Tuesday, July 31, 2012

တစ္ဆေကြီး သုံးကောင်ပါ တဲ့ ဇာတ်လမ်း/အတိတ်မှအရိပ်များ - ၉,၁၀,၁၁

တစ္ဆေကြီး သုံးကောင်ပါ တဲ့ ဇာတ်လမ်း

by Kyaw Gyi AB on Friday, March 23, 2012 at 1:33pm ·
အတိတ်မှ အရိပ်များ (၉)
Images from the Past - Khin San Ngwe

ဧပြီလ ၂၃ ရက်နေ့မှာ ကျမကို ရဲသတင်းတပ်ဖွဲ့က ကားနဲ့ လာခေါ်ပါတယ်။ အင်းစိန်ထောင်ဗူးဝ ရောက်တော့ အရှေ့ဘက်မှာရှိတဲ့ တိုက်ပုကလေးတွေနေရာမှာ ကျမကို ထားခဲ့ပါတယ်။ မနက် ၁၀ နာရီလောက်မှာ အချုပ်ကားကြီး ထွက်လာတာ တွေ့ရတယ်။ လူတွေ ဆင်းလာပြီး အနောက်ပေါက်ကနေ တရားရုံးထဲကို သွင်းလာတာ တွေ့ရတယ်။ တအုပ်စုက ၇ ယောက်၊ တအုပ်စုက ၈ ယောက် ပါ။ ကိုဇာနည်အဒေါ်နဲ့ အမကလည်း သူ့သမီးနဲ့အတူ ထမင်းချိုင့်လေးနဲ့လာပြီး စောင့်နေရှာပါတယ်။ မကြာမီမှာ ကျမတို့အပြင်ကစောင့်နေတဲ့ မိသားစုတွေကို ၀င်ခွင့်ပြုပါတယ်။ ဒါနဲ့ ကျမတို့ အထဲကို ၀င်ပြီး ခုံတန်းပေါ်မှာ ထိုင်လိုက်ကြတယ်။ ကိုဇာနည်တို့အုပ်စုကို တရားခံနေရာမှာ ထိုင်ခိုင်းတာ တွေ့ရတယ်။ ကျမ ကိုဇာနည်ကို ကြည့်လိုက်တော့ အရမ်းအံ့သြမိတယ်။ ကိုဇာနည်က နှာတံပေါ်ပေါ်၊ မဟာနဖူးနဲ့ မျက်ခုံးကတန်းတန်း၊ မျက်နှာကတော့ လေးထောင့်မကျတကျ သွယ်သွယ်လေး ပါ။ ၀တ်လိုက်ရင