http://88daun88.blogspot.ca/

Saturday, September 1, 2012

မရဲပဲနဲ့တော့ ကျွဲဗြဲမစီးလောက်ဘူး... ဘယ်သူတာဝန်ယူမှာလဲ.....?


by U Naing Win on Friday, August 31, 2012 at 4:15am ·


ဒီနေ့ သတင်းတွေထဲမှာ မြောက်ပိုင်းကျောင်းသားလူသတ်မှု့တွင် အဓိက တာဝန်ရှိသူလို့ ပြောဆိုနေကြတဲ့ ဒေါက်တာနိုင်အောင်တယောက် မြန်မာပြည်မှာ မြန်မာမြေကို ရဲရဲကြီး ခြေချပြသွားတာကို သတင်းဌာန ပေါင်းစုံမှာ တွေ့မြင်ကြမှာဖြစ်ပါတယ်၊

ရက်ပိုင်းအတွင်းမှာပဲ ဒုတိယတာဝန်အရှိဆုံးလူလို့ ပြောဆိုနေကြတဲ့ မိုးသီးဇွန်ကလဲ မြန်မာပြည်ကို ရဲရဲကြီး ရင်ကော့ပြီးရောက်လာတော့မှာ ဖြစ်ပါတယ်၊

သူတို့တတွေ မြန်မာပြည်ကို ပြန်လာပြလိုက်ခြင်းဟာ အများက သိုမဟုတ် မြောက်ပိုင်းလူသတ်မှုမှ စွပ်စွဲချက်များကို နုတ်ဖြင်ပြန်မဖြေပဲ လက်တွေ့ကျကျ စင်ပေါ်မှာရင်ကော့ပြီး ပြန်လည်ဖြေရှင်းသွာနိုင်ခဲ့ကြတယ်လို့ပြောရမှာပါ၊ ယေဘုယျသဘောအားဖြင့် သူတို့ကိုသူတို့ တရားခံလို့ယူဆနေရင် သန်းပေါင်း ၆၀ လောက်သော မြန်မာပြည်သူတွေအရှေ့ သူတို့တတွေခုလို လာရောက်နိုင်စရာအကြောင်းမရှိပါဘူး၊

တဖက်ကကြည့်ပြန်ရင်လဲ မြောက်ပိုင်းကျောင်းသားတွေ တကယ်အသတ်ခံခံ့ရတယ် ဒီအသတ်ခံရမှုမှာ ၈၈၈၈ ကျောင်းသားခေါင်းဆောင်တွေ တကယ်သေသွားကြတယ်၊ သူတို့တတွေက တကယ်ပဲ သူလျှိုတွေလား၊ စစ်ထောက်လှမ်းရေးတွေလား ။

လွန်ခဲ့တဲ့နှစ်ကစပြီး မြောက်ပိုင်းကျောင်းသာ လူသတ်အရေးအခင်းမှ လွတ်မြောက်လာသူတွေအနေနှင့် အင်တာနက်စာမျက်နှာတွေပေါ်မှာ ကြေကွဲဝမ်းနည်းဘွယ် တုန်လှုပ်ခြောက်ခြားဘွယ် သတင်းတွေအဖြစ် ပြန်လည်ဆန်းသစ်စိမ်ခေါ်မှုတွေ ပြုလုပ်ခဲ့ကြတာ အများသိပြီးဖြစ်ပါတယ်၊

အဲ့ဒီအထဲမှာ စာရေးသူကိုယ်တိုင်ကလဲ နဝတလက်ထက် ဗိုက်ခင်ညွန့်ရဲ့သတင်းစာရှင်းလင်ပွဲလောက်သာ ဖတ်ခဲ့ရပြီး ရဲဘော်ရဲဘက် ပတ်သက်သူ သူငယ်ချင်းအချို့တွေရဲ့ ပြန်လည်ပြောပြတာတွေကိုပဲ စိတ်မကောင်းစွာ ရင်ထဲမှာရှုတ်ထွေးလေသော ဇာတ်လမ်းတပုဒ်အဖြစ် အမှန်တရားရဲ့တနေ့ဆိုတာကိုသာ မျှော်လင့်ထားခဲ့ရတယ်။

