပေးပြီး.....လိုအပ်ရင်...နိုင်အောင် တို့သတင်းစာရှင်းလင်းပွဲလုပ်မဲ့လေဆိပ်ကိုချီတက်ကြမယ်တဲ့...။ ။
22 minutes ago
2 · · ·
  • You and 6 others like this.
    • Chit Aung Hla Patrick မပ ဆိုတာက ဘာလည်းဗျ။ မိုးပေါ် လား မပုလား မြောင်းပုတ်လား မရှင်းလို့ ပါ
      2 hours ago ·
    • Nay Zaw မြောက်ပိုင်းကျောင်းသားတပ်မတော်ပါအကို...။အကို တကယ်မသိတာတော့ ဟုတ်လောက်ပါဘူး...
      2 hours ago ·
    • Chit Aung Hla Patrick အော် ခုမှရှင်းတယ် ကျေးဇူးပါညီရေ
      2 hours ago ·
    • Chit Aung Hla Patrick တကယ်မသိတာပါ အဖွဲ့ တွေများတာရယ် ကိုယ်သိပ်မလေ့ လာတဲ့ အဖွဲ့ ရယ်ဖြစ်နေလို့ ပါ။
      2 hours ago · · 1
    • Nay Zaw အကို ....ကော်မန့်တွေေ တ်ာတော်များများဖတ်ဖြစ်တယ်....အကို။ အကိုက တော်တော်နှံ့စပ်သူဆိုတော့ တကယ်မသိတာရော ဟုတ်ရဲ့လားလို့ ထင်မိတာပါ...။
      2 hours ago ·
    • Chit Aung Hla Patrick တကယ်ပါညီ။ ကိုယ်က နိုင်ငံရေး စီးပွားရေး နဲ့  လူမှု ဗရုပ်သုက္ခအရေးတွေလောက်သာ သိတာ။ ကျောင်းသားကိစ္စကျတော့  ဝေးသွားပီလေ။ ဒါကြောင့် ပါ
      2 hours ago · · 1
    • Nay Zaw ဟုတိ...အကို
      2 hours ago ·
    • ဘရာဇီး ငှက်ရိုး စစ်ကြောရေးမှာ ချီးကျွေးပြီး စစ်တာ ကြားဖူးလားဗျ...
    • Nay Zaw ဗ.က.ပ တွေတောင် သူတို့လောက် မမိုက်ရိုင်းခဲ့ပါူဘူး....အကိုရာ။
      about an hour ago · · 1

Monday, August 27, 2012

ဇာတ်သိမ်းခန်းကောင်းစေချင်တယ် ပြောရဲသူရဲ့  သမိုင်း

အကိုဆလိုင်းကိုကိုဦးဆိုတာ???

by Kyaw Gyi AB on Monday, August 27, 2012 at 4:37pm ·

Ko Ko Oo was one of the students leader of March and June student strikes at 1988,especially he was very active student leader of June strike. After June strike he formed NIDF with Ko Aung Thu(88 generation students leader) and other studen

ts leaders.The NIDF was as ABFSU's fighting committee at 8888 people revolution.After military took over he arrived Thay Baw Boe camp and he formed first named of ABSDF's committee as know as nine members committee(Ko KO Oo,U Yu Nge, Ko Hla Aung, Ko Zar Ni,Ko Myo Chit, Ko Phone Ko, Ko Than Lwin, Dr Myint Cho,and U Hla Myint than),he was chairperson of the first ABSDF committee at Thay Baw Boe camp around the end of September, 1988.At that time Thay Baw Boe comp was large of the students revolution camp on the Thai_Burma border.The ABSDF's named gave by Ko Hla Aung (Tutor of Philosophy Department of Rangoon University).Ko Ko oo and his comrades brought the ABSDF named to the first conference of ABSDF ,Wan kha(Kaw Moo Ra) and gave it in to the students revolution history of 1988.He was elected joint secretary at the ABSDF's first conference.

ကျေးဇူးတင်ပါတယ်(ကိုဇာနည်)

မြောက်ပိုင်း လူသတ်မှုမှာ ကျဆုံးသူရော/ အသက်ရှင်သူမှာအားလုံးကိုယ်စီရဲ့ သမိုင်း ရှင်းလင်းစွာပြောပြနိုင်ပါတယ်

တချိန် ပြောခွင့် ရပါလိမ့်မယ် လို့ မျှော်လင့်ရင်.......


· · · Share

  • You, Zar Ni, Cho Tu Zal and Zaw Min Oo like this.
  • 4 shares
    • Cho Tu Zal ရှယ်ပါတယ်
      about an hour ago · · 1
    • ဘရာဇီး ငှက်ရိုး အကိုဆလိုင်းကိုကိုဦးရဲ့ သဘောထားက ဟိုးးးးအစကတည်းက အခုအထိ မပြောင်းလဲပါဘူး... လွှတ်ဟေ့ ဆိုကတည်းက ဒီသဘောထား အတိုင်းပဲ အခုအချိန်ထိ ရပ်တည်နေပါတယ်... အေဘီကို မထိခိုက်စေချင်တဲ့ ဆန္ဒကလဲ မပကိစ္စ ပေါ်လာကာစက အတိုင်းပဲ...
      about an hour ago · · 2

Friday, July 13, 2012

"ကျနော်သိခဲ့တဲ့ ကိုထွန်းအောင်ကျော် (သို့) ၈၈ ရဲ့ ကိုဗဟိန်း"

by Kyaw Gyi AB on Sunday, February 19, 2012 at 4:41am ·


တံတားအောက်၌ မြစ်ရေတို့စီးဆင်းနေဆဲ ...
အနှစ် နှစ်ဆယ်ကျော် အချိန်ကာလတို့သည် အာရုံအမြင်တို့ကို ဝေး၀ါးစေခဲ့သည်။

တချို့တပိုင်းတစ ...
တချို့ဝိုးတ၀ါး ...
မည်သို့ပင်ဖြစ်စေ ...တခါက ပုံရိပ်တို့ကို ကျနော့်နှလုံးသားဖြင့် လိုက်လံ ဖမ်းဆုပ် စုစည်းကြည့်မိသည်။
မိမိ ရင်ခုန်သံကို မိမိပြန်လည် ခံစားလာရသည်။

ဆရာဒဂုံတာရာကတော့ သူ၏ ”ဒို့ခေတ်ကို ရောက်ရမည်မလွဲပါ ” စာအုပ် အမှာ၌ ”ကျနော် ရင်ခုန်သံကို ယုံကြည်သည်၊ ရင်ခုန်သံသည် ခံစားမှု အစစ်အမှန်ဖြစ်သည် ” ဟု ရေးသားခဲ့ဖူးသည်။ ကျနော်သည်လည်း ဤစာစုကို ...

(ခ)

တလောက အင်တာနက်စာမျက်နှာပေါ်မှာ သူ့ဓါတ်ပုံကို ပြန်တွေ့လိုက်ရသည်။ ပုံထဲတွင် သူက ဖီးလ်ဂျက်ကက်နှင့်.. အောက်ခံပြောက်ကျားအင်္ကျီဖြင့်၊ တောထဲတွင်ရိုက်ထားသည့်ပုံ ထင်သည်၊ သူ ကျောင်းသားတပ်မတော်မြောက်ပိုင်း ဥက္ကဋ္ဌဘ၀နှင့် ရိုက်ထားပုံ ဖြစ်မည်။ သို့သော် ပုံထဲ၌ သူ့အပြုံးက တောက်ပ၀င်းလက်ဆဲ ... ။

သူ့ကို ကျနော် စတွေ့တုန်းက ဤပုံမျိုး မဟုတ် ။ လည်ကတုံး အင်္ကျီအဖြူ ၊ ကချင်ပုဆိုးကွက်စိပ်နှင့်၊။ အပြုံးကတော့ အခုဓါတ်ပုံထဲကလိုပင် တောက်ပ၀င်းလက်လျှက် ...။

နေရာက ရန်ကုန် လမ်းမတော် ဆေးတက္ကသိုလ် (၁) စာသင်ခန်းမ တခုထဲမှာ၊ ကျနော်တို့ ရှေ့တည့်တည့်ရှိ ဘလက်ဘုတ်ပေါ်၌ မြေဖြူဖြင့်” ကြားဖြတ်အစိုးရ ညှိနှိုင်းဆွေးနွေးပွဲ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ” ဟုရေးထားပြီး အောက်က ရက်စွဲမှာ (၁၃.၉.၈၈)၊

ဘလက်ဘုတ်ရှေ့ ဆရာစင်မြင့်ပေါ်မှာ စီချထားသော ကုလားထိုင်ခုံများပေါ်၌ ဗိုလ်ရန်နိုင်၊ ဗိုလ်အောင်ကြီး၊ ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝမ်ကိုဟော(ချင်းအမျိုးသားခေါင်းဆောင်) တို့ထိုင်နေကြသည်။

ကျနော်တို့ကျောင်းသားတွေက ၎င်းတို့ရှေ့ရှိ စာသင်ခုံတွေမှာ အစီအရီ ထိုင်နေကြသည်။ ဦးစွာ ကျောင်းသားခေါင်းဆောင်တချို့ ၊ တယောက်တလှည့် ဆွေးနွေးကြသည်။(ဆွေးနွေးသည်ဆိုခြင်းထက် တင်ပြတိုက်တွန်းတောင်းဆိုသည် ဆိုက ပိုမှန်မည် ထင်သည်။)

