Wednesday, September 12, 2012

ဆိုင်းရာကုန်းပုံပြင်


သို့ ဖိုးခွားလေး…
..မှ ဖိုးခွားငယ်

ဖိုးခွားလေး…ဟုတ်တယ်မင်းလေးဟာငါရဲ့သား..ဖိုးခွားငယ်ရဲ့ သားမို့ မင်းဟာဖိုးခွားလေးပေါ့။ ဒါပေမယ့် မင်းရဲ့ နံမည်အရင်းဖြစ်လာမလားတော့ ပါးပါးမသိသေးဘူး..။ မင်းဟာ ပါးပါးရဲ့ ဖိုးခွားဖြစ်လာမှာတော့သေ ချာတယ်။ ခုလေလောဆယ်တော့ မင်းကိုမင်းဖိုးခွားလေးလို့ သိထားကွာ။ ဖိုးခွားလေးက ပါးပါးကိုမတွေ့ ဘူးသေးပေမယ့် ပါးပါးကမင်းကို အာထရာဆောင်းဆိုတဲ့ ကွန်ပြူတာဓာတ်မှန်သားပေါ်ကနေတော့ တွေ့ ဖူးပြီ။
အမယ်မင်းကလဲ ငါ့လိုလူချောလေးပါလားပေါ့…ဟဲဟဲ..သားအဖချင်းပဲကွာနော်..။ ဘာပဲဖြစ်ဖြစ်ပါ.. မင်းလေးက အာဖရိကလူသားလိုပဲမဲမဲ..တရုပ်ကြီးလို ဖြူဖြူ…ဥရောပသားလို ဖြူနီစပ်..တောင်အမေရိကသားလိုပဲညိုညို အပါးဖိုးခွားငယ်ရဲ့ သားကတော့ ပါးပါးအိမက်ထဲမှာ လမင်းတရာကြီးလို ၀င်းပနေတယ်ကွ။
အဲ..မင်းမွေးလာတော့မယ်ဆိုတော့ မိဘတို့ ထုံးစံအတိုင်း ချော့တေးတွေ၊ အိပ်ယာဝင်ပုံပြင်တွေပြောရတော့ မယ်ဆိုတော့ ပါးပါးခေါင်းခြောက်နေမိတယ်ကွ။ မင်းပါးပါးတောသားကြီးက စီကာပတ်ကုံးရေးထားတဲ့ တထောင့်တညပုံပြင်တွေလည်းမသိဘူး။ပါးပါးလည်းငယ်ငယ်တုံးက နားမထောင်ခဲ့ရဘူးလေ။ အဲဒီတော့ ပါးပါးက မင်းကိုလေကန်ဖို့ အတွက် အကြံအဖန်လုပ်ရတော့တာပေါ့ကွ။ ငါကမင်းကိုချစ်တာကိုး.။ ဒါနဲ့ ပဲ အကြံတခုဖျောက်ကနဲ စိတ်ထဲရောက်ခဲ့တယ်။ မင်းလေးကိုပြောဖို့ တထောင်နဲ့ တညမကတဲ့ ပါးပါး ကိုယ်တိုင်တကယ်ကြုံရတဲ့ ပုံပြင်လေးတွေကို စတင်ရေးချစုစည်းလိုက်မိတော့တာပဲ ဖိုးခွားလေးရေ။
ဟိုး…ရှစ်ရှစ်တုန်းကပေါ့ကွာ…အဲ..မင်းငါ့ကိုစကားမပီဘူးလို့ အပြစ်တင်မစောနဲ့ အုံး...ပါးပါးက ဗမာမဟုတ် ပေမဲ့ ရှေးရှေးဆိုတာကိုတော့ပီအောင်ပြောတတ်တယ်။ ပါးပါးရဲ့ ပုံပြင်က ၁၉၈၈ခုနစ်မှာစခဲ့တာမို ဟိုးရှစ်ရှစ် တုံးကပေါ့လို့ သုံးလိုက်တာ..ပေါက်တယ်နော်။ ပါးပါးတို့ တိုင်းပြည်မှာလူတွေအများကြီးလမ်းပေါ်ထွက်ပြီးဆ န္ဒပြတယ်လို့ ခေါ်တဲ့ အစိုးရလို့ ခေါ်တဲ့ ရေပေါ်စီလူတန်းစားတွေကို ဆန့် ကျင်တဲ့ဟာကြီးဖြစ်ခဲ့တယ်..ဆန္ဒပြ တယ်ဆိုတာဘာလဲဟုတ်လား.။ အေး မင်းမွေးပြီးနို့ နို့ စို့ တဲ့အခါသိလိမ့်မယ်သားလေး။ မင်းဆာတဲ့အခါ မင်းမေမေကို မင်းအသံပြဲနဲ့ အော်ပြီးမျက်ရည်တဖြိုင်ဖြိုင်နဲ့ တောင်းလိမ့်မယ်။ဆာရင်ငတ်ရင် တောင်းဆိုတ ယ်လေ..ခုတော့အဲလိုပဲသိထားပါဖိုးခွားရယ်၊
