Showing posts with label မခင်စန်းနွယ်. Show all posts
Showing posts with label မခင်စန်းနွယ်. Show all posts

Tuesday, July 31, 2012

တစ္ဆေကြီး သုံးကောင်ပါ တဲ့ ဇာတ်လမ်း/အတိတ်မှအရိပ်များ - ၉,၁၀,၁၁

တစ္ဆေကြီး သုံးကောင်ပါ တဲ့ ဇာတ်လမ်း

by Kyaw Gyi AB on Friday, March 23, 2012 at 1:33pm ·
အတိတ်မှ အရိပ်များ (၉)
Images from the Past - Khin San Ngwe

ဧပြီလ ၂၃ ရက်နေ့မှာ ကျမကို ရဲသတင်းတပ်ဖွဲ့က ကားနဲ့ လာခေါ်ပါတယ်။ အင်းစိန်ထောင်ဗူးဝ ရောက်တော့ အရှေ့ဘက်မှာရှိတဲ့ တိုက်ပုကလေးတွေနေရာမှာ ကျမကို ထားခဲ့ပါတယ်။ မနက် ၁၀ နာရီလောက်မှာ အချုပ်ကားကြီး ထွက်လာတာ တွေ့ရတယ်။ လူတွေ ဆင်းလာပြီး အနောက်ပေါက်ကနေ တရားရုံးထဲကို သွင်းလာတာ တွေ့ရတယ်။ တအုပ်စုက ၇ ယောက်၊ တအုပ်စုက ၈ ယောက် ပါ။ ကိုဇာနည်အဒေါ်နဲ့ အမကလည်း သူ့သမီးနဲ့အတူ ထမင်းချိုင့်လေးနဲ့လာပြီး စောင့်နေရှာပါတယ်။ မကြာမီမှာ ကျမတို့အပြင်ကစောင့်နေတဲ့ မိသားစုတွေကို ၀င်ခွင့်ပြုပါတယ်။ ဒါနဲ့ ကျမတို့ အထဲကို ၀င်ပြီး ခုံတန်းပေါ်မှာ ထိုင်လိုက်ကြတယ်။ ကိုဇာနည်တို့အုပ်စုကို တရားခံနေရာမှာ ထိုင်ခိုင်းတာ တွေ့ရတယ်။ ကျမ ကိုဇာနည်ကို ကြည့်လိုက်တော့ အရမ်းအံ့သြမိတယ်။ ကိုဇာနည်က နှာတံပေါ်ပေါ်၊ မဟာနဖူးနဲ့ မျက်ခုံးကတန်းတန်း၊ မျက်နှာကတော့ လေးထောင့်မကျတကျ သွယ်သွယ်လေး ပါ။ ၀တ်လိုက်ရင်လည်း စတစ်ကော်လံ လည်ကတုံးနဲ့ ကချင်ပုဆိုးနဲ့ အင်မတန် ကျက်သရေရှိပြီး ရုပ်ရှင်မင်းသား လင်းထင်နဲ့ ဆင်တူပါတယ်။ ဒီလိုလူတယောက်ကို ဘယ်လောက်ထိ နှိပ်စက်ထားသလဲဆိုရင် မျက်နှာကြီးက နံပြားလို ဖြစ်နေပြီး အဖုအပိမ့်တွေနဲ့လည်း ဖြစ်နေတဲ့အပြင် ကိုယ်ကြီးက ကိုင်းနေကာ မျက်စေ့ကလည်း ဘာကိုမှ မမြင်သလို ဖြစ်နေတယ်။ ဖွဲအိတ်ကြီးတခု ထောင်ထားသလို ဖြစ်နေတယ်။ ခါးဆစ်ပိုင်း ရိုက်နှက်ထားလို့လဲ လမ်းလျှောက်တာာ တွဲလာတာ တွေ့ရပါတယ်။ သူ့ပုံစံ ကြည့်ရတာ တော်တော် နှိပ်စက်ခံထားရတယ်ဆိုတာ ထင်ရှားနေပါတယ်။ ကျမကြည့်ရင်း မျက်ရည်လည်မိပါတယ်။ ကျမစိတ်တင်းပြီး သူ့အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မကြာခင်မှာပဲ တရားစစ်ဆေးဘို့ စတော့မှာဖြစ်လို့ တရားသူကြီး ၀င်လာပါတယ်။ ရုံးကတော့ အထူးခုံရုံးဆိုတာ သိထားပါတယ်။ ကိုဇာနည်ဘက်က ရှေ့နေက ဦးခင်မောင်လတ် တို့သားအဖ ပါ၊ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့သားမက် ပါ။ ဒီလိုနဲ့ သက်သေနှစ်ဦး စစ်ပြီးသွားတော့ ကျမအလှည့် ရောက်ပါတယ်။ ကျမကို ရဲ သတင်းတပ်ဖွဲ့ (SB) ကိုမြင့်အေးက မေးခွန်းမေးပါတယ်။ “ကာဘိုင်တလက်သုံးထောင်နဲ့ ငါးလက်အတွက် တသောင်းခွဲကို ဦးနုက ပိုက်ဆံပေးတယ်။ ကိုဇာနည်က ၀ယ်ဖို့ တာဝန်ယူတယ်။ ဒီအချိန်မှာ ခင်ဗျားအနားမှာ ရှိတယ်။ အဲဒါကို မြင်တယ် သိတယ် မဟုတ်လား” လို့ မေးပါတယ်။ ကျမက “မဟုတ်ပါဘူး။ ကြည်း၊ ရေ၊ လေအဖွဲ့တွေ ပြည်သူဖက်ကိုပါလာလို့ ကိုဇာနည်ကို ရိက္ခာဝယ်ဖို့ ပေးတာပါ” လို့ ထွက်ဆိုလိုက်ပါတယ်။ တရားခွင် ခဏနားတော့ ကိုမြင့်အေးက ကျမဆီလာပြီး စားပွဲခုံကို လက်သီးနဲ့ထုကာ “ခင်ဗျား လိမ်ထွက်ပေမယ့် ကျုပ်က သူ့ကို လွှတ်မပေးဘူး၊ ထောင်ချမယ်။ အဲဒီကောင်ကို ထမင်းမကျွေး နဲ့ ထောင်ထဲ ပြန်ပို့လိုက်” လို့ ပြောပါတယ်။ ခင်ဗျားလည်း သတိကောင်းကောင်းထားလို့ ကြိမ်း မောင်းပြီး ကျမကို ပြန်ခိုင်းလိုက်ပါတယ်။ ကိုဇာနည်ကို ထောင်ဒဏ် (၃) နှစ် ချလိုက်ကြောင်း သိ ရတယ်။ ကိုဇာနည်ဟာထောင်ထဲမှာ လုံးဝ လမ်းမလျှောက်နိုင်ဘဲ ပက်လက်နေခဲ့ရရှာပါတယ်။ ထောင်ဆေးရုံမှာ ၀မ်းတွေသွားတော့ ကိုယ်တိုင်လည်း မလုပ်နိုင်၊ လုပ်ပေးမယ့်သူလည်းမရှိနဲ့ ဆင်းရဲတွင်းနက်နေရပါတယ်။ ၁၉၉၀ခုနှစ်မှာ ထောင်ဆူတော့ ကိုဇာနည် ပါဝင် ပတ်သက်တယ်ဆိုပြီး သာယာဝတီထောင်ကို ပို့လိုက်တယ်။ သာယာဝတီထောင်မှာ ခြောက်လလောက်ကြာတော့ ကိုဇာနည်ဟာ လေဖြတ်သလိုဖြစ်ပြီး စကားလည်း လုံးဝ မပြောနိုင်တော့ဘူး။ သာယာဝတီဆေးရုံကို တင်လိုက်တယ်။ ဆရာဝန်က ဒီမှာကုသဖို့ အခြေအနေမပေးဘူး ဆိုပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ဘို့ မှတ်ချက်ပေးတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပြောင်းပေးလိုက်ပါတယ်။ ထောက်လှမ်းရေးက ကိုဇာနည်ကို ရန်ကုန်ဆေးရုံကြီးကနေ အိမ်ပြန်ခွင့်ပြုလိုက်တာကြောင့် အမေ အဖေနဲ့ သမားတော်တွေအပြင် မြန်မာဆေးဆရာတွေနဲ့ပါ ဂရုစိုက်ပြီး ကုသလို့ အသက်မသေပဲရှိနေပေမယ့် အခုချိန်အထိ လမ်းမလျှောက်နိုင်ပါဘူး။ ခါးဆစ်ရိုးနဲ့ အာရုံကြော ထိခိုက်သွားတယ်လို့ သိရတယ်။ သူ့ကို ထောက်လှမ်းရေးက အမြဲတမ်း စောင့်ကြည့်နေပါတယ်။ ကိုဇာနည်ရဲ့ အတွေးအခေါ်တွေ၊ ဒဿနတွေဟာ သိပ်ပြီးကောင်းတာကြောင့် တိုင်းပြည်အတွက် အကျိုးများလှပါတယ်။ သူ့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အလွန်ပင် လေးစားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်မှ လွတ်မြောက်လာတော့ ပထမဆုံး တွေ့ချင်သူတွေထဲမှာ ကိုဇာနည်လည်း ပါဝင်ခဲ့ပါတယ်။ သူ့ကို လူနာတင်ကဒ်နဲ့ တင်ခေါ်ပြီး တက္ကသိုလ်ရိပ်သာလမ်းထဲကျမှ ဘီးတပ်ကုလားထိုင် (Wheel Chair) ပေါ် ထိုင်ခိုင်းရပါတယ်။ ထိုင်ရင်လည်း သားရေအမာကြီးကို ရင်ဘတ်နဲ့ကျောမှာ ကပ်ချည်ထားမှ ထိုင်လို့ ရပါတယ်။ ကျမတို့ ထောင်ထဲမှာရှိစဉ်ကလည်း ကိုဇာနည်က လွတ်ပြီး ၁၉၉၂ မှာ ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် မစ္စတာ ယိုကိုတာက ကိုဇာနည်ကို တွေ့ချင်ကြောင်း မေးမြန်းလို့ ထောင်လှမ်းရေး ၆ က ကိုဇာနည်ဆီလာပြီး ကဒ်နဲ့ချည် ဖမ်းဆီးခေါ်သွားပါတယ်။ ယိုကိုတာ သိသွားပြီး မတွေ့တော့ပါဘူး၊ ပြန်ပါတော့မယ်လို့ ပြောတော့မှ ၁၄ ရက်မြောက်နေ့မှာ ပြန် ပို့ပေးခဲ့ပါတယ်။ ကိုဇာနည့်အကြောင်းကနေ မူလဖြစ်စဉ်ကို ပြန်လည် ပြောပြလိုပါတယ်။ အဲဒီအချိန်မှာ ကိုမိုးသီးဇွန်ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ထောင်နေပြီ။ လှည်းတန်းလမ်း၊ မော်တင်မှာ ဖွင့်ထားတဲ့ လူ့ဘောင်သစ်ပါတီရုံးကို ကျမ ရောက်သွားခဲ့ပြီး ထိုင်းနိုင်ငံမှာ ရနောင်းမြို့မှာ ကိုမောင်မောင်ကျော်ကို ကေအင်ယူ ဗကအုန်းသွင်က လိုက်လံဖမ်းဆီးနေတယ်။ အဲဒီအနWရာယ်ကြောင့် မဲဆောက်ဘက်ကို ထွက်သွားတယ်လို့ သိခဲ့ရကြောင်းနဲ့ စာကို ဘန်ကောက်မြို့တက်မယ့် မခင်ဥမ္မာနဲ့ ဇော်ဇော်တို့ကို ပေးလိုက်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကျမ တရားရုံးသွားရတဲ့အကြောင်းတွေ သူ့ကို ပြောပြလိုက်ပါတယ်။ ကျမတို့ လုပ်နေတဲ့ စီမံကိန်းမှာ သူလည်း ပါဝင်တာမို့ ကျမကို သူ အလွန်ပဲ စိတ်ပူသွားပါတယ်။ သူကလည်း “ကျနော်လည်း အခြေအနေအရ ပါတီလုပ်နေရပေမယ့် မကြာခင် ကျနော် ပြေးရမယ်လို့ ထင်တယ်” လို့ ပြောပါတယ်။ ကျမကိုသူက အိန္ဒိယဘက်ကို ပြေးစေချင်ပါတယ်။ လမ်းကြောင်းနှစ်ခုလည်း ပေးလိုက်ပါတယ်။ ဒါနဲ့ ကျမလည်း အိမ်ပြန်လာပြီး ကိုထွန်းထွန်းဦးနဲ့ ချစ်ကိုကိုတို့ကို တိုင်ပင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်သွယ်ရေးလက်နက်တွေ ဖွက်ထားတဲ့ သုံးနေရာလုံးကို ကျမ သိနေတယ်။ ပြီးတော့ ကျမတို့ရဲ့စီမံကိန်းက လူကြီးတွေ ပါဝင်တဲ့အတွက် မိခဲ့ရင် ကျမ အနှိပ်စက်ခံရရင် ဖော်ထုတ်မိမှာ စိုးရိမ်နေကြတာပါ။ ဒီကြားထဲ မြိတ်မြို့ ၀တ်တိုက်ကျောင်းက ဦးကေသရ ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ကြောင်း ပြောတာကြောင့် ကျမက ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လိုက်ပို့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆိုဖာပေါ်မှာ ဦးကေသရကို သီတင်းသုံးခိုင်းပြီး သူက အောက်မှာထိုင်ကာ ကန်တော့ပါတယ်။ ဦးကေသရက “ဒကာမကြီး ဘုန်းကြီး ခွင့်ပြုပါတယ်” လို့ဆိုမှ ခပ်လှမ်းလှမ်းက ဆိုဖာမှာထိုင်ပြီး စကားပြော ကြပါတယ်။ “တိုင်းပြည်ရဲ့အခြေအနေတွေ သိထားပြီဆိုတော့ ဒကာမကြီး ဘာ ဆက်လုပ်မလဲ” လို့မေးတော့ “တပည့်တော်မက ဒီလူထုရဲ့အားကိုယူပြီး ပါတီ ထောင်မယ်၊ နိုင်ငံရေးနည်းအရ တပည့်တော်ဆက်ပြီး လှုပ်ရှားမယ်၊ ဒီမိုကရေစီနိုင်ငံတော် ဖြစ်အောင်လုပ်မှ တပည့်တော်တို့နိုင်ငံ အဆင်ပြေမယ်“ လို့ လျှောက်ထားပါတယ်။ ဒါ့အပြင် ဆရာတော်နဲ့အရေးကြီးတဲ့ကိစ္စတွေ အများကြီး ဆွေးနွေးတာ ကြားခဲ့ရပါတယ်။ စကားပြောပြီးတော့ ကျမတို့ပြန်ဖို့ ပြင်ဆင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်နှိပ်စက် ကို မ, ရင်း ကျမကို “ကျမ ပါတီထောင်မယ်၊ ပါဝင်ပြီး ကူညီပါလား” လို့ ပြောပါတယ်။ ကျမက “အမကို လေးစားပါတယ်။ ကျမ ပါတီနိုင်ငံရေး မကြိုက်ဘူး။ လက်နက်ကိုင်ပြီး ပြန် တိုက်ဖို့ဘဲ ဆုံးဖြတ်ထားတယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ကျမက ဆရာတော်ဦးကေသရကို အိမ်ကို ပင့်လာပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့မှာ အခြေအနေတွေက တဖြေးဖြေး ဆိုးလာနေပါပြီ။ ဖမ်းဆီးမှုတွေကို အမြဲ ကြားနေရပါတယ်။ ကိုဇာနည်ကိုလည်း ထောင် သုံးနှစ် ချလိုက်ပါတယ်။ ကျမ ရင်ထဲမှာ တော် တော်လေး ခံစားရပါတယ်။ ဒါနဲ့ ကျမလည်း အခြေအနေကြည့်နေတုန်း ကျမတို့ရပ်ကွက်မှာနေတဲ့ တပ်ကြပ်ကြီးတင်မောင်ဝင်းကို အရေးအခင်းကာလတုံးက ဖမ်းမိပြီး ညောင်တုန်းကျောင်းတိုက်မှာ စစ်ဆေး မေးမြန်းပြီး ပြန်လွှတ်တော့ ကားပေါ်ကို လိုက်တင်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ကိုသောင်းစိန် ရဲ့ညီ တုတ်ပေါဆိုတဲ့ကလေးက တင်မောင်ဝင်းရဲ့ကျောကို ပုတ်ပြီး ငါ့နံမည် တုတ်ပေါလမှတ်ထား ဆိုပြီး နောက်ပြောင်လိုက်တာ မကြာမီမှာပဲ အဲဒီကလေးကိုလည်း ဖမ်းခေါ်သွားပါတယ်။ သူက ၁၉ နှစ် ပဲ ရှိပါသေးတယ်။ နောက်ပိုင်း ရဲဘက်စခန်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ အကြောင်းစုံ သိချင်ရင် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ သူ့ရဲ့အဒေါ် ဒေါ်အေးကြည် ရှိပါတယ်။ မေးကြည့်နိုင်ပါတယ်။ ကျမလည်း စိတ်မကောင်း တော်တော်ဖြစ်မိပါတယ်။ ကျမတို့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူတွေဟာ ခွင့်လွှတ်တတ်သလောက် သူတို့ (စစ်တပ်) ဖက်က ပြတ်ပြတ်သားသား ခြေမှုန်းတယ်ဆိုတာကတော့ ထင်ရှားနေပါတယ်။ ဒါကြောင့် တခုခုကို ဆုံးဖြတ်ချက်ချမှ ဖြစ်မယ်လို့ စဉ်းစားမိပါတယ်။ ကျမတို့သူငယ်ချင်းတစု ရွှေတိဂုံဘုရားပေါ်မှာ အင်္ဂါနေ့ပြန်ဆုံကြဘို့ ချိန်းခဲ့ကြပြီး လူစု ခွဲလိုက်ပါတယ်။ အင်္ဂါနေ့ရောက်တော့ ချစ်ကို၊ ဒေ၀ရှင်၊ ၀ဏ္ဏရှင် (ခ) ကျော်လင်း ၊ဇော်မင်း (၁)၊ ဇော်မင်း (၂)၊ ကိုထွန်းထွန်းဦး၊ တူးမာ၊ မင်းရန်အောင်ထွန်း၊ ဘိုဘို၊ စိုးထက်ခိုင်၊ ကိုထွန်းဝင်းသန်း၊ ကျော်ဝဏ္ဏ၊ မျိုးသန့်၊ ညီညီ၊ ၀င်းလွင်ဦးတို့အားလုံးနီးပါး ရောက်လာကြပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ဟာ ခါတိုင်းထက်ပိုပြီး ကြည်ညိုစရာကောင်းလောက်အောင် သပ္ပါယ်နေပါတော့တယ်။ စေတီတော်မြတ်ရဲ့ရွှေအဆင်းဟာ နေရောင်နဲ့အတူ ၀င်းလက်ဖြာထွက်နေပါတယ်။ ကျမတို့သူငယ်ချင်းတစု ပန်းအိုးတွေကို တိုက်ချွတ် ဆေးကြော သန့်စင်ကြတဲ့အပြင် ဂြိုဟ်တိုင်တွေကိုပါ သန့်စင်ကြရင်း ကုသိုလ်ယူကြပါတယ်။ အားလုံးပြီးတော့ အောင်သစ္စာ အင်္ဂါသန့်ရှင်းရေးအသင်း တန်ဆောင်းမှာ ခါတိုင်းလို ဘုရားဝတ်တက်တာ မလုပ်တော့ဘဲ ပခေါယှိဘုရားနောက်ဖက် သရက်ပင်အောက်မှာ ထိုင်ကြပြီး ဆွေးနွေးဖြစ်ကြပါတယ်။ ဥက္ကဋ္ဌဘိုဘိုက အရင် စပြီး ပြောတာကတော့ သူက ပါတီနိုင်ငံရေး သဘောကျတယ် တဲ့။ အဲန်အယ်ဒီ ပါတီထဲမှာ ၀င်ပြီး လုပ်မယ်။ တပ်ဦးက အခုအချိန်မှာ လှုပ်ရှားလို့ မရတော့ဘူး။ လှုပ်ရှားရင် အားလုံး အဖမ်းခံကြရတော့မယ် တဲ့။ သူနဲ့အတူပါတီမှာ ၀င်လုပ်ဖို့ ဘယ်သူ စာရင်းပေးမလဲလို့ မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘဘဦးကြည်မောင်က ခေါ်တယ်လို့ ပြောပါတယ်။ အားလုံးက ချက်ခြင်း အဖြေမပေးနိုင်ကြသေးပဲ သရက်ပင်အောက်ကနေ ရွှေတိဂုံစေတီရင်ပြင်ဘက်ဆီ မျှော်ကြည့်နေကြတာ တွေ့ရပါတယ်။ ကျမကတော့ ကိုသီဟနဲ့ ကိုထွန်းထွန်းတို့အုပ်စု ရွှေတိဂုံရင်ပြင်ပေါ်မှာ ရိုက်နှက်ခံရပြီး လူစုခွဲတဲ့မြင်ကွင်းကို မြင်ယောင်နေမိတယ်။ ရွှေဂုံတိုင်မှာ အသတ်ခံကြရတာတွေ၊ မြေနီကုန်းမှာ အရိုက်ခံကြရတာတွေ၊ ရွှေတိဂုံမှာ ကျမတို့အဖမ်းခံခဲ့ရတာတွေ တွေးလာမိတော့ ကျမ ချက်ခြင်းဘဲ ဆုံးဖြတ်ချက်တခု ချလိုက်မိတယ်။ “ဥက္ကဋ္ဌရေ၊ ကျမကတော့ တောခိုဖို့ ဆုံးဖြတ်လိုက်ပြီ။ ပါတီနိုင်ငံရေး ကျမ စိတ်မ၀င်စားဘူး။ သူတို့ကို မယုံကြည်ဘူး။ ဒီမိုကရေစီလည်း ပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကျမလက်နက်ကိုင်တဲ့ လမ်းစဉ်နောက် လိုက်မယ်” လို့ ပြောလိုက်တယ်။ ကိုဘိုဘိုက “ဒါဆိုရင် ကျနော်တို့ ဒီမိုကရေစီတပ်ဦးအနေနဲ့ လုပ်သွားမယ်။ လိုက်ချင်တဲ့သူလဲ လိုက်နိုင်တယ်။ ဒါပေမယ့် အရေးကြီးတာကတော့ သစ္စာ မဖောက်ကြပါနဲ့၊ အချင်းချင်း ရိုင်းပင်း ကူညီပြီး စိတ်ကို အရောင်မဆိုးကြပါနဲ့” လို့ ဆုံးမစကား ပြောပါတယ်။ ကျမနောက်ကို ကိုထွန်းထွန်းဦး၊ ညီညီတို့ လိုက်မယ်လို့ ဂတိပေးခဲ့ပါတယ်။ ကျမတို့အားလုံး အရှေ့ဘက်မုခ်ကဆင်းခဲ့ကြပြီး ကြားတောရလမ်းက ရခိုင်မုန့်တီဆိုင်မှာ မုန့်တီ ၀င်စားကြတယ်။ ပြီးတော့ ဗိုလ်ကြီးဘထွန်းရဲ့အအေးဆိုင်မှာ အအေးသောက်ကြပြီး တသက်တာ လမ်းခွဲခဲ့ကြရပါတော့တယ်။ အဲဒီနေ့ကလေးကိုတော့ ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး။ အခုချိန်ထိ လွမ်းမော တမ်းတနေမိတော့တယ်။

အတိတ်မှ အရိပ်များ (၁၀)

