ဘရာဇီး ငှက်ရိုး

http://88daun88.blogspot.ca/

▼

Sunday, February 10, 2013

ကျနော်ကြုံတွေ့ခဲ့ရသော မြောက်ပိုင်းအေဘီ-၃


Kyawzwar Winmg
19 hours ago ·
  • ကျွန်တော့်အနေနဲ့ လူ၎ယောက်အကြောင်းကိုခေါင်းစဉ်တပ်ပြီးရေးချင်ပါတယ်.
    နံပါတ်(၁)မိုးကြီး....ABSDFမြောက်ပိုင်းမှာ ဘယ်သူမှမရောက်သေးခင် မိုးကြီး
    ရယ်မဘိမ်းသိန်းအောင်(ဆရာတော်ဦးသံဝရ)ရယ်၄၀၁ကကိုဝင်းသိန်းရယ်
    ပိုက်ကျုံးအထိသွားပြီးတော့ဗ.က.ပခေါင်းဆောင်တွေဆီကနေလက်နက်တွေ
    သွားတောင်းပြီးတော့မြောက်ပိုင်းABအတွက်ယူဆောင်လာခဲ့ကြတယ်။
    အဲဒီအောင်မြင်မှု့ ကို မျိုးဝင်းကအရမ်းသတ်ချင်ခဲ့တယ်..မသွားခင်ကတည်းကစောစိုးစိုး(kayinlay)ကိုအပြစ်ရှာဖို့ ထည့်ပေးလိုက်တယ်..
    မျိးဝင်းရဲ့ အကြံအစီကတိုက်ဆိုင်မှု့ မဟုတ်ပါဘူး..ကြိုတင်ကြံစီမှု့ ပါ..
    လက်နက်တွေသယ်လာတဲ့အတွက် မိုးကြီးမှာ စိန်ဗေဒါဇော်ကြီးရဲ့ လက်စွမ်း
    ပြမှု့ ကိုခံလိုက်ရတယ်..ဒါတွေကအပါတ်စဉ်(၃)ကလူတိုင်းသိပါတယ်..
    မမငယ်အပါအဝင်ပေါ့..
    မျိုးဝင်းကမိုးကြီးကိုသတ်ဖို့ အဲဒီကတည်းကရည်ရွယ်ချက်ရှိပါတယ်..
    ခဏလေးကျွန်တော်ဆေးလိပ်သောက်လိုက်ဦးမယ်.....
    ပြသာနာတွေဖြစ်တော့ အခြေအနေတွေကို နားအလည်နိုင်ဆုံးကမိုးကြီးပါပဲ.
    ဒီနေရာမှာကျွန်တော်ပြောချင်တာက ရေနစ်နေတဲ့လူအချင်းချင်း သူများကိုကယ်ဖို့ ဆိုရင်ကိုယ့်ကြိုးကိုကိုယ်အရင်ဖြေရပါတယ်.
    မိုးကြီးအနေနဲ့ သူများကိုနင်းချတဲ့စကားမျိုးကျွန်တော်မကြားမိခဲ့ပါဘူး..
    ဗိုလ်ချုပ်ကျော်ဇောတို့ ဆီကနေပြီးတော့လက်နက်တွေကိုရအောင်ယူလာနိုင်ခဲ့တဲ့သူတစ်ယောက်က ....သူ့ ကိုသတ်မှာလဲသိသိကြီးနဲ့ တပ်ထဲမှာဘာကြောင့်
    ဆက်နေခဲ့တာလဲ..မြောက်ပိုင်းအလံကိုချစ်လို့ ပေါ့..ဒါကမိုးကြီးအကြောင်းပါ.
    နံပါတ်(၂)........ခင်မောင်ဇော်(ခိုဖြူ)
    ခိုဖြူကမထင်မှတ်ပဲနဲ့ ၁၉၉၁ခုနှစ်သင်္ကြန်အတွင်းမှာ ဗဟိုကောင်မတီဝင်အောင်ကြီးကိုဓားနဲ့ လိုက်ခုတ်တယ်.အနောက်မှာဦးစော
    (စောယဉ်ထွေး)
    နဲ့ ကျွန်တော်နဲ့ ပါတယ်.ဒီအပြင်မျိုးဝင်းမွေးထားတဲ့ ကွန်မန်ဒိုတွေနဲ့ ပြသာနာဖြစ်တယ်အဲဒီမှာလည်းစောယဉ်ထွေးနဲ့ ကျွန်တော်ပါတယ်..ဒီပြသာနာလောက်ကလွဲရင်ကျန်တဲ့ကိစ္စခိုဖြူကိုညှိုးစရာအကြောင်းမရှိဘူး..