ကျောင်းသားများဘက်မှ ကြားဖြတ် အစိုးရဖွဲ့စည်းရန် တင်ပြခဲ့ပြီးနောက် လူထုခေါင်းဆောင်များဘက်မှ ပြန်ပြောကြပါသည်။

ပထမဆုံး ၀န်ကြီးချုပ်ဟောင်းသခင်နု ပြောသည်။ သူက ”စက်တင်ဘာလ (၉ )ရက်နေ့က သူဖွဲ့စည်းခဲ့သော စင်ပြိုင်အစိုးရထဲတွင် အားလုံး ပူးပေါင်းပါဝင်ပြီး ကြားဖြတ်အစိုးရဖွဲ့စည်းရန် ” ပြောသည်။

ထို့နောက် ဗိုလ်အောင်ကြီးက ”အားလုံး မပါဝင် မတိုင်ပင်ဘဲ လုပ်လျှင် သူပါဝင်မည် မဟုတ်ကြောင်း ”ခပ်တိုတိုပဲ ပြောသည်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသည်။ ဒေါ်စုက ”ကျောင်းသားများ အစည်းအဝေး ဆို၍ သူလာခြင်းဖြစ်ကြောင်း၊ ဘာ အစည်းအဝေး ဟု ကြိုပြော မထားကြောင်း၊ ဒီရောက်မှ ကြားဖြတ်အစိုးရဖွဲ့စည်းရန်ဖြစ်နေကြောင်း၊ ဒီကိစ္စ၌ သူပါဝင်မည် မဟုတ်ကြောင်း” ပြောသွားခဲ့သည်။

ဦးတင်ဦးကတော့  ”ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခြင်းဖြင့် မိမိတို့၏ လိုရာပန်းတိုင်ကို ရနိုင်မည် ဟု ထင်ကြောင်း ” ပြောသည်။

ဦးဝမ်ကိုဟောကတော့ ဦးနုနှင့် တသဘောထဲ ပြောသည်။

နောက်ဆုံး၌ ဗိုလ်ရန်နိုင် ပြောပါသည်။ ၎င်းတို့အားလုံးတွင် ကျောင်းသားထုဆန္ဒ (အမှန်တော့ ကျောင်းသားထု ဆန္ဒ သက်သက်မဟုတ်ပါ ။ တတိုင်းပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အထွေထွေသပိတ်ကြီးနှင့် လူထုတရပ်လုံးက တညီတညွတ်တည်း ကြားဖြတ်အစိုးရကို တောင်းဆိုနေချိန်ဖြစ်ပါသည်။) နှင့် အကိုက်ညီဆုံး၊ အရိုးသားဆုံး ပြောသွားသူမှာ ရဲဘော်သုံးကျိပ်ဝင် နှင့်နယ်ချဲ့ဆန့်ကျင်ရေးခေတ် တကသ၊ ဗကသခေါင်းဆောင်ဟောင်း ကိုထွန်းရှိန် (ခေါ်) ဗိုလ်ရန်နိုင်ဖြစ်ပါသည်။

ဗိုလ်ရန်နိုင်က -”ကျောင်းသားများတင်ပြတောင်းဆိုသော ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို သူ့အနေဖြင့် အကြွင်းမဲ့ ထောက်ခံသဘောတူကြောင်း၊ ကြားဖြတ်အစိုးရဖွဲ့ခဲ့လျှင် သူ့ကို မည်သည့် တာဝန် ပေးပေး ၊ထမ်းဆောင်ရန် အသင့်ရှိကြောင်း၊ ဒီနေ့ကြားဖြတ်အစိုးရ ဖွဲ့ပြီးလျှင် နောက်တနေ့တွင် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း (၂၄၀) ကျော် အကူအညီရစေရမည် ”ဟု သူအာမခံကြောင်း” ပြောသွားပါသည်။

ထိုသို့လူထုခေါင်းဆောင်များ ပြောပြီးနောက်.. ကျောင်းသားများဘက်မှ တဖန်ပြန်လည်ဆွေးနွေးကြပါသည်။ ခန်းမ၏ ညာဘက်ခြမ်း အလယ်ခုံလောက်မှ အရပ် မနိမ့်မမြင့် ၊အသားဖြူဖြူ ၊ပိန်ပိန်ပါးပါး ၊ လည်ကတုံး အင်္ကျီဖြူ ၊ ကချင်ပုဆိုးနှင့် ကျောင်းသားခေါင်းဆောင်တစ်ဦး ထိုင်ခုံမှထ၍ ဆွေးနွေးပါသည်။ ပထမ၌ သူ့အသံကို မကြားတချက် ကြားတချက်၊။ နည်းနည်း အရှိန်ရလာတော့ သူ့အသံက ကြည်လင်ပြတ်သားလာပြီး အထစ်အငေါ့ မရှိ ။”ကြားဖြတ် အစိုးရ ဖွဲ့စည်းရန် အမြန်ဆုံး လိုအပ်နေပုံ၊ အချိန်သိပ်မရှိတော့၍ လူထုဘက်မှ လက်ဦးမှု ယူပြီးဖွဲ့စည်းနိုင်မှဖြစ်မည် ” ဟု ပြောသွားပါသည်။ သူပြောပုံက ထိုအချိန်က ပကတိ အခြေအ နေ အချက်အလက်များနှင့် အကိုက်ညီဆုံး စကားလုံးများ ဖြစ်နေသည်။ သူက ပြောနေရင်း ရှေ့စားပွဲခုံပေါ်၌ ချထားသော သူ့မှတ်စု စာအုပ်ကလေးကိုလည်း လက်ဖြင့်ထောက်ကာ ကြည့်ရင်း ပြောသွားပါသည်။ သူပြောပုံက အခြားကျောင်းသားခေါင်းဆောင်တွေ ပြောပုံနှင့် နည်းနည်း ကွာခြားနေသည်ဟု ကျနော်ခံစားမိသည်။ စိတ်လှုပ်ရှားမှု (Emotion) ဖြင့် ပြောခြင်းမျိုး မဟုတ်၊

သေသေချာချာ နေ့စွဲ အဖြစ်အပျက်များကို ရေးမှတ်ထားပြီး အချက်အလက်နှင့် ကိုးကား ပြောသွားသည်။ ထိုစဉ်က သူသည် မန္တလေး ဂျီတီအိုင် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ နှင့် မန္တလေး ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ အနေဖြင့် ပြောခြင်းဖြစ်သည်။

အထက်ဗမာပြည်မှ ကျောင်းသားခေါင်းဆောင်များအဖြစ် ကိုသန့်စင် နှင့် ကိုထွန်းအောင်ကျော် တို့နှစ်ယောက် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ဤကား သူနှင့် ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သလို သူ့ကို ပထမဆုံး သတိပြုမိခြင်းလည်း ဖြစ်ပါသည်။

(ဂ)

စစ်တပ်မှ အာဏာသိမ်းခံခဲ့ရပြီးနောက် ၁၉၈၈ နှစ်ကုန်ပိုင်းခန့်တွင် ဗဟန်းအုတ်လမ်းရှိ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးကျော်ငြိမ်းအိမ် ကားဂိုဒေါင်ထဲမှ အစည်းအဝေးများတွင် သူ့ကိုပြန်တွေ့ရသည်။ ကျနော်တို့သည် တချိန်က နာမည်ကျော်ပြည်ထဲရေးဝန်ကြီးဟောင်း၏ ကားဂိုဒေါင် မျက်နှာကျက် ထုတ်တန်း...သစ်သားတန်းများပေါ်ရှိ ၀ါကြန့်ကြန့် သတင်းစာဖိုင်တွဲများ၊ မှတ်တမ်းမှတ်စုများကို မျက်နှာကျက် မိုးသဖွယ် ပြုလုပ်ထားသော အောက်ရှိ ကြမ်းခင်းပေါ်၌ ၀ိုင်းဖွဲ့စုထိုင်ပြီး ၊ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေး၊ ဗကသနှင့် မကသ ပေါင်းစည်းရေး၊ ကျောင်းသားညီညွတ်ရေး နှင့် အထက်ဗမာပြည် အောက်ဗမာပြည် ကျောင်းသားလှုပ်ရှားမှုများ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရေး... စသည့် ကျောင်းသားသမဂ္ဂလှုပ်ရှားမှုကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

တနေ့ အစည်းအဝေးတွင် သူ အတန်ငယ်နောက်ကျမှ ရောက်လာပြီး ကျနော့်နံဘေးတွင် ၀င်ထိုင်လိုက်သည်။ ကျနော့်ကို သူ ပြုံးပြနှုတ်ဆက်ရင်း ကျနော့်ရှေ့ကြမ်းပြင်ပေါ်တွင်ချထားသော သခင်ဗဟိန်း၏ “ ဓနရှင်လောက” ဆိုသော စာအုပ်ကို ဖျက်ကနဲ ကောက်ယူပြီး၊ ချက်ချင်းပင် မှောက်လျှက်အနေထေား ပြန်ချထားလိုက်သည်။ ပြီးတော့ ဘာမှ မဖြစ်သလို လက်ကို မေးစေ့ထောက်ကာ၊ဆွေးနွေးပွဲကို အရှိန်မပျက် ဆက်နားထောင်နေသည်။ တချက်တချက် သူလည်း ၀င်ဆွေးနွေးသည်။

