http://88daun88.blogspot.ca/

Monday, September 3, 2012

သမိုင်းအမွေအနှစ်ဆိုးတွေ လက်ဆင့်ကမ်း မပေးမိစေဖို့

လူမဆန်တဲ့ ညှင်းပမ်းနှိပ်စက်တာတွေ၊ လူသတ်တာတွေဟာ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ဖြစ်ရုံမက မြန်မာ့ယဉ်ကျေးမှု၊ ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။

အထူးသဖြင့် တော်လှန်ရေးလုပ်ကြတဲ့ လူငယ်လူရွယ်တွေအပေါ် တရားမျှတမှု မရှိ၊ အခြေအမြစ်
မခိုင်မာတဲ့ စွပ်စွဲချက်တွေနဲ့ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာမျိုးကို လုံးဝလက်ခံလို့ မဖြစ်ပါ။ သမိုင်းကြောင်းမှာ အမည်းစက် အစွန်းထင်းခံလို့ မဖြစ်ပါ။

နောင်လာနောက်သား မျိုးဆက်သစ်တွေကို သမိုင်းအမွေအနှစ်ဆိုးတွေ လက်ဆင့်ကမ်း မပေးမိစေဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ရာဇဝတ်မှု ကျူးလွန်ရင် ဘာမှ မဖြစ်ဘူး ဆိုတဲ့ အတွေးအခေါ်မှားမျိုး မျိုးဆက်သစ်တွေကို မခံယူစေချင်ပါ။

ဒီလိုရာဇဝတ်မှု ကျူးလွန်တာဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်ခဲ့တာကြောင့် တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့ မြန်မာအစိုးရမှာ တာဝန်ရှိပါတယ်။ အရေးယူပေးဖို့လည်း အလေးအနက် တိုက်တွန်းပါတယ်။

ဆိုးဝါးလှတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သူတွေကို အားမပေးကြဖို့၊ မသိယောင် ဆောင်မနေကြဖို့၊ ထိန်ချန်မထားကြဖို့၊ တရားဥပဒေဘက်က ရဲရဲကြီး ပြတ်သားစွာ ရပ်တည်ရင်း အမှုမှန်ကို အမြန်ဆုံး ဖော်ထုတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ By - Lwin aung soe

No comments:

Post a Comment