    ကျွန်တော်သိသလောက်ဆိုရင်တော့ခိုဖြူနဲ့ပတ်သက်တာဒီလောက်ပဲ.ဒါပေ
    မယ့်ခိုဖြူကဗမ်းမော်စစ်ကြောရေးမှာလူအများကြီးကိုကယ်ခဲ့တယ်..
    ဒါကအမှန်တရားပဲ..
    ...... ..နံပါတ်.၃...
    ညီညီကျော်............သူနဲ့ ပတ်သက်လို့ မပြောခင်ကျွန်တော်အကြောင်းကို
    နည်းနည်းလေးပြောပြချင်တယ်.ခင်ရွှေလှိုင်ရယ်၊ပြည့်စိုးနိုင်၊WANNA ZAW၊အောင်ကျော်မြင့်၊ဇော်မိုး၊ကိုတိုးကြည်နဲ့ ကျွန်တော်၄၀၁ကနေပြီးတော့
    ဗဟိုကိုတက်လာတဲ့အချိန်မှာကျွန်တော်တို့ ရဲ့ ခေါင်းဆောင်ကိုသံလွင်က
    မှတ်မှတ်ရရ စကားပြောဖူးတယ်.ယင်ချမ်းတည်းခိုခန်းမှာ....ကျော်ဇွာဝင်းမောင်
    ဗဟိုမှာတော့မကျေနပ်တဲ့သူတွေကိုကွန်မြူနစ်ခေါင်းစဉ်တပ်ပြီးတော့
    သတ်ကုန်ကြပြီ..မင်းနည်းနည်းသတိထားပါလို့ ပြောဖူးတယ်.
    ဗဟိုရောက်တော့လည်းခေါင်းဆောင်တော်တော်များများရဲ့ လက်ထဲကို
    ကျွန်တော့်ကိုအပ်ပြီးတော့ .......ဒီကောင်လေးကတော့ကွန်မြူနစ်ဝါဒကို
    ရိုးသားစွာယုံကြည်တဲ့ခလေးတစ်ယောက်ပါ...ကျွန်တော့်မျက်နှာကိုထောက်
    ပြီးတော့သူ့ ကိုဘယ်လိုအပြစ်ဒဏ်မျိုးမှမပေးပါနဲ့ လို့ မျိုးဝင်းအပါအဝင်..
    ရော်နယ်အောင်နိုင်နဲ့ ကိုစိုးလင်းကြီးကိုသေသေချာချာအပ်ခဲ့ပါတယ်..
    ဒီကိစ္စတွေအားလုံးကိုခင်ရွှေလှိုင်အပါအဝင်ကိုတိုးကြည်တို့ အားလုံးသိပါ
    တယ်...
    ကျွန်တော်ဗဟိုရောက်တော့ မျိုးဝင်းကကျွန်တော့်ကိုခေါ်မေးတယ်."မင်းဘာလုပ်ပေးနိုင်မလဲ"
    ကျွန်တော်ပြောလိုက်တယ်.......လူတွေမှာ တာဝန်ကိုယ်စီရှိနေရင်ဒီအဖွဲ့ အ
    စည်းမှာဘာမှဖြစ်မှာမဟုတ်ဘူး..
    အဲတော့မျိုးဝင်းကပြန်ပြောတယ်.လှေကြီးပေါ်လှေငယ်ဆင့်တဲ့လူတစ်ယောက်
    အကြောင်းကိုမင်းငါ့ကိုစုံစမ်းပေးနိုင်မလားဆိုပြီးတော့မေးတယ်.........ဟာ....
    ကျွန်တော်ကလည်းဒါမျိုးကတော့လက်ခမောင်းခတ်တယ်လို့ ပြောလိုက်တယ်
    အဲဒါနဲ့ ကျွန်တော့်ကိုကိုဖေဝင်းဆီမှတဆင့်မင်းဇော်ရဲ့ လက်အောက်က
    ထောက်လှန်းရေးအဖြစ်သင်တန်းပေးလိုက်တယ်..................
    အဲဒီမှာ ကျွန်တော်သိလိုက်ရတာကသတ်ဖို့ ရည်ရွယ်ချက်ရှိထားတာအားလုံးက
    မနည်းမနောပဲ..ဥပမာ..ဦးသောင်းပုံစံအသစ်အဆန်းနဲ့ အလေးပြုတတ်တဲံ့
    မောင်မောင်ကြွယ်.ဗန်းမော်ဘက်ကဦးအောင်ကိုး၊ဇော်ဝင်းချစ်၊တိုက်ပိတ်
    မိုးကြီး၊တင်ဌေး၊ရန်ရှင်းအပါအဝင်အမြောက်အမြားပါပဲ................