အဲဒါတွေဖြစ်ပြီးတော့ မင်းပါးပါးက ဟိုးတောနက်ကြီးထဲရောက်သွားတာပေါ့ကွာ။ အဲဒီမှာပါးပါးက ရေပေါ်စီ တွေဝါဒဖြန့် တဲ့ ပါပီမလိုဇတ်ကားထဲက လူဆိုးကြီးဖြစ်ဖို့ စစ်သင်တန်းတက်တယ်ကွ။ အဲဒီဇတ်လမ်းကိုလဲ မင်းကြည့်ခွင့်ရရင်တော့ မင်းကံပေါ့ကွာ။ သင်တန်းတက်တော့ ပါးပါးတို့ ကသင်တန်းတန်းလျား..ပါးပါးတို့  အခေါ် ဘားတိုက်ပေါ့ကွာ။အဲဒီမှာနေရတယ်။ ပါးပါးတို့ နင်းခဲတွေ မြူမှုန်တွေကြားမှာ ဆင်းဆင်းရဲရဲပင်ပင် ပန်းပန်းသင်တန်း တက်ရတာဆိုတော့ အရမ်းမောပြီး ညအိပ်ချိန်ရောက်တဲ့အချိန် အဲ့ဒီဘားတိုက်ထဲမှာ ဆင် လာနင်းတောင် မသိလောက်အောင်အိပ်မောကျတာပေါ့။ တချို့ များဆို ပါးစပ်သဘောင်္ကြီး တွေမောင်း တာ..အသံစုံတီးဝိုင်းလို ပဲ။
အဲလိုပါးပါးတို့ မောပန်းလို့ အိပ်နေချိန်မှာ အမျိုးသမီးလှလှလေး..ပါးပါးထင်တာပြောတာနော်..မမြင်ဖူးပါဘူး၊ 
သူကပါးပါးတို့ အတွက်သီချင်းလာလာဆိုပေးလေ့ရှိတယ်။သူက ကချင်ဘာသာနဲ့ ဆိုတော့ဘာဆိုမှန်းလည်း သိဘူးလေ။ မောပန်းတဲ့ပါးပါးတို့ အတွက်တော့ ညအိပ်ဝင်တေးပဲပေါ့ကွာ။ ဒါပေမယ့် သီချင်းမကြိုက် တဲ့ ပါး ပါးတို့ သူငယ်ချင်းတချို့ က သူ့ သီချင်းသံကို မကြားချင်ကြဖူးကွ။ မကြားချင်တဲ့အပြင် သူ့ သီချင်းလာဆိုရင် မအိပ်ဖြစ်ကြတော့ဘူး။ အကုန်နိုးလာကြတော့။ သူကြောင့်လဲအိပ်ရေးပျက်ခဲ့ကြဘူးတယ်။ သူကသဘော အရမ်းကောင်းတယ်လို့ ယူဆရတယ်။ ညညကိုသီချင်းလာဆိုတဲ့အပြင် တချို့ သူငယ်ချင်းတွေ ကိုလာနှိပ်ပေးတယ်ကွ။ ဘယ်လောက်ဇိမ်ကျသလဲနော်။ အဲ့ဒီကောင်တွေကလည်းလူမိုက်ပါဖိုးခွားရာ။ သူ များအခမဲ့သီချင်းဆိုလာနှိပ်ပေးတာကို ငြိမ်ငြိမ်မခံတတ်ဘူးကွ။ထထအော်တယ်။ ယားလို့ လားမသိဘူး။ ပါးပါးကတော့ကံဆိုးလို့ လား သူကပဲမျက်နာလိုက်တာလားမသိဘူး ပါးပါးကိုတခါမှလာမနှိပ်ပေးဘူး။ 