အစည်းအဝေးပြီးတော့ ကျနော့်နောက်မှ သူလိုက်လာပြီး ပခုံးကို လက်ဖြင့်ပုတ်ကာ “ ဒီလို အစည်းအဝေးမျိုးတွေကို အဲဒီလို စာအုပ်မျိုးတွေ ယူမလာစေချင်ဘူး ရဲဘော်ရာ” ဟု ကျနော့်အတွက် စိုးရိမ်သော လေသံဖြင့် သတိပေးလိုက်သည်။

ကျနော်ကလည်း ဘာရယ်တော့ မဟုတ်ပါ။လက်မှာကိုင်ထားသော သခင်ဗဟိန်း၏ စာအုပ်ထဲတွင် သခင်သန်းထွန်း၏ အင်မတန် လှပသော အမှာစာပါသည်။ ထိုအမှာရေးဖွဲ့ပုံကို ကျနော် တော်တော်သဘောတွေ့နေမိ၍ ထပ်ကာထပ်ကာ ဖတ်မိခြင်းဖြစ်ပြီး အခြားအကြောင်းမရှိပါ။

သို့သော် ထိုစဉ်က သူ စိုးရိမ်သလို ..ဗကသ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုကို ဗကပ ယူဂျီလုပ်ငန်းနှင့် ဆက်စပ်လျက် ဖြိုခွင်းရန် ကြံစည်နေချိန်၊ သန့်ရှင်းဖြူစင်သော ကျောင်းသားလှုပ်ရှားမှုကို မစင်တပဲသား ခပ်ရန် ကြံစည်နေချိန် မဟုတ်ပါလား။
(အတွေးအခေါ်အရ နလပိန်းတုံးများသည် လုပ်ကြံမှု အရာ၌ ပါရဂူမြောက်လှပေသည်။)

အဲဒီနောက် သူနှင့်ကျနော် ခင်မင်သွားသည်။ သူ့ရုပ်ရည်က လူတဖက်သားကို ခင်မင်နှစ်လိုဖွယ်ကောင်းအောင် စွမ်းဆောင်နိုင်စွမ်း ရှိသည်ဟု ကျနော်ထင်သည်။

တခါတရံ လူ့ဘောင်သစ် ၀ါးရုံပင် စခန်းရုံးတွင် လည်းကောင်း၊ တခါတရံ ဦးကျော်ငြိမ်း ကားဂိုဒေါင်ထဲမှာ လည်းကောင်း၊ သူနှင့် ဖြတ်ကနဲ..ဖြတ်ကနဲ ဆုံဖြစ်ခဲ့ကြပါသည်။

သူ့ပုံက ဖြူဖြူသန့်သန့် ၊ ရုပ်ချောချော ၊ ကျနော်တို့ ၈၈ မျိုးဆက် ခေတ်ပြိုင် ကျောင်းသား ခေါင်းဆောင်များထဲတွင် သူ့လို ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင် ခပ်ရှားရှား ဟု ပြော၍ရမည်လား မသိ။

သူ့ကို ကျနော်တွေ့တိုင်း နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးခေတ်က ကျနော်တို့ကြည်ညိုလေးစားခဲ့ရသော ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းကို ကျနော့်စိတ်ထဲ သွားသွား သတိရနေမိသည်။ သူကလည်း မန္တလေးသား မဟုတ်လား။

ဒီလိုနဲ့ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ဆုံးတော့ ကျနော်တို့တတွေ အစည်းအဝေးလုပ်ပြီး ၊ လူထုဈာပန ကော်မတီ ဖွဲ့ခဲ့ကြသည်။ ထိုကော်မတီဖွဲ့ရန် အကြံပေးသူကား မှိုင်းရာပြည့်အရေးအခင်းကျောင်းသားခေါင်းဆောင် ကိုမြမှိုင်း ခေါ် ကိုမြ၀င်းဖြစ်သည်။

၎င်းကော်မတီတွင် သူသည် မင်းကိုနိုင်၊ ကိုကိုကြီး၊ စသူတို့နှင့်အတူ အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင် အဖြစ် ရှေ့တန်းမှာ ပါဝင်ခဲ့သည်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည့်ဈာပန တင်ဆောင်ထားသော ယာဉ်တန်းရှေ့တွင် သူသည် မင်းကိုနိုင် အပါအ၀င် အခြားကျောင်းသားခေါင်းဆောင်များနှင့် လက်ချင်းတွဲချိတ်ကာ အံကိုကြိတ်လျက် ကမ္ဘာမကြေဘူးသီချင်းကို သံပြိုင် သီဆိုရင်း၊ ဈာပန လိုက်ပါ ပို့ဆောင်ခဲ့ကြပုံကို ခုအချိန်အထိ ကျနော့်မျက်စိထဲက မထွက်။

ထိုစဉ်ကကျောင်းသားခေါင်းဆောင် အားလုံးလိုလို မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ကြရသည်။ ကန်တော်မင် ပန်းခြံသို့ ဈာပနယာဉ် ရောက်သောအခါ စစ်ရုံးချုပ်ဘက် ကုန်းမြင့်ပေါ်မှ မောင်းပြန်သေနတ်များဖြင့် ချိန်ရွယ်ထားသော စစ်သားများရှေ့တွင် မင်းကိုနိုင်နှင့် မင်းဇေယျာတို့ အပြိုင် တရားဟောလျက် ဒေါ်ခင်ကြည့်ဈာပနကို အောင်မြင်စွာအဆုံးသတ်ခဲ့ကြသည်။

ဈာပနပြီး နောက်နေ့တွင် ဖြစ်မည်ထင်သည် ။ သူနှင့်ကျနော် ရန်ကင်း စာတိုက်မှတ်တိုင်နားက ဂန္ဓမာလ္ဘက်ရည်ဆိုင်လေးမှာ တွေ့ဖြစ်ခဲ့ကြသည်။ ဗကသ ဒုဥက္ကဋ္ဌ ကိုကိုကြီး(ကေကျု့) နှင့် ကိုမြ၀င်းတို့လည်းပါသည်။ ထို့နောက် ကျနော်တို့ကို သူ ”မန္တလေးပြန်တော့မည်” ဟုပြောပြီး နှုတ်ဆက်ရင်း လူစုခွဲကြသည်။ သူ့ကို ကားမှတ်တိုင်အထိ ကျနော်လိုက်ပို့ခဲ့သည်။ ကားလမ်းဖြတ်အကူး သူက ဘေးဘီကိုကြည့်ကာ လေသံဖြင့် “ကျနော်တောထဲကို သွားတော့မယ်”ဟု ပြောခဲ့သည်။ ”ဘယ်ဘက်လဲ ” ဟု ကျနော်မေးတော့ “မြောက်ပိုင်း ကချင်ဘက်လေ၊ မန္တလေးက ကျနော်တို့လူတွေ ရောက်နှင့်နေပြီ” ဟု သူပြောခဲ့သည်။ မကြာခင် (၃၆) ဘတ်စ်ကားဆိုက်လာ၍ ကားပေါ်သို့ သူ တိုးဝှေ့တက်သွားသည်။ သူ လိုက်ပါသွားသော ဒုတိယ ကမ္ဘာစစ် လက်ကျန် ဘတ်စကားအိုကြီးကို ငေးကြည့်ရင်း ကျနော်ကျန်ရစ်ခဲ့ပါသည်။ ဤကား သူနှင့် နောက်ဆုံး တွေ့ဆုံခြင်းဖြစ်ပါသည်။ ထို့နောက် သူနှင့် မတွေ့ဖြစ်တော့ပါ၊ သူ့အသံ ဘာမှ မကြားရတော့ ...။

(ဃ)

ကျနော် အဖမ်းမခံရခင် တလလောက်အလို မေလထဲတွင် ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်၏ သတင်းစာရှင်းလင်းပွဲ ထွက်လာသည်။ အေဘီမြောက်ပိုင်း အချုပ်ခန်းထဲမှာ ထွက်ပြေး လွတ်မြောက်လာသော ကျောင်းသားအချို့၏ သတင်းစာရှင်းလင်းပွဲ၊

ကျနော် သတင်းစာလည်း ဖတ်ဖြစ်သည်၊ တီဗွီဖန်သားပြင်၌လည်း ကြည့်ဖြစ်သည်၊ ထိုကျောင်းသားတွေ မျက်နှာပေါ်တွင် မလွှဲမရှောင်သာ လုပ်ခဲ့ရသောသူများ၏ မျက်နှာအသွင်အပြင်ကို အထင်းသားတွေ့မြင်နေရသည်။

ထိုသူတို့၏ပြောဆိုချက်အရ ကိုထွန်းအောင်ကျော်ကို လပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ပြီး ”စစ်အစိုးရ သူလျှိုဟု စွပ်စွဲလျက် ” ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ကြသည်။ ကျနော့်နားနှင့်မျက်စိကိုပင် ကျနော် မယုံနိုင်စရာအဖြစ်၊။