    အခုနလှေကြီးပေါ်ကိုလှေငယ်ဆင့်တယ်ဆိုတဲ့စွဲချက်နဲ့ သတ်ဖို့ ကြိုးစားတာခံ
    ရတဲ့လူကတော့ကျွန်တော်တို့ ရဲ့ ဂျက်စပဲရိုးညီညီကျော်ပါပဲ....
    ဗန်းမော်ခရိုင်ကိုညီညီကျော်ကိုသတ်ဖို့ အတွက်ကျွန်တော့်ကိုအကြောင်းအရာ
    ရှာဖို့ လွှတ်လိုက်တာပါ..လက်ရှိအသက်ရှိထင်ရှားရှိသေးတဲ့အောင်စိုးမြင့်၊
    သံချောင်းတို့ အောင်နိုင်တို့ အကုန်လုံးသိပါတယ်........ဂျူးဂျူးအပါအဝင်ပေါ့..ညီညီကျော်ကိုကြည့်လို့ မရပေမယ့်သူ့ လုပ်ရပ်မှန်နေတော့သူ့ ဆီမှာပဲ
    တပည့်ခံလိုက်ရတာပေါ့ဗျာ...................
    ညီညီကျော်ကိုမျိုးဝင်းကသတ်ဖို့ ဘယ်လိုစီစဉ်ထားလဲဆိုတာ ထပ်ရေးပြပါ့မယ်................
    ကျော်စွာဝင်းမောင်.....................
    15Share
    • ဘရာဇီး ငှက်ရိုး and 6 others like this.
    • Maung Than Swe စောင့်ပြီးဖတ်နေပါတယ်။ဆက်ပြီးဖြန့်လိုက်ပါတယ်။
      17 hours ago
    • Min Tharr ဒီလိုအချက်အလက်နဲ. တုန်.ပြန်ရေးသားချက်တွေကို လေးစားပါတယ်
      12 hours ago
    • Kayin Lay ကျော်စွာဝင်းမောင်..မင်းရွှီးလုံးက နားထောင်ကောင်းလှချည်လားကွာ...ဘယ်တုံးက ငါ့ကိုမဘိန်းသိန်းအောင်တို့နဲ့ထည့်ပေးလိုက်တာလဲ...မင်းရထားတဲ့ငှက်ဖျားက ခုထိမပျောက်သေးဘူးလား..ပုလင်းလုပ်သောက်ကွာ... ငါမိုးကြီးတို့ မဘိန်းသိန်းအောင်တို့ နဲ့ တခါမှမတွဲဖူးဘူးကွ..မင်းသိလား..တခုတော့ရှိတယ်..သူတို့ အားလုံးက ငါ့ရဲ သင်တန်းသားတွေဖြစ်ဘူးတယ်... မင်းသူများတွေပြောလို့ လိုက်ပြောရတာမျိုးမလုပ်နဲ့ ..၀ါးတားတားသိပ်မလုပ်နဲ့ ကျော်စွာဝင်းမောင်...ငှက်ဖျားမပျောက်သေးရင် ဆေးမှန်မှန်သောက်အုံး။။ငါမင်းရေးတဲ့တခြားဟာတွေဆက်မဖတ်တော့ဘူးကွာ..ထပ်ဝါးတာတွေ့ မိရင် ထပ်ဟားရမှာစိုးလို့ ...မင်းရေးတာသိပ်သေချာတယ်ဆိုရင် ကိုမိုးကြီးမင်းတို့ ရန်ကုန်မှာပဲမဟုတ်လား... သူ့ ကိုမေးကြည့်အုံး.. သူတို့ ကန်ပိုက်တီးလက်နက်ယူဖို့ သွားတာ ငါ့ကိုထည့်လိုက်တယ်ဆိုတော့ ငါ့ကိုယ်ငါတောင် လက်နဲ့ ပြန်ဆိတ်ပြီးမေးရမလိုဖြစ်နေပြီ..ဗလာချည်ကြီးလျောက်မရွှီးနဲ့ ကွာ...လူသနားစရာကနေ သောက်မြင်ကပ်စရာဖြစ်အောင်မါလုပ်နဲ့  fact နဲ့  fiction ကိုကွဲအောင်ရေး..မဟုတ်ရင် သမိုင်းကွေးသွားလိမ့်မယ်
      12 hours ago
