နိုင်ငံရေးမှာ အသုံးချခံမဖြစ်လိုပါ..
လက်တလောမြောက်ပိုင်းကိစ္စမှာ ပြည်တော်ပြန်တွေဝင်ဝင်ချင်း တတ်နိုင်သမျှရှောင်ဖို့ကြိုးစားကြပါသေးတယ်.. ဒီအရေးကို တတ်ကြွနေတဲ့ ရဲဘော်ဟောင်းတွေနဲ့ မီဒီယာတွေကြောင့် ရှောင်လို့မရတော့ တစ်ယောက်ချင်းစီ ဖော်ထုတ်လာရော .. ရိုးသားပါရဲ့လား ၀င်ဝင်ချင်း ဘာလို့ ပြတ်ပြတ်သားသား မရပ်တည်ခဲ့လဲ...
ကဲအခုလဲ ရှောင်မရလို့ ရှင်းကြမယ်ဆိုတော့ (အသံတော့ တော်တော်ပျက်နေပြီ..) ဘာပဲဖြစ်ဖြစ်ကြိုဆိုပါတယ် ရှင်းပါ.. သေချာရှင်းကြပါ... ရှင်းတဲ့နေရာမှာလဲ ကိုယ့်စကားကိုယ် တာဝန်ယူကြပါ...
တာဝန်ရှိသူ ၊ ပါဝင်ပက်သက်ဖူးသူတွေအနေနဲ့ ကျေးဇူးပြု၍ ကျဆုံးခဲ့သူတွေရဲ့ မိသားစုတွေကို မနှစ်သိမ့်ပါနဲ့ ဘယ်လိုစိတ်နဲ့မှ မနှစ်သိမ့်ပါနဲ့ လုံးဝ (လုံးဝ) လက်မခံနိုင်ပါ.. (ဦးထွန်းအောင်ကျော် အမေ ကြီးကြီးမ ကပြောတယ် “ဒီလူတွေကိုမတွေ့ဘူး လုံးဝ မတွေ့ဘူး” တဲ့)
တာဝန်ရှိသူ၊ ပါဝင်ပက်သက်ဖူးသူတွေအနေနဲ့ ကျဆုံးခဲ့သူတွေဟာ ကျောင်းသားစစ်စစ် ရဲဘော်စစ်စစ်တွေဖြစ်တယ်ဆိုတာ မည်သည့်အကြောင်းနဲ့မှ ယုံမှားသံသယ ရှိစရာမလိုပါ.. ၄င်းတို့ကိုအမှန်တကယ်လေးစားရင် ယခုအလေးမပြုပါနဲ့ဦး အမှန်တရားအရင်တည်ဆောက်ပါ.. အပြစ်ရှိသူတွေ တရားဥပဒေရဲ့ စီရင်မှုကိုအရင် ခံယူပါ...
ကျဆုံးရဲဘော်တွေနဲ့ မိသားစုတွေဟာ လှေကားထစ်တွေမဟုတ်ဘူး ဆိုတာ ပြည်တော်ပြန်တွေသိထားပါ..
No comments:
Post a Comment