ဟုတ်ပါသည်။ သူသည် သာမန်ညောင်ည ကျောင်းသားခေါင်းဆောင်မဟုတ်ပါ။ တခေတ်မှာ တခါ၊ တခါမှာ တယောက် ဆိုသလို ကျောင်းသားခေါင်းဆောင် စစ်စစ်၊ အင်မတန်တော်သော ထက်မြက်သော ကျောင်းသား ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ သူ့ကို မြင်တွေ့ဖူး၊ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသူ မှန်သမျှ ၊ သူ့မှာရှိသော အရည်အချင်းများကို သိကြရပါသည်။

ဤကဲ့သို့ လူမျိုးကို တောထဲ၌ ”စစ်ထောက်လှမ်းရေးသူလျှို”ဟု စွပ်စွဲ သတ်ဖြတ်ခဲ့ကြသည်။ လုံးဝ မယုံကြည်နိုင်စရာ၊။ ကျနော်တို့ခေတ် ကျောင်းသား လှုပ်ရှားမှုသမိုင်းတွင် လုံးဝလက်မခံနိုင်စရာ အဖြစ်ပျက်ဆိုးကြီး ဖြစ်ပါသည်။ ဤအဖြစ်အပျက်ဆိုးကြီးကို ကျနော်တို့အားလုံး ဘယ်လို ဖျောက်ဖျက်ပစ်နိုင်မည်နည်း၊ ဘယ်လိုမေ့ပျောက်ပစ်နိုင်မည်နည်း၊

ကျနော့်အတွေးထဲ၌ သူ့ကို သတ်ပစ်တာ ဘယ်သူတွေလဲ၊ အဲဒီသူတွေနဲ့တစ်ဂိုဏ်းတည်း ပူးပေါင်း ပါဝင် ပတ်သက်နေတာ ဘယ်သူတွေလဲ ဆိုတာ သမိုင်းသက်သေအဖြစ် သိချင်သည်။ သူသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် စစ်စစ်ဖြစ်သည်။ အကယ်၍ ခုချိန်ထိ သူသာ အသက်ရှင်လျက်ရှိနေဦးမည်ဆိုလျှင် သူသည် ကျနော်တို့၏ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ၊ ဋ္ဌေးကြွယ် စသူတို့နှင့်အတူ တတန်းတည်း ရှိနေမည့် ကျောင်းသားခေါင်းဆောင်ဟု ကျနော်ယုံကြည်ပါသည်။ ခုတော့ သူ မရှိတော့ပြီ ...။ တောထဲ၌ တရားလက်လွတ် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် အသတ်ခံခဲ့ရသည်။ သေချာတာ တစ်ခုတော့ရှိပါသည်။

သူ့ကို အခုလို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူများသည် ” ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် စစ်စစ်တဦးကို ကျောင်းသားခေါင်းဆောင်ဟု မသိ၍ သော်လည်းကောင်း၊ ဂိုဏ်းဂဏစိတ်ထားနှင့် အာဏာလုပွဲကြောင့်သော်လည်းကောင်း၊ “ဖြစ်မည်။
မည်သို့ ပင်ဖြစ်စေ ..ဤလူသတ်သမားတစုနှင့် အပေါင်းအပါများသည် ကျနော်တို့အားလုံး ဘ၀ပေါင်းများစွာ အထွဋ်အမြတ်ထား စတေးပူဇော်ခဲ့ရသော ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီ တော်လှန်ရေး၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းနှင့် နည်းနည်းမှ မအပ်စပ် မပတ်သက်သော၊ ဤအရေးတော်ပုံကြီး၌ ထဲထဲဝင်ဝင် မပါဝင်ခဲ့ဘူးသော၊ဤအရေးတော်ပုံကြီးကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုသော၊ ရန်သူ စစ်အာဏာရှင်တို့နှင့် အတွေးအခေါ် နှင့် လုပ်ဟန် တထပ်တည်းကျနေသော၊ ဖောက်ပြန်ရေးသမား၊ လူယုတ်မာ အချောင်သမား၊ သူလျှို ဒလံ ကြေးစား ၊ လူသတ်သမားများသာ ဖြစ်ပေလိမ့်မည်။

(င)

ကျနော်သည် စာဖတ်ခန်းထဲက စားပွဲပေါ်ရှိ ကွန်ပျူတာ မှန်သားမျက်နှာပြင်ရှေ့ အမှောင်ထဲတွင် တယောက်တည်းထိုင်ရင်း အင်တာနက်စာမျက်နှာပေါ်မှ သူ့ပုံကို ငေးမောကြည့်နေမိသည်။
ဓါတ်ပုံထဲမှ သူ့အပြုံးက တောက်ပ၀င်းလက်ဆဲ။ လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်ကလည်း ဒီအပြုံးမျိုးပင်၊။ နောက်လဲ ဆက်လက်တောက်ပ ၀င်းလက်နေဦးမည်ဟု ကျနော်ယုံကြည်သည်။ ကျနော့်မျက်ဝန်းအစုံတို့ရီဝေလာသည်။ မျက်တောင်ကို ပုတ်ခတ်၍ ထိန်းလိုက် သော်လည်း မရတော့ ...။

သူ့ပုံကို ငေးစိုက်ကြည့်နေရင်း တစ်ခါတုန်းက သူနဲ့တွေ့တိုင်း ကျနော့်စိတ်ထဲ၌ ဖြစ်ပေါ်သော အတွေးမျိုးကို ပြန်ခံစားမိသည်။

သူပြောပုံဆိုပုံ ကိုယ်ဟန်အနေအထားနှင့် အပြုံးတို့သည် တခါက ကျနော်တို့ ကြည်ညိုလေးစားခဲ့ရသော လွတ်လပ်ရေးတိုက်ပွဲခေတ် ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနှင့် တော်တော်တူသည်ဟု ခံစားမိသည်။ ကိုဗဟိန်းကလည်း မန္တလေးသား၊ သူကလည်း မန္တလေးသား။ ကိုဗဟိန်းက ထောင့်သုံးရာပြည့်အရေးတော်ပုံကြီးတွင် ဗကသ ခေါင်းဆောင်အနေဖြင့် “မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်” ဟု ရဲရဲတောက် မိန့်ခွန်းချွေခဲ့သည် ...။

သူကလည်း ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ဗကသ ကျောင်းသားခေါင်းဆောင်တဦး အနေဖြင့် ”သမိုင်းဝင်ကြားဖြတ်အစိုးရဖွဲ့စည်းရေး ” အဆိုကို ရဲရဲရင့်ရင့် တင်ပြခဲ့သည်။

ကိုဗဟိန်းက ဖြူဖြူနုနု ကျောင်းသားခေါင်းဆောင် ဘ၀မှ ဖက်ဆစ်တော်လှန်ရေး၌ ဖြူးချောင်းဖျား၊ ပဲခူးရိုးမ တောထဲတွင် ကာဘိုင်သေနတ်လွယ်လျက် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။

သူကလည်း ဖြူဖြူသန့်သန့် ကျောင်းသားခေါင်းဆောင်ဘ၀မှ တရုပ်မြန်မာနယ်စပ် ပါချောင်ဒေသ၌ ကျောင်းသားတပ်မတော်မြောက်ပိုင်း၏ ဥက္ကဋ္ဌ အဖြစ် စစ်အာဏာရှင်တို့ကို ဆန့်ကျင်တော်လှန်ရန် ကြိုးစားခဲ့သူ..။

ကိုထွန်းအောင်ကျော်က စာပေလေ့လာမှုအခံ အားကောင်းသည်ကိုတော့ ကျနော်သိခဲ့သည်။ သို့သော် သူ ဂီတ ၀ါသနာပါခဲ့မှန်း မသိခဲ့။ နောက်ဆုံး ကိုထိန်လင်းရေးသောစာကိုဖတ်ပြီး ကိုထွန်းအောင်ကျော်သည် ခေတ်ပေါ် ဂီတအနုပညာကိုလည်း ဂီတသင်္ကေတနုတ်ဖြင့် စနစ်တကျ လေ့လာတတ်မြောက် တီးခတ်တတ်သူတဦးဖြစ်ကြောင်း သိခဲ့ရပြီး ၊ ”ကိုဗဟိန်းနှင့် တော်တော်တူတဲ့သူပဲ ” ဟု အတည်ပြုခဲ့မိသည်။

ကိုဗဟိန်းကလည်း ဂီတ၀ါသနာထုံသူ မဟုတ်ပါလား။ ထို့ကြောင့်လည်း ကိုဗဟိန်းသည် ထိုစဉ်က ကိုဋ္ဌေးမြိုင် (ဆရာကြီးဒဂုံတာရာ) နှင့် အရင်းနှီးဆုံးသူ ဖြစ်ခဲ့သည်။ ဆရာတာရာက သူ့ကို ကဗျာနှင့် တင်စား၍ ရုပ်ပုံလွှာ ဖွဲ့ခဲ့ဖူးသည်။

အခု ကိုထွန်းအောင်ကျော်ကလည်း ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင် ၊ ဂီတ ၀ါသနာပါသူ၊