ကျမက အရေးအကြီးဆုံးဖြစ်တဲ့ ဆရာတော် ဦးခေမာစာရကိုရှာဖွေရာ ထိုင်းနိုင်ငံဘက်ကို ထွက်သွားကြောင်း သိရတယ်။ ဒေါ်နုနုအေးကလည်း ကျမကို လိုက်မလားလို့ မေးပါတယ်။ကျမက “ထိုင်းကို သွားနှင့်ပါ။ နောက်မှလိုက်လာမယ်” လို့ ပြောလိုက်ပါတယ်။ ကျမစိတ်အပူဆုံးကိစ္စတခုဖြစ်တဲ့ ရေတပ်သားတွေအတွက်ပါဘဲ။ ဒါနဲ့ကျမ ဦးမောင်ကို (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အလုပ်သမားရေးရာ ဗဟိုဦးစီးနှင့် တနင်္သာရီတိုင်း စည်းရုံးရေှးမှူး) ဆီသွားပြီး အခြေအနေမေးတော့ ဦးကိုက “မနွယ်ရေ စိတ်မပူနဲ့ အန်ကယ်ဦးတင်ဦး ကြည့်လုပ်လိုက်ပြီ။ မနွယ်မှာတဲ့အတိုင်း ကျနော် ပြောထားတယ်” လို့ ပြောပါတယ်။ သူက ဆက်ပြီး “ကျနော် အင်အယ်ဒီပါတီထဲမှာဝင်ပြီး လှုပ်ရှားမယ်” တဲ့။ ကျမက “ဦးကို သတိလည်းထားနော်” လို့ ပြောခဲ့တယ်။ ဒါကတော့ သူနဲ့ကျမ နောက်ဆုံးတွေ့ခြင်းဆိုတာ မသိခဲ့ရပါဘူး။ ကျမက ဘဘနုနဲ့ ဗိုလ်မှူးအောင်တို့ဆီ သွားရောက်ပြီး အခြေအနေများကို ရှင်းပြကာ ဂါရ၀ပြု နှုတ်ဆက်ခဲ့ပါတယ်။ ၄င်းတို့က ရေတပ်က ၁၁ ယောက် တိမ်းရှောင်ဘို့ လိုအပ်နေကြောင်း၊ ယခုလောလောဆယ် ဇရပ်ကွင်းက ပြည်ချစ်ပါတီမှ ဗိုလ်ကြီးဟောင်း ဦးဆင့်ထံမှာ ပုန်းခိုနေကြောင်း၊ သူတို့ရဲ့ ဆန္ဒကိုလည်း မေးပြီး လိုက်မယ်ဆိုရင် တပါတည်း ခေါ်ဆောင်သွားဘို့ တာဝန်ပေးပါတယ်။ ကျမလည်း သားသမီးတွေအတွက် ဆွေမျိုးများနှင့်တိုင်ပင် စီစဉ်ပြီး စရိတ်စကအတွက် လက်ဝတ်လက်စားအချို့ကို ထုခွဲ ရောင်းချလိုက်ပါတယ်။ ကျမတို့သုံးယောက် မန္တလေးမြို့ကို စတင် ထွက်ခွါလာခဲ့ကြပါတယ်။ မန္တလေးကနေ မိုးကုတ်ကားလမ်းဘေးမှာရှိတဲ့ ဇရပ်ကွင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ ဗိုလ်မှူးအောင် ပေးလိုက်တဲ့ လိပ်စာအတိုင်း ရှာဖွေရာ ညနေပိုင်းမှာ ဦးဆင့်အိမ်သို့ ရောက်ပါတယ်။ အိမ်က နှစ်ထပ်ပျဉ်ထောင် သွပ်မိုးဖြစ်ပြီး ဈေးဆိုင် ဖွင့်ထားတာ တွေ့ရတယ်။ သူရဲ့အမျိုးသမီးနဲ့ကလေးနှစ်ယောက် အလုပ်သမား ၃ ဦး ရှိပါတယ်။ ဇရပ်ကွင်းက အလွန် သာယာ စည်ကားလှပါတယ်။ မိုးကုတ်မြို့ကို ကျောက်တူးရန် အသွားအလာရှိကြပြီး မိုးကုတ်လမ်းတလျှောက်နေရာတွေမှာ နီလာကျောက် အကြီးအကျယ် ထွက်ရှိတာ ဖြစ်ပါတယ်။ မိုးနည်းရပ်ဝန်းဖြစ်ပြီး အတော်စည်ကားတာ တွေ့ရတယ်။ အဓိက စည်ကားရတဲ့အကြောင်းရင်းကို ဦးဆင့်က ပြောတာက ဇရပ်ကွင်းနဲ့ ၃ မိုင်အကွာကစပြီး ရိုးမတောကြီး ရှိတယ်။ အဲဒီမှာ ရွှေ အလွန်ထွက်တယ်။ သူက ရေတပ်က ရဲဘော်တွေကို အဲဒီနေရာမှာ ထားတယ်ဆိုတာပါ ဘဲ။ ဦးဆင့်က တုတ်တုတ်ခိုင်ခိုင် အရပ်ကတော့ ၅ ပေ ၅ လက်မလောက် ရှိမယ်လို့ ထင်ပါတယ်။ အစက ကရင်ပြည်နယ်တောထဲမှာ ပြည်ချစ်ပါတီရဲ့ တာဝန်နဲ့နေခဲ့ကြောင်း သူက ပြောပြပါတယ်။ ကေအင်ယူက ပြည်ချစ်ကို ရှင်းလင်းရေး လုပ်တော့ ကမ္ဘောဒီးယားကို ထွက်ပြေးပြီး ကျောက်တူးနေတာ တဲ့။ မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာတော့ ဘဘနုတို့၊ ဗိုလ်မှူးအောင်တို့၊ ဗိုလ်ရန်နိုင်တို့နဲ့အတူ ပြန်လာခဲ့တာလို့ ပြောပြတယ်။ ကျမတို့ကိုလည်း သူရဲ့ဇနီးက ချက်ပြုတ်ကျွေးမွေးတာ စုံနေတာပါပဲ။ စားသောက်ပြီးတော့ ခဏနေပြီး အိပ်ယာဝင်ခဲ့ကြပါတယ်။ မနက်ကျတော့ ဦးဆင့်နဲ့သူ့အလုပ်သမားတယောက်ကိုယ်တိုင် ဂျစ်ကားမောင်းပြီး ကျမတို့ သုံးယော် ကအတွက် စားစရာမျိုးစုံ ငါးသေတ္တာဗူးတွေကော ယူလာပြီး လိုက်ပို့ပေးပါတယ်။ ၁၉ ကွက်လို့ ခေါ်တဲ့ ရွှေတောကိုရောက်တော့ သူတို့ ပို့ပေးထားတဲ့ ရေတပ်ရဲဘော်တွေရှိတဲ့ တဲမှာ ဆုံဖြစ်ကြပါတယ်။ အားလုံးက ကျမကို တွေ့တော့ အရမ်း ၀မ်းသာသွားကြတယ်။ ကိုသန်းမြင့်လို့ခေါ်တဲ့ ရဲဘော်က “အမရေ ကျနော်တို့ကို ဗိုလ်ချုပ်ကြီးတင်ဦးက တယောက်ကို သုံးထောင်ပေးပြီး ရှောင်ခိုင်းလိုက်တယ်။ အမက ပြောလိုက်လို့လို့ ပြောတယ်“ လို့ ကျမကိုပြောပြပါတယ်။ အားလုံးပေါင်း ၇၅ ယောက်ဆိုတော့ ကျမက ကျန်တဲ့သူတွေရောဆိုတော့ “တချို့က ထိုင်းဘက်ကို ထွက်သွားတယ်။ တချို့က အိန္ဒိယဘက်ကို သွားတယ်။ တချို့ကတော့ ကိုယ့်အရပ်ကို ပြန်မယ်ဆိုပြီး သွားကြတယ်” လို့ ပြောပြပါတယ်။ “ကျနော်တို့ လက်မတင်လေး လွတ်လာတာ ကျနော်တို့ ထွက်လာပြီး နှစ်ရက်မှာ မြကိုင်းရွာမှာလာပြီး မွှေနှောက် ဖမ်းဆီးလိုက်တာ ရွာကလူအချို့ပါ အဖမ်းခံရတယ်လို့ ကြားရတယ်။ ကျနော် စိတ်မကောင်းဘူး” လို့ ပြောပြပါတယ်။ အခု သူတို့ ရွှေတူးနေကြကြောင်း ပြောပါတယ်။ ကိုဇာနည် အဖမ်းခံရတာ သိလား မေးတော့ မသိဘူးလို့ ပြောပါတယ်။ ဦးဆင့်က “ဒါဆိုလဲ အေးအေးဆေးဆေး တိုင်ပင် ပြောဆိုကြပါ“ ဆိုပြီး ကျမတို့ကို ထားခဲ့ကာ ပြန်သွားပါတယ်။ နောက်နေ့မှာ ကျမ ရွှေတောကိုလိုက်ပြီး လေ့လာကြည့်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ သယံဇာတတွေ ဒီလောက်ထွက်တာ အခုမှ သိရပါတယ်။ မြန်မာနိုင်ငံမှာ အဓိက ရွှေထွက်တဲ့နေရာတွေပါ၊ မြန်မာပြည်အရပ်ရပ်က ရောက်လာကြသူတွေ များပါတယ်။ စဥ့်ကိုင်၊ ၀က်လက်၊ ရွှေဘိုမြို့များမှ လူများနှင့် လက်ပံလှ၊ ချောင်းကြီးရွာ စသည်ဖြင့် ရွာပေါင်းများစွာက လူတွေ လာကြတာပါ။ အစိုးရက ရွှေရှာစက်နဲ့ ရွှေများများ ထွက်တဲ့နေရာတွေကို ဘဓရ (ဘူမိဗေဒနဲ့ ဓာတ်သတ္ထု ရှာဖွေရေး ကော်ပိုရေးရှင်း) ပိုင်တဲ့မြေ အဖြစ် ခြံဝင်းခတ်လိုက်ပါတယ်။ ဘေးက နေရာတွေမှာ အများပြည်သူတွေက ကိုယ်ပိုင် ရွှေတူးကြရပါတယ်။ ရွှေတွင်းဆိုတာ အကျယ် ၄ ပေ ဒါမှမဟုတ် ၆ပေ အကျယ် ပတ်လည် တူးရပါတယ်။ အနက်က အတောင် ၂၀ ဒါမှမဟုတ် ၂၂ တောင်အထိတူးရင် မြေသားဖြူဖြူက အပြာရောင်သန်းလာပြီး ခတ်ပျော့ပျော့လေး ဖြစ်နေရင် အဲဒါ ဗြုန်းလို့ ခေါ်ပါတယ်။ ဗြုန်းပေါ်ရင် အဲဒီ ဗြုန်းကို အပေါ်တင်ပေးရပါတယ်။ အဲဒီအတွက် ဘေးဘောင်တွေကို ခိုင်ခန့်အောင် ပျဉ်ချပ်တွေကို ဘောင်ရိုက်ပြီး ကပ်ထားရပါတယ်။ ရေတွင်း ဘောင်ကာသလိုပါဘဲ။ ပြီးတော့မှ အပေါ်ဘက်မှာ စက်သီးချိတ်ဖို့ တန်းရိုက်ပြီး ရေပုန်းနဲ့ကြိုးတွေ တပ်ဆင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တွင်းတူးတဲ့အခါ ပေါ်လာတဲ့မြေသားတွေကို ဆယ်ပြီး သွန်ပစ်ဖို့ ပါ။ ကျမ တခြားနေရာတွေဆီ လျှောက်ပြီးကြည့်တော့ စည်ကားလိုက်တာ လေဟာပြင်ဈေးတန်းကြီးတခုလိုပါဘဲ။ အစားအသောက်ဆိုင်တွေ မီးစက်တွေမောင်းပြီး ရောင်းနေလိုက်တာ အကြော်အလှော်ဆိုင်တွေကလည်း နှစ်ဆယ်လောက် ရှိတယ်။ အ၀တ်အထည်တွေနဲ့ ထွေလီကာလီဆိုင်တွေကလည်း နှစ်ဆယ်ကျော်မယ် ထင်ပါတယ်။ ကွမ်းယာဆိုင်ကတော့ ၃၀လောက် ရှိတယ်။ အရက်ဆိုင်တွေကလဲ အများကြီး ပါ။ အံ့သြစရာပါဘဲ။ ရွှေတူးတဲ့နေရာနဲ့ ဈေးတန်းက ငါးမိုင်လောက်ကွာမယ် ထင်ပါတယ်။ လမ်းတလျှောက်မှာတော့ ရွှေဝယ်တဲ့ဆိုင်တွေက အစီအရီ ပေါ့။ ဆိုင်ဆိုပေမယ့် စာပွဲတလုံး ချထားပြီး ရွှေချိန်တဲ့ချိန်ခွင်လေး တင်ထားလိုက်တာပါဘဲ။ ပြီးတော့ဘေးမှာ မီးသွေးမီးဖိုတခုမှာ မီးမွှေးထားပြီး ရွှေရောင်းမယ့်သူက မီးဖိုပေါ်မှာတင်ထားတဲ့ ကြေးဇွန်းထဲကို ရွှေတွေ လောင်းထဲ့ ပေးလိုက်ရပါတယ်။ ရွှေက ဖြူပြီး လုံးသွားရင် ဆယ်ယူပြီး ရွှေဝယ်သူက ချိန်ခွင်ထဲထဲ့ပြီး ချိန်လိုက်တယ် ပြီးတော့မှ ကျသင့်တဲ့ ငွေရှင်းပေးလိုက်တာပါဘဲ။ ရွှေတူးတော့ ထွက်လာတဲ့ မြေစာခဲတွေကို မျှော လို့ခေါ်တဲ့ ရွှေကျင်တဲ့ သံဇကာ ခင်းထားတဲ့ သုံးပေလောက်အရှည် တတောင်လောက် အနံရှိတဲ့ အထဲမှာ ရေနဲ့ကျင်းပြီး စစ်ခါ ကောက်ယူထားတဲ့ ရွှေခဲကလေးတွေ ပါ။ စွန့်ပစ်လိုက်တဲ့ မြေတွေကို အသက်ကြီးတဲ့သူတွေနဲ့ ခလေးတွေက ကြုံးယူပြီး ခမောက်လို သစ်သားပြား (အင်ဝိုင်း) ထဲမှာထဲ့ပြီး ချောင်းထဲမှာလှည့်ပြီး ကျင်ယူကြပါတယ်။ အဲဒီလိုကျင်လို့ရတဲ့ရွှေတွေကို ပြန်ရောင်းကြ့သူတွေဟာ တနေ့ကို ကျပ်၂၀၀ မှ ၅၀၀ အထိ ရကြတယ်လို့ ပြောပြပါတယ်။ ကျမရဲ့လေ့လာရေးက မဆုံးသေးပါဘူး။ ဒီရွှေတွေကို မန္တလေးမြို့က ရွှေချောင်းလုပ်တဲ့ တရုပ်လူမျိုး ရွှေဆိုင်ပိုင်ရှင်တွေက လာဝယ်ကြတာပါ။ ၀င်ငွေကောင်းတော့ လူအတော်များများလည်း ပျက်စီးနေကြတာပေါ့။ ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ အံစာဝိုင်းတွေ အများကြီးပါဘဲ။ နယ်စုံက လာတာဆိုတော့ စရိုက်စုံပါဘဲလေ။ ရာဇ၀တ်မှု ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်လာသူတွေလည်း ရှိတယ် လေ။ စစ်တပ်ကအုပ်ချုပ်ပေမယ့် အကုန်လုံးကို လွတ်လပ်ခွင့် ပေးထားပါတယ်။ မြန်မာပြည်မှာ ဧည့်စာရင်း မတိုင်ရတဲ့ ထူးဆန်းတဲ့နေရာတခု ပါ။ အဆိုးဆုံးတခုက အိမ်သာမရှိတာပါဘဲ။ တောတိုးတဲ့ဓလေ့ ပေါ့။ ဒါကြောင့်လည်း တနှစ်တခါ ၀မ်းရောဂါ ကျရောက်ပြီး လူ ၄၀-၅၀ သေဆုံးနေရတာပေါ့။ အဲဒီလို ၀မ်းရောဂါဖြစ်ရင် စစ်တပ်က ၀င်လာပြီး မိုးပေါ်ထောင် သေနတ်သုံးချက် ဖောက်ပြီး သတိပေးတယ်။ ဒါဆိုရင် ချက်ချင်းဘဲ အားလုံး ထွက်ပြေးကြရပါတယ်။ တဲတွေကို မီးရှို့ပစ်လိုက်ပါတယ်။ တခြားးနေရာတခုကိုရွှေ့ပြီး စခန်းချ ဆက်လုပ်ကြရပြန်တာပေါ့။ နောက်နေ့မှာ ကျမတို့ရဲဘော်တွေ ရွှေတူးတဲ့နေရာသွားကြည့်တော့ အထူးအဆန်းဖြစ်ပြီး ထိုင်ကြည့်နေမိပါတယ်။ ညဘက်ရောက်တော့ ကျမတို့သုံးယောက်နဲ့ သူတို့တွေ စုပေါင်းပြီး တိုင်ပင်ကြတယ်။ အဆက်အသွယ်ရထားတာက အိန္ဒိယနှင့် ကေအိုင်အေစခန်းတို့ဆိုတော့ တပ်သားတချို့က မြန်မာ့တပ်မတော်သားတွေဆိုတော့ တိုင်းရင်းသားစခန်းဖက်ကို သူတို့မလိုက်ရဲဘူးလို့ ပြောပါတယ်။ ဒါကြောင့် အိန္ဒိယဘက်ကို ထွက်ဖို့ဆုံးဖြတ်ကြတယ်။ ကျမတို့ကတော့ ကေအိုင်အေစခန်းဖက်မှာ ကျောင်းသားစခန်းရှိတယ်ဆိုတော့ ကျမတို့သုံးယောက်က တရုပ်ပြည်လမ်းကို ရွေးလိုက်ပါတယ်။ နောက်တပါတ်မှာ ကျမတို့သုံးယောက် ဇရပ်ကွင်း ကားကြုံနဲ့ပြန်ပြီး ဦးဆင့်ကို နှုတ်ဆက်ခဲ့ပါတယ်။ ဇရပ်ကွင်းမြို့ကနေပြီး မန္တလေး ပြန် ဆင်း၊ မန္တလေးမှာ ဗိုလ်မှူးအောင်ဆီ စာရေးပြီး အကျိုးအကြောင်း သတင်းပို့ခဲ့ပါတယ်။ အဲဒီကနေ လားရှိုးကားစီးပြီး ရှမ်းပြည်မြောက်ပိုင်းကို တက်ခဲ့တယ်။ နမ့်ဖက်ကာမှာ ထမင်း ၀င်စားကြတယ်။ မုန်ညှင်းဟင်းချို၊ တို့ဟူးနွေး၊ ရှမ်းဆန်စည်းစည်းလေးနဲ့ ထမင်းမြိန်လှပါတယ်။ ရှမ်းပြည်ရဲ့အေးမြတဲ့လေညှင်းက လတ်ဆပ်ပြီး ရနံ့သင်းသင်းလေးနဲ့ တိုးဝှေ့လာလို့ စိတ်တွေ လန်းဆန်းလာရပါတယ်။ ရှမ်းတောင်တန်းတွေဟာ မြန်မာပြည်ရဲ့အလှအပကို ခန့်ခန့်ညားညား ဖော်ပြနေသလို ကိုယ့်မြေ ကိုယ့်ရေဆိုတာကိုလည်း သီးခြားဘောင်ခတ် ကာဆီးထားတာကို တွေ့မြင် ခံစားနေရပါတယ်။ ထင်းရှူးပင်ဆိုတာ မြေပြန့်မှာ မတွေ့နိုင်ပါဘူး။ မြေသားတွေကလည်း အနီရောင်နဲ့ရွှေရောင် ရောစွက် ခင်းကျင်းထားပါတယ်။ ကျမ အနှစ်သက်ဆုံးကတော့ ဒေလီယာပင်၊ ယုဇနပန်းပင်နဲ့ သစ္စာပန်းတွေပါဘဲ ပန်းခင်းတွေက တမျှော်တခေါ်နဲ့ ရောင်စုံကော်ဇောကြီး ခင်းထားသလိုပါဘဲ။ ပန်းကော်ဇောကြီးကို အပြာရောင်တောင်တန်းတွေက အနားသတ်ကွပ်ထားတယ် လေ။ သက်ကယ်မိုးအိမ်လေးတွေက ရှုခင်းရဲ့အလှကို ဖြည့်စွက်ရင်း တိုင်းရင်းသားတွေရဲ့ ရိုးသားဖြောင့်မတ်တဲ့သရုပ်ကို ဖော်ပြရင်း ရှမ်းပြည်အလှကို ပိုမိုပြည့်စုံအောင် ဖြည့်စွက်ထားသလိုပါဘဲ။ အချို့အိမ်လေးတွေက ရွှံ့နဲ့ သရိုးကိုင်ပြီးဆောက်ထားတာ ထူးဆန်းတဲ့ဓလေ့တခုကို ထင်းကနဲ တွေ့လိုက်ရတယ်။ မူဆယ်မြို့ကို ရောက်ခဲ့ကြပါပြီ။ မူဆယ်မှာ ဦးစိုင်းမြင့်လွင်တို့အိမ်မှာ တည်းကြပါတယ်။ တော်လှန်ရေးအတွက် မြေပြန့်က ထွက်လာတဲ့လူမှန်သမျှကို သူက ကြိုဆို ဧည့်ခံပါတယ်။ ဧည့်ဝတ် ကျေပွန်တာကတော့ ပြောမပြနိုင်လောက်အောင်ပါဘဲ။ ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ဖွဲ့ပြီး လှုပ်ရှားနေကြောင်း သိရတယ်။ သူ့အိမ်က ပျဉ်ချပ်အပြားကြီးတွေကို အချပ်လိုက်ကာထားတာ တမျိုးဆန်းသလိုပါဘဲ။ သုံးရက်မြောက်တဲ့နေ့မှာ ရှမ်းလူမျိုးဖြစ်တဲ့ ညီညီက ရှမ်းပြည်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ပြီး လိုက်သွားပါတယ်။ ကျမနဲ့ ကိုထွန်းထွန်းဦးကိုတော့ ရှေ့နေကြီး ဦးဝဏ္ဏစိုးက လာခေါ်ပါတယ်။ ဦးဝဏ္ဏစိုးက ကျမတို့ကို ကျောင်းသားတပ်မတော်၊ ကချင် လွတ်မြောက်ရေးတပ်မတော်နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီအတွက် ဆောင်ရွက်ပေးနေတဲ့ ကိုကျင်ထွန်း၊ မအေးစိန်တို့ဆီကို ပို့ပေးမယ် ပြောပါတယ်။ နှစ်ရက်လောက်နေတော့ ကျမတို့နှစ်ယောက်ကို သူရဲ့တပည့်တယောက်နဲ့လိုက်ပို့ခိုင်းပါတယ်။ ကျမတို့နှစ်ယောက် မူဆယ်ရဲ့ဆိပ်ကမ်းကို ရွှံ့ဗွက်တွေထဲမှာ ရုန်းကန်ရင်း လျှောက်ခဲ့ရတာပေါ့။ လှေဆိပ်ရောက်တော့ ဟိုဖက်ကမ်းကို ကူးမယ့် ကူးတို့လှေပေါ်တက်ပြီး လိုက်ခဲ့ကြတယ်။ နာရီဝက်ခန့်ကြာတော့ တရုတ်ပြည် ယူနန်နယ် ရွှေလီဆိပ်ကမ်းကိုရောက်ပါပြီ။ ကျမ လှေပေါ်ကအဆင်းမှာ အောက်ကိုကြည့်လိုက်တော့ ခြေထောက်ချရမှာ နည်းနည်း တွန့်ဆုတ်သွားမိတာ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မြန်မာပြည်ဘက်က ရွှံ့ဗွက်တွေနင်းပြီး ပေကျံနေတဲ့ ကျမခြေထောက်ကို ကျောက်သလင်း ဖြူဖြူပေါ်ကို ထိလိုက်ဖို့ အားနာနေလို့ပါဘဲ။ တိုင်းပြည်နှစ်ခုရဲ့အသေးစားကွာဟမှုက အလှမ်းကွာလှပါလား။ ၀င်ဂိတ်ရောက်တော့ ကျမတို့အမည်ကို စာအုပ်မှာ ရေးသွင်းရတယ်။ မှတ်တမ်းစာအုပ် တင်ထားတဲ့ မှန်စားပွဲပေါ်မှာ မြန်မာပြည်က အလိုရှိတဲ့ ရာဇ၀တ်မှုသမားတွေ၊ နိုင်ငံရေးသမားတွေရဲ့ဓာတ်ပုံတွေကို ကပ်ထားတာ တွေ့ရပါတယ်။

အတိတ်မှ အရိပ်များ (၁၁)