တနေ့ ကြတော့ ပါးပါးတို့ သူ့ ကိုမမြင်ဖူးပေမယ့် သူ့ နံမည်နဲ့ သူဘယ်သူဆိုတာကို သူ့ သူငယ်ချင်းဟောင်း တွေပြောပြလို့ သိခွင့်ရလိုက်တယ်။ သူ့ နံမည်က ဆိုင်းရာလို့ ခေါ်တယ်တဲ့။ သူကပါးပါးတို့ သင်တန်းဘား တိုက်ရဲ့ မလှမ်းမကမ်းက တောင်ကုန်းလေးတခုပေါ်မှာနေတယ်။ အဲ့ဒီတောင်ကုန်းလေးကိုတောင် ဆိုင်းရာ ကုန်း..ကချင်လို တော့ Seng Ra Kaung လို့ ခေါ်တယ်..သူကအပိုင်စိုးနေထိုင်တာကိုး။ အဲဒါနဲ့ နောက်ပြီး သူက နေ့ လည်ဆိုတနေကုန်အိပ်နေပြီး ညညကျမှပါးပါးတို့ ဘားတိုက်နားလာလာပြီး သီချင်းဆို တယ်.ကိုယ်ထိလက်ရောက် နှိပ်နယ်ပြုစုပေးတယ်။သဘောကောင်းတယ်နော်။
ပါးပါးတို့ ကလည်း အဲလောက်သိယုံတင်မရဘူးကွ။ curious များတယ်..စပ်စုတယ်ပေါ့ကွာ။ skeptical လိ့ခေါ်တဲ့ သူများပြောတိုင်းမယုံတတ်တာလဲပါတာပေါ့။ သူ့ အကြောင်းပိုသိချင်လို့ ထပ်စပ်စုတော့ ထပ်သိ ရတယ်ဖိုးခွားရေ။ မိဘဆိုတာ ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေကို အကြောက်တရားနဲ့ ချောက်မထားရ ဘူးတဲ့ ။ အကြောက်တရားနဲ့ မပဲ့ပြင်ရဘူးတဲ့။ ကြောက်စိတ်တွေကိုမွေးမြူပေးလိုက်သလိုဖြစ်သွားတယ်တဲ့။ ပါးပါး ကမင်းကို ကြောက်အောင်ပြောတာမဟုတ်ဘူးနော်။ ပါးပါးက မင်းအိပ်ပျော်အောင်ပုံပြင်ပြောနေတာ။ ဆိုင်း ရာက သူနေတဲ့ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ သတင်းတွေကို သူတို့ နဲ့ မသင့်မြတ်တဲ့ဝန်းကျင် တခု ဆီကို သတင်းတွေပေးပေးနေလို့ ဆိုပြီး သူ့ အသိုင်းအ၀ိုင်းကစိတ်ဆိုးပြီး သူ့ ကို ဘ၀ပြောင်းပေးခဲ့တယ် လို့ သိလိုက်ရတယ်။
သူ့ ကိုသူနေတဲ့ပတ်ဝန်းကျင်ကလက်မခံနိုင်တော့တဲ့အတွက် သူနေတဲ့အဲဒီကုန်းလေးမှာပဲ ဘ၀ပြောင်း ချော့ သိပ်အိပ်စေခဲ့တာတဲ့။ သူ့ ခမျာ တနေကုန်အိပ်အိပ်နေရတော့ ပျင်းတယ်နဲ့ တူရှာတယ်ကွာ။ ညညဆိုထွက် ထွက်လာပြီး ပါးပါးတို့ ဘားတိုက်မှာသီချင်းလာဆို..လာပြီးနှိပ်နယ်ပေးတာပေါ့။ ဘယ်သူကပဲသူ့ သီချင်းကို ကြိုက်ကြိုက်မကြိုက်ကြိုက်..သူကတော့ ညညတိုင်း ဆိုက်ဆိုက်ရောက်လာပြီး..ဆိုမြဲဆိုဆဲ..ငိုမြဲငိုဆဲပေါ့ ဖိုးခွားလေးရယ်…..ဟင်…မင်းအိပ်တောင်ပျော်နေပြီ..ခွေးမသား..အဲဟုတ်ဘူး..ငါ့သား..ငါ့သား၊
(၁၉၈၈ခုနစ် ကျောင်းသားတပ်တော်သားဖြစ်ရန်အတွက် သင်တန်းတက်ချိန်မှာ သူရဲခြောက်ပါတယ်ဆိုတဲ့ ဖြစ်ရပ်မှန်လေးပါ၊ မဒကတ (မပ) အပတ်စဉ်(၁)ရဲဘော်များသို့ အမှတ်တရ….နောက်ပြီးတော့ သတိတရ)
Unlike · 
  • You like this.