သို့သော် သူတို့နှစ်ဦး သေဆုံးပုံချင်းတော့ ကွာခြားနေသည်။ ကိုဗဟိန်း က နှလုံးရောဂါဖြင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသခံနေရင်း ဖဆပလ နှင့်ကွန်မြူနစ်ပါတီအကွဲ၌ စိတ်ထိခိုက်ပြီး ဆုံးပါးသွားခဲ့ရသည်။ ကိုဗဟိန်း၏ ဈာပနကို တူတံဇဉ် အလံအုပ်လျက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သွားရောက်ဂါရ၀ပြုခဲ့သည်။

ကိုထွန်းအောင်ကျော် ကတော့ တရုပ်ပြည်နယ်စပ် တောထဲမှာ သူလျှိုဟု မတရားစွပ်စွဲ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။ ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။ (ဒေါင်းအလံပင် အုပ်ခွင့်မရခဲ့။)သူသေဆုံးပုံကို မင်းကိုနိုင် အပါအ၀င် သူ့ရဲဘော် ကျောင်းသားခေါင်းဆောင်များ သိရှိနိုင်ခွင့်ပင် မရခဲ့ပါ။

ကိုဗဟိန်းက ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင်၊ ဖက်ဆစ်တော်လှန်ရေးသမား၊ စာပေဂီတမြတ်နိုးသူ ...၊

ကိုထွန်းအောင်ကျော်ကလည်း ရုပ်ချောချော ကျောင်းသားခေါင်းဆောင်၊တော်လှန်ရေးသမား၊ စာပေဂီတ မြတ်နိုးသူ ...၊

ကျနော့်အတွေးစိတ်အာရုံထဲမှာ ကိုထွန်းအောင်ကျော် အသတ်မခံရမီ နောက်ဆုံးသီဆိုသွားခဲ့သော ယုဇနပင် နဲ့ ဖဲကြိုးဝါ သီချင်းလေးကို မှန်းဆ ခံစားကြည့်နေရင်း ... တနေ့နေ့ တချိန်ချိန်၌ ရတနာ ဘုမ္မိ နယ်မြေ မန်းတက္ကသိုလ်ကြီး၏ သမဂ္ဂမြက်ခင်းပြင်ရှေ့တွင် ... ကျဆုံးသွားလေသူ ကိုထွန်းအောင်ကျော်၏ ပုံတူကြေးရုပ် သွန်းထုလျက် ၊ ကိုထွန်းအောင်ကျော်ကို ချစ်ခင်လေးစားကြသော ကျနော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ရဲဘော်အားလုံး၏ နှလုံးသားများကို ဖဲကြိုးဝါများသဖွယ် ချည်နှောင် ဂုဏ်ပြုကြရမည့်နေ့ကို ရောက်ရမည် မလွဲဟု ကျနော် ယုံကြည်နေမိပါသည်။ ။

(စ)

ကိုထွန်းအောင်ကျော် ...
ရဲဘော်ရေ..။
မြေနဲ့ကောင်းကင် မြင်နေသမျှ
ရင်ခုန်နုသစ် သမုဒယမြစ်တစင်း
လှပစွာ စီးဆင်းရစ်နေဦးမယ် ...
ယုံတယ် ... ။

လေးစားလျှက် ...

ဇာနည် (၈၈,ဗကသ)

ဇန်န၀ါရီ ၁၂၊ ၂၀၁၂ (ကြာသပတေးနေ့)

ကျွန်တော်သိခဲ့သော ကိုထွန်းအောင်ကျော် စာစု မှ

Ko Htun Aung Kyaw

Ko Htun Aung Kyaw

Ko Htun Aung Kyaw

Ko Htun Aung Kyaw

Ko Htun Aung Kyaw

Ko Htun Aung Kyaw

Ko Htun Aung Kyaw
· · Share

ကိုထွန်းအောင်ကျော် ကျဆုံးခြင်း အနှစ် နှစ်ဆယ်ပြည့် အမှတ်တရ

ရဲဘော်များ သူငယ်ချင်းများခင်ဗျား ...

အမိမြေ အဝေးတနေရာကိုရောက်နေကြတဲ့ ကျနော်တို့တွေအားလုံး သတင်းစာမျက်နှာများပေါ်မှာ ပြည်တွင်းက ကျနော်တို့တွေ လေးစားချစ်ခင်ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ တချိန်က ရဲဘော်ရဲဘက် ညီအကို သူငယ်ချင်းတချို့ အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာကြပုံ၊ သူတို့ကို မိဘပြည်သူတွေကထိုက်ထိုက်တန်တန် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြပုံတွေကို ရင်သက်ရှုမော ကြည့်ကြရင်း ပီတိမျက်ရည်တွေ ကျခဲ့ရပါသည်။ ဒီလိုမြင်ကွင်းမျိုးတွေကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလက ကျနော်တို့တွေ လုံးဝ မျှော်လင့်မထားခဲ့ကြပါဘူး။ အဲဒီလို ပြည်တွင်းက ကျနော်တို့ရဲ့ခေါင်းဆောင်တွေ ညီအစ်ကို သူငယ်ချင်းတွေအတွက် ၀မ်းသာပီတိ ဖြစ်ခဲ့ရတာနှင့် တပြိုင်တည်း ကျနော်တို့ရင်ထဲမှာ ဒီအနှစ် ၂၀ ကျော်ကာလ အတွင်း လမ်းမတွေပေါ်မှာ၊ အကျဉ်းထောင်တွေထဲမှာ၊ တောတွေတောင်တွေထဲမှာ ပြည်သူ့ဘ၀ လွတ်မြောက်ရေးအတွက် ဘ၀ပေါင်းများစွာ အသက်ပေါင်းများစွာ စွန့်လွှတ်စတေးခဲ့ ကြသူတွေကိုပါ တပြိုင်နက် သတိရတမ်းတ မိခဲ့ကြရပါသည်။ ဒီမြင်ကွင်းတွေဟာ ကျနော်တို့ရဲ့ကျဆုံးသွားသော ရဲဘော်များ၏ အသက်သွေးတွေနဲ့ ရယူခဲ့ရတဲ့ သမိုင်းစာမျက်နှာ တွေ အခန်းကဏ္ဍတွေ အသီးအပွင့်တွေဆိုတာကို ကျဆုံးခဲ့သောရဲဘော်များအားလုံး သိစေ မြင်စေ တွေ့စေချင်တဲ့ ဆန္ဒနဲ့အတူ ၀မ်းနည်းမှုကို ပါ ခံစားခဲ့ကြရပါသည်။

အဲဒီလိုခံစားခဲ့ရပြီး တချိန်က၊ အခုလွတ်မြောက်လာကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ လက်တွဲ တိုက်ပွဲ ၀င်ခဲ့ပြီး မြန်မာပြည်မြောက်ပိုင်းတစ်နေရာမှာ လူမသိ သူမသိ မတရား ညှဉ်းပန်းနှိပ်ဆက် သတ်ဖြတ်ခံခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုထွန်းအောင်ကျော်ကို သတိရမိပြီး သူ့ရဲ့ ရုပ်ပုံလွှာ တပိုင်းတစကို ကျနော် ခံစားရေးခဲ့မိပါသည်။ ကျနော်တို့တွေအတွက် ၀မ်းနည်းစရာ အကောင်းဆုံးကတော့ ဒီအနှစ်နှစ်ဆယ်ကျော် တိုက်ပွဲကာလမှာ တချိန်က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးကို သတ်ဖြတ်ခဲ့သူတွေ၊ သတ်ရာမှာ အလိုတူအလိုပါ တကြိတ်တည်း တကြံတည်း တာဝန်ရှိသူတွေဟာ အခုပြည်တွင်းက အပြောင်းအလဲတွေနဲ့ ဒီမိုကရေစီ ဆွမ်းကြီးလောင်းပွဲတော်ကြီးကို ခါတော်မီ ၀င်ရောက်ဆင်နွှဲကြဖို့ ခြေလှမ်းတွေ ပြင်ဆင်နေကြတာကို တွေ့နေရပါတယ်။

တကယ်တော့ ဒီလူသတ်သမားတွေနဲ့ အပေါင်းအပါတစုဟာ နယ်စပ်ဒေသမှာ အနှစ် ၂၀ လုံးလုံး၊ လူတွင်ကျယ်တွေအဖြစ်နဲ့ ကျနော်တို့လေးစားချစ်ခင်တဲ့ ကျဆုံးရဲဘော်တွေရဲ့ ၀ိဥာဉ်တွေပေါ် တက်နင်းပြီး၊ ရဲဘော်တွေရဲ့ အသက်သွေးတွေနဲ့ ရင်းနှီးရယူခဲ့တဲ့ အသီးအပွင့်တွေကို ခိုးယူယစ်မူးစားသုံးနေကြသူတွေ ဖြစ်ပါတယ်။ ဒီလို ဂုဏ်ရောင်ပြောင်လှတဲ့ သမိုင်းစာမျက်နှာ ပေါ်မှာ အဲဒီ လူသတ်သမား လူယုတ်မာ ဇာတ်ပျက်လောက်ကောင်တွေကို ကျနော်တို့ လုံးဝနေရာမပေးနိုင်ပါ။ ဒီကြီးကျယ်မြင့်မြတ်လှတဲ့ တော်လှန်ရေး အသီးအပွင့်တွေနဲ့ ၎င်းတို့ဟာ လုံးဝ မထိုက်တန်သူတွေ ဖြစ်ပါတယ်။ ဒီဇာတ်ပျက် လောက်ကောင် လူယုတ်မာ အချောင်သမားတွေကို သန့်စင်ဖယ်ရှားရေးဟာ ကျန်ရစ်ခဲ့တဲ့ ကျနော်တို့ ရဲဘော်အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ရိုးသားစွာ ရင်ဖွင့်လိုက်ပါရစေ။