ကျမတို့ကိုလိုက်ပို့သူက တရုပ်ငွေ ၅၀ ကို စားပွဲပေါ်တင်ပေးလိုက်တော့ ကျမတို့ကို ဓာတ်ပုံရိုက်ဖို့လာခေါ်ပါတယ်။ ဓာတ်ပုံရိုက်ပြီးတာနဲ့ စာအုပ်ပေါ်မှာကပ်ပြီး တုံးထုပေးလိုက်ပါတယ်။ (နောက်ပိုင်းမှာ ဦးဝဏ္ဏစိုး ထောင်အနှစ် ၂၀ ကျသွားကြောင်း သိလိုက်ရပါတယ်။) တရုပ်ပြည်ရဲ့အပြောင်းအလဲက အလွန်ပဲ မြန်ဆန်လှပါတယ်။ အဲဒီစာအုပ်ရတာနဲ့ ယူနန်ပြည်နယ်တခုလုံး သွားခွင့်ရှိတယ်လို့ ရှင်းပြပါတယ်။ ရွှေလီမြို့ထဲ ၀င်လိုက်တာနဲ့ တွေ့ရတာကတော့ နေရာတိုင်းမှာ တရုပ်အိမ်ဟောင်းကြီးတွေကို ဖြိုချပြီး တိုက်အသစ်ကြီးတွေ ဆောက်နေတာပါဘဲ။ အဲဒီထဲမှာ ရီစရာ ပြောရအုံးမယ်၊ ကျမတို့လမ်းတ၀က်မှာ ကားရပ်နားတော့ ဗိုက်ဆာဆာနဲ့ ခေါက်ဆွဲ စားကြတာ၊ မကြာပါဘူး၊ ဒိုင်း ဖောင်းဆိုပြီး အသံတွေ ဆက်တိုက်ထွက်လာတာ မြေကြီးတောင် အက်ကွဲမတတ်ပါဘဲ။ ကျမတို့နှစ်ယောက်က တိုက်ပွဲတွေဖြစ်ပြီထင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ပြေးပေါက်ရှာနေကြတာပေါ့။ ပါတ်ဝန်းကျင်ကလည်း ယမ်းငွေ့တွေနဲ့ မှုန်ဝါးနေတယ်။ ကျမတို့ကြည့်ပြီး သဘောပေါက်သွားတဲ့ သူငယ်ကလေးက ဘာမှမဖြစ်ပါဘူး၊ မင်္ဂလာဆောင်ရှိလို့ ဗျောက်အိုးဖောက်တာပါလို့ ပြောမှပဲ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်မိတော့တယ်။ ဗျောက်အိုး တထောင်လောက်ကို တပြိုင်တည်း ဖောက်တာဆိုတော့ တခါမှ မကြုံဘူးဘူးလေ။ ရွှေလီမြို့ထဲက မိသားစုတည်းခိုခန်းမှာ တထောက် နားကြရပြန်ပါပြီ။ ကိုကျင်ထွန်းနဲ့ မအေးစိန်တို့က ပျူပျူငှာငှာ ဆီးကြိုကြပါတယ်။ ရွှေလီမြို့ထဲကိုပါ လိုက်ပို့ကြတယ်လေ။ နယ်စပ်မြို့ဆိုတော့ ကျောက်အရောင်းအ၀ယ်ဈေးတန်းတွေက များပါတယ်။ အခြားအများဆုံးကတော့ စားသောက်ဆိုင်တွေပါ။ လမ်းပမ်းဆက်သွယ်ရေးကို တရုတ်အစိုးရက အားသွန်လုပ်ထားတာဆိုတော့ လမ်းတွေ အလွန် ကောင်းပြီး နယ်စုံက ပစPည်းစုံနဲ့ ဆယ်တန်ကားတန်းကြီးတွေက မပြတ်မလတ်ပါ ဘဲ။ မြန်မာဘက်က သစ်တွေ၊ ၀ါးတွေ၊ တိရိစ္ဆာန်မျိုးစုံ၊ ဘယဆေးပင်မျိုးစုံ၊ပဲ၊ ငြုပ် အစုံပါပဲ။ ရောင်းဝယ်ဖောက်ကားမှုတွေက အလွန် စည်ကားပါတယ်။ လူစီးတဲ့မှန်လုံကားတွေကလည်း ၁၅ မိနစ် တစီး ထွက်နေတာတွေ့ရတယ်။ မြန်မာပြည်က သစ်တွေကိုကြည့်ပြီး နှမြောမိတဲ့အပြင် သစ်တောပြုန်းတီးပြီး ရာသီဥတုဖောက်ပြန်မှာ တွေးပြီး စိုးရိမ်မိတာ အမှန်ပါ။ တရုတ်ပြည်က ပိတ်အုပ်တွေနဲ့ အိမ်သုံးပစ္စည်းအမျိုးမျိုးက မြန်မာပြည်ဖက်ကို ထွက်နေကြပါတယ်။ တန်ဘိုးကြီးမားလှတဲ့ အဘိုးတန် မြန်မာပြည်ထွက်ကုန်တွေကို ဈေးပေါတဲ့ တရုတ်ကုန်တွေနဲ့ ဖလှယ်နေကြတာကို တွေ့နေရတော့ မြန်မာပြည်ရဲ့အနာဂတ်ကို မွဲဆေးဖော်နေကြတာလို့ပဲ နားလည်မိပါတယ်။ ကိုကျင်ထွန်းက ဘီစီပီ (မြန်မာပြည်ကွန်မြူနစ်ပါတီ) အတွက် အစစအရာရာ ဆောင်ရွက်ပေးနေတာလို့ သိရတယ်။ မံစီဘက်ကို သွားဖို့အတွက် နက်ဖန်မှာ ခရီးထွက်မှာဖြစ်ပါတယ်။ မအေးစိန်က ကချင်စကားလည်းတတ်တာမို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ကျောင်းသားတပ်မတော်အတွက် ပံ့ပိုးကူညီနေသူ ဖြစ်ပါတယ်။ ရဲဘော်သစ်တွေ စုဆောင်းပေးတဲ့အလုပ်ကိုလည်း လုပ်ကြောင်း မကြာမီမှာ ရဲဘော်သစ်နှစ်ယောက် ကိုလောချူနဲ့ ရာကေး (ခ) ကျော်မြင့်တို့ ခေါ်ဘို့လာလိမ့်မယ်လို့ ပြောပြပါတယ်။ ရွှေလီက ရာသီဥတုကောင်းပါတယ်။ သိပ်ပြီးတော့လည်း မအေးဘူး၊ အပူလည်း မလွန်ကဲဘူး။ ဆိုင်မှာ ထမင်း ၀ယ်စားကြရတယ်။ နှစ်ရက်လောက်ကြာတော့ လောချူလို့ခေါ်တဲ့ ကျောင်းသားတပ်မတော် အဖွဲ့ဝင်နဲ့ ဗဟိုကော်မတီဝင် ရာကေး (ခ) ကျော်မြင့် ရောက်လာပါတယ်။ ကျမတို့ကို လာခေါ်တာပါ။ အဲဒီမှာ မန္တလေး၊ ဂေါဝိန်ဆိပ်က ကိုကျော်စိန်၊ ကိုအုန်းကြိုင်နဲ့ ကိုသန်းဇော်တို့လည်း ရောက်လာပါတယ်။ သူတို့အားလုံးက မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပါ။ ကျမတို့ငါးဦးကို လာခေါ်တာပါ။ မနက် ၆ နာရီမှာ ရွှေလီကနေပြီး ဖျင်ရန်မြို့ကို ကားစီးသွားရပါတယ်။ ဖျင်ရန်ရောက်တော့ ကျောင်းသားတပ်ဖွဲ့ဝင် ရဲမေ ကချင်မလေး အားအိုင်တီးလည်း လိုက်လာပါတယ်။ သူကတော့ ကျောင်းသားတပ်မတော် ဗဟိုမှာ နေတာပါ။ သူ့မိဘတွေဆီ ခဏ ပြန်လည်လာတာလို့ပြောပါတယ်။ ရင်ချမ်းမြို့မှာ ထမင်းစားကြရတယ်။ ရင်ချမ်းမြို့မှာလည်း တိုက်တွေဆောက်နေကြတာ အပြိုင်းအရိုင်း ပေါ့။ မြန်မာအလုပ်သမားတွေနဲ့ တရုတ်အလုပ်သမားတွေ ပါ။ အရင်တုံးက စနစ်မပြောင်းခင်မှာ တူညီဝတ်စုံ အပြာရင့်ရောင်တွေပဲ ၀တ်ကြရပြီး ဆန်ပြုတ်တောင်မှ အနိုင်နိုင်သောက်နေရတဲ့ နိုင်ငံမှာ လူကြီး၊ လူလတ်၊ လူငယ်တွေ ရောင်စုံ ၀တ်စား ဆင်ယင်နေကြပြီး တရုတ်မလေးတွေကလည်း ပြောင်းလဲနေလိုက်ကြတာ ရောင်စုံလိပ်ပြာလေးတွေလိုပါ ဘဲ။ သူတို့ရဲ့ သွက်လက် မြူးကြွနေပုံတွေကို မြင်လိုက်ရတော့ ပထမ ရင်ထဲမှာ ကြည်နူးမိပေမယ့် ခဏလေးမှာပဲ မြန်မာပြည်ရဲ့လူငယ်တွေမှာတော့ မျက်စေ့ပိတ်နားပိတ်နဲ့ ဘောင်ကျဉ်းကျဉ်းကလေးထဲမှာနေရတာကို သတိရပြီး ကျမတို့ နိုင်ငံကို ခေါင်းဆောင်နေသူတွေရဲ့ အတွေးကို နားမလည်နိုင်တော့ပါဘူး၊ ရာကေးက ကုလားလူမျိုး ဖြစ်ပေမယ့် လမ်းမှာ တရုတ်စကားကို ပိုင်ပိုင်နိုင်နိုင် ပြောတတ်တာ တွေ့ရပါတယ်။ ကားပေါ်က�€

· · Share

  • You, Htun Htun Oo, Nay Zaw, Kyi Lin and 11 others like this.
  • 17 shares
    • ဘရာဇီး ငှက်ရိုး ‎1992 မှာမြောက်ပိုင်း ဖေဖော်ဝါရီ12ရက်နေ့ အကြောင်းလေး ကျော်ရေးသွားမှာပဲလို့ ထင်ပါတယ်....
    • Sein Sein Thu အတိတ်မှအရိပ်များ ကျန်တာတွေဘယ်မှာရှာရမလဲ ကျေးဇူးပြုပြီးပြောပြပေးပါ
    • Kyawnaing Oo ကိုဖာနည်က1989ကသာယာဝတီထောင်မှာရေကြည်အိုင်စစ်ကြောရေးကြောင့်ဂယောင်ဂရင်ဖြစ်ပြီးရန်ကုန်ပို့လိုက်ရသူဆိုရင်တော့သာယာဝတီထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေ န၀တရက်စက်မှုကိုစတင်မျှဝေခံစားခဲ့ရပါတယ်
    • Ah Yan တခြားအကြောင်းအရာတွေတော့မှန်မမှန်ကာယကံရှင်ကိုယ်တိုင်တွေဘဲသိမယ်တရုတ်ပြည်ရောက်တဲ့အချိန်ကစပြီးပါဝင်တဲ့နာမည်တွေနဲ့ပါဝင်ပုံစံစရေးတာနဲ့အားလုံး အားလုံး လုံးဝလုံးဝမဟာတလွဲအမှားတွေပဲလိုင်စင်မှာရေးတာတွေကောတခုမှမမှန်ပါဖန်တီးပြီးဇာတ်လမ်းဆင် Novel လိုစိတ်ကူယာဉ်ဆန်ဆန်အပြောကိုနားထောင်ပြီးစာရေးဆရာကရေးတဲ့ပုံပါမှားပါတယ် မခင်စန်းနွယ် or မောင်ခင်စန်းနွယ် Sawa Masha ni e Mashu Laika Hkum ka u.
    • Saw Soe Soe အားယမ်တီးရယ်..ထားလိုက်ပါ..ရေးပါစေကွာ...မခင်စမ်းနွယ်...နောင်ရာပါချောင်းနံဘေး ကေအိုင်အေနည်းဗျူဟာ (၃) စစ်သင်တန်းကွင်းကိစ္စလေးမှာ ရေးတာလေးတွေကိုမှန်မှန်ကန်ကန်ရေးပါ.. မခင်စန်းနွယ်ရဲ့ အဖြစ်အပျက်အားလုံး ကျနော့်မျက်စေ့အောက်မှာဖြစ်ခဲ့တာပါနော်...သတိယမယ်ထင်ပါတယ်... ကွှန်တော်ခင်ဗျားသင်တန်းဆရာပါ...
    • Saw Soe Soe တနေ့ တချိန်မှာ အားလုံးဟာ အမှန်တရားရဲ့ စီရင်မှုအောက်မှာ ဒူးထောက်ရမှာမလွဲပါဘူး...ပြုမူသူတွေဟာ ပြုခံရသူတွေအတွက်တာဝန်ရှိပါတယ်.. ခံစားချက်နဲ့ရေးသားတာကို ထင်ရာမြင်ရာတွေနဲ့ မရေးရင်ကောင်းမယ်..Fact ကို င်္Fiction မလုပ်နဲ့ ...သမိုင်းပေါ့သွားပါမယ့် အမရယ်

Tuesday, July 10, 2012

လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ - နိဂုံးပိုင်း

ရန်ကုန်က ပြည့်စိုးနိုင်ဆိုရင် ကျင်ချောင်းကို ကျင်စက်တပ်ပြီး ရှော့ရိုက်တာ ခံရလို့ ပွဲချင်းပြီးပါပဲ။

အောင်မိုးကတော့ ထောင်ထဲမှာ ကြိုးဖြုတ်တယ်ဆိုပြီး မီးဒုတ်နဲ့ လက်ဖျန်ကို တနေရာတည်း ထပ်ကာထပ်ကာ ရိုက်ကြတဲ့အတွက် ၊ အတွင်းကြေ ကြေပြီး ပုပ်စော်နံလာ ကာ လက်ဖြတ်လိုက်ရပါသည်။

တရုတ်ပြည် ရင်ခြမ်းကနေ တောခိုလာတဲ့ ရာကွတ်ဘိုင်ကိုလည်း ”ထောင်ထဲမှာ ကြိုးဖြုတ်ဖို့ လုပ်တယ်”လို့ စွပ်စွဲပြီး လက်ဖျန်ကို ဒါးဦးနဲ့ထောက်ပြီး လှုည့်သွင်းတာ ပေါက်ထွက်သွားပြီး သွေးအများကြီးထွက်လို့ နောက်နေ့မှာ သေဆုံးသွားပါသည်။

ဇော်ဝင်းချစ် (ဗန်းမော်) ကို အမ် ၂၀ သေနတ်နဲ့ မျက်နှာကို ရိုက်နှက်ပြီး၊ နားရွက်ကို တိုင်မှာကပ်ပြီး၊ ဒါးဦးနဲ့ထိုးဖောက်တဲ့အပြင် ၊ နှာခေါင်းကို သံချိပ်နဲ့ ချိပ်ဆွဲပြီး၊ ခြေဖျားထောက် တဲ့ အနေအထားထိ ဆွဲတင်ကာ ချီထားပါသည်။ ဒါတင်မကသေးဘဲ ၊ ပါးစပ်ကို ဟခိုင်းပြီး ၀ါယာ ကြိုးကို ကိုက်ခိုင်းထားကာ၊ လျှပ်စစ်လွှတ်တဲ့အတွက် ၊ နေရာမှာ ပွဲချင်းပြီး သေပါရော။

တင်မောင်အေး (ခ) အားစိုက် (ကသာ)၊ ဌေးဝင်းမြင့်တို့ နေမကောင်းသဖြင့်၊ KIA ဆေးရုံတက်နေရာက ”ရောဂါပျောက်ပြီ ။ လာခေါ်ပါ ” ဟု ဖုန်းဆက်အကြောင်းကြားရာ ၊တဖက်က နားထောင်သူက ”ပျောက်သွားတယ်” ဟုကြားသဖြင့် ၊ သေဒဏ်အမိန့်စာထုတ်ပြီး လိုက်ရှာရာ၊ ဆေးရုံမှာတွေ့ရတာ ကို ပြန်ခေါ်လာပြီး လမ်းမှာပင် သတ်ပစ်လိုက်ပါသည်။

စစ်သင်တန်းဆရာလေး ၀င်းအောင် ဗန်းမော်မှာ တိုက်ပွဲဖြစ်နေစဉ် စခန်းမှာအစောင့် ထားခဲ့ရာ စစ်တပ်က သတ်ပစ်ပါသည်။


နန်းအောင်ထွေးကြည်၊ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးတို့ သုံးယောက်မက လက်ဝါးကပ်တိုင်မှာ ကြိုးတုတ်ခံရပါသည်။ ရိုးရိုးမဟုတ်ပါ။ ခင်ချိုဦးနှင့်အတူ ၊ အလွန်အေးပြီး ရေခဲနေတဲ့နေရာမှာ ကိုယ်တုံးလုံးနှင့် ထားပါသည်။

နှိပ်စက်မှု မျိုးစုံကိုတော့ ကုန်ဆုံးအောင် မဖော်ပြနိုင်တော့ပါ။


နန်းစောဆိုသူ မိန်းခလေးကတော့ မိန်းမတန်ဆာထဲကို နံပါတ်ဒုတ်နှင့် ထိုးထဲ့ခံရသဖြင့်၊ သားအိမ်ကွဲသွားပြီး တသက်လုံး ဝေဒနာခံစားနေရပါတော့၏။

ညီညီကျော် (ခရိုင်မှူး၊ မန္တလေး) ကို ဆွဲခေါ်သွားကြပြီး? ၃ ရက်အကြာမှာတော့ ပျောက် သွားပါသည်။ ရဲလင်း (ခရိုင်မှူး၊ ရန်ကုန်) ညှင်းပမ်းနှိပ်စက်မှု မျိုးစုံ ခံနေရသည်ကို မိဘများသိ ရှိကာ လိုက်လာပြီး၊ ခံဝန်ကတိပေးကာ ခေါ်သွားပါသည်။

ဝဏ္ဏဇော်(ရန်ကုန်)၊ ဘိုဘို(ရန်ကုန်)၊အောင်ကျော်စိုး (သာယာဝတီ)၊ ညီညီ (မန္တလေး) တို့အားလုံး မိဘများ လာရောက် ခံဝန်ကတိထိုးကာ ပြန်ခေါ်သွားကြပါသည်။


နန်းအောင်ထွေးကြည်ကို KIA မှ အာမခံကာ ခေါ်သွား၏။

ကိုထွန်းအောင်ကျော်ကိုတော့ သံချောင်းကို မီးဖုတ်ပြီး ဒူးခေါင်းကို ထိုးတဲ့အတွက် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါ။ သို့နှင့် အားမရသေးဘဲ ၊ အဆိပ်နဲ့ဆက်သွယ်ရေး စက် တောင်းပြန်ပါသည် ။ ကိုထွန်းအောင်ကျော်က ”ကျနော့်မှာ မရှိဘူး” လို့ ပြောတော့ မရဘူး။ ကိုထွန်းအောင်ကျော်က အချိန်ဆွဲပြီး ”သူ န၀တ သူလျှို မဟုတ်ဘူး ”ဆိုတာကို ၊ KIA နားလည် အောင် ကြိုးစားပေမယ့် - KIA က- မကာကွယ်ဘဲ မသိယောင် ဆောင်နေခဲ့ပါသည်။

ကိုထွန်းအောင်ကျော်ကို နှိပ်စက်ပုံမှာ -ကိုထွန်းအောင်ကျော် လမ်းနည်းနည်းလျှောက် နိုင်မှန်းသိတော့ လှေခါးက ၀ါးတွေကို ပြောင်းပြန်လုပ်ထားပါသည်။ အဲဒီအပေါ်ကို ဖင်ဒရွတ်ဆွဲ ပြီး တက်နေတဲ့ ကိုထွန်းအောင်ကျော်ကို ကန်ချလိုက်တော့ ဒလိန့်ခေါက်ခွေး ကျသွားပါသည်။ ၀ါးငုတ်တွေပေါ်ကျတဲ့ ဒဏ်ရာကြောင့် အိပ်ယာပေါ်က မထနိုင်တော့ပါ။

သူ့ညီရဲ့လက်ကောက်ဝတ်ကို ဖြတ်ပြီး၊ ပါးစပ်ထဲမှာ ကိုက်ခိုင်းထား၏။ ကျနော်ငိုချင်လာတဲ့အထိ ရင်ထဲမှာ ထိခိုက်စွာ ခံစားရပါသည်။ အားလုံးမြင်နေရပေမယ့် ကိုယ်တိုင်လည်း အနှိပ်စက်ခံ နေကြရတာမို့ တယောက်ကို တယောက် မကယ်နိုင်ကြပါပေ။

နောက်ဆုံးမှာ ကိုထွန်းအောင်ကျော်က ”အားလုံးထောက်လှမ်းရေး မဟုတ်ပါဘူး။ ကျနော် တယောက်တည်းသာ ထောက်လှမ်းရေး ဖြစ်တယ် ”လို့ပြောပြီး ၊ အသက်ပေးသွားပါသည်။ မျိုးဝင်းကိုယ်တိုင် ကိုထွန်းအောင်ကျော်ကို ဒါးနဲ့ခုတ်သတ်လိုက်တာပါ။



ကိုထွန်းအောင်ကျော်ကို အလွန်လေးစားမိပါသည်။ ကျနော် မသေးသမျှ ၊ ဒီ အမှန်တရားတွေကို ဖော်ထုတ်ပါမည် ဟု သံဓိဌာန်ချထားပါသည်။

ကိုထွန်းအောင်ကျော်ရဲ့ညီ -ချိုကြီးကို စစ်ဆေးတာကတော့ ကတ္တရာလိပ် (ရင်ဘောင်ခြမ်း) ကို စက္ကူပတ် မီးရှို့ပြီး ၊ ဗိုက်ပေါ်တင် စစ်ဆေးပါသည်။ မသေခင်တရက်မှာ ညီအကိုနှစ်ယောက်ကို တပြိုင်တည်းခေါ်ပြီး၊ ချိုကြီးရဲ့ ညာဘက်လက်ကောက်ဝတ်ကိုဖြတ်ပြီး ၊ လက်ဖ၀ါးကို ဒါးဦးချွန်နဲ့ထိုးကာ၊ အကိုဖြစ်သူ ကိုထွန်းအောင်ကျော်ရဲ့ ပါးစပ်ထဲကို ထည့်ပြီး ကိုက်ခိုင်းထားပါသည်။ လက်သည်းခွံထဲကို သံချောင်းတွေ ရိုက်ထည့်ထားပါသည်။

မင်းသိန်းကတော့ အချုပ်ထဲမှာပဲ လှမျိုးအောင်က နံချပ်ကူနဲ့ ရိုက်လို့ သေသွားပါသည်။

ဂါမဏိ အလင်းပြန်ဝင်သွားသည်ကို ဗဟိုက လိုက်သတ်တော့၊ သူ့အဖေကိုသာ တွေ့လို့ ၊ အဖေ ကို သတ်ပစ်ခဲ့ကြောင်း သိရပါသည်။ ဦးမိုးလည်း အလင်းပြန်ဝင်တာသိလို့ အသတ်ခံရပါသည်။

မောင်မောင်ကြွယ် (ဒေါ်ချိုချိုကျော်ငြိမ်း မွေးစားသား) ကတော၊့ ဖမ်းဆီးအနှိပ်စက်ခံရပြီး၊ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အဖမ်းခံရသူတွေထဲမှ ၁၄ယောက်ကို ရွေးထုတ်ကာ သတ် ပစ်ကြသည့် အထဲ ပါသွားပါသည်။

၁၉၉၂ခုနှစ် ၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အသတ်ခံရ၍ သေဆုံးသွားသူ ၁၄ယောက်မှာ-

၁။ ကိုထွန်းအောင်ကျော်
၂။ ကိုချိုကြီး (မန္တလေး)
၃။ ကိုလှမြင့်(တပ်ကုန်း)
၎။ ကိုရန်အောင်(ရန်ကုန်)
၅။ ဗိုလ်သာဓု(ရန်ကုန်)
၆။မောင်မောင်ကြွယ်(ရန်ကုန်)
၇။အောင်ဖိုး(ရန်ကုန်)
၈။တပ်ကြပ်ဌေးမြင့်ဝင်း(ရန်ကုန်)
၉။ ခင်ချိုဦး(မန္တလေး NLD)
၁၀။ တပ်ကြပ်ကြီး တူးတူး(မြစ်ကြီးနား)
၁၁။တပ်ကြပ်ကြီးသောင်းမြင့်(စစ်ကိုင်း)
၁၂။ကျော်ကျော်မင်း(မုံရွာ)
၁၃။အေးမြင့်
၁၄။ သက်နိုင်(ရန်ကုန်)

အားလုံးကို ငါးယောက် တကျင်း မြှုပ်ပြီး၊ ခင်ချိုဦးက တကျင်း ဖြစ်ပါသည်။ (သေသွားသည်ကို ပင် မိန်းမအင်္ဂါထဲ ဒုတ်ထဲ့ပြီး မြှုပ်ပါသည်။)