    • Kayin Lay မင်းရဲ့ ဆရာတွေက ဖေ၀င်းနဲ့ မင်းဇော်ဟုတ်လား..ခေါ်မေးမရတဲ့မင်းကိုခိုင်းတဲ့ကိုမျိုးဝင်း...ဖေ၀င်း..မင်းဇော်..ဟားဟား အကုန်သေပြိးသားလူတွေပါလားကွ... မင်းကိုငါမှတ်မိတာတခုပဲရှိတယ်..၈လေးလုံးတိုက်ပွဲအသွား တောင်မတက်နိုင်လို့ အမ်၂၁လေးပိုက်ပြီး တောင်စောင်းနံဘေးမှာ မျက်လုံးလေးကလယ်ကလယ်နဲ့ ခွေခွေလေးကျန်ခဲ့တာပဲကွာ... စစ်တိုက်၇မယ်ဆိုတော့ ကြောက်ဖျားဖျားသွားတာလားတော့မသိပါဘူး...မင်းရေးတဲ့စာကိုမင်းတာဝန်ယူရဲတယ်ဆိုတော့ ခုမင်းကိုငါ စမေးပြီ... ငါနဲ့ပတ်သက်ပြီး မင်းဘယ်လိုသက်သေပေးမှာလဲ...ကိုမိုးကြီး..မဘိန်း (ဦး)သိန်းအောင်တို့ နဲ့  မင်းမျက်နာချင်းဆိုင်မေးချင်သေးလား... အရိုးပုံပေါ်ထိုင်းပြီး နံမည်ကြီးအောင်မလုပ်ချင်ကြနဲ့ ကွာ...
      11 hours ago · Edited
    • Ko Lin Wai Aung Kyawzwar Winmg က အင်တာနတ်လိုင်းမမိတဲ့နေရာမှာရောက်နေလို့ ကျနော့်ကိုဆက်သွယ်ပြောကြားလာပါတယ်...သူ့ post မှာရေးထားတဲ့ စောစိုးစိုး(kayinlay) အစား စိုးစိုး (နမ္မား) လို့ပြင်ဖတ်ပေးပါတဲ့ခင်ဗျား...
      11 hours ago · 1
    • Kayin Lay ဟုတ်လား။ ခုမှကြောက်ချေးမပန်းနဲ့ကွ။ စိုးစိုး နမ္မားကလဲ ရေကြီးတဲ့ထဲ ပါလို့သေပြီးသားလူ။ အကွက်စေ့လှချည်လားကွာ။ ကရင်လေးလို့တောင် ကွင်းစ ကွင်းပိတ်ကြီးထည့်ရေးထားပြီးမှ။
      11 hours ago via mobile
    • ဘရာဇီး ငှက်ရိုး သူ့မမြင်ရ ကိုယ့်မမြင်ရတော့ ဖြစ်သွားပြီ... ကိုကရင်လေး မန့်တာတွေကို ဟိုဘက်ကနေ လာဖတ်နေရတယ်... ဟူးးးးးး
      9 hours ago
    • Kayin Lay ကိုရဲ နောက်ဆုံးကွန်မင့်ကို ဘာဖြစ်လို့ ပြန်ဖျက်လိုက်တာလဲ။ ခုပဲလိုက်ူမိတယ် ကရင်လေးရေ။ သူမှားရေးထား တာပါ ဆိုတာလေ။ ဖျက်စရာမလိုပါဘူးဗျာ ။ ကျနော်တောင် အလွတ် ရ နေ ရင် တခြားလူလဲ ဖတ်မိလောက်ပါတယ်
      8 hours ago via mobile
    • Ko Lin Wai Aung ကရင်လေးရေသူမှားရေးတာပါလို့ပြောတယ်..စိုးစိုးနမ္မားနဲ့မှားတာပါ
      7 hours ago via mobile
    • Ko Lin Wai Aung လိုင်းမကောင်းဘူး..ကားပေါ်ရောက်နေတာ
      7 hours ago via mobile
ဘရာဇီးငှက်ရိုး at 9:14 PM
Share

No comments:

Post a Comment

‹
›
Home
View web version

About Me

My photo
ဘရာဇီးငှက်ရိုး
View my complete profile
Powered by Blogger.