“ဗောဓိသတ္တတွေလို စွန့်လွှတ်အနစ်နာ ခံခဲ့ကြတဲ့ တိုက်ပွဲဝင် သူရဲကောင်းတွေကို ဦးညွှတ် ဂုဏ်ပြုကြ။”
“၀ဿကာရ လိုဇာတ်ပျက် လူယုတ်မာ ၊ လူသတ်သမားလောက်ကောင်တွေကို ၀ိုင်းဝန်းဆန့်ကျင် ဖယ်ရှားကြ။”

လေးစားလျှက်.......
ဇာနည် (၈၈ ဗကသ)
PH....(801) 859 8835

------------------------------------------------------------
အောက်မှာ ဇာနည် ( ၈၈ ဗကသ ) သိသော ကိုထွန်းအောင်ကျော်အကြောင်း PDF ဖိုင်ဖြင့် တင်ပေးထားသည် ဖတ်ကြည့်ခြင်းဖြင့် ခံစားကြည့်ကြပါခင်ဗျာ.......
( ခွပ်ဒေါင်းအော်သံ )

ကျနော်သိခဲ့တဲ့ ကိုထွန်းအောင်ကျော်
http://www.scribd.com/doc/78457674/%E1%8...
Scribd is the world's largest social reading and publishing

ကျနော်သိခဲ့တဲ့ ကိုထွန်းအောင်ကျော်
www.scribd.com

ရော့ကီးတောင်တန်းများပေါ်မှ မြန်မာပြည် မြောက်ပိုင်းသို့ မျှော်ကြည့်ခြင်း

"ရော့ကီး တောင်တန်းများပေါ်မှ မြန်မာပြည် မြောက်ပိုင်းသို့ မျှော်ကြည့်ခြင်း"
ဇာနည်(၈၈ မျိုးဆက်ကျောင်းသား၊ ပြည်ပ) april 5,2012

(က)

ကျနော်တို့ချစ်လှစွာသော လင်းယုန်ကြီးရဲ့̏ မြစ်ဧရာပေါ်ဝယ်̋ ထဲမှာ.. ”နိုင်ငံရေးလုပ်တယ်ဆိုတာ ဗောဓိသတ္တတွေရဲ့ အလုပ်ဖြစ်တယ် ...̋ တဲ့။

နာဇီဖက်ဆစ်တော်လှန်ရေးသမား ဂျူးလိယက်ဖူးချစ် ရဲ့ ”ကြိုးစင်ပေါ်က မှတ်တမ်းများ”ထဲမှာ ̏ သင်တို့ကို ကျွနု်ပ် မမုန်းပါ၊ သင်တို့ဟာ သနားစရာ သတ္တ၀ါတွေ ဖြစ်တယ် ...̋ တဲ့။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် က အသတ်ခံရဆဲဆဲမှာ ̏ ...မှားမယ်နော် ̋ တဲ့။

ဒီစကားလုံးတွေဟာ ကျနော်တို့အတွက် သမိုင်းဝင် စကားလုံးတွေ ဖြစ်လာမှာပါ၊ ဒီစကားလုံးတွေကို ကျနော်တို့ရဲ့ နှလုံးသားထဲမှာ ထာဝရ သိမ်းထုပ်ထားလိုက်ပါ့မယ်။

(ခ)

၈၈ မျိုးဆက်ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ပြန်ပြောကြတဲ့ အခါတိုင်း ဆရာမောင်ခိုင်မာရဲ့ ကဗျာလေးတပိုဒ်ကို သွားသတိရမိတယ်။

̏ မောင်လေးအောင်၊ မောင်ယဉ်မွန်ဆိုတာ
ဆိုလာ ချွေးနံ့ပျောက်ဆေးလို
မွှေးသလား ကိုကိုရယ် ...̋
တဲ့။

Dr. နိုင်အောင်နဲ့ ခင်ရွှေလိုင်ရဲ့ စာတွေကိုဖတ်ကြည့်ရင်း အဲဒီကဗျာပိုဒ်ကလေးကို သွားပြီး သတိရမိပြန်တယ်။

(ဂ)

၈၈ ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ပြောတဲ့ အခါ ...နှစ်ပိုင်း ခွဲပြောမှ ပို၍ပြည့်စုံမည်ဟု ယူဆမိတယ်။ တပိုင်းက ငွေစက္ကူနှစ်ခါပြန်သိမ်းတဲ့ ကိစ္စက အစ ၊ ၁၉၈၈ မတ်လ၊ ဇွန်လ ဇူလိုင်လ ကနေ ရှစ်လေးလုံး နေ့အထိ ကျောင်းသားလှုပ်ရှားမှု သမိုင်းနဲ့...
နောက်တပိုင်းက ရှစ်လေးလုံး လူထုအုံကြွမှုကြီး ပေါ်ပေါက်ပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။



ဒုတိယ အပိုင်းကို အများစု သိပြီးဖြစ်ပေမယ့် ..ရှစ်လေးလုံးမတိုင်မီ ကျောင်းသားလှုပ်ရှားမှု သမိုင်းကတော့ အဲဒီတုန်းက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ)၊ ရန်ကုန်စက်မှု တက္ကသိုလ်၊ ဒေသကောလိပ် (၁)၊ (၂)၊ (၃) အင်းစိန် G.T.I နှင့် ရန်ကုန်မြို့ပေါ်က အထက ကျောင်းတချို့က ကျောင်းသားတွေပဲ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ပါလိမ့်မယ်။

အဲဒီတုန်းက ကျောင်းသားလူငယ်တွေဟာ မဆလ အမှောင်ခေတ်ကြီးကို တွန်းလှန်ဖယ်ရှားဘို့ ဘယ်လောက် ရင်းနှီးကြိုးပမ်းဆောင်ရွက်ခဲ့ရသလဲ ဆိုတဲ့ အခန်းဆက် ဇာတ်ဝင်ခန်းတွေ အများအပြားရှိခဲ့ပါတယ်။





ဒါပေမယ့် ..အဲဒီအချိန်က သမိုင်းဖြတ်သန်းမှုတွေကို နယ်မြို့လေး တမြို့မှာရောက်နေတဲ့ ဆရာဝန် ပေါက်စတယောက်နဲ့ ရှစ်လေးလုံး ဖြစ်ပြီး နောက်မှ သပိတ်စခန်းထဲရောက်လာတဲ့ မိန်းကလေးတယောက်က သိရှိခဲ့ဟန် မတူပါဘူး။ ဒါကြောင့်လည်း ဒီလို အဖြစ်အပျက်တွေ ဖြစ်ခဲ့တာ.. ဒီလို စကားလုံးတွေ ကြားနေရတာဖြစ်ပါတယ်။

တခါက မြို့တော် မောင်ယဉ်အောင်ရဲ့ စကားလုံးနဲ့ပြောရရင် .. ̏ ပြန်ပြောကာ သစ်ရရင်ဖြင့်၊ တရံရောအခါက အဖြစ် ̋ လို့ပဲ မှတ်ယူလိုက်ပါတော့။

(ဃ)

̏ ဒီလောက် နှင်းတွေ သိပ်သိပ်သည်းသည်း ကျနေရင်..
ပဲစေ့လေးတွေ အစို့ထွက်နိုင်ပါအုံးမလား̋

(ဗားတော့ဗရက်)

၁၉၉၄ ခုနှစ် ဇွန်လ (၂၅) ရက်နေ့မှာ အင်းစိန်ထောင်ကနေ မြင်းခြံထောင်ကို ပြောင်းပို့ခံရတုန်းက အချုပ်ခန်း ရထားတွဲထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီက ယူဂျီ တာဝန်ခံ တဦးဖြစ်သူ ကိုကျော်မြနဲ့ ဆုံခဲ့ဖူးတယ်။ အဲဒီတုန်းက ကျနော့်ရင်ထဲမှာ ကာလများစွာ တအုံနွေးနွေးဖြစ်ခဲ့ရတဲ့ (၁၉၆၄) ခုနှစ်ဝန်းကျင်လောက်က ဘီစီပီ (မြန်မာပြည် ကွန်မြူနစ်ပါတီ)ရဲ့ ဖြုတ်-ထုတ်-သတ် ကိစ္စနဲ့ ပတ်သက်ပြီး၊သူနဲ့ ဆွေးနွေးခဲ့ဖူးတယ်။ သူက ကျနော့်ကို ကျေကျေလည်လည် ပြန်ဖြေရှင်းခဲ့ပါတယ်။