အားလုံး မသတ်မီမှာ၊ ဗဟိုမှ တတိယအကြိမ် စည်းရုံးရေးအတွက် လာရောက်သူ ဒေါက်တာ နိုင်အောင် (ယခု NDD) နှင့်အတူ လှဌေးလည်း ပါလာပါသည်။


ဒေါက်တာနိုင်အောင်က ကျနော်တို့ အချုပ်ခန်းကို လာကြည့်ရာ၊ အချုပ်ခန်းရှေ့ ၀ါးခင်းပေါ် ခြေထောက်တင်ပြီး “ဒီကောင်တွေ သတ်ပစ် လိုက်၊ ငါတာဝန်ယူတယ်”ဟု အမိန့်ပေးရင်း ၊သခင်အားရ -ကျွန်ပါးဝ လုပ်သွားပါသည်။

သူ ဥက္ကဌဖြစ်ရေးကို အရေးထားပြီး၊ မဲပေးမည့် ဗဟိုကော်မတီဝင်တွေကို မျက်နှာလို မျက်နှာရ လုပ်သွားခြင်းပါ။

ရဲဘော်များအပေါ် စာနာစိတ် မရှိသူ ဖြစ်ပါသည်။
တတိယအကြိမ် ညီလာခံမှာ အရှက်နည်းစွာဖြင့် ဥက္ကဌ တာဝန် ရရှိသွားခဲ့ပါသည်။

နောက်ပိုင်းတွင်လည်း ABSDF တောင်ပိုင်းအထိ အဲဒီ ”ထောက်လှမ်းရေးဆိုပြီး ဖမ်းတဲ့ရောဂါပိုး” ပျံ့နှံ့သွားခဲ့ပါသည်။ ဒီလုပ်ရပ်များက ဗကပ ၏ ဖြုတ်ထုတ်သတ်ထက်၊ ABSDF က အပုံကြီး သာသွားပါသည်။

ဒါကြောင့် ABSDF ဟာ နိုင်ငံရေးမှာ တ၀က်လောက် ရှုံးနိမ့်ခဲ့ရပြီး ၊ နောက်ပိုင်းတက်လာတဲ့ ဥက္ကဌတွေ အနေနဲ့ ခုချိန်ထိ ၊ ဒီဒဏ်ကို ခံနေရဆဲပါ။

ကချင်ပြည်နယ်တွင် န၀တ ထောက်လှမ်းရေးဟု စွပ်စွဲခြင်း ခံရသူများ စာရင်းမှာ-

၁။ ထွန်းအောင်ကျော် - မန္တလေး - (သေဆုံး)
၂။ ချိုကြီး ။ ။
၃။ ညီညီ
၎။ ရာပြည့် (ခ) ခင်မောင်တင့်
၅။ စိန်ဝင်း (သေဆုံး)
၆။ ထိန်လင်း - ရန်ကုန်
၇။ လွင်မင်းသန့် (ထိန်လင်း) - မန္တလေး
၈။ ကိုဇင်
၉။ ညီညီကျော်
၁၀။ နိုင်ဝင်းအောင်
၁၁။ ရဲလင်း - ရန်ကုန်
၁၂။မောင်မောင်ကြွယ် (သေဆုံး)
၁၃။ မိုးကျော်သူ
၁၄။ ၀ဏ္ဏဇော်ခင်(ရုပ်ရှင်မင်းသားဟောင်း ဇော်ခင်၏ သား)
၁၅။ နန်းအောင်ထွေးကြည် (မငယ်)
၁၆။အောင်ကျော်ဦး
၁၇။ ကိုအုံးကြိုင်
၁၈။အောင်ကျော် (သေဆုံး)
၁၉။ကျော်နိုင်ဦး
၂၀။ဇော်မိုး
၂၁။ကျော်စွာဝင်းမောင်
၂၂။ တိုးကြည်
၂၃။အောင်ကျော်မြင့် (သေဆုံး)
၂၄။မောင်မောင်
၂၅။ သက်တင်
၂၆။အောင်နိုင်
၂၇။ ဆန်းမြင့်ကိုကို
၂၈။ ဒိုတာ
၂၉။ တင်လွှမ်းမိုး
၃၀။ စည်သူထွန်း
၃၁။ ကံမြင့်ဦး
၃၂။ကျော်မျိုး
၃၃။ လှဝေ
၃၄။ နိုင်လင်း
၃၅။ အားစိုက် (တင်မောင်အေး) -သေဆုံး
၃၆။အောင်ကိုး ။
၃၇။ မိုးဇော်အောင် ။
၃၈။အောင်မိုး ။
၃၉။ကျော်ဝေ ။
၄၀။ကျော်ကျော်ဦး (မုံရွာ) ။
၄၁။ကျော်ကျော်မင်း ။
၄၂။ ဦးသောင်းမြင့် ။
၄၃။ ဦးစိန် ။
၄၄။ကျော်ကျော်ဦး (တဇယ်) ။
၄၅။ ဦးမိုး
၄၆။ သန့်စင်မိုး (အီနွတ်)
၄၇။ ထွန်းဇံ
၄၈။ကျော်ဇင်ထွန်း
၄၉။မောင်မောင်ခင်
၅၀။ မိုးဆန်း
၅၁။မောင်မောင် -သေဆုံး
၅၂။ကျော်ကျော်ဦး(ကသာ) ။
၅၃။ ၀င်းမြင့်
၅၄။အောင်မွန်
၅၅။ ဟန်ဝင်းအောင်
၅၆။ဇော်ထွန်း
၅၇။ နိုင်အောင် PSLP
၅၈။ သိန်းနိုင်ချို
၅၉။ စိုးလေး
၆၀။မြင့်သိန်း
၆၁။ ထိန်လင်း (ဘောကြီး)
၆၂။ သာဓု (သေဆုံး)
၆၃။ ခင်ချိုဦး -သေဆုံး
၆၄။ တူးတူး (မိုးညှင်း)
၆၅။ နန်းစော
၆၆။ ဥတည်ဘွား
၆၇။ ဦးမင်းအောင် -သေဆုံး
၆၈။ တူးတူး (မြစ်ကြီးနား) ။
၆၉။ စံမျိုးအောင် ။
၇၀။ ရန်အောင် ။
၇၁။ မျိုးသန်းဦး ။
၇၂။ သိန်းထွန်း ။
၇၃။ပြည့်စိုးနိုင် ။
၇၄။ဌေးမြင့်ဝင်း ။
၇၅။ ခင်မောင်ဇော်
၇၆။ စိုးလွင်
၇၇။အောင်ဝင်း
၇၈။ကျော်ကျော်နိုင် (ဘောတလုံး)
၇၉။ပေါ်ဦး
၈၀။ ထွန်းဦးနိုင်
၈၁။ သက်တင်
၈၂။ လှမြင့် -သေဆုံး
၈၃။ ညီညီနိုင်
၈၄။ ခင်မောင်ကြည်
၈၅။ မိုးကြီး
၈၆။ တင့်လွင် -သေဆုံး
၈၇။ကျော်ဌေး ။
၈၈။ ရာကွတ်ဘိုင် ။
၈၉။ ခင်မောင်စိုး ။
၉၀။ဇော်ဝင်းချစ် ။
၉၁။ ၀င်းနောင် ။
၉၂။ ၀င်းသိန်း ။
၉၃။အေးမြင့် ။
၉၄။ဇော်ဝင်းချစ် ။
၉၅။အေးမြင့် ။
၉၆။အောင်မိုး ။
၉၇။ စိုးဝင်းသန်း ။
၉၈။ ဂမ်မလိ (ဖခင်အသတ်ခံရသည်။)
၉၉။ စိုးကြိုင် (ပြည်တွင်းမှာအသတ်ခံရသည်။)

ကျနော်ရဲ့တင်ပြချက်တွေ အားလုံး အမှန်ဖြစ်ကြောင်း တာဝန်ယူပါသည်။ ကျနော့်အနေနှင့် "သေဆုံး-အနှိပ်စက်ခံရသူတွေဟာ ထောက်လှမ်းရေး မဟုတ်ကြောင်း " ယခုလို အနှစ် ၂၀ ကာလမှာ စစ်ဆေးနိုင်ပြီ ဆိုတာကို တင်ပြချင်ပါသည်။

ထိုအချိန်တွင် တာဝန်ရှိသူများမှာ-


၁။အောင်နိုင် (ဥက္ကဌ)

၂။ သံချောင်း (CS) (သာယာဝတီထောင်)

၃။ မျိုးဝင်း (BCS) (သေဆုံး)
၎။အောင်ကြီး (ဘဏ္ဍာရေး)
၅။နေဒွန်း (ဦးစီး)

၆။ လှဆိုင်း (ဘဏ္ဍာရေး)
၇။ စိန်အေး (စည်းရုံးရေး)
၈။အောင်သန်း (ဘဂျမ်း) ၇၀၁ တပ်ရင်းမှူး
၉။အောင်ဆွေဦး ၇၀၂ တပ်ရင်းမှူး

၁၀။ သိုက်ထွန်းဦး ၅၀၁ တပ်ရင်းမှူး
၁၁။ မိုးနောင်
၁၂။ သက်လင်း
၁၃။ နိုင်စော
၁၄။မောင်ထွေး
၁၅။ သန်းဇော် (မန္တလေးထောင်)
၁၆။ လှနူးလ်
၁၇။ ကိန်းမြင့်


၎င်းတို့အပြင် ABSDF ဗဟိုမှ ဒေါက်တာနိုင်အောင် (NDD) တို့ပင် ဖြစ်ပါသည်။

အေဘီအက်စ်ဒီအက်ဖ် ကချင်(မြောက်ပိုင်း) တာဝန်ရှိသူ ကော်မတီဝင်များ စာရင်း ကို ထပ်မံ တင်ပြလိုက်ပါသည်။

၁။ ထွန်းအောင်ကျော် (ဥက္ကဌ)
၂။ သံချောင်း (ဒု ။ ) စစ်ရေးတာဝန်ခံ
၃။ မျိုးဝင်း ( ။ )တွဲဘက် စစ်ရေးတာဝန်ခံ
၎။အောင်ကြီး (ဘဏ္ဍာရေး)
၅၊အောင်နိုင် (အတွင်းရေးမှူး)
၆။နေဒွန်း (စီးပွားရေးတာဝန်ခံ)
၇။ ဒူဝါ လှဆိုင်း (ဘဏ္ဍာရေး)
၈။ တင်မောင်အေး
၉။ ဦးစိန် (နိုင်ငံရေးနှင့်စည်းရုံးရေး)
၁၀။ ညီညီကျော် (ဗန်းမော် ခရိုင်မှူး)
၁၁။ ရဲလင်း (ရွှေဂူ ခရိုင်မှူး)
၁၂။ ဗဂျမ်း (အောင်သန်း) ၇၀၂ တပ်ရင်းမှူး
၁၃။အောင်ဆွေဦး ၇၀၁ တပ်ရင်းမှူး
၁၄။ စိန်အေး (စည်းရုံးရေး)

အထက်ဖော်ပြပါ စာရင်းမှ လူများမှာ- ABSDF ကချင်(မြောက်ပိုင်း)ကော်မတီဝင်များဖြစ်ကြပြီး၊ တောင်ပိုင်းမှ လာရောက် တာဝန်ထမ်းဆောင်သူများမှာ-

ကျော်ကျော် (ယခင် ဥက္ကဌ)၊ လှဌေး (စစ်ကိုင်းတိုင်း) နှင့် စိုးလင်း(နိုင်ငံရေးနှင့်စည်းရုံးရေး) တို့ ဖြစ်ကြပါသည်။

”သွေးမဲ့မော်ကွန်း”

တို့ နိုင်ရဘို့အတွက် ကြိုးစားရင်း
ငါတို့ရဲ့…
သွေးတွေ….ချွေးတွေ...
မော်ကွန်းပြောင်းပြန် တင်ခဲ့ပြီ။

(ထင်လင်းအောင်)

--------------------------------------

မခင်စန်းနွယ်၏ မှတ်ချက်။ ။
”မြောက်ပိုင်းကိစ္စမှာ တာဝန်ရှိခဲ့တဲ့သူတွေက ခုအချိန်မှာ ထင်လင်းအောင်ကို ခြိမ်းခြောက်ပြီး နှုတ်ပိတ်ဖို့ ဖိအားတွေ ပေးနေလို့ ထင်လင်းအောင်အနေနဲ့ စိုးရိမ်ထိတ်လန့်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ထင်လင်းအောင် လုံခြုံရေးအတွက် ၀ိုင်းဝန်းကာကွယ်ပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။”

”ကျမ ကိုယ်တိုင်က မြောက်ပိုင်း (ကချင်ပြည်နယ်)ABSDF တပ်ရင်း (၇၀၁)မှာ တောခိုခဲ့သူပါ။ အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ စာရေးသူအနေနဲ့ မြောက်ပိုင်းက ထွက်ခွါလာပြီးနောက်- မြောက်ပိုင်းတပ်စခန်းဖြစ်တဲ့ လိုင်စင်တောင် ပါဂျောင်စခန်းမှာ ဖြစ်သမျှကို ၊ ကျမသူငယ်ချင်း ထင်လင်းအောင်က အသေအချာ ရေးမှတ်ထားခဲ့ပါတယ်။ သူရေးမှတ်ထားတာတွေကို ကျမကို ပေးခဲ့ပါတယ်။ ”

”ကျမတို့မိသားစုနဲ့ ထင်လင်းအောင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သုံးနှစ်ခန့် အတူနေခဲ့ကြပါတယ်။ အဲဒီလိုနေကြစဉ် ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျမကို သူကိုယ်တိုင် ပေးခဲ့တာ ဖြစ်ပါတယ်။
သူ့လက်ရေးစာမူက ကျမဆီမှာ ခုချိန်ထိရှိနေပါတယ်။”

(ခင်စန်းနွယ်)
အမေရိက

လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ

ယခုအစီရင်ခံစာသည် ကျောင်းသားတပ်မတော် ( မြောက်ပိုင်းဒေသ )တွင် သူလျှိုအဖြစ် စွပ်စွဲခံရပြီးညှင်း ပမ်းနှိပ် စက်ခြင်းခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူ ထင်လင်းအောင်မှ ပေးပို့လာသောအစီရင်ခံစာ ဖြစ်ပါသည်။
------------------------------------------------------------------------------------------------
( ထင်လင်းအောင် ) 25-1-2012



ကျနော် ထင်လင်းအောင်သည် ဦးအောင်သန်း ဒေါ်ခင်ရီတို့မှ ၁၉၆၆ ခုနှစ်၊မေလ ၂၄ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် အခြေခံ ပညာအလယ်တန်းကျောင်း၊ အလက(၁)သထုံမြို့တွင် မူလတန်းပညာကို သင်ကြားခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် အထက်တန်းပညာ သင်ကြားနေချိန် ဒီမိုကရေစီ အရေးအခင်း ဖြစ်ပွားပါသည်။ ကျနော်သည် ကျောင်းသားသမဂ္ဂ၏ သတင်းနှင့်ဝါဒဖြန့်ချီရေးရုံးတွင် ၀င်ရောက် တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ သပိတ်အခြေစိုက်စခန်းမှာ ၀ိဘာဂီဘုန်းကြီး ကျောင်းဝင်းအတွင်းတွင် ဖြစ်ပါသည်။

၁၉၈၈ ခုနှစ်၊စက်တင်ဘာ ၁၈ရက် စစ်တပ်က အာဏာသိမ်းပြီး -၁၉ ရက်နေ့တွင် အမှတ် ၂၄ ခြေလျှင်တပ်ရင်းမှ တပ်ရင်းမှူးကိုယ်တိုင် လာရောက် လူစုခွဲခိုင်းရာ ၂၀ ရက်နေ့ ညနေပိုင်းကျမှ လူစုခွဲလိုက်ပါသည်။

ကျနော်တို့ သပိတ်စခန်းခေါင်းဆောင်များမှာ-

၁။ တင်ဝင်း
၂။ သူရိန်ထွန်း
၃။ တင်အုံး
၎။ ကျော်ကျော်
၅။ ဆန်းအောင်
၆။ မြင့်သူ
၇။ အောင်အောင်
၈။ ကျော်မိုး
၉။ ကိုမျိုးတို့ဖြစ်ပါသည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျနော်၊ အောင်ဇော်ဦး၊ သံချောင်း၊ ခင်မောင်သိန်း၊ ခိုင်စိုးတို့သည် လက်နက်ကိုင်လမ်းစဉ် ပြုလုပ်ရန်အတွက် သထုံမြို့မှ ထွက်ခွါခဲ့ကြပါသည်။ သထုံမှ မြိုင်ကလေး၊ဘားအံ- ထိုမှတဆင့် -ဖားကပ်၊ မုဂတိ၊မင်းစီ၊ နတ်ကြီး စသည့်ရွာစဉ်များကိုဖြတ်ပြီး ၊ ၂၇ ရက်နေ့တွင် ကေအင် ယူ နယ်မြေရှိ တပ်ရင်း(၂၁) မယ်သလေစခန်းသို့ ရောက်ခဲ့ပါသည်။

၁၉၈၈ ခုနှစ်၊ နိုဝင်္ဘာလ ၅ ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းချိန်မှာ ကျနော်အပါ အ၀င် အင်အား ၁၀၀ ခန့် ၊ မယ်သလေအနီးရှိ ဆင်တောင်ခြေတွင် သင်တန်းတက်ခဲ့ရပါသည်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မယ်သလေစခန်းကျသဖြင့်၊ ထိုင်းနိုင်ငံ ရိုးကလိုး ဒုက္ခသည်စခန်းအနီးတွင် တပတ်ခန့်ခိုနေပြီး၊ ရေကျော်စခန်းသို့ သွားရောက်ခဲ့ပါသည်။ ရေကျော်စခန်းတွင် စစ်သင်တန်း နှစ်လတက်ရောက် သင်ကြားခဲ့ပြီး ဧပြီလတွင် တပ်ပြောင်းရွှေ့ခွင့် အရ ကျနော်နှင့် စိုင်းထူး(ကျိုက်ထို) နှစ်ယောက်သည် ရေကျော်မှ မဲဆောက်၊ မဲသဝေါ၊ မာနယ်ပလော။ နောက်ဆုံး ဦးသုထသို့ မေလ ၅ ရက်နေ့တွင်ရောက်ရှိခဲ့ပါသည်။ ထိုစခန်းတွင် တပတ်မျှနေထိုင် နေစဉ် ဦးသုထစခန်း ကျပြန်သဖြင့် စခန်းပြောင်းရွှေ့ရာ ၊ သော်လဲထ ။ ၄င်းမှ မဲလထ ။ ၄င်းမှ လဲသာထ သို့ ရောက်ရှိပြီး -အမှတ် ၂၀၉ တပ်စခန်းကို တည်ဆောက်ရပါသည်။

အမှတ် ၂၀၉ တပ်ရင်းတွင် စစ်ရေး၊ နိုင်ငံရေးတာဝန်များကို ထမ်းဆောင်နေရင်း ပလောင် နယ်မြေတွင် ABSDF ၅၀၁ တပ်ရင်းသစ် တခုဖွဲ့စည်းရန်အတွက် ရွေးချယ်ခြင်းခံခဲ့ရပါသည်။

၂၀၉တပ်ရင်းမှ ရဲဘော် ၂၁ ယောက် ၊ သေဘောဘိုးမှ ၃ ယောက်၊ ရ၀မ်ခမှ ၃၊ ဘုရားသုံးဆူမှ ၁ ဦး၊ နယ်မြေရုံးမှ ၂ ၊ စုစုပေါင်း (၃၀) ယောက်ကို ရွေးချယ်ပြီး၊ ၁၉၉၀ ပြည့် ဇန်န၀ါရီလထဲတွင် နှစ်သုတ် ခွဲ ပို့ခဲ့ပါသည်။

ABSDF ဥက္ကဌ ကိုမိုးသီးဇွန်မှ တာဝန်ပေးသဖြင့် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရပါသည်။

တပ်ရင်းမှူး သိုက်ထွန်းဦး (ဘုရားသုံးဆူ)-ရန်ကုန် သာကေတ ၅ ရပ်ကွက်။
ဒု-ရင်းမှူး သူရဇော် (၀မ်ခ) - မြင်းခြံ
ဆေးတာဝန်ခံ သိန်းထွန်း (၀မ်ခ) - ကျောင်းကုန်း
တပ်စုမှူး ထင်လင်းအောင်(စာရေးသူ)
တပ်စိပ်မှူး ဇော်နိုင် (သေဘောဘိုး) - ရန်ကုန်
တပ်စိပ်မှူး ဇလုံး(ဇော်ဇော်ဦး) - တောင်စွန်း

ရဲဘော်များမှာ-

အငယ်လေး (၀မ်ခ) - မန္တလေး
မောင်မောင် (နယ်မြေရုံး) - ရန်ကုန် ဒလ
သက်အောင် (နယ်မြေရုံး) - ရန်ကုန် ၈ မိုင်
အောင်ဝင်းတင့် (သေဘောဘိုး) - ရန်ကုန်
ဇော်မြင့် (သေဘောဘိုး) - ရန်ကုန်
လှဝေ - ကျိုက်ကော်
အောင်နိုင် - ပဲခူး
မောင်ဦး - ပဲခူး
ဆန်းမြင့်ကိုကို - ပဲခူး
မောင်ဦး - ပဲခူး
မြင့်ဥင်္ီးလေး (မနှဲလေး) - သထုံ
ကျော်ကျော် - ကျိုက်ထို
ဂါမဏိ - ကျိုက်ထို
ထက်ခိုင် - ကျိုက်ထို
စန်းမြင့် - ရန်ကုန်
ဦးနိုင်ဦး - ပဲခူး
သန်းထိုက် - ရန်ကုန်
သန်းထွဋ် - ပဲခူး
အောင်ဆန်းဦး - သထုံ ပေါ်တော်မူ
ကျော်မျိုး - ကျိုက်ထို
နိုင်လင်း - သထုံ ဇင်းကျိုက်
သိန်းလွင် - ရန်ကုန်
စိုးဝင်း - ရန်ကုန်
အောင်ဇော်ဦး - သထုံ

အထက်ပါ ၃၀ ဦးတို့ကို မာနယ်ပလောမှ သော်လဲထ၊၄င်းမှ မယ်ဟောင်ဆောင်၊ ၄င်းမှ မယ်စတီရမ်း၊၄င်းမှ ချင်းမိုင်၊ ချင်းမိုင်မှ မာန်မြို့အနီးရှိ လွယ်ဖာပုပ်တောင်အထိ သွားကြရပြီး၊ အဲဒီမှာ စုပါသည်။

ကျနော်တို့ သွားရမည့် အဖွဲ့များမှာ PSLP,ALP,PDF,ABSDF တောင်ပိုင်းမှ မြောက်ပိုင်းသို့ ထွက်မည့်လူများလည်းရှိပါသည်။

PDF ၂ ဦး၊ ABSDF ၃၄ ဦး၊ ALP ၄ ဦး၊ PSLP ၁၈ ဦးတို့ဟာ ၁၉၉၀ မတ်လ ၈ ရက်နေ့မှ စတင်ခရီးထွက်ခဲ့ကြပါသည်။

မိုင်းဆပ်မှတဆင့် ကျိုင်းတုံ ။ ၄င်းမှတဆင့် ပန်ဆိုင်း (ဗဟိုဌာနချုပ်) သို့ ၁၉၉၀ ၊ ဧပြီလဆန်းတွင် ရောက်ရှိကြပါသည်။ တဖန်ပန်ဆိုင်းမှ မိုင်းမောသို့ ကားဖြင့် ပို့ပေးပါသည်။ လမ်းတွင် တိုက်ပွဲ ၃ ကြိမ်ရင်ဆိုင်ခဲ့ရ၏၊

ပလောင်နယ်မြေသို့ ဇွန်လတွင်ရောက်ရှိခဲ့ပြီး တလခန့် ရှေ့တန်းတွင် လှုပ်ရှားရပါသည်။ တပ်ရင်း (၂၁၇) မှတပ်ရင်းမှူး စိုင်းစိုးလင်းနှင့်ကျနော် ဦးဆောင်သော တပ်စုတစုသည် မိုးမိတ်၊ မိုးကုတ်၊ နမ်းဆန်နယ်မြေများသို့ လှည့်လည် စည်းရုံးရေး ဆောင်ရွက်ရပါသည်။