ဘာပဲပြောပြောပေါ့ ဒီနေ့တော့ ကြယ်တွေဆုံပါပြီ ၈၈၈၈ ရာဇဝင်မှာ ပြည်တွင်းပြည်ပ ကျောင်းသားခေါင်းဆောင်များ မြန်မာပြည်မှာ လွတ်လွတ်လပ်လပ်ကြီး တွေ့ဆုံလို့ရနေပါပြီး၊ ဒီမြောက်ပိုင်းလူသတ်မှု့တွေနဲ့ပတ်သက်ပြီး ရဲဘော်ရဲဘက်ကျောင်းသားခေါင်းဆောင်များ အထူးသဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသမိုင်းမှာ အထင်ရှားဆုံးဖြစ်ခဲ့တဲ့ ၈၈၈၈ အဏာရှင်တော်လှန်ရေးသမိုင်းကြီးရဲ့ တပိုင်းတစ၊ ခေတ်အဆက်ဆက် ကျောင်းသားဆိုသူတွေအတွက် အာဏာရှင်တော်လှန်ရေးလုပ်တိုင်း သင်ခန်းစာယူစရာကြောက်ရွံဘွယ် သမိုင်းဆိုး သမိုင်းညစ်ကြီးတခုအဖြစ်မှ တာဝန်သိမှု တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ရဲရဲရင့်ရင့် ရှင်းလင်ပြတ်သားစွာ သမိုင်းတာဝန်များကို သမိုင်းကျေအောင် လုပ်ဆောင်ပေးကြပါလို့ လေးလေးစားစားအထူးမေတ္တာရပ်ခံလိုက်ပါတယ် ။

( ဦးနိုင်ဝင်း လန်ဒန် )

· · · Share

  • You, Aung Khaing Myint, Lu Bo, Tun Wai and 7 others like this.
  • 32 shares
    • Nyunt Shwe ဒေါက်တာနိုင်အောင်သော ဘာသောညာသော တာဝန်ရှိရင် တာဝန်ယူ၊ တရားစွဲသူမရှိတောင် နိုင်ငံတော်က တရားလိုလုပ်ပြီး တရားစွဲသင့်တဲ့အမှုဖြစ်တယ်။ အဲဒါကို ဥပေက္ခာပြုရင် ပြုသူတွေကိုပါ တရားခံစာရင်းထဲ သွင်းပစ်လိုက်။
      Yesterday at 4:29am · · 3
    • ဘရာဇီး ငှက်ရိုး ရဲရဲကြီး ရင်ကော့ပြီးဆိုတာတော့ မဟုတ်ပါဘူး... ဝန်ကြီးအောင်မင်းနဲ့ အကြိမ်ပေါင်းများစွာ ညှိပြီးတော့မှ သူတို့ကို ကာကွယ်ပေးပါ... ဘာညာနဲ့လုပ်သွားကြတာပါ... လက်တွေမှာ သွေးမခြောက်သေးသူချင်း ပေါင်းစည်းကြတာ ဘာမှမအံ့သြပါ...
      အဘညွန့်ရေ... လောလောဆယ်တော့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ဖြစ်နေပါသေးတယ်...
    • Aye Aye Soe Win
      ဦးနိုင်ဝင်းဒီပို.စ်မှာ နိုင်အောင်လိုကောင်မျိုးကို မသိမသာနဲ. ရဲဝင်.သူကြီးတယောက်လို တင်ပေးထားပါတယ်။ ရှုံ.ချပါတယ်။ မြောက်ပိုင်းကိစ္စဟာ စံချိန်ကျိုးလေသော ရက်စက်မှု လူမဆန်မှုဖြစ်ပါတယ်။ ခရီယာနိုင်ငံရေးစားဖါးများ၏ မျက်နှာဗြောင်တိုက်ခြင်းကို ( ဦး
      နိုင်ဝင်း အမြဲဝေဖန်နေတဲ. အစိုးရ နဲ. ကျောင်းသားသွေးတွေကို မဲဆောက်က ဘီယာနဲ.ဆေးပြီး) တဖက်သတ်မျက်နှာသာရ ခဲ.တဲ. နိုင်င်အောင်လို ကောင်မျိုးအတွက် တင်ပေးစရာမလိုပါ။ စစ်အစိုးရ ရက်စက်ကြမ်းကြုတ်ရင် အာပြဲနဲ. အော်။ ဒီလို နိုင်အောင်လို လူသတ်သမားအကြီးစား ကိုတော. --မိမိ၏ moral reasoning ကို အဆင်.နှိမ်.ပစ်ပြီး- တင်မပေးသင်.ပါ။ ပေတံက တခုထဲ ဖြစ်ရပါလိမ်.မယ်။

No comments:

Post a Comment