သူ (ကိုကျော်မြ) က.. ̏ ပါတီရဲ့ တတိယအကြိမ် ကွန်ဂရက်မှာ အတွင်းရေးမှူးရဲ့ အစီရင်ခံစာကို ကျနော် proof ဖတ်ပေးခဲ့ရတယ်။ အဲဒီ အစီရင်ခံစာထဲမှာ (၆၄) လမ်းစဉ်နဲ့ပတ်သက်လို့..
(၁) ပါတီရဲ့ လုပ်ရပ်မှားယွင်းခဲ့တယ်။
(၂) အဲဒီတုန်းက အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေ အားလုံးကို မူလ အဆင့်နေရာတွေအတိုင်း ပါတီသမိုင်းမှာ ပြန်လည်မှတ်တမ်းတင်ပေးခဲ့တယ်။
(၃) ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ၀န်ချတောင်းပန်ခဲ့တယ်။


ကိုကျော်မြရဲ့ အဖြေ စကားကြားရတာ ကျနော့်စိတ်ထဲမှာ ရှင်းသွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ (အယူဝါဒကို ကြိုက်ခြင်း ၊ မကြိုက်ခြင်း၊ လက်ခံခြင်း ၊ လက်မခံခြင်း အပထား) ဘီစီပီ ဆိုတာ ကျနော်တို့လေးစားကြည်ညိုတဲ့ အဲဒီခေတ်က ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ခဲ့တဲ့ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့တွေက စတင်ဖွဲ့စည်းခဲ့ပြီး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး နဲ့ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲတွေမှာ အဓိကနေရာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ သမိုင်းဝင် အဖွဲ့အစည်းကြီးဖြစ်လို့ ပါ။

ကျနော်တို့တွေ သမိုင်းကို တန်ဘိုးထားပါတယ်။ အစဉ်အလာကို လေးစားပါတယ်။ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို အသိအမှတ်ပြု ကြပါတယ်။ ဘီစီပီ ရဲ့ သမိုင်းကို ကျနော်တို့ သင်ခန်းစာ ယူတတ်ဖို့ လိုပါတယ်။

အခုလည်း ကျနော်တို့တွေ အေဘီ(မြောက်ပိုင်း) ကိစ္စကို ပြောဆိုဆွေးနွေး နေကြတာကလည်း (မကဒတ) ကို လေးစားတန်ဘိုးထားကြလို့ပါ။ မည်သည့် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်း မဆို မူဝါဒ လုပ်ငန်းစဉ်၊ ဦးတည်ချက် ရည်ရွယ်ချက်ဆိုတာ ရှိရပါတယ်။ အဲဒီမူဝါဒ လုပ်ငန်းစဉ်တွေကို အခြေခံ ကိုင်စွဲပြီး ဦးဆောင်မှုဆိုတဲ့ လူတွေရဲ့ အခန်းကဏ္ဍ ရှိပါတယ်။ ကျနော်တို့ဟာ အဖွဲ့အစည်းရဲ့မူနဲ့ ဦးဆောင်ခဲ့တဲ့ လူတွေကို ခွဲခြားပိုင်းဖြတ်တတ်ဖို့ လိုပါတယ်။ မူတွေ ဘယ်လောက်ကောင်းကောင်း ဦးဆောင်တဲ့လူတွေ ညံ့ဖျင်းရင် အမှားတွေ၊ ဆုံးရှုံး နစ်နာမှုတွေနဲ့ ကြုံတွေ့ရမှာ မလွဲပါဘူး။



မကဒတ ဟာ စတင်ဖွဲ့စည်းစဉ်က နယ်စပ်ဒေသ တလျှောက်မှာ အင်အား (၂၀၀၀၀) ကျော်ရှိခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ မကဒတ ရဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်တွေဟာ ဘာမှ ပြောစရာမရှိပါဘူး။ အင်မတန် မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ပေါက်ဖွားလာခဲ့တာပါ။

သို့သော်လည်း ဦးဆောင်မှုမှာရှိခဲ့တဲ့ ခေါင်းဆောင်ဆိုသူ တချို့ရဲ့ လုပ်ဟန် အမှားတွေကြောင့် ဒီလိုအခြေနေမျိုးကို ဆိုက်ရောက်ခဲ့ ရတာပါ။ အဲဒီလို မကဒတ ကို ဆုံးရှုံးနစ်နာအောင် လုပ်ခဲ့တဲ့ ခေါင်းဆောင် တချို့ကပဲ မြောက်ပိုင်းမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြပြန်တယ်။

̏ တော်လှန်တဲ့ သဘောတရားမရှိရင်၊ တော်လှန်တဲ့ လှုပ်ရှားမှု မရှိနိုင် ̋.. တဲ့။ သဘောတရားကင်းမဲ့တဲ့ ဦးဆောင်သူ တချို့ကြောင့် အခုလို နစ်နာမှုတွေနဲ့ ကြုံတွေ့  ဖြတ်သန်းခဲ့ရတာပါ။


ကျနော်တို့ဟာ အဖွဲ့အစည်းကို တန်ဘိုးထားတယ်ဆိုရင်.. လွဲမှားတဲ့ခေါင်းဆောင်မှုတွေကို ဝေဖန်နိုင်ရမယ်။ ဖေါ်ထုတ် ဆန့်ကျင်နိုင်ရပါလိမ့်မယ်။ အဖွဲ့အစည်းနဲ့လူကို ခွဲခြားရှုမြင်ပြီး အဖွဲ့အစည်းကို ကာကွယ်၊ လူတွေကို သန့်စင် ဖယ်ရှား၊ တော်လှန်ရေး အကျိုးစီးပွားကို ထိန်းသိမ်းရမှာပါ။

အခုကိစ္စမှာလည်း ကျနော်တို့ ပြောဆိုဆွေးနွေးနေကြတဲ့ အဓိက အချက်က ဖမ်းဆီးညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခံရသူတွေနဲ့ ထွက်ပြေးလွတ်မြောက် ခဲ့ကြသူတွေထဲမှာ သူလျှို(ရန်သူ့လူ) တွေ ပါခြင်း ၊မပါခြင်းတွေက အဓိက မကျပါဘူး။





၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့ ဦးစိန် အပါအ၀င် ကျောင်းသားရဲဘော်တွေကို အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်း ဆိုတဲ့ သမိုင်းအဖြစ်အပျက်ကို အမှန်တရားဘက်က ရပ်တည်ပြီး ပြောဆိုဆွေးနွေးနေကြခြင်းဖြစ်တယ်။

မိမိနဲ့ ရန်သူဟာ အတွေးအခေါ်ရော.. လုပ်ဟန်ပါ.. ဆန့်ကျင်ဘက်တွေပါ။ ရန် -ငါ -စည်း ဆိုတာ၊ရန်သူက သူ့အလုပ် သူလုပ်တာဖြစ်ပြီး၊ (ငါ) က ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ ဖြစ်တယ်။

ရန်သူက တန်ပြန်တော်လှန်ရေးနဲ့ သပ်လျှို ဖြိုခွဲခြင်းဆိုတာ သူ့ဘက်က အလုပ်ဖြစ်ပြီး၊ တော်လှန်ရေးအဖွဲ့အစည်း အနေနဲ့လည်း မိမိတို့ဘက်မှာရှိတဲ့ မူတွေနဲ့ အညီ ၊တစုံလုံးနဲ့ ရေရှည်အကျိုးစီးပွားပေါ်မှာ အခြေခံပြီး၊ တန်ပြန်တော်လှန်ရေးပြဿနာတွေ ဖြေရှင်းနိုင်ဘို့လိုပါတယ်။


အခုကိစ္စက အဲဒီတုန်းက ခေါင်းဆောင်လုပ်ခဲ့သူတွေဟာ အဖွဲ့အစည်းမှာရှိတဲ့ မူဝါဒ လုပ်ငန်းစဉ်တွေ ၊ရည်ရွယ်ချက် ဦးတည်ချက်တွေနဲ့ ကျော်လွန် ဆန့်ကျင်ပြီး ဆုံးဖြတ်လုပ်ဆောင်ခဲ့ခြင်းပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့်မို့ အဖွဲ့အစည်းရဲ့ သမိုင်းနဲ့ ဂုဏ်သိက္ခာနဲ့ မသက်ဆိုင်ဘဲ ၊ ညံ့ဖျင်းတဲ့ ခေါင်းဆောင်တချို့(လူ) နဲ့ပဲ သက်ဆိုင်တယ် ဆိုတာ ရှင်းပါတယ်။

ဒါပေမယ့်.. သာမန်အဖွဲ့အစည်း၊ သာမန်ဖြစ်ရပ်၊ သာမန် အမှားအယွင်းတခု မဟုတ်ဘူး ဆိုတာတော့ သတိပြုဖို့လိုလိမ့်မယ်။ ဒီကိစ္စဟာ အမျိုးသားရေးနဲ့ ကျောင်းသားလှုပ်ရှားမှု သမိုင်း တခုလုံးနဲ့ ပါ သက်ဆိုင်နေတယ်။ ကမ္ဘာမှာ မြန်မာဟေ့ လို့ ၀င့်ကြွားခဲ့ရတဲ့ ယဉ်ကျေးတဲ့ လူ့ အဖွဲ့အစည်း နဲ့၊ ကျောင်းသားလူငယ် ပညာတတ်တွေရဲ့ ကြီးမားတဲ့ ကိုယ်ကျိုးစွန့်လွှတ်မှုတွေနဲ့ သန့်စင်မွန်မြတ်တဲ့ ကျောင်းသား လှုပ်ရှားမှု သမိုင်းကို ဂုဏ်သရေ ညှိုးနွမ်း ထိခိုက် စွန်းထေးစေခဲ့ပါတယ်။