ABSDF ဗဟိုမှညွှန်ကြားချက်အရ KIA ဗဟိုသို့ ၁၉၉၀ ၊ ဇွန်လတွင် ခရီးဆက်ခဲ့ရာ ၊ ဇူလိုင်လကုန်တွင် KIA တပ်ရင်း (၈) သို့ရောက်ခဲ့ပြီး ၊ABSDF မြောက်ပိုင်း ရွှေဂူခရိုင်မှူး ရဲလင်းနှင့် တပ်စုတစုကို တပ်ရင်း (၈) တွင်တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့နှင့်အတူ သြဂုတ်လတွင် ABSDF မြောက်ပိုင်းသို့ ထွက်ခဲ့ရာ နည်းဗျူဟာ(၂) တပ်မဟာ (၃) KIA စခန်းရှိ ABSDF မြောက်ပိုင်းမှ ဗန်းမော် ခရိုင်မှူး ညီညီကျော်နှင့်အဖွဲ့ကို ထိုစခန်းတွင် တွေ့ရပါသည်။

တပ်ရင်း (၈) တွင် နေထိုင်စဉ်က တပ်ရင်းမှူး သိုက်ထွန်းဦးနှင့် ရဲဘော် စိုးနိုင်ဦးတို့က ABSDF မြောက်ပိုင်းသို့ ကြိုတင် သွားခဲ့ကြပါသည်။ ၄င်းတို့နှစ်ဦးက တရုတ်ပြည်ဘက်မှ သွားခြင်းဖြစ်၏။

တပ်မဟာ (၃) သို့ ကျနော်တို့ရောက်ချိန်တွင် တပ်ရင်းမှူးက လာရောက်ကြိုဆိုပါသည်။ ၄င်း စခန်းမှ ကျောင်းသားရဲဘော်များနှင့်အတူ စစ်ဆင်ရေးပြုလုပ်ရာ၊ မအူပင်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွါး ခဲ့သဖြင့်၊ သြဂုတ်လ ၁၀ ရက်နေ့တွင် ကျနော့်ဒူးခေါင်းကို သေနတ်မှန်သဖြင့်၊ KIA တပ်မဟာ (၃)တွင် ဆေးကုသနေစဉ် ကျနော်နှင့် ရဲဘော်ကျော်မျိုးကို ချန်ထားခဲ့ပြီး ကျန်လူများက ခရီးဆက်ထွက်ကြပါသည်။

ဒဏ်ရာသက်သာလာပြီးနောက် တပ်မဟာ(၃)မှ မောင်မောင်ကောင်းနှင့် အတူ ကျနော်နှင့် ကျော်မျိုး တို့လည်း၊ ပန်နိုင်ရွာ၊ ဘင်ခေါင်းရွာ၊ ပထန်ရွာ၊ တအင်းရွာ၊ မအူပင်ရွာများသို့ စည်းရုံးရေးဆင်းရာ အလွန် ပင် အောင်မြင်ခဲ့ပါသည်။

ကျနော်နှင့်ကျော်မျိုးက ၄င်းရွာများကို အမာခံနယ်မြေပြုလုပ်ပြီး စစ်သားသစ်စုဆောင်းခြင်း ၊ရိက္ခာများ အချိန်မရွေး ရရှိအောင် ပြင်ဆင်ခြင်း၊ စေတနာ့ဝန်ထမ်းအလုပ်သမားများ ရရှိအောင်စည်းရုံးခြင်းတို့ကို ဆောင်ရွက်ကြပါသည်။

၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ၂၈ ရက်နေ့တွင် ABSDF မြောက်ပိုင်းသို့ ခရီးထွက်ခဲ့ရာ- တပ်မဟာ (၃)မှ အင်ခေါင်း၊ ကြိုးတံတား၊ နောင်ရာပါရွာများကို ဖြတ်ကျော်ကာ၊ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့တွင် ABSDF မြောက်ပိုင်းသို့ရောက်ရှိပါသည်။

ကျနော်တို့ရောက်ရှိချိန်တွင် တပ်ရင်းမှူး သိုက်ထွန်းဦးနှင့်အတူ ရဲဘော် ၈ ဦး၊ ရင်း ၅ နယ်မြေသို့ စစ်ဆင်ရေး သွားနေကြောင်း သိခဲ့ရသည်။ ကျနော် လမ်းကောင်းကောင်း မလျှောက်နိုင်သေးပါ။ တပ်တွင်းအခြေအနေများကို ဆွေးနွေးပါသည်။

ကျနော်နှင့် ကိုသိန်းထွန်းသည် ABSDF တောင်ပိုင်း ဗဟိုမှ ချမှတ်ထားသော စည်းမျဉ်းဥပဒေ များနှင့် မြောက်ပိုင်းမှ စည်းမျဉ်းဥပဒေအချို့ ကွာခြားချက်ရှိကြောင်း ထောက်ပြခဲ့ပါသည်။

၁။ သစ္စာဓိဌာန်
၂။ ရဲဘော်များကို စစ်ဆေးရာတွင် ခုံရုံးဖွဲ့ပြီး စနစ်တကျ မစစ်ဆေးဘဲ ပါးစပ်မိန့်ဖြင့် သတ်ခြင်း။
၃။ အထက်နှင့်အောက် ညီမျှမှု မရှိခြင်း။
၎။ မြို့နယ်စွဲများရှိခြင်း။ (အထူးသဖြင့် -ကချင်ပြည်နယ်)
၅။ ရဲဘော်သစ် စုဆောင်းရာတွင် မတရား စုဆောင်းခြင်း၊ မတရားဖမ်းဆီး ခိုင်းစေခြင်း။
၆။ အဖွဲ့ပိုင် ငွေကြေးကို အလွဲသုံးစားလုပ်ခြင်း။
စသည်တို့ကို ဆွေးနွေးရာ သူတို့က ပယ်ချပြီး၊အမှတ်(၁) တွင် အချက် တချက် တိုးပေးပါသည်။ ဗဟိုမှ သတ်မှတ်ထားသော စာသားနှင့်မတူပါ။

ABSDF ကချင်နှင့် ၅၀၁ မှ ကျနော်တို့ နားလည်မှု ကွဲလွဲတာ စတင်ပါတော့သည်။ ကချင်ရှိ စစ်ဗိုလ်ချုပ် သံချောင်းနှင့် ဥက္ကဌမျိုးဝင်းတို့က ၅၀၁ နှင့် ၆၀၁ ကို သူတို့လက်အောက်ခံတပ်ရင်းများ ဖြစ်စေချင်ကြသည်။ ထိုအချိန်တွင် အဆင့်လိုက်တာဝန်ယူမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

လူကြီးများထံ ကြေးနန်းပို့ရန် တောင်းဆိုခဲ့ရာ ပို့ခွင့်ရသဖြင့် ကချင်ဆက်သွယ်ရေးစက်ဖြင့် တောင်ပိုင်းဗဟိုဌာနချုပ်သို့ ကြေးနန်းပို့ အကြောင်းကြားပါသည်။

ဗဟိုမှ လူကြီးများဖြစ်သော ကိုမောင်မောင်တိတ်၊( ယခင် ဘဏ္ဍာရေး )
ကိုသန်းဝင်း၊ (DAB တွဲဘက်အတွင်းရေးမှူး၊)
ကျော်ကျော်(ABSDF အတွင်းရေးမှူး)၊
မိုးသီးဇွန် (ဥက္ကဌ)၊
မုတ်ဆိပ် (ဆက်သွယ်ရေး) တို့နှင့် တွေ့ပါသည်။

ကိုသန်းဝင်းနှင့်တွေ့ချိန်တွင် (ယခင်က) ထိုကိစ္စကို တားပါသည်။ ၄င်းက ”ထိုနယ်မြေသို့ မသွားသင့် ၊အန္တရာယ်ရှိနိုင်သည် ။ ဒုတိယအကြိမ် ညီလာခံတွင် ဒီ အကြောင်းအရာကို သူ တင်ပြ ပေးပါမည် ” ဟု ပြောပါသည်။

ကျော်ကျော်နှင့်တွေ့ချိန်တွင် ကျနော်က အကျိုးအကြောင်းပြောပြပြီး ”တောင်ပိုင်းသို့ပြန်လာမည်”ဟုပြောရာ ကျော်ကျော်က ”ပြန်မလာနှင့် ” ဟု တားပါသည်။

ကျနော်က ”တောင်ပိုင်းသို့ မပြန်ရလျှင် ABSDF မှထွက်မည် ” ဟုပြောသဖြင့် ၊ ကျော်ကျော်က ” လက်နက်တွေတော့ ပြန်အပ်လိုက်ပါ။ ပြန်ခွင့်မပြု ”ဟု အမိန့်ချမှတ်လိုက်ပါသည်။

ကျနော်တို့က ကျော်ကျော်ပြောသည့်အတိုင်း စစ်လက်နက်ပစ္စည်းများကို အပ်လိုက်ပါ သည်။ ကျနော်တို့ အလွန်ပင် ချစ်မြတ်နိုးသော ကျနော်တို့ကိုယ်တိုင် ကြိုးပမ်းတည်ဆောက်ထား သော ABSDF အဖွဲ့ကို ခွဲရတော့မည်ဟု သိလိုက်ရပြီး ၊ရင်ထဲမှာ ဖော်မပြနိုင်လောက်တဲ့ ဝေဒနာ တွေကို ခံစားလိုက်ရပါတော့သည်။

ကျနော်တို့ ထမ်းဆောင်ခဲ့တာတွေ အလကားဖြစ်ကုန်ပြီ ။ကျနော်တို့ ရဲဘော်တွေဟာ စစ်မြေပြင်မှာ အသက်ကိုနှင်းပြီး ပြည်သူများအတွက် ကိုယ်ကျိုးစွန့်နေချိန်မှာ လူကြီးပိုင်းမှာတော့ နေရာလုမှုတွေ ၊အဂတိလိုက်စားမှု၊ နယ်မြေလုမှုတွေနဲ့ အချင်းချင်းပြဿနာ ဖြစ်နေကြပါသည်။

အရည်အချင်းရှိတဲ့ ရဲဘော်တွေကို သူတို့လက်အောက်ဝင်ဖို့ သိမ်း သွင်းလို့မရရင် နည်းအမျိုးမျိုးနဲ့စွပ်စွဲပြီး အာဏာနဲ့သတ်ပစ်ကြ၏။

ဒါကို ကချင်က ခေါင်းဆောင်တွေက သိလျက်နဲ့ မသိယောင်ဆောင်နေခဲ့ကြပါသည်။ AB မြောက်ပိုင်းက လက်နက်သိမ်းထားပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ကို မတရား စည်းကမ်းတင်းကြပ်တာတွေ လုပ်ခဲ့ပါသည်။

ဒီအချိန်မှာ ဥက္ကဌ ထွန်းအောင်ကျော်က ထွက်ပေါက်တခု ပေးပါသည်။ ကျနော်တို့တောင် ပိုင်းပြန်ရန် အဆက်အသွယ် ရှာခွင့်ပြုလိုက်တာကြောင့် ကျနော်လည်း ၅၀၁ မှာရှိသည့် ကိုသိန်း ထွန်း (ဆေးမှူး)၊ အောင်နိုင်(ဆေးမှူး) တို့ကို ဆက်သွယ်ပြီး ကျနော်တို့ကို ပြန်ခေါ်ဘို့ ပြောတော့၊ အောင်နိုင်(ဆေးမှူး)ရောက်လာပြီး မကြာခင်မှာ ၊ ၅၀၁ တပ်ရင်းမှူးရဲ့ဆက်သားလုပ်နေတဲ့ စိုး မင်းအောင်က ၁၉၉၁ ရှစ်လေးလုံး နှစ်ပတ်လည် မတိုင်ခင် ABSDF ကနေ ထွက်ပြေးသွားပါသည်။

လိုက်ရှာကြရာ စိုးမင်းအောင်ကို ရွှေလီမှာ ဖမ်းမိလာပြီး ဗန်းမော်ခရိုင်ကို ခေါ်သွားပါသည်။ စိုးမင်းအောင်ကို န၀တ ထောက်လှမ်းရေးဟု စွပ်စွဲပြီး စစ်ဆေးကြပါသည်။

”မဟုတ်ပါဘူး”လို့ ငြင်းသဖြင့် စိုးမင်းအောင်းရဲ့လက်နှစ်ဖက်နဲ့ခြေထောက်ကို ထိပ်တုံးခတ်ထားပြီး ခြေဖ၀ါးနှစ်ဖက်ကို ဒါးနဲ့ခွဲပါသည်။ မီးကင်ပါသည်။ စိုးမင်းအောင်က အာခေါင်သံကြီးနဲ့အော်ပြီး တောင်းပန်ရှာပါသည်။

သံချောင်းချွန်ချွန်တွေကို မီးဖုတ်ပြီး အသားထဲကို ထိုးထဲ့ပါသည်။ ဒါးကို မီးကင်ပြီး ကပ်ပါသည်။ စိုးမင်းအောင်က ပထမတော့ တင်းခံထားပေမယ့်- နာကျင်လွန်းတော့ ”ထောက်လှမ်းရေးပါ ”လို့ ၀န်ခံရှာပါသည်။

နှိပ်စက်တာကို ခံစားရလွန်းတဲ့ စိုးမင်းအောင်က သက်သာလို သက်သာငြား၊ သွေးရူးသွေးတန်းနဲ့ ပြောမိပြောရာ နာမည်ပေါင်း ၅၀ ကျော်ကို ပြောပြီး အသက်ထွက်သွားရှာပါသည်။

အဲဒီအချိန်ကစပြီး တယောက်ပြီး တယောက် အဖမ်းခံရပြီး၊ အနှိပ်စက်ခံကြရ၊ မခံနိုင်တော့ နာမည် တွေ လျှောက်ပြောနဲ့ ၊ လူပေါင်း ၁၀၀ ကျော် ငရဲခံကြရပါတယ်။

ဒီလိုနဲ့ ၁၉၉၁ ၊စက်တင်ဘာလ ၁၀ ရက်နေ့ဟာ ကျနော်တို့အတွက် ကြေကွဲစွာခံစားရတဲ့နေ့ တနေ့ပေါ့၊ ကျနော် ကချင်ကို လာတာ တနှစ်တိတိ ကြာအောင် လာခဲ့ရတာပါ။ ကျနော်တို့ ထမ်း ဆောင်တဲ့တာဝန်နဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးကို မကြည့်ဘဲ ကျနော်နဲ့ အောင်နိုင်ကို န၀တ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး နှိပ်စက်ကြပါသည်။ ကျနော်တို့က စိုးမင်းအောင်အဖြစ်ကို သိ ထားတာကြောင့် ကျနော်က အောင်နိုင်နဲ့တိုင်ပင်ပြီး ၀န်ခံလိုက်ပါသည်။ ကျနော် န၀တထောက် လှမ်းရေး မဟုတ်တာကို ကျနော်ကိုယ်တိုင် အသိဆုံးပါ ။ န၀တ နဲ့တိုက်ပွဲဝင်ရင်း ဆယ်ခါပြန်သေရဲ ပါ၏်။ ကိုယ့်အချင်းချင်းသတ်လို့ သေမှာကိုတော့ ကြောက်တာ အမှန်ပါ။ ဒါကြောင့်အခြေအနေ ကိုကြည့်ပြီး ၀န်ခံလိုက်ပါသည်။ ၀န် မခံရင် သေအောင် နှိပ်စက်ကြမှာပါ။

လွတ်မည့်ရက်ကို စောင့်ရင်း အချုပ်ထဲမှာ ငရဲခံနေရပါသည်။ ညဘက်ရောက်မှာကိုတော့ ကျနော်တို့သိပ်ကြောက်ပါ၏။

ညဘက်ရောက်ရင် မူမူးရူးရူးနဲ့ လာနှိပ်စက်ကြတာကို ခေါင်းငုံ့ခံရပါသည်။ တဖြည်းဖြည်း နဲ့ ကျနော်တို့လို အစွပ်စွဲခံရသူ ၁၃၀ ခန့်ရှိပါပြီ။


သင်းသင်းညီ ဆိုရင် ဒါရိုက်တာ ရှင်လုံးရဲ့သမီးလေး ပါ ။သူ့ အမေ လာခေါ်လို့ လွှတ်ပေးလိုက်ပါသည်။

စိုးမင်း (မန္တလေး) ကိုတော့ ဖမ်းပြီး ၊ မစစ်ဆေးဘဲ ပြန်လွှတ်ပေးလိုက်ပါသည်။

မျိုးဇော်အောင်ကိုတော့ "ဆက်သွယ်ရေးစက် ရှိတယ် "ဆိုတဲ့ စွပ်စွဲချက် နဲ့ နည်းမျိုးစုံ စစ်ဆေးမေးမြန်းကြပါသည်။ ဇောက်ထိုးဆွဲထားပြီး စအိုထဲကို ၀ါယာကြိုးထည့်ကာ လျှပ်စစ်လွှတ်လိုက်တာ... အူပုတ်ပြီး သေသွားပါတော့သည်။ ဒီသတင်းကိုကြားတော့ ဗန်းမော်ခ ရိုင်က ဂါမဏိသက်တင်၊ စိုးကြိုင်တို့ ထွက်ပြေးပြီး ၊ အလင်းဝင်သွားပါတော့သည်။

ဒီအကြောင်းကို သိသွားသော တပ်ရင်းမှူးဘဂျမ်းက ဒေါသူပုန်ထပြီး အချုပ်ခန်းထဲကို သူရဲ့ ပစ္စတိုနဲ့ လိုက်ပစ်ပါသည်။ ဦးအောင်မိုး(ဗန်းမော်)ကို ထိမှန်ပြီး ပွဲချင်းပြီး သေတာကို ခြေသလုံး သားတွေ လှီးပစ်ပါသေးသည်။

အဲဒီညမှာ သက်နိုင်ကို ခေါ်ထုတ်ပြီး မေးတာ၊ မေးလို့မရတော့ သက်နိုင်ရဲ့နားရွက်ကို သေနတ်နဲ့ပစ်ဖောက်ပြီး ပေါက်သွားတဲ့နေရာကို ဒုတ်နဲ့ထိုးထည့်ပါသည်။

နောက်နေ့မှာ ကျော်ဌေးကို ခေါ်ထုတ်ပြီး "ထောက်လှမ်းရေး မဟုတ်လား"လို့ စွပ်စွဲမေးတာကို ကျော်ဌေးက ”မဟုတ်ပါဘူး” လို့ အတန်တန်ငြင်းတာကြောင့်- ကျော်ဌေးရဲ့မျက်လုံးနှစ်ဖက်ကို အပ်နဲ့ထိုးဆွပါသည်။ အဲဒီဒဏ်ရာနဲ့ပဲ ကျော်ဌေး သေပါတော့သည်။

နေ့စဉ် နေ၀င်က မိုးချုပ်ထိ အော်ဟစ် တောင်းပန် ငြီးငြူသံတွေက စိတ်ခြောက်ခြားစရာ ကောင်းလှပါသည်။ ကျော်ဌေး သေခါနီး ပြောစကားအရ ၊ ကျော်ဝေနဲ့ခင်ချိုဦးကို ထပ်ပြီးစစ်ဆေး ကြပြန်ပါရော။

”အဆိပ်တွေ ဘယ်မှာဝှက်ထားသလဲ ”ဆိုပြီး ကျော်ဝေကို ဒါးအဖျားနဲ့ နားရွက်ကို တနေကုန် ရိုက်ပြီး မေးပါသည်။ နောက်ပြီး ချောင်းထဲမှာ ရေနှစ်ပါသည်။ နောက်ဆုံးအဆိပ်ထုတ် မပေးရ ကောင်းလား ဆိုပြီး ကျော်ဝေရဲ့ခြေသန်းတဖက်ကို ဖြတ်ပြီး ပါးစပ်နဲ့ကိုက်ပြေးခိုင်းပါ၏်။
အချုပ်ထဲရောက်တော့ အဲဒီလက်ပြတ်ကို ကြိုးနဲ့သီပြီး လည်ပင်းမှာ ဆွဲခိုင်းထားပါသည်။

ငါးမိနစ်တကြိမ် တယောက်ပြီး တယောက် ၀င်လာပြီး၊ အချုပ်ခန်းထဲက လူတွေကို ရိုက်ပါသည်။ ခင်ချိုဦးကို အဆိပ်လိုက်ပြခိုင်းရာ ခင်ချိုဦးက ”မသိတဲ့အကြောင်း ၊ မရှိတဲ့အကြောင်း” ငိုပြီး တောင်းပန်ရှာသည်။ ဒါပေမယ့် စစ်တဲ့သူတွေက သူရဲပူးနေသလိုဘဲ ၊ ရက်စက်စွာနှင့် ခင်ချိုဦးရဲ့အ၀တ်အစားတွေကို အကုန်ဆွဲချွတ်ပစ်လိုက်ပြီး လိုက်ရှာပါသည်။ မတွေ့တော့ ခင်ချိုဦးကို မြေကြီးထဲ မြှုပ်ထားပြီး၊ ခေါင်းသာ ဖော်ထားပြန်ပါသည်။ ပါးစပ်ထဲကို ဒါးထဲ့ပြီး မွှေပြန်ပါသည်။ ဆံပင်ကိုလည်း ဒါးနှင့်ဖြတ်ပစ်ပါသည်။ တဖန် ဆံပင်ဆွဲပြီး တပ်ဝင်းထဲကို ဒရွတ်တိုက် ဆွဲတာကြောင့် ၊ အ၀တ်မရှိဘဲ ပက်လက်ကြီးပါလာတဲ့ ခင်ချိုးဦးကို မြင်ရတော့ မမြင်ရက် စရာပါ။ ကျနော် မျက်ရည်ကျမိ ပါတော့သည်။


ဘယ်လောက်ယုတ်မာသလဲ ဆိုလျှင် ခင်ချိုဦးရဲ့မိန်းမအင်္ဂါကို ဒုတ်နဲ့ထိုးပြီး ရှာဖွေနေတာ မြင်ရတဲ့ မြင်ကွင်းကတော့- ငရဲပြည်မှာတောင်မှ ဒီလောက် ရက်စက်ယုတ်မာတာ ရှိမယ် မထင်ဘူး။လို့ ပြောချင်ပါသည်။

ခင်ချိုဦးက မခံမရပ်နိုင်လို့ အော်တော့ ၊မကြားဝံ့ မနာသာ ဆဲနေကြတာ ၊ ယောင်္ကျားကြီးတွေ တန်မယ့် မိန်းမယုတ်တွေထက်တောင် အောက်တန်းကျပါတော့၏။ ဆဲရင်း ပါးကို ၀ိုင်းရိုက်နေလိုက်ကြတာ တိရ စ္ဆာန်တွေလိုပါပဲ။

Saturday, July 7, 2012

အတိတ်မှ အရိပ်များ - ၁၆ (မပ-ဇာတ်သိမ်း)

နှစ်ရက်မြောက်နေ့မှာ ကိုယ်ဝန်ပြမယ်ဆိုပြီး ဂိတ်ပတ်စ် (Gate Pass) တောင်းပြီး ကိုထွန်းထွန်းဦးနဲ့ အတူ ထွက်လာပါတယ်။ ကျမနဲ့အတူ မှတ်ပုံတင်နဲ့ ဆင်စွယ်စိပ်ပုတီးပဲ ယူလာပါတယ်။ ကေအိုင်အေ ရုံးချုပ်နား မှာ စောင့်နေတုန်း မကြာခင်မှာဘဲ ဒူကဘာ ကားရောက်လာတော့ ကားပေါ် တက်လိုက်ခဲ့ကြတာ ပေါ့။ ချားဟော့ပါရွာ ရောက်တော့ ဒူကဘာက နိုင်ငံကူးလက်မှတ်နှစ်ခု ထုတ်ပေးပြီး တရုတ်ငွေ ၂၀၀ ပါ ပေး ပါ တယ်။ ကျမတို့ကို ကားဂိတ်ကို လိုက်ပို့ပြီး ကားပေါ်တင်ပေးလိုက်ဖို့ သူ့ရဲဘော်နှစ်ယောက်ကို မှာပါတယ်။ စိုးရိမ်ပူပန်စွာ လိုက်ခဲ့ရာက လမ်းမှာ ရဲဂိတ်က နှစ်ကြိမ် စစ်ပေမယ့် နိုင်ငံကူးလက်မှတ် ပြလိုက်တော့ ဘာမှ မပြောတော့ပါဘူး။ ကျမတို့နှစ်ယောက် အိမ်မပြန်ဘဲ ထိုင်းဘက်ကို ဆက်သွားဖို့ ဆုံးဖြတ်ပြီး ရွှေလီ ဆိပ်ကမ်း ကနေ မြန်မာပြည်ဘက်ကူးပြီး မူဆယ်၊ မန္တလေး ကားလက်မှတ် ၀ယ်လိုက်တယ်။နောက်နေ့ညနေမှာ မန္တလေးကို ရောက်တော့ ဘူတာကြီးမှာဘဲ ညအိပ်လိုက်ပြီး မနက်လေးနာရီ ရထားလက်မှတ် မရလို့ ညရထား ဘဲ စီးခဲ့ရတယ်။ ရန်ကုန်ဘူတာကြီးကိုတော့ မနက် ၉ နာရီမှာ ရောက်တယ်။