  • Nweni Tun ဒါဆို ဆိုင်းရာက ညညဆို ရဲဘော်တွေဆီကို လာလာပြန်လည်တာပေါ့..သီချင်းဆိုတာကို တကယ်ကြားကြလား.. စပ်စုကြည့်တာ.. တောင်ပိုင်းမှာလဲ အဲဒီအတွေ့ အကြုံတွေရှိကြလို့ ..
  • Kayin Layအင်းလေ..အထဲမှာရေးထားတဲ့အတိုင်းပဲ..တကယ်လာဆိုတာလေ..ရဲဘော်တွေရဲ့ ခြေထောက်တွေလာဆွဲ..လာဖိလုပ်တယ်..စောင်ကိုဆွဲတယ်..တကယ့်ဖြစ်ရပ်မှန်ပါ
  • Kayin Lay အပတ်စဉ်(၁)ရဲဘော်ဖြစ်တဲ့  ကိုမင်းဌေးကိုလည်းမေးကြည့်ပါလား..for the proof ပေါ့
  • Kayin Lay ဆိုင်းရာ သူသျိုဆိုပြီးသတ်ခံခဲ့ရတာလို့ သိရတယ်လေ..စာထဲမှာတော့ သူသျိုလို့ သုံးမိလိုက်ရင် ကျီးလို ၀ိုင်းအားမှာစိုးလို့ ..နောက်ပြီးသားချော့ပုံပြင်လေ...စကားလွဲသုံးပေးတယ်..သားခေါင်းရှုတ်သွားမှာစိုးလို့ပါ
  • Nweni Tun အခုလို ထပ်ရှင်းပြတာ ကျေးဇူးပါပဲ ကိုက၇င်လေး.. ဆက်ရေးပါ.. အားပေးပါတယ်..
  • Kayin Lay အဲါပြီးရင်တော့ ခုနကပြောသလိုပဲ..ကုန်းနံမည်ပြောင်းပုံတဆင့်ပြီးတဆင့်ပေါ့
  • Nweni Tun မြန်မာပြည်မြောက်ပိုင်းကတော့ စိတ်ဝင်စားစရာတွေနဲ့ အပြည့်ပဲ..
  • ဘရာဇီး ငှက်ရိုး အဲ့ဒီ ဆိုင်းရာက သိပ်... ချစ်စရာကောင်းအောင် လှတယ်ဆိုပဲ... ကျန်တာတော့ မသိ...
  • Kayin Layငှက်ရိုးရေ...သူမလှမလှတော့မသိဘူး..သီချင်းသံလေးကတော့ချိုတယ်..
  • ဘရာဇီး ငှက်ရိုး တကယ်လား... ကျနော့်ကို ခြောက်နေတယ်ထင်တာ...
  • Kayin Lay မယုံရင်တော့ သားကိုပြောတဲ့ပုံပြင်သာမှတ်လိုက်ပါမိတ်ဆွေ

No comments:

Post a Comment