ဒီလောက် ဆိုးဆိုးရွားရွား နစ်နာခဲ့ရတဲ့ အမှားကြီးကို ပါဝင်ပတ်သက်ခဲ့သူတွေဟာ အမှားကို အမှားလို့ မမြင်ရင် နောက်တဆင့်တက်ပြီး ”အဲဒီအမှားကြီးကို အမှန်ပါ”လို့ ယခုတိုင် ဆုပ်ကိုင်ပြောဆိုနေဆဲ ဆိုရင်တော့.. ပြဿနာ အကြီးအကျယ် ရှိလာလိမ့်မယ်။

အဲဒီတုန်းက ပါဝင်ပတ်သက်ခဲ့သူတွေဟာ ခုအချိန်ထိ- (၁) မှားခဲ့တယ်လို့ ၀န်ခံခြင်း၊ (၂) ကိုထွန်းအောင်ကျော်အပါအ၀င် အားလုံးဟာ သူလျှိုတွေ မဟုတ်ဘူး။ ကျောင်းသားရဲဘော်တွေဖြစ်တယ်လို့ အသိအမှတ်ပြုခြင်း၊ (၃) သက်ဆိုင်သူတွေအားလုံးကို ၀န်ချတောင်ပန်ခြင်း တွေကို ရှင်းရှင်းလင်းလင်း တိတိကျကျ လုပ်ဖို့ လိုပါတယ်။


ဒါပေမယ့် ကိုနိုင်အောင်နဲ့ မခင်ရွှေလှိုင်တို့ရဲ့ရေးသားချက်တွေကို လေ့လာကြည့်တဲ့အခါ ..ကိုနိုင်အောင်က ”တောင်းပန်ပါတယ်”လို့ ဆိုခဲ့ပေမယ့် ၊ တပြိုင်တည်းမှာ ”အဲဒီတုန်းက အသတ်ခံခဲ့ရသူတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားကြသူတွေထဲမှာ ရန်သူ့သူလျှိုတွေ ပါဝင်ပတ်သက်နေတယ်။ အခုထိလည်း အဲဒီလူတွေဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားနေဆဲဖြစ်တယ်။ ဒီသူလျှိုတွေကြောင့်ဒီလိုဖြစ်ခဲ့ရတာပါ ” လို့ ပြောခဲ့၊ ပြောနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ရဲ့စာဟာ အမှားကို သိမြင်ပြီး အတိအလင်း ၀န်ချတောင်းပန်ခြင်းလို့ ကျနော်တို့ မသတ်မှတ်နိုင်ပါ။
အမှားကို အမှားဟု မမြင်ဘဲ ၊ အမှားကို အမှန်တပိုင်းဖြင့် ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်နေတာ တွေ့ရတယ်။


မခင်ရွှေလှိုင်ရဲ့စာတွေဟာလည်း ဒီသဘော အတိုင်းပဲ တွေ့နေရတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က အကြောင်းအရာ အဖြစ်အပျက်တွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့သူတွေ ပြန်ပြောပြတဲ့ အချက်အလက် တချို့ ကွဲလွဲမှုအပေါ် အကျအန ကောက်ပြီး တစချင်း ဆွဲထုတ်ယူကာ အဓိက ရည်ရွယ်ချက်ကနေ သွေဖည် ရှုပ်ထွေးသွားအောင် ရေးသားချက်တွေပဲ ဖတ်ခဲ့ရတယ်။

ဆရာဇော်ဂျီ ရဲ့ ရသစာပေ အဖွင့်ထဲမှာ..”အတွေးရှင်းရင် အရေးရှင်းတယ်၊ အတွေးရှုပ်ရင် အရေးရှုပ်တယ် ”လို့ ရေးသားခဲ့ဖူးတယ်။

အစကတည်းကိုက ခင်ရွှေလှိုင်အနေနဲ့ ဒီအဖြစ်အပျက်ပေါ်မှာ ရှုမြင်သုံးသပ်ပုံနဲ့ ရပ်တည်ချက်ေ၀၀ါးထွေပြားနေတာပဲ ဖြစ်ပါတယ်။

တကယ်တော့ ကျနော်တို့အနေနဲ့ ရန်သူ့လူ(သူလျှို) ပါခြင်း၊မပါခြင်းကို အချိန်ကုန်ခံ ဆွေးနွေးငြင်းခုန်စရာ အကြောင်းမရှိပါ။ လှီးလွှဲ ထွက်ပေါက်ရှာ ကိုယ်လွတ်ရုန်း စကားလုံးများ စိတ်မ၀င်စားပါ။

အမှားကြီးကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်ခဲ့သူတွေနဲ့ အားပေးထောက်ခံခဲ့သူတွေကို ချီးမြှောက်နေစရာ မလိုအပ်ပါ။

လိပ်ပြာသန့်စွာနဲ့ အမှားကို အမှားလို့ ရှုမြင်သုံးသပ် ဝေဖန်မှုကိုပဲ လိုအပ်ပါတယ်။ သို့မှသာ အများပြည်သူတွေရဲ့ အမြင်မှာ တော်လှန်ရေးအဖွဲ့အစည်း(မကဒတ) နဲ့ညံ့ဖျင်းသောခေါင်းဆောင်မှု(လူ) တွေကို ခွဲခြားသိမြင်နိုင်ပြီး အဖွဲ့အစည်းသမိုင်းနဲ့ ဂုဏ်သိက္ခာကို ပြန်လည် ထိန်းသိမ်း ရှင်သန်စေနိုင်မှာပါ။

ဒါပေမယ့် တာဝန်ရှိသူ ၊ တာဝန်ခံခဲ့သူတွေဟာ ခေါင်းဆောင် မပီသစွာ ကိုယ်လွတ်ရုန်း ထွက်ပေါက်ရှာနေသရွေ့တော့ အဖွဲ့အစည်းပေါ်မှာ ငြိစွန်းထိခိုက်နေမှာ မလွဲပါဘူး။

သမိုင်းနဲ့အမှန်တရားကို မျက်စိစုံမှိတ် ငြင်းဆန်နေတတ်တဲ့ ခေါင်းမာ ဂိုဏ်းသားတွေဟာ သမိုင်းရဲ့ ဒဏ်ခတ်ခြင်းကို ခံရတတ် စမြဲပါ။ သမိုင်းရဲ့ဒဏ်ခတ်ခြင်းကို ခံရသူတွေဟာ သမိုင်းအမှိုက်ခြင်းထဲကို လုံးခြေ လွှင့်ပစ်ခံရပြီး၊ သားစဉ်မြေးဆက် ဆိုးဝါးစွာ ဘ၀နိဂုံးချုပ် ရမှာ မလွဲပါ။


(င)





ဒီ မြောက်ပိုင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေ၊ တာဝန်ခံခဲ့သူတွေ နဲ့ ပါဝင်ပတ်သက်ခဲ့သူတွေဖြစ်တဲ့ နိုင်အောင်က အစ အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်း၊ လှဋ္ဌေး၊ ကျော်ကျော်၊ သန်းဇော် တို့အလယ် ခင်ရွှေလှိုင် အဆုံး..
အားလုံးကို တခါတုန်းက ဆရာပါ (ဆရာကြီး ပါရဂူ) ပြောပြခဲ့ဖူးတဲ့ ဂရိ ပုံဝတ္ထုလေး တခုကို လက်ဆောင် ပါးလိုက်ပါရစေ။

တခါက ဂရိ ဒဿနပညာရှင်ကြီးတဦးဟာ လူ့လောက လူ့အဖွဲ့အစည်းအတွက် တန်ဘိုးရှိတဲ့ သီအိုရီ တခုကို စဉ်းစားအဖြေထုတ် ရေးသားနေတုန်းမှာ ၊ အနီးအနားက ခလေးငယ် တယောက်ဟာ အမှုမဲ့ အမှတ်မဲ့ ခလုတ်တိုက်မိပြီး၊ စားပွဲပေါ်က မင်အိုးကို မှောက်သွားစေခဲ့တယ်။ ဒဿန ပညာရှင်ကြီး အပတ်တကုတ် စဉ်းစား အဖြေထုတ်ထားတဲ့ စာရွက်ဟာ လုံးဝ ပြန်ဖတ်လို့မရအောင် စွန်းထေး ပေကျံသွားခဲ့ပါတယ်။ အဲဒီအခါမှာ ဒဿနပညာရှင်ကြီးက ကလေးငယ်ကို ပြောခဲ့တဲ့ စကားကတော့ ...

̏ ခလေးရယ် ... မင်းလုပ်ခဲ့တဲ့ အပြုအမူအတွက် ဘယ်လောက် ဆုံးရှုံးနစ်နာခဲ့ရလဲဆိုတာကို မင်းကိုယ်တိုင်မှ သိပါရဲ့လား ... ̋ တဲ့။


သမိုင်းမှန် ပေါ်ပေါက်ရေးသို့ ဦးတည်လျှက် ...

ဇာနည်
၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ပ)

Ph:(801) 859 8835
Email: zarniabfsu@gmail.com