၈၈အထွေထွေသပိတ်ကော်မတီ ပြန်ကြားရေး တာဝန်ယူခဲ့တဲ့ ကျော်မင်းဦး ရယ်၊ သေဘော ဘိုးစခန်း က ပြန် လာတဲ့ မျိုးဝေတို့ နှစ်ယောက်ကို ကျမ တွေ့ခဲ့တယ်။ အချိန်က ၁၉၈၉ ခု၊ အောက်တိုဘာလ မှာ။ နေရာ ကတော့ ရန်ကုန်မြို့ ပန်းဆိုးတန်း ရွှေဂုံ ရုပ်ရှင်ရုံအနီးမှာ ပါ။ ကျမကို လှမ်းမေးတယ်။ “မနွယ် ဘယ်တုံး က ပြန်လာတာလဲ”ဲ တဲ့။ ကျမကလည်း “အခုဘဲ ရထားက ဆင်းလာတာ” လို့ ပြောလိုက်ပါတယ်။ ကျမနဲ့ ကိုထွန်းထွန်းဦးတို့နှစ်ယောက် အအေးဆိုင် မှာ ထိုင်နေကြတယ်။ သူတို့က ဘာသောက်မလဲ မေးတော့ ကျမက ပူလည်း ပူတာကြောင့် သံပုရာ ရည် သောက်မယ်လို့ ပြောလိုက်တယ်။ ကျော်မင်းဦးက လက်မောင်း အရင်းထိ လက်ကို ဆန့်တန်းမြှောက်လိုက် ပြီး “သံပုရာရည်နှစ်ခွက်” လို့ အော်လိုက်တယ်။ သူ့လုပ်ပုံ ကိုကြည့်ပြီး ကျမ ကြောက်စိတ် ၀င်သွား ပါ တယ်။ ဒါကြောင့် “ဟာ၊ နင့်လက်ကြီးကလဲ ဘာလဲ” လို့ မေး လိုက်ပါတယ်။ သိပ်မကြာပါဘူး။ ကျမတို့ ထိုင်နေတဲ့ အအေးဆိုင်ကို လူ ၄၀ ခန့် ၀ိုင်းထားပြီး ကျမနဲ့ ကိုထွန်း ထွန်းဦးကို ဖမ်းချုပ်ပြီး ကားတစင်းပေါ်ကို ပစ်တင် လိုက်ပါတယ်။ ကျမရဲ့အားနည်းချက်ကြောင့်လို့ပဲ ထင်မိပါ တယ်။

လူတွေဟာ ပြောင်းလဲတတ်တယ်ဆိုတဲ့သဘောကို နားမလည်ခဲ့လို့ပါ ပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ န၀တ သတင်းပေးတွေ ဖြစ်သွားလို့ပါ။ ပြီးတော့ ကျမကို စောင်နဲ့အုပ်ပြီး ခေါ်သွားပါတယ်။ တနာရီခန့် ကြာ မယ်ထင်ပါတယ်၊ အဆောက်အဦးတခု (နောက်မှ သိရတာကတော့ ဟယ်လပင်လမ်းက ထောက်လှမ်းရေး ၇ ကို ခေါ်သွားတာပါ။) ကျမကို အခန်းတခန်းထဲ သွင်းလိုက်ပါတယ်။ ပြီးတော့ စားပွဲခုံပေါ်မှာ အ၀တ်တစ တင်ပေးခဲ့ပြီး “တံခါး လာခေါက်ရင် မျက်နှာ စည်းထားပါ။ မစည်းထားရင်တော့ မင်းရဲ့တာဝန်ဘဲ” လို့ ပြောပါ တယ်။ ကျမက အခန်းအနှံ့အပြားကို ကြည့်လိုက်တော့ အခန်းထဲမှာ ကွပ်ပစ်တခု ရှိတယ်။ အခန်းအကျယ် ကတော့ ရှစ်ပေခြောက်ပေလောက် ကျယ်ပါတယ်။ ၁၂ ပေလောက် မြင့်တဲ့အပေါ်မှာ ပြူတင်းပေါက်တခု ရှိပါ တယ်။ အပြင်ဘက်ကိုတော့ မမြင်ရပါဘူး။ ညနေ ၆ နာရီလောက်မှာ စ,ပြီး စစ်ပါတယ်၊ မနက် ၄ နာရီအထိ ပါ။ တံခါးခေါက်တော့ မျက်နှာကို စည်းလိုက်တာ အ၀တ်စက သွေးစက်တွေနဲ့ ပေပွနေပြီး ရွှံ့ဗွက် စိမ်ထားသလိုပါ ဘဲ။ မခံနိုင်လောက်အောင် နံစော်နေပြီး ညစ်ပတ်ပေရေနေတယ်။ ကျမကို စစ်ဆေးတဲ့ အဲဒီနေ့ မှာတော့ အေးအေးဆေးဆေးဘဲ မေးပါတယ်။ ကိုယ်ရေးရာဇ၀င်တွေအပြင် “ခင်ဗျားဘယ်တုံးက စပြီး တောခိုခဲ့သလဲ ဆိုတာ အားလုံး ပြောပြပါ။ ထမင်းစားတာကအစ ပြောရမယ်” လို့ ပြောပါတယ်။ ပြဿနာက ထိုင်ခိုင်းတဲ့ခုံက ၀ိုင်းဝိုင်းသေးသေးလေး အမြင့်က နှစ်ပေလောက် ရှိပါတယ်။ ထိုင်ရတာ တော်တော် ကသိကအောင့် ဖြစ် ခဲ့ရ တယ်။ ညဘက်မှာ အိပ်မပျော်တော့ ထိုင်နေမိပါတယ်။ မီးချောင်း ထွန်းထားလို့ လင်းနေပါတယ်။ နံရံမှာ စာတွေ ရေးထားတာတွေ့တော့ ဖတ်ကြည့်လိုက်ပါတယ်။ တခုက မင်းဇော်၊ ခိုင်ရွှေဝါလမ်း၊ ကမာ ရွတ်။ နောက်တခုက မင်းဇေယျာ၊ ပြီးတော့ သန်းထွန်းစိုးပါခင်ဗျတဲ့။ ကျမလည်း ခေါင်းက ကလစ်ကို ဖြုတ်ပြီး ခင်စန်းနွယ် ABSDF ၇၀၁ လို့ ရေးလိုက်ပါတယ်။

ဒုတိယနေ့မှာတော့ ဗိုလ်ကြီးတယောက် စစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲမေတွေ လာခေါ်တော့ သူတို့ အချင်းချင်း ပြောနေကြတာပါ။ ကျမကို စစ်တော့ ခပ်ကြမ်းကြမ်း မေးပါတယ်။ ဘယ်သူ ပို့ပေး သလဲ၊ ဘယ်သူ ဆက်သွယ်ပေးသလဲ၊ဘယ်သူလာခေါ်သလဲ၊စုံနေတာဘဲမေးလိုက်တာကျမလည်းတတ်နိုင် သလောက်တော့ ကာကွယ် ပြောဆိုပါတယ်။ ကျမကိုလာပို့ပေးတာ ဆက်သွယ်ပေးတာ ကိုမိုးသီး ဇွန်၊ ရှေ့နေကြီး ကိုစိုးဝဏ္ဏ တို့လည်း ပါတယ် ဆိုတော့ ကျမ ဘယ်လိုဖြေရမလဲ ဒီအချိန်မှာ ကိုမိုးသီးဇွန် အဖမ်းခံရမှာလဲ စိုးရိမ်မိတော့ ကျမလိမ်ဖြေတာကျမပါးကို ရိုက်လိုက်တာ၊ကျမနားကိုထိသွားတော့ ကျမ လူပါ ချာလည်လည်သွားပြီး နားထဲ မှာကွဲမတတ်နာကျင်သွားပါတယ်။ ထုံးစံအတိုင်း မနက်လေးနာရီမှာ နားလိုက်ပြန်ပါတယ်။ ၅ ရက်မြောက်နေ့  မှာ တပ်မ ၈၈ မှ ဗျူဟာမှူး လာရောက် စစ်ဆေးပါတယ်။ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပါ၊ ကျမတို့ က အရင်ဦး ဆုံး ကျောင်း သား တပ်မတော်က ဖြစ်ပြီး အခု ဖမ်းမိတာဆိုတော့ ကျမတို့လာတဲ့လမ်းကြောင်းကို သူက အရမ်းစိတ်ဝင် စားနေပါတယ်။ ကျမတို့က တရုတ်ပြည်ဘက်က ကွေ့ဝင်တာဆိုတော့ ကျမက ဒီလမ်းကြောင်းကို မပြောပြခဲ့ ပါဘူး။ ကျမက လွိုင်ဇာ၊ ဗန်းမော်၊ ကသာဘက်က သွားတယ်လို့ လိမ်ညာပြောခဲ့ ပါတယ်။ သူက ကျမတို့ကို စည်းရုံးပါတယ်။ အလင်းဝင်ပါလို့ ပြောပါတယ်။ သူတို့ ဘာမှ မနှောက်ယှက်ပါဘူး၊ စီးပွားရေးလုပ်ဖို့ အရင်း အနှီး ထုတ်ပေးမယ်၊ မြေတကွက်ပေးမယ်လို့ ပြောပါတယ်။ ကျမက အလင်းမ၀င်ဘူး လို့ အပြတ် ပြော လိုက်တော့ သူတို့ ပြန်သွားပါတယ်။ အဲဒီအချိန်က ကျမအနေနဲ့ အလင်းဝင်ရင် နိုင်ငံရေးသေ မယ်လို့ ထင်ခဲ့မိ ပါတယ်။ ဒီလို ငြင်းလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ ကျမကို ပွဲကြမ်းတော့တာပါဘဲ။ ဆဲလိုက်၊ ဆိုလိုက်၊ ချော့ လိုက်၊ ခြောက်လိုက်နဲ့ အမျိုးစုံပါဘဲ။ နားရင်းကိုလည်း နှစ်ခါလောက် အအုပ်ခံရပါတယ်။ ဒီလိုနဲ့ ၇ ရက်မြောက်နေ့မှာ ကျမက သူတို့ကို စိမ်ပြန်ခေါ်ရတော့တယ်။ ကျမကိုဖင်ထိုင်ခုံလဲပေးပါ မလဲပေးရင် မဖြေနိုင်တော့ဘူး သတ်ရင်သတ်လိုက်၊ ကျမမှာ ကိုယ်ဝန်ကြီး နဲ့ပါ လို့ပြောတော့မှ ဖင်ထိုင်ခုံ အကြီး လဲပေးပါ တယ်။ နောက်တခု ကျမ မေ့နေလို့ မရေးဖြစ်ခဲ့ဘူး။ ကျမကို ၃ ရက်လောက်ထိ စစ်မေးနေ ချိန်မှာ ရေတောင်းရင် မသိချင်ယောင်ဆောင် နေပါတယ်။ လုံးဝ ရေမတိုက်ပါဘူး။ ကျမလည်း ဘယ်ရမလဲ အိမ်သာသွားချင်တယ်လို့ပြောပြီးအိမ်သာထဲမှာရှိတဲ့ ရေဘုံဘိုင်ကရေကို ခိုးသောက်လိုက်ပါတယ်။ မတတ်နိုင် ဘူး။ ရေဆာတာ ရင်တခုလုံး ပူလောင်နေပြီ။ အပြင်ကနေပြီး အိမ်သာတံခါး ကို ဆောင့် ကန်လိုက် တယ်။ ပြီးတော့ “ကောင်မ၊ နင် ရေခိုးသောက်နေတယ် မို့လား” လို့ ဆိုပြီး ဆဲလိုက်တာ မိုးမွှန်နေတယ်။ ထမင်းပို့ပေးတော့ ၀က်သားဟင်းနဲ့ ပါ။ ကျမက ၀က်သားမစားဘူးဆိုတော့ စစ်လိုက်ဆေးလိုက်တာ မွတ်ဆ လင် လား တဲ့။ ကျမက “မဟုတ်ပါဘူး။ ခြေလေးချောင်းသား မစားဘူးလို့ ဘုရားမှာ သစ္စာဆိုထားလို့ပါ” လို့ မနည်း ဖြေရှင်းရပါတယ်။ ကျမကို စစ်တဲ့နေရာကိုခေါ်သွားတဲ့အခါ ရိုက်သံ နှက်သံတွေ ၀ုန်းဝုန်းဆိုတဲ့ အသံ ကြီးတွေ ဆူညံနေတာပါဘဲ။ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာ ဖြစ်မှာပါ။ ပြီးရင် နင် လိမ်မနေနဲ့၊ ထွန်းထွန်းဦးက ၀န်ခံလိုက်ပြီ။ သူ့ကို ပို့ပေးတဲ့သူကို ဖော်လိုက်ပြီနဲ့ စုံနေတာပါဘဲ။

ဒီလိုနဲ့ ၁၂ ရက်မြောက်နေ့မှာ ကျမတို့ကို နံမည်ဆိုးဝါးတဲ့ အင်းစိန်ထောင်ကို ပို့ဘို့ပြင်ဆင်ပါတော့တယ်။ ၁၉၈၉ ခု၊ ၁၀ လပိုင်း ပါ။ည ၁၁ နာရီလောက် ရှိနေပါပြီ။ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်မုန်း လပြည့်နေ့ည ဖြစ်နေတယ်။ မျက်စိပိတ်ပြီး ကားနဲ့ခေါ်သွားတဲ့အခါ မြို့တော်ခန်းမရှေ့ရောက်တော့ ရဲမေ မလေးက“အမရေ၊မီးထွန်းထားတာရန်ကုန်မြို့ကြီးကအရမ်းလှတယ်”လို့ပြောပြပါတယ်။ ကျမကတော့သွေး ညှီနံ့နံနေတဲ့ အ၀တ်က အနံ့ကြောင့် စိတ် အနှောက်အယှက် ဖြစ်နေပေမယ့် တန်ဆောင်တိုင်ညကို မှန်းပြီး ကြည်နူးမိပါတယ်။ ဒီလိုနဲ့ ထောင်ဗူး ၀ရောက်တဲ့အခါ ကျမတို့ကို တမံတလင်းမှာ ထိုင်ခိုင်းပါ တယ်။ထောင် ပိုင်ကို အပ်ဖို့အတွက် မျက်စိပိတ် ထားတာကို ချွတ်ပြီး ပေးဖို့ပြောတာကြောင့် ကျမ ချွတ်ပြီး လှမ်းအပေးမှာ ရဲမေရဲ့မျက်နှာ နဲ့ ထောက် လှမ်းရေး ရဲ့မျက်နှာကို သေချာ ကြည့်လိုက်တော့ ထောက်လှမ်းရေးက မကြည့်နဲ့၊ မကြည့်နဲ့လို့ အော်ပြောပါတယ်။ သူတို့ကို မှတ်မိမှာ စိုးရိမ်နေတဲ့ပုံပါဘဲ။ ကျမကို ထောင်မှူးမက လာခေါ် ပြီး ထောင်ဗူးဝနဲ့ ကပ်နေတဲ့ ကြိုးစင်နားက ကြိုးတိုက်အချုပ်ခန်း (၆ ဆောင်) အချုပ်တိုက်ရဲ့ကြားမှာရှိတဲ့ အခန်းထဲ ထဲ့လိုက်ပါ တယ်။သူ တို့က တိုက်လို့လဲ ခေါ်ပါ တယ်။ထောင်မှူး ဒေါ် သင်းသင်းအောင် နဲ့ ထောင် ၀ါဒါမတွေ လာကြည့်ကြပြီး ကျမကို “သူပုန်မ” တဲ့။ ကျမအခန်းက ၈ ပေ၊ ၁၀ပေ ခန့်ကျယ်တဲ့ အခန်းဖြစ်ပြီး ဖျာကြမ်းတချပ် ရှိတယ်။ အင်တုံပက် ပက်တခု၊ ရေအိုးတလုံး ထားပေးထားပါတယ်။ ထောင်ကျ အမျိုးသ မီးလေးတယောက်က “ဟို အင်တုံ (ဂန်ဖလား) က အိမ်သာတက်ဖို့ ပေးထားတာ” လို့ ပြောပါတယ်။ ကျမနား ကို ဘယ်သူမှ မလာရ၊ စကား မပြောရ လို့ အမိန့်ထုတ်ထားပါတယ်။

ကျမလည်း ထောက်လှမ်းရေး (၇) ရဲ့စစ်ကြောရေး စခန်း မှာ နှိပ်စက် မှုမျိုးစုံ ခံစားပြီး ပင်ပန်းလာတော့ ဖျာ ကြမ်းပေါ်မှာ လှဲချလိုက်ပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်၊ အမလေး - လူပေါ်တက်လာတဲ့ ကြမ်းပိုးတွေ က အများကြီးပဲ၊ ကျမလဲ ထပြီး သတ်ရင်းနဲ့ဘဲ မိုးစင်စင်လင်း ခဲ့ပါ တယ်။ မနက် ၅ နာရီမှာ ထောင်ဗူးဝဆီက “တော်တီးတော်” ဆိုတဲ့ စစ်ခရာ သံနဲ့အတူ သံချောင်းခေါက်သံတွေ ကြားရတယ်။ မကြာခင်မှာ အပြင်ဘက် က ၀ါဒါတွေ၊ ထောင် မှူး၊ ထောင် ပိုင်တွေ နေ့နဲ့ည ဂျူတီ ချိန်းကြ တာ တွေ့ရပါတယ်။ အပြင် ပြူတင်းပေါက်ကို လှမ်းကြည့်လိုက်ချိန်မှာ အသင့်ဝင်လာတဲ့ ၀ါဒါ မတွေက “ပုံစံ” ဆိုတဲ့ အော်သံကို ကြားရပြီး အချုပ်ဆောင် ထဲမှာ အမျိုးသမီးတွေ တန်းစီထိုင်လိုက် တာကိုတွေ့ရပါတယ်။ ကျမဆီလည်း လာကြည့်ပြီး “နောက် ဒီအချိန် နဲ့ ညနေတိုင်းမှာ ပုံစံ ထိုင်ရမယ်” လို့ ပြောပါတယ်။ “ဘယ်လို ထိုင်ရမလဲ ဆိုတော့” “လက်နှစ်ဖက်ကို ပိုက်ထားပြီး ခေါင်းငုံ့ရမယ်၊ မိန်းမတွေ ထိုင်သလို ကျုံ့ကျုံ့လေး ထိုင်ရမယ်” လို့ ပြောပါတယ်။ ကျမလည်း ည ဘက် အပေါ့သွားခဲ့ပြီးမနက် ကျတော့ အလေးသွားချင် လာ တယ်။ ဘေးဘီမှာက သံတိုင်ကြားက ဒိုး ယိုပေါက်မြင်ကွင်း ဖြစ်နေတော့ ဖျာကြမ်းကြီးကိုထောင်လိုက်ပြီးဖြစ်သလိုသွားရတော့တယ်။ အိမ်သာတက် ပြီး သန့်ရှင်းရေးလုပ်ဖို့ စက္ကူက လည်းမ ရှိတော့ သောက်ရေအိုး ထဲက ရေနဲ့ ဆေးရတယ်။ ဒီ အိုးထဲကရေကို ဘဲ သောက် လည်း သောက်၊ မျက်နှာလည်းသစ်ပေါ့လေ။ ကျမ ဒုက္ခရောက်တော့တာပေါ့။ အကာအရံ မရှိတဲ့ တိုက်ထဲမှာ တိရိစ္ဆာန် တကောင်လိုပါ ဘဲ။ ပြီးတော့ ကျမကို ဆန်ပြုတ် တပန်းကန် လာပေးပါတယ်။ ဒန်ပန်း ကန်ပြားက ထုထား တာ ရွှေတိဂုံဘုရား အရှေ့ဘက်စောင်း တန်း မှာ တောင်းတဲ့ သူတောင်းစားတွေ ရဲ့ ခွက် အတိုင်းပါဘဲ။ ဆန်ပြုတ်ထဲမှာဆားခဲတခဲလည်းတွေ့ရတယ်။ကြည့်ပြီး စားလို့ မရတော့ ဘူး။ နောက်တော့ ကြမ်းပိုး သန့်ရှင်းရေးလုပ်၊ ထမိန်ခြုံပြီး ကွေးလိုက် ပါ တယ်။ ဆောင်းကာလဆိုတော့ ချမ်းနေပြီလေ။ ကျမ မှာ လည်း ခြုံစရာဆိုလို့ ထမိန်ပဲရှိတာမဟုတ်လား။ဆောင်းလေက ကျမတို့ကြိုးတိုက်ထဲ တည့်တည့် ၀င်လာပြီး ဖျန်းလိုက်တော့အေးစိမ့်လာပါတယ်။ကျမလည်းကိုယ်ဝန်၅လဆိုတော့၃ရက်မြောက်နေ့မှာမနေနိုင်တော့ဘူး။ ဗိုက်ကတော်တော် ဆာလာတယ်။ ဆံပြုတ်ထဲက ဆားခဲကြမ်းကို ဖယ်ပြီး သောက်လိုက်တယ်။ ဇွန်းမပါတော့ မော့သောက် ရ တာပေါ့။
ခင်စန်းနွယ်

အတိတ်မှ အရိပ်များ - ၁၅

မကြာခင်မှာ ကိုစိန်မောင် မန္တလေးက ပြန်လာပါတယ်။ သူက မြေအောက်လှုပ်ရှားမှု တာဝန်နဲ့သွားတာ သန်းထွန်းစိုးနဲ့ စိုးမြတ်သူတို့လည်း ပါသွားကြတယ်။ သူတို့ ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုအရောက် မှာ ထောက်လှမ်းရေးက ၀ိုင်းပြီး ဖမ်းလို့ ပြန်ပြေးလာတာ ဖြစ်တယ်။ ကျမက ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်သွားမိတာ အမှန်ပါ။ မကြာပါဘူး သန်းထွန်းစိုး (ခ) တိုက်ပိတ် (ထောင်ကျတုံးက တိုက်ပိတ် ခံရလို့ပါ) ပြန်ရောက်လာပြန်ရော စိုးမြတ်သူ အဖမ်းခံရကြောင်းသိရတော့ စိတ်ထိခိုက်ရပြန် ပါကော။ (စိုးမြတ်သူ ထောင်အနှစ် ၂၀ ကျသွားပါတယ်) နောက်လမှာပဲ ဒေါ်အောင်ဆန်းစုကြည် ကို အကျယ်ချုပ် ချလိုက်ပါတော့တယ်။ အားလုံးပဲ စိတ်ထိခိုက်ကြတာပေါ့။

တရုပ်ပြည်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ ဆက်ဆံရေးကို အနည်းငယ် ပြောပြပါ့မယ်။ ၁၉၇၆ - ၇၈ အတွင်းမှာ မော်စီတုန်းနဲ့ ချူအင်လိုင်း ကွယ်လွန်ခဲ့ပါတယ်။ နောက်တက်ခဲ့တဲ့ တိန်ရှောက်ဖိန်က တရုပ်ပြည်ရဲ့ကွန်မြူနစ်ဝါဒအောက်မှာ သန်းထောင်ကျော် ပြည်သူတွေ ငတ်မွတ်ဆင်းရဲမွဲတေနေတာ တူညီ ၀တ်စုံတွေ ၀တ်ပြီး ဘုံစီးပွားရေးမူဝါဒတွေ ထူထောင်ခဲ့တာ တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တာတွေဟာ မှားယွင်း မှန်းသိရှိခဲ့ရပြီးတော့ အိမ်နီးနားချင်း ပေါင်းသင်း ဆက်ဆံရေးမူဝါဒတွေပါ ပြောင်းလဲပြီး ဦးနေ၀င်းနဲ့ အ ဆင်ပြေအောင်ပေါင်းတယ်။ဗမာပြည်ကွန်မြူနစ်ပါတီကိုအင်အားချည့်နဲ့ပြီးလှုပ်ရှားမှု ရပ်တန့်အောင် ထောက် ပံ့ကြေးလောက်ပဲ ပေးထားတာပါ။ တရုပ်ပြည်ရဲ့တံခါးဖွင့်ဝါဒ ပြောင်းလဲကျင့်သုံးမှုကို တိန်ရှောက်ဖိန် က ကြေငြာခဲ့ပြီး ရဲရဲတင်းတင်း လုပ်ကိုင်လာခဲ့ပါတယ်။ မြန်မာပြည်ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသားတွေ အပြီးတိုင် လမ်းခွဲသွားအောင် မဆလ အစိုးရခေါင်းဆောင် ဦးနေ၀င်းက သပ်လျှိုပြီး အောင်မြင်စွာ လုပ်နိုင်ခဲ့ ပါတယ်။
တရုပ်ပြည်ကလည်း မြန်မာအစိုးရကို ပံ့ပိုးခဲ့ပြီး အာရှမှာ မဟာဗျူဟာအရ အလွန်အချက် အချာ ကျတဲ့ မြန်မာပြည်ကို အလွန်အကျွံ ပေါင်းသင်းပါတယ်။ တိုးတက်လာတဲ့ စီးပွားရေးအရ ငွေကြေးပုံအောပြီး စစ်လက်နက် တွေ ရောင်း၊ သစ်တော၊ ကျောက်စိမ်း သဘာဝတိရိစ္ဆာန်၊ သတ္ထုမိုင်းအပြင် ဗမာအမျိုး သမီးတွေ ကိုပါ သိမ်းပိုက်တဲ့ကာလ၊ ၁၉၈၈ နောက်ပိုင်းတက်လာတဲ့ စစ်အာဏာရှင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေလက်ထက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်ကိုပါ ဖိအားပေးလာပါတယ်။ တရုပ် က ကချင်လွတ်မြောက်ရေးတပ်မတော်ကို သူတို့ နိုင်ငံရဲ့လက်နက်ကိုပဲ ၀ယ်ခွင့်ပေးခဲ့ပါတယ်။ သူတို့ရဲ့လက် နက်တွေက အမ်မ် ၂၁၊ အမ်မ် ၂၂ တွေအပြင် လောင်ချာတွေ၊ လက်ပစ်ဗုံးတွေက ၁၉၈၈ မတိုင်ခင်က လက်နက်အဟောင်း မော်ဒယ်အဟောင်းတွေ ပါ။ ဒါတောင်မှ ကချင်လွတ်မြောက်ရေးတပ်မတော် က ကျောက်စိမ်း သိန်းတရာဘိုးရောင်းရင် ကားသုံးစီးစာ လက်နက် ရပါတယ်။ဒါပေမယ့် နှစ်စီးကို တရုပ် ပု လိပ်က ဖမ်းပြီး တစီးကိုပဲ လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို အသက်ရှူနိုင်ရုံ ညှင်းထားပြီး ဗိုလ်ချုပ်ကြီးဘရန်ဆိုင်းနဲ့ အင်မတန် ခင်မင်တဲ့ ဂျပန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အနောက်နိုင်ငံတွေက လက်နက်ကို သူတို့နိုင်ငံထဲကို ဖြတ်သန်းသယ်ယူခွင့် မပေးခဲ့ပါဘူး။ ကျမတို့ရောက်ချိန်မှာ အထင်ရှားဆုံးတွေ့ခဲ့ရတာက ဒူကဘာပန်းအောင်က ကချင်ဌာနချုပ်မှာ အခန်းအနားတခု လုပ်တော့ တရုပ်ပြည်က ရဲတွေကို ဖိတ်ပါတယ်။ အဲဒီပွဲကို တရုပ်ရဲက ဗမာထောက်လှမ်းရေးနှစ်ယောက်ကို တရုပ်ရဲဝတ်စုံနဲ့ တောင်ပေါ်ကို ခေါ်လာပါတယ်။ ဒူကဘာပန်းအောင်ကလည်း သိတယ်။ ခင်ဗျားတို့က မြန်မာတွေကို ခေါ်လာတယ်ဆိုပြီး ချက်ခြင်းကန့်ကွက်တာနဲ့ ဗမာ ထောက်လှမ်းရေးနှစ်ယောက်ကို ဆမားမြို့ တောင်အောက် ကို ပြန်ပို့ခဲ့ ရပါ တယ်။
ကေအိုင်အေဘက်မှာလည်း အကြပ်အတည်းတွေ အများကြီး ရှိပါတယ်။ မြန်မာအစိုးရနဲ့ တိုက်ပွဲဖြစ် ရင် ပြေးစရာ မြေ မရှိတာပါ။ အခု ကေအိုင်ဌာနချုပ် နေရတာက ထပ်ပြောင်းထားတဲ့ တရုပ်မြန်မာနယ်စပ်မှာ ပါ။ ဆမားမြို့ဆို ရင်တောင်အောက်ဆင်းတာနဲ့ တရုပ်ပြည်ကို ရောက်နေပြီ၊ မြို့ထဲဖြစ်တော့ လက်နက်လည်း ယူဘို့မလွယ်၊ လူတွေ လဲသွားဘို့ မလွယ်ကူလှပါဘူး။ ဒါကြောင့် မြန်မာစစ်တပ်က တကယ်တိုက်မယ် ဆိုရင် ကေအိုင်အေ ပြေးစရာနေရာ မရှိပါဘူး။ တရုပ်က လက်ခံမှသာ ဖြစ်မှာပါ ။ ဒါကြောင့် ယနေ့အခြေအနေမှာလည်း တိုက်ချင်နေတဲ့ တပ်မတော်ရော၊ အတိုက်ခံနေရတဲ့ ကေအိုင်အေပါ တရုပ်ကို လွန်ဆန်လို့ မရနိုင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရက သူတို့ (တရုပ်)ကို အဆင်ပြေအောင်လုပ်ရင် ကေအိုင်အေကို ဖိအားပေးမယ်။ မြန်မာအစိုးရက သူတို့ မကြိုက်တာလုပ်ရင် ကေအိုင်အေကို လက်နက် တပ်ဆင်ပေး၊ လူတွေ နေခွင့်ပေးမယ်ဆိုရင် ကေအိုင်အေက ကြီးထွားလာပြီး စစ်ပွဲတွေ အကြီးအကျယ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ရင် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာ တရုပ်လက်ထဲမှာ ရှိနေပါတယ်။

သန်းထွန်းစိုးက နိုင်ငံရေးစာအုပ်တွေ သယ်လာတယ်။ ကျမလည်း စာအုပ်တွေ ပါလာပါတယ်။ ဥက္ကဋ္ဌ မျိုးဝင်း အမိန့်နဲ့ စာအုပ်တွေ သိမ်းသွားပါကော။ ကျမလည်း ဒေါသထွက်ထွက်နဲ့ ရုံးပေါ်တက်သွားတော့ မျိုးဝင်းနဲ့ သန်းထွန်းစိုးတို့ စကားများနေကြပါပြီ။ မျိုးဝင်းက ကျမကို “ဘာလဲ ခင်ဗျား စာအုပ်လိုချင်လို့လား။ စာအုပ်တော့ မရဘူး၊ ဒါဘဲ ရမယ်” ဆိုပြီး ခြောက်လုံးပြူး ထောင်ပြပါတယ်။ ကျမကလည်း “မဆလအစိုးရက စာပေကို မှောင်ချလို့ တောထဲမှာ ဖတ်မယ်ဆိုပြီး ယူခဲ့တာ အခုမှ ဖက်ဆစ်အာဏာရှင်နဲ့ လာတွေ့နေတယ်” လို့ ပြန်ပြောလိုက်တော့ သူက “လျှာ မရှည်နဲ့၊ ဒီသင်တန်း တက်ထားတာ ဒါပဲ တတ်တယ်” ဆိုပြီး သေနတ် ကို မောင်းတင်ရင်း ကျမကို မောင်းထုတ်ပါတယ်။ ကျမ ခံပြင်းလွန်းလို့ အသားတွေပါ ဆတ်ဆတ်တုံနေတယ်။
သန်းထွန်းစိုးနဲ့ ခင်ချိုဦးတို့ မင်္ဂလာပွဲမှာ ကျမတို့ ပျော်ရွှင်နေကြတာ ပေါ့။ သန်းထွန်းစိုးက ခင်မင်စရာကောင်း သူ ပါ။ နှာတံပေါ်ပေါ် မျက်လုံးပြူးပြူး ခပ်သွယ်သွယ်နဲ့ အရပ်မြင့်တယ်။ သူက စကားပြောရင် ပွဲ ကျအောင် ပြောတတ်တယ် လေ။ သူက ပြောပြတယ်။ မကြာခင် ရန်ကုန်ကကျောင်းသား ၁၆ ယောက် ရောက်လိမ့်မယ် တဲ့။ ကျမတို့ ၀မ်းသာပေမယ့် ရောက်လာသူတွေအတွက်တော့ နည်းနည်း စိတ် ပူနေမိတာ အမှန်ပါဘဲ။ ကျောင်းသားတွေ ရောက်လာကြတော့ ကျမတို့အားလုံးကို ခန်းမမှာ စုခေါ်ပြီး မိတ် ဆက်ပေးပါတယ်။ ၁၆ နှစ်သာရှိသေးတဲ့ ဘိုဘို၊ မောင်မောင်ကြွယ်တို့ကိုပဲ မှတ်မိပါတော့တယ်။ သူတို့ရောက်ပြီး မကြာခင်မှာပဲ ရှစ်လေးလုံး နှစ်ပါတ်လည်နေ့မှာ စကားရည်လုပွဲ လုပ်ကြတာ ပျော်စရာပါ။
ဘိုဘိုက “သင်၊ မြို့သိမ်းတိုက်ပွဲ ၀င်ခဲ့ရသော်” ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောတာ အတော်ကို နှစ်သက်စရာပါဘဲ။ အားလုံး သဘောကျလို့ ပေါ့။ ဗဟိုမှာတော့ ရှေ့တန်းပြန် ကြိုဆိုပွဲလုပ်ဖို့ ပြင်ဆင်နေကြရတယ်။ တိုက်ပွဲမှာ န၀တ တပ်ကို နိုင်ပြီး လက်နက်တွေရလာလို့ ကျောင်းသားတပ်မတော်ကို ဂုဏ်ပြုမှာပါ။ လိုင်ဇာဘက်ကနေ ချီတက်လာမှာမို့ ကျမတို့ မနက်အစောကြီးထပြီး ယူနီဖောင်း ၀တ်ကြတယ်။ ယူနီဖောင်းကော ဦးထုပ်ကောက မြန်မာစစ်တပ်အတိုင်း ဖြစ်နေလို့ ရွာတွေထဲဝင်တာနဲ့ “ဂျောင်မာနီ” လာပြီလို့ ပြောကြတာ ကြားနေရတယ်။ ကချင်ရွာသူရွာသားတွေကလည်း ဒီအချိန်မှာ မဆလတပ်တွေ ရွာထဲဝင် လာရင် ပြေးကြပေ မယ့် ကျမတို့ လာရင်တော့ “ဂျောင်မာနီ” ဆိုပြီ ကြိုဆို ဧည့်ခံ ကျွေးမွေးကြတာ ကြည်နူးစရာပါ ဘဲ။ ကျောင်းသားတွေကို ပြည်သူတွေက အလွန်ပဲ ချစ်ခင်အားကိုးတာကို သိရတယ်။ အချို့ဆို ရင် ကျောင်း သားတပ်ထဲ လာဝင်ကြတာ လက်တွေ့ပါ။
ဒါပေမယ့် ဒူဝါလှဆိုင်းနဲ့ မျိုးဝင်းဟာ ဒီ အောင်မြင်မှုတွေအပေါ် ယစ်မူးပြီးတော့ ဘ၀င်မြင့်နေတာကြောင့် တပ်ဖွဲ့ဝင်တွေကိုအနိုင်ကျင့်လေ့ရှိပါတယ်။ဗိုလ်ချုပ်သံချောင်းကတော့စိတ်ဓာတ်ပြည့်ဝပြီး ခေါင်းဆောင်ကောင်း တယောက် ပီသသူ ပါ။ ဒါပေမယ့် သူက ရှေ့တန်းနဲ့ တပ်ရင်တွေ မှာပဲ နေ တာကြောင့် ဒီ အဖြစ်အပျက်တွေ ကို ဂဃနဏ မသိပါဘူး။ လှဆိုင်းနဲ့ မျိုးဝင်းကတော့ တဆိတ်ရှိရင် သတ်မယ်ဆိုတာကို ရေလဲမပါဘဲ သုံး တယ်။ မျိုးဝင်းကတော့ သွေးဆာနေတဲ့ လူတယောက်လို ပါ။ သူက ပြောသေးတယ်။ “ကျုပ်က ဗိုလ်ချုပ်အောင်ဆန်းလို မတော်နိုင်ဘူး” တဲ့၊ အတော့်ကိုပဲ ကြောင်တောင်တောင်နိုင်တဲ့သူ ပါ။

နေရတာ စိတ်ပျက်စရာပါ။ အလကားနေ အပြစ်ရှာ ကြိမ်းမောင်းနေတော့ ငရဲပြည်လိုပါ ပဲ။ တနေ့မှာ ကိုထွန်းထွန်းဦးက ကျမကို လာပြောတယ်။ “ငါတို့ ဒီကနေ ထိုင်းဘက်ကို သွာရအောင်” တဲ့။ ကျမက “ဘယ် လွယ်မလဲ၊ ထွက်ပြေးတာ ဖမ်းမိရင် အသတ်ခံရမှာပေါ့။ ခွင့်တောင်းလို့လဲ ရမှာ မဟုတ်ဘူး” လို့ပြော လိုက်တော့ သူက “သိတယ်၊ မင်းနဲ့ ဒူကဘာပန်းအောင်နဲ့ ရင်းနှီးတော့ သူ့ကို အကူအညီ တောင်းကြည့်ပေါ့” လို့ အကြံပြု ပြန်တယ်။
ဒါနဲ့ ကျမလည်း နောက်တလအကြာမှာ ဂိတ်ပတ်စ် ယူပြီးတော့ ဒူကဘာပန်းအောင်ရှိ ရာ ကေအိုင်အေ ရုံးချုပ်ဖက်ကို သွားပြီး သူနဲ့ တွေ့တော့ “ကျမ ပြောစရာရှိတယ်” ဆိုတော့ ဒူကဘာက “ရဲမေလေး၊ မကြောက်နဲ့၊ အကူအညီပေးမယ်၊ အမှန်အတိုင်း ပြော” လို့ ဆိုတာကြောင့် “သန်းထွန်းစိုး ရောက် လာပြီး ကတည်းက မျိုးဝင်းနဲ့ လှဆိုင်းက တမျိုးပြီးတမျိုး ပြသနာ ရှာနေတယ်။ ဒါကြောင့် ကျမတို့ မနေချင်တော့ဘူး။ ထိုင်းဘက်မှာလည်း ကျောင်းသားတပ်မတော် ရှိတယ်။ အဲဒီကို သွားချင်တယ်” လို့ ပြောလိုက်ပါတယ်။ ကျမ အရင်တခါ သူနဲ့ တွေ့တုံးက ကျမရဲ့ဦးလေးအကြောင်း ပြောပြတော့ သူက “သိတယ် သူ့နံမည်က တိုက်ပွဲကြီး မဟုတ်လား။ မံစီမှာတုံးက ငါတို့သူငယ်ချင်းတွေ ဖြစ်တယ်” လို့ ပြောဘူးပါတယ်။ အခုလည်း သူက “တိုက်ပွဲကြီး တူမ၊ ဘာမှ မစိုးရိမ်နဲ့၊ နောက် နှစ်ရက်ကြာရင် ငါ ပြန်မယ်။ ငါနဲ့လိုက်ခဲ့။ နင့်ယောက်ျား ပါခေါ်ခဲ့၊ ချားလော့ပါ ရောက်ရင် နင့်ကိုယ်ဝန်ကို ဆရာဝန်နဲ့ ပြမယ်။ ငါ့ကားနဲ့ လိုက်ခဲ့လို့” ပြောတာကြောင့် အားတက် ၀မ်းမြောက်သွားတာပေါ့။
ဝမ်းသာအားရနဲ့ ပြန်လာပြီး ကိုထွန်းထွန်းဦးကို ပြောပြလိုက်တယ်။ နောက်နေ့ကျတော့ ကျမက နန်းအောင်ထွေးကြည်ကို “ငါ တောင်ပေါ်မှာ မနေချင်တော့ဘူး။ စိတ်တွေ လေးတယ်” ဆိုတော့ သူက “မနေချင် မနေနဲ့ပေါ့” လို့ ရွှတ်နောက်နောက် ပြောဆိုပြီး သူ့မှာရှိတဲ့ တရုတ်ငွေ ၁၂ ယွမ်ကို ပေးပါတယ်။
ခင်စန်းနွယ်

အတိတ်မှ အရိပ်များ - ၁၄

လမ်းက ခရီးသွားတွေရော ရွာခံတွေရော ကချင်တပ်မှာ တာဝန်ထမ်းဆောင်ရပါတယ်။ တခြားလူမျိုးဆိုရင် ၃ နှစ် တာဝန်ထမ်းဆောင်ရပြီး ကချင်ဆိုရင်တော့ ၅ နှစ် ထမ်းဆောင်ရတယ်။ နှစ်ပြည့်တော့ အငြိမ်းစားလက်မှတ် ထုတ်ပေးပြီး ပြန်ခွင့်ရပါတယ်။ နှစ်မပြည့်သေးခင် လက်မှတ်မရသေးဘဲ ထွက်ပြေးလို့ ဖမ်းမိရင် ပထမအကြိမ်မှာ အပြစ်ပေးပုံက ၀ါးဘိုးဝါးတလုံးကို ကချင်စစ်သားနှစ်ယောက်က ထိပ်နှစ်ဖက်က ခါးလောက်အမြင့်မှာ ကိုင်ထားတယ်။ ဒဏ်ပေးခံရမယ့်သူက ရှေ့ကိုကုန်းပြီး စောစောက ၀ါးဘိုးဝါးပေါ်မှာ ဗိုက်ကို ထားပြီး ကိုယ်ကို ရှေ့ကို ကိုင်းထားရတယ်။ ခြေထောက်ကတော့ မြေပြင်မှာပေါ့။
အခြားရဲဘော်နှစ်ယောက်က ရှေ့ကို ကိုင်းထားတဲ့လူရဲ့ လက်နှစ်ဖက်ကို တဖက်တချက်စီက ဆွဲထားတယ်။ ကျန်တယောက်က တမတ်လုံး လောက်ရှိတဲ့ အချောသတ်ပြီးသား ၃ ပေ ရှည်တဲ့ ၀ါးစိမ်းဒုတ်နဲ့ တင်ပါးကို ၁၅ ချက်တိတိ ရိုက်ပါလေရော။ ဒုတိယအကြိမ်ဆိုရင် ၇၅ ချက်။ တတိယအကြိမ်ဆိုရင်တော့ သေဒဏ် ပေးပါတယ်။ ကျမတို့ရှေ့မှာ သေဒဏ်ပေးခံရတဲ့ မိန်းခလေးကတော့ လုမိုင်ဆိုတဲ့ ကချင်မလေး ပါ။ သူ့မြေပုံပေါ်မှာ တင်ထားတဲ့ ဂျင်းအင်္ကျီကို ကျမတို့ယူပြီး မုန့်နဲ့လဲစားလိုက်ပါတယ်။ နောက်တယောက်ကတော့ ရန်ကုန်မြို့ ၃၈ လမ်းက မွတ်ဆလင်လူမျိုး ကျမတို့ကို သင်တန်းပေးတဲ့ စစ်သင်တန်းဆရာ ဆရာဆန်သီး ပါ။ စစ်သင်တန်းက မြန်မာစစ်တပ်ရဲ့ ၆ လသင်တဲ့သင်တန်းကို ၄၅ ရက်နဲ့ အပြီးသင်ရတော့ အတော့်ကို ပင်ပန်းတာ ပေါ့။ သင်တန်း ၃ ရက် ပျက်ရင် သင်တန်းက ထုတ်ပယ်တာ ခံရပြန်တယ်။ သင်တန်းမှူးတွေကတော့ ဆရာ ဆမ်သူဒမ်ရှောင်၊ ဒူဝါလှဆိုင်း၊ ဆရာဇမ်သီးနဲ့ အခြားဆရာ ၇ ဦးသင်ပါတယ်။ အရိုက်လည်း ရက်စက်ပါတယ်။ တိုင်းပြည်အတွက်ဆိုပြီးတော့ ကြိတ်မှိတ်ခံကြရပါတယ်။ အဲဒီသင်တန်းမှာ ကိုထွန်းထွန်းဦးက ငှက်ဖျားမိပါတယ်။ ဒါနဲ့ ဒူုဝါလှဆိုင်းကို သင်တန်းမှာ ခွင့်ပေးဖို့ သွားတောင်းပန်တာတောင် ကိုထွန်းထွန်းဦးကို တရုတ်သေနတ် M 21 နဲ့ချိန်ပြီး မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုတဲ့အပြင် ခွင့်လည်း မပေးပါဘူး။ ဆက် မတက်ရင် သတ်မယ်လို့ ပြောတာကြောင့် ဆက် တက်ရတာပေါ့။ ဒူဝါလှဆိုင်းနဲ့ အဆင်မပြေတာ စတင် ပါတော့တယ်။ ကျေုာင်းသားစစ်သည်တွေ ပထမဆုံး ရင်ဆိုင်ရတာကတော့ ငတ်မွတ်ခြင်းဖြစ်ပြီး ဒုတိယကတော့ ငှက်ဖျားရောဂါပါ ဘဲ။ ဗန်းမော် ကသာခရိုင်က ငှက်က အဆိုးဆုံး ပေါ့။ ဖြစ်တာနဲ့ တပြိုင်နက်တည်း သတိမရတချက် ရတချက်ဖြစ်ပြီး တချို့က ချောင်းထဲ ဆင်း ငါးဖမ်းတဲ့သူက ဖမ်း၊ ကွပ်ပစ်အောက် တိုးဝင်ပြီး အထက်အမိန့်အရ သန့်ရှင်းရေးးလုပ်တဲ့သူနဲ့ အစုံပါဘဲလေ။ သိပ် အခြေအနေဆိုးလာလို့ သင်တန်းပျက်ကွက်ရင် အဲဒီကျောင်းသားတွေကို ဗဟိုကို ပြန်ပို့ပါတယ်။ နောက်ဆုံးတော့ တရုတ်ရွာက ခွေးအရှင် ၀ယ်သတ်ပြီး ငပိနဲ့ ချက်၊ အရက်နဲ့ရောကျွေး လုပ်ရပါတော့တယ်။ သင်တန်းပြီးသွားတော့ ဗဟိုကို ပြန်ကြရတာပေါ့။ မပြန်ခင်မှာ ကျမတို့ကို နောင်ရာပါရွာမှာ တပါတ် နေခွင့်ပြုပါတယ်။ ကိုကိန်းမြင့် လာခေါ်တာကြောင့် ဗဟိုကို အားလုံး ပြန်ခဲ့ကြတယ်။ ကိုထွန်းထွန်းဦးနဲ့ အောင်ကျော်မြင့်က ဖျားနေလို့ တောင်ပေါ်ရောက်အောင် မနည်း ကြိုးစားတက်ခဲ့ကြရတယ်။ တောင်ပေါ်ရောက် တော့ ဆေးကုသတဲ့အဆောင်ကို ပို့လိုက်တယ်။ ရှိတဲ့ဆေးနဲ့ကုသတော့ မပျောက်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် ဆေးခန်းကို သွားကြရပြန်တယ်။ ကချင်လွတ်မြောက်ရေး တပ်မတော်မှာ ဆေးသင်တန်း ၆ လ တက်ပြီးရင် တရုတ်ပြည်မှာ ၂ နှစ်သင်တန်းတက်ဖို့ သွားရတယ်။ကချင်လွတ်မြောက်ရေး တပ်မတော်က ဆေးမှူးတွေက အလွန်တော်ပါတယ်။ ကျမက ဆေးမှူး အရမ်းလုပ်ချင်ပါတယ်။ ခွင့်တောင်းတော့ ကျောင်းသားတပ်မတော်က ခွင့်မပြုပါဘူး။ လုမိုင်၊ ဘောက်မိုင်၊ အားအိုင်တီး (Ar I Tee) ဆိုတဲ့ ကချင်ရဲမေ ၃ ယောက် တက်ခွင့်ရပါတယ်။ ကျမ မရောက်ခင်က ယောင်္ကျားလေး ၃ ယောက် ၆ လသင်တန်း သွားတက်ရတာ သိရတယ်။ ပြန်ရောက်တော့ လက်တဲ့စမ်းပြီး ဆေးထိုးလိုက်တာ ကိုခိုင်ရဲ့ တင်ပါးမှာ ဆေးမကြေလို့တဲ့ အဖုကြီးဖြစ်ပြီး တဖြေးဖြေး လှိုက် စား သွားလိုက်တာ ခြေထောက်တချောင်းလုံး အရိုးပဲ ကျန်တော့တယ်။ အဲဒီလို စိတ်မချမ်းသာစရာတွေက တပုံတပင်ကြီးပါ ဘဲ။ ကျမတို့ရဲမေတွေက တညကို နှစ်ယောက်ကျ သွားပြီး ပြုစုရတယ်။ ကိုခိုင်က “ငါ မသေချင်သေးဘူး။ ဒီမိုကရေစီရမှ သေမယ်” တဲ့။ကျမတို့က နှစ်သိမ့်အားပေးစကားပဲ ပြောနိုင်တာပေါ့။ နှစ်လလောက်ပဲ ခံပါတယ်။ ဆုံးသွားရှာပေါ့။ တောင်ပေါ်ဗဟိုမှာတော့ လူမျိုးစုံသံတမန်ရပ်ကွက် ထားပါတယ်။ အဲဒီမှာ ကျမရဲ့သူငယ်ချင်းဖြစ်သူ ပလောင်အဖွဲ့က ကိုအိုက်ငြိမ်းလဲ ပါတာပေါ့။ သူနဲ့ကျမ မကြာခဏ စကားပြောဖြစ်ကြတယ်။ နောက်တယောက်က ကချင်လွတ်မြောက်ရေး တပ်မတော်က ချစ်ကို ပါ။ သူတို့နှစ်ယောက်လုံး ရန်ကုန် ဗဟန်းသားတွေဆိုတော့ တရပ်တည်းသားတွေ ပေါ့။ အဲဒီအချိန်က တိုင်းရင်းသားတွေ ညီညွတ်တဲ့အချိန်ပါဘဲ။ တိုင်းရင်းသားအားလုံးက ညီညွတ်စွာနဲ့ တိုင်းပြည်အပေါ်မှာရှိတဲ့ သဘောထားကို ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ခရီး ထွက်လာစဉ်မှာ တိုင်းရင်းသားတွေက စာရေးပြီး တင်ကြတယ်လို့ သိရတယ်။ သိရသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းခိုင်းတာ ပါ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်လို့ အဖြေပေးသွားကြောင်းလည်း ကြားခဲ့ရတယ်။ န၀တက ရွေးကောက်ပွဲ လုပ်ပေးပြီး အနိုင်ရတဲ့ပါတီကို အာဏာလွှဲအပ်မယ်လို့ ထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အရိပ်အမြွက် ပြောကြားသွားကြောင်း သိရှိခဲ့ရတယ်။ ၈၈ အရေးအခင်းတုံးက မူဆလင်တွေ ဆန္ဒပြတဲ့နေရာကို ဒေါ်အောင်ဆန်းစုကြည်သွားစဉ်က ရိုက်ထားတဲ့ ဓာတ်ပုံတွေကို စစ်တပ်က ပုံပေါင်းများစွာ ကူးပြီး ရှမ်းပြည်ဘက်မှာ ဖြန့်ဝေပါတယ်။ နောက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မဲနိုင်ရင် ဒီ ကုလားတွေ မြန်မာပြည်ထဲကို အများကြီး ၀င်လာပြီး အုပ်ချုပ်လိမ့်မယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရှမ်းပြည်မှာ ခေါင်းဆောင်တွေ အစည်းအဝေး ပြုလုပ်နေရကြောင်း ပြောပြပါတယ်။ နောင်အခါမှာတော့ ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့ပြီး မဲမပြန့်အောင် လုပ်လိုက်ရကြောင်း သိခဲ့ရတယ်။ ကျောင်းသားတပ်မတော်ကတော့ ပုံမှန် လှုပ်ရှားနေပါတယ်။ မြန်မာပြည်ရဲ့တောင်ပိုင်းမှာလည်း ကျောင်းသားတပ်မတော် ရှိတာ သိရတယ် လေ။ ကျမတို့ဆီမှာတော့ တဖြည်းဖြည်းနဲ့ အင်အား တထောင်ကျော် စုမိနေပါပြီ။ နိုင်ငံခြားကလူတွေလည်း ရောက်လာတာ အများကြီးဆိုတော့ ကျမ သိပ်မမှတ်မိတော့ပါဘူး။ မီမီမြင့်ဖူး တယောက်ကိုတော့ မှတ်မိနေပါတယ်။ သူက ဆေးပစ္စည်းဝယ်ဖို့ ကျောင်းသားတပ်မတော်ကို ကျပ် ငါးသိန်း ပေးသွားတယ်။ အားလုံးကို ကျေးဇူးတင်စရာပါဘဲ။ ဆေးခန်းအတွင်း ငှက်ဖျားဆေးတွေ ပြည့်စုံအောင် ၀ယ်နိုင်တာပေါ့။ ရိက္ခာကတော့ အရင်းအတိုင်းပါဘဲ။ ကျမတို့စခန်းက ဗဟိုကော်မီတီဝင်တွေကတော့ တချိန်လုံး တယောက်တလဲ တရုပ်ပြည်ခရီး သွားနေကြတာ သိရတယ်။ တာဝန်အရလို့ ဆိုတာပါဘဲ။ ရဲဘော် ရဲမေတွေကတော့ သိပ် ကြေနပ်ပုံ မပေါ်ပါဘူး။ သူတို့တွေက အဖွဲ့ပိုင်ငွေတွေ ကိုင်ပြီး သွားနေကြတာကိုး။ ကိုထွန်းအောင်ကျော်ရဲ့ ညီ ကိုချိုကြီး တောင်ပေါ်ကိုရောက်လာတယ်။ လူပုံက ခပ်နွဲ့နွဲ့ပါပဲ။ အသားဝါလေးနဲ့ စကားပြောတာကလည်း ခပ်အေးအေးနဲ့ မျက်နှာက အမြဲတမ်း ပြုံးချိုနေတယ်။ ခင်မင်စရာ ကောင်းလှပါတယ်။ သူကတော့ မန္တလေးက ရောက်လာတာလို့ သိရတယ်။ တောင်ပေါ်မှာနေမှာ လား ပြန်မှာ လားတော့ မသိပါဘူး။
မခင်စန်းနွယ်

အတိတ်မှအရိပ်များ - ၁၃

ကချင်ထုံးစံက အိမ်ပြောင်းရင် အိမ်သစ်တက်ပွဲ လုပ်လေ့ ရှိပါတယ်။ ကျမကတော့ အဲဒီထုံးစံကို အကြိုက်ဆုံးပါ။ ရန်ကုန်မြို့က ပစ္စည်း မှာရင် တပတ်အတွင်း ရောက်ပါတယ်။ အဆက်အသွယ်က မပြတ်ပါဘူး။ အဲဒီမှာ ဗိုလ်ကြီးဆန်နီဆိုတာ ရှိတယ်။ စကားပြောရင် မြန်မာလို ပီပီသသ ပြောတတ်တဲ့အပြင် ခင်မင်စရာ အလွန် ကောင်းပါတယ်။ ကျမနဲ့ နိုင်ငံရေးဆွေးနွေးလေ့ရှိတော့ ဒီမိုကရေစီရရင် ကချင်တပ်မတော်အနေနဲ့ ဘာလုပ်မလဲ မေးကြည့်တော့ သူက ကချင်ပြည်နယ်ကို စောင့်ရှောက်မယ်လို့ ဆိုပါတယ်။ ကျမက ဒါဆိုရင် ကချင်က ကချင်ကို စောင့်၊ ရှမ်းကလည်း ရှမ်းပြည်ကို စောင့်၊ မွန်ကလည်း မွန်ကို စောင့်ဆိုရင် ရန်ကုန်မြို့ကိုပဲ စစ်တပ်က စောင့်ရမှာလား ပြည်ထောင်စုတပ်ထဲ ၀င်ပေါ့ လို့ ဆိုတော့ သူ ပြန်မဖြေတော့ဘူး လေ။ တိုင်းရင်းသားပြဿနာဟာ ခေတ်အဆက်ဆက် ခေါင်းဆောင်ပိုင်းရဲ့ဖြေရှင်းမှု မမှန်ကန်တာကြောင့် ကနေ့အချိန်မှာ ပေါက်ကွဲမှုတွေ ထိန်းဖို့ အခက်အခဲတွေဖြစ်နေပြီး အန္တရာယ်ကြီးလှပါတယ်။ ကျမတို့ရောက်တာ တလကျော်သွားပါပြီ။ ဗဟိုကော်မတီရုံးကနေပြီး စစ်သင်တန်းအပါတ်စဉ် (၄) တက်ဖို့အတွက် နောင်ရာပါ ကိုသွားရမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ကျောင်းသားတပ်မတော် တပ်ရင်း (၇၀၁) က ရဲဘော်တွေဟာ ကချင် လွတ်မြောက်ရေး တပ်မတော်နယ်မြေမှာ တာဝန်ထမ်းဆောင်နေကြရတယ်။ ကျောင်းသားတပ်မှာ လက်နက်ဆိုလို့ စခန်းမှူးကိုင်တဲ့ ပစ္စတိုတလက်ဘဲ ရှိတယ်လေ။ ကေအိုင်အေရဲ့ လက်နက်ကိုပဲ (လူနား လက်နက် မနားနဲ့) ဆိုတဲ့ဆောင်ပုဒ်နဲ့သုံးစွဲနေကြတာပါ။

တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ ၅ ဆိုပြီး တပ်ရင်း ၅ ရင်း ရှိတယ်။ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ပေါင်း ၈၀၀ ကျော် ရှိတယ်။ အဲဒီ တပ်ရင်းတွေထဲမှာလည်း တပ်သားသစ်အဖြစ် ၀င်မယ့်သူတွေ ရှိနေတော့ အားလုံးစုပြီး နောင်ရာပါကို သွားကြရမှာပါ။ ဇော်ထွန်း (ဌေးအောင်) (ယခု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့) ၊ ကိုထွန်းထွန်းဦး တို့အပြင် အားလုံးပေါင်း ၃၀ ခန့် ရှိမယ် ထင်ပါတယ်။ ကျမတို့ကို ကိုကိန်းမြင့်က ဦးဆောင်ခေါ်ပြီး တောင်အောက်ကို ဆင်းကြတယ်။ လမ်းခုလတ် တရုတ်ရွာတရွာမှာ ညအိပ်နားကြရတယ်။ တရုပ်ရွာလေးတွေက အိမ်ခြေနည်းပေမယ့် မျက်နှာချင်းဆိုင်မှာတော့ တောင်ပေါ်လမ်းတလျှောက် လမ်းဘေးက တောင်ထိပ်တွေပေါ်မှာ ကျောက်တုံး တွေကို မညီမညာစီပြီး ထပ်ထားတာ့ ၁၂ ပေလောက်မြင့်မယ် ထင်ပါတယ်။ လမ်းလျှောက်နေရတာ အဲဒီ ကျောက်ထပ်တွေအောက် လျှောက်နေရသလိုဆိုတော့ အသဲထိပ်စရာပါ ပဲ။ အဲဒီအမှတ်အသားတွေက တရုတ် သချိုံင်းဆိုတဲ့ အမှတ်အသားတွေလို့ သိခဲ့ရတယ်။ ကျမတို့ ထွက်လာတဲ့နေရာကနေပြီး တရုတ်ရွာကို ငါးနာရီ လောက်တော့ လျှောက်ခဲ့ရတယ်။ အဲဒီရွာမှာဘဲ အိမ်တအိမ်ကို ၀င်ကြတယ်။ ကိုကိန်းမြင့်က တရုတ်စကား တတ်တော့ အဆင်ပြေတာပေါ့။ အိမ်ရှင်လင်မယားက ကျမတို့ကို နေရာပေးပါတယ်။ မီးဖိုက အိမ်အလယ်ခေါင်မှာ ပါ။ ပတ်ပတ်လည်မှာ ကွပ်ပစ်တွေ ခင်းထားတယ်၊ အိပ်ဖို့နေရာတွေ ပါ။ ရွှေဖရုံသီးဟင်းနဲ့ ထမင်းစားကြပြီး ခဏအကြာမှာတော့ အိပ်ကြတယ်။ မီးဖို အနွေးဓာတ်က အိပ်ပျော်စေပါတယ်။ မနက်စောစော ထွက်လာကြတာ ဖရုံခင်း၊ သခွားခင်း၊ ဂေါ်ရခါးပင်တွေနဲ့ စပါးခင်းတွေက မြင်ကွင်းကို အေးမြစေတယ်။ မွေးမြူထားတဲ့ ၀က်တွေကလည်း နေရာအနှံ့မှာပါ။ နေ့လည်ခင်းမှာတော့ တောစပ်က စခန်း တခုကို ရောက်တယ်။ (CS) ဗိုလ်ချုပ်သံချောင်းက ကျမတို့ဆီလာပြီး နှုတ်ဆက်ပါတယ်။ မျက်နှာက လေးဒေါင့် မကျတကျ အသားဖြူဖြူ၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ အလွန်ကျက်သရေရှိတဲ့ ရုပ်မျိုး ပါ။ ရယ်လိုက်ရင် ပါးချိုင့်နှစ်ဖက်နဲ့ သွားတက်ကလေး ပေါ်တတ်ပါတယ်။ အသက်က ၂၅ - ၂၆ လောက်ပဲ ရှိမှာပါ။ (ယခု သူက တောင်ငူထောင်မှာ သေဒဏ်လေးကြိမ် ကြိုးလေးကြိုး ပြစ်ဒဏ်ပေးခံထားရပါတယ်)။
ဘယ်မြို့ကလဲလို့ မေးပြီး အားလုံး ဗိုက်ဆာလာကြမှာပဲ လို့ ပြောပြီးတာနဲ့ သူ့ရဲဘော်တွေကို ထမင်းပွဲ ပြင်ခိုင်းလိုက်ပါတယ်။ တဲပျက်တခုရဲ့ ၀ါးကွပ်ပျစ်ပေါ်မှာ မိုးကာတခုကို ဖြန့်ခင်းလိုက်တာ တွေ့ရတော့ ပန်းကန် တွေ လာချမယ်ထင်လို့ စောင့်နေတုံး ဟန်းကောချိုင့်ထဲက ထမင်းတွေကို ပလပ်စတစ်ပေါ်မှုာ တပုံစီ လိုက်ပုံပြီးတာနဲ့ ထမင်းပေါ်မှာ အာပြဲခြောက်နဲ့ အာလူးနှစ်တုံးစီ ပုံပြီး “စားကြပါ“ လို့ ဖိတ်ခေါ်သံကို ကြားလိုက်ပါတယ်။ ကျမတို့ တယောက်မျက်နှာ တယောက် အထူးအဆန်းသဖွယ်ဘဲဆိုတဲ့ အဓိပ္ပါယ်နဲ့ ကြည့်လိုက်ပြီး ၀င်ထိုင်ကာ အားရပါးရ စားလိုက်ကြပါတော့တယ်။ စားပြီးကြတော့ တဲအနီးက ချောင်းထဲမှာ လက်ဆေးနေကြတုံး ရဲဘော်တယောက်က စောစောက ပလပ်စတစ်စကို ချောင်းထဲမှာ ရေနဲ့ဆေးနေတယ် လေ။ ပြီးမှ ရေခါပြီး ဖြန့်လှမ်းတာ တွေ့ရတယ်။ တော်လှန်ရေးခရီးအစကတော့ အမှတ်တရ ပေါ့။ ဗိုလ်ချုပ်သံချောင်းက “တောင်ပေါ်ရောက်ရင် ပြန် တွေ့ကြတာပေါ့ဗျာ သင်တန်းမှာ ကြိုးစားကြပါ။ ဒီမှာရှိတဲ့ လူတွေလဲ ခေါ်သွား” လို့ ပြောပြီး ကျမတို့နဲ့လမ်းခွဲသွားပါတယ်။ ကျမတို့ ဆက် ထွက်ခဲ့ရတဲ့ခရီးကတော့ မြေပြန့်ပါ။ စားပင် သီးပင်တွေနဲ့ စမ်းချောင်းကလေးတွေကို မကြာခဏ တွေ့မြင်နေရတာ ကြည်နူးစရာပါဘဲ။ မြန်မာပိုင်နက်နယ်မြေတခု ပါ။ နောင်ရာပါရွာလေးရဲ့အနားမှာဖြစ်လို့ နောင်ရာပါ လို့ပဲ ခေါ်ပါတယ်။ မြေပြန့်ကျယ်ကြီးကို တောင်တန်းတွေက အနားကွပ်ထားတဲ့ ပန်းချီကားချပ်ကြီး တခု ပေါ့။ လုံခြုံပြီး ရုတ်တရက် ရန်သူ ၀င်လာဘို့မလွယ်တဲ့ နေရာ ပါ။ တရုတ်ပြည်ဖက်က မြစ်ကြီးတခုရဲ့မြစ်လက်တက်တခုက ဖြတ်စီးနေတော့ ချောင်းဆိုပေမယ့် အတန်ငယ် ကျယ်ပြီး ရေစီးကလည်း သန်လှတယ်။ မြစ်အလျားက ရှည်ပါတယ်။ သင်တန်းသားတွေအတွက် ရေ ဖူလုံတာပေါ့ လေ။ ကချင်ရဲမေလေးတွေနေတဲ့ ဘားတိုက်မှာ ကျမကို နေရာချပေးပါတယ်။ ဘားတိုက် ငါးလုံးလောက် တန်းစီ ဆောက်ထားတာပါ။ ဘားတိုက်တခုမှာ အနည်းဆုံး လူငါးဆယ်လောက်တော့ ဆန့်ပါတယ်။ အခင်းက ၀ါး ဖြစ်ပြီး အမိုးကတော့ ရုန်းပင်တွေ ပါ။ တပ်သားသစ်တွေ ရောက်လာရင် ကိုယ့်ဖာသာ ဘားတိုက် ဆောက်ကြရတာ ပါ။ ၀ါးခုတ်ရတာက ပင်ပန်းရုံ ရှိပေမယ့် ရုန်းပင်တွေ ခုတ်ရတာက ဆူးတွေ ရှိတော့ သွေးထွက်သံယိုပါ ဘဲ။ မြို့ပေါ်မှာနေ လာခဲ့တဲ့လူတွေအတွက်တော့ ကြမ်းတမ်းတဲ့ အတွေ့အကြုံတခု ပါ။ ဦးဆောင်ပြီး ခိုင်းတာက ဒူဝါလှဆိုင်း ပါ။ ခိုင်းတာ ရက်စက်တဲ့အပြင် စကားပြောတာလည်း ရိုင်းလှပါတယ်။ သူက သင်တန်းမှူုးဖြစ်တဲ့အပြင် အုပ်ချုပ်သူလဲ ဖြစ်ပါတယ်။ ကျမတို့နဲ့အတူတူ ရောက်လာသူတွေကတော့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို ခွဲထွက်ခွင့် တောင်းနေတဲ့ အာသံပြည်နယ်က အာသံလူမျိုးတွေ ပါ။ သူတို့ကို ကချင်ဘာသာနဲ့ အာဇန်လို့ ခေါ်တယ်။ လူပေါင်းသုံးဆယ် ပါ။ နာဂတောင်တန်းကို ဖြတ်ကျော်ပြီး စစ်သင်တန်းတက်ဖို့ လာကြတာပါ။ စတီးရေခွက်၊ စတီးပန်းကန်ပြားတွေကို ခါးမှာ ချိတ်ထားတာ တွေ့ရတယ်။ ဘားတိုက်အသစ်ဆောက်ရာမှာ သူတို့ပါ ပါတာ ပေါ့။ သူတို့က လူကောင် ထွားပြီး တောတောင်အတွေ့အကြုံရှိတော့ ကျမတို့ကလေးတွေလောက်တော့ ပင်ပန်းပုံ မပေါ်ဘူး။ ကချင်ရဲမေလေးတွေက ထမင်းဟင်းချက်ကျွေးကြပါတယ်။ တိုင်ကီတပိုင်းပြတ်ထဲကို ခွေးခြေလို ခုံလေးတခု ချထားပြီး ဆန်ကောတခု တင်ထားတဲ့အပေါ် ပိတ်စကို အိတ်ချုပ်ထားပြီး ဆန်ထဲ့ထားတဲ့အိတ်ကို ဆန်ကောပေါ်မှာ ထားပါတယ်။ တိုင်ကီပြတ်ထဲမှာတော့ တ၀က်လောက်ထိ ရေထဲ့ထားတာ ပေါ့။ ထိုင်ခုံတ၀က်လောက်က ရေထဲမှာ ပါ။ အပေါ်က လုံအောင် ဖုံးပြီး တိုင်ကီပြတ်အောက်က မီးထဲ့ပါတယ်။ ထမင်းပေါင်းဘဲ ဆိုပါတော့။ ဟင်းချက်ပုံကတော့ မိုးဗြဲဒယ်အိုးထဲကို ဆား လက်တဆုပ် ထည့်၊ ဆွန်တန်ငါးစီးလောက် ထည့်ပြီး ကြိုထားတဲ့ ဟင်းချို ပေါ့။ ဆီတို့ဟူး တဇွန်းစီ ထပ်ပေးပြီး ကျွေးပါတယ်။ နောင်ရာပါရွာကတော့ မြန်မာပြည်ပိုင်ဖြစ်လို့ သင်္ဘောပင်၊ ငှက်ပျောပင်တွေ ပေါတာ ပေါ့။ သင်္ဘောသီးပင်တွေက ပို များတယ်။ ကျမတို့က ကချင်ရဲမေလေးတွေ ချက်တဲ့ သင်္ဘောသီးဟင်းကို အမြဲလိုလို တောင်းစားနေရတယ်။ မြက်ခင်းထဲမှာ ကြယ်မှိုလေးတွေ ရှိတော့ ကျမ နှုတ်ပြီး ချောင်းထဲမှုာ ရေစင်အောင် ဆေးပြီး ပြုတ်စားပါတယ်။ ချောင်းထဲမှာ ငါးမွေထိုးတွေ ရှိတော့ ဘက်ထရီအိုးမှာ ၀ါယာကြိုးတတ်ပြီး ၀ါးလုံးမှာ ၀ါယာကြိုး ကပ်ချည်ကာ ဖမ်းလေ့ ရှိကြတယ်။ သူတို့ဖမ်းပြီးရင် ကျမက နှစ်ကောင်သုံးကောင် သွားတောင်းပြီး ရေလုံပြုတ် စားတာ ပေါ့။ ငရုပ်ပင်တွေက ပေါလွန်းတော့ ကျမ ခူးးပြီး ကျောင်းသားရဲဘော်တွေနဲ့ အာဇန်တွေကို ဝေပေးပါတယ်။ အာဇန်တွေက ဆရာဝန်တွေ အင်ဂျင်နီယာတွေနဲ့ ပညာတတ်တွေ များပါတယ်။ ကျမတို့ကို ကချင်တွေ ခေါ်သလို “ဂျောင်မာနီ” လို့ လိုက်ခေါ်ကြတယ် လေ။ အနီးအနားက ရွာသားတွေက ဆန်တွေ ယူလာပြီး ဆက်ကြေး ပေးကြတယ်။ နောင်ရာပါချောင်းရဲ့အပေါ်မှာ တံတားလေးတခု ရှိပါတယ်။ ကချင်တွေလာပြီး ဆန်နဲ့ အခြားစားစရာ အသုံးအဆောင်တွေ ပို့ရင် ချောင်းကို ဖြတ်ရ ပါတယ်။ တရက်မှာတော့ ကချင်အဖွားအိုတယောက်က ဆန် လေးပြီလောက်ရှိတဲ့ အိတ်ကို ရွက်လာတာ တွေ့လို့ ကျမ ပြေးပြီး “အားရှောင်၊ အားရှောင် ကျမကို ပေး” ဆိုပြီး ဆန်ထုတ်ကို ယူလိုက်ကာ ကျမက “အားရှောင်၊ တခြား လူကို ပို့ခိုင်းပါလား။ အဝေးကြီး သယ်လာရတာ ပင်ပမ်းတာပေါ့” ဆိုတော့ သူက “ငါ့အိမ်မှာ လူ မရှိတော့ဘူး။ ငါ့သားရော ချွေးမရော ငါ့မြေးနှစ်ယောက်ပါ ကချင်စစ်သား လုပ်နေရတယ်။ ငါ့မှာ မြေးမလေးတယောက်ပဲ ရှိတော့ ဖမ်းမှာ စိုးလို့ ငါကိုယ်တိုင် လာပို့တာ” လို့ ပြောပြရှာတယ်။ ကျမစိတ်ထဲမှာ ကြင်နာသနားမှုတွေ ပိုမိတာ အမှန် ပါ။
ခင်စန်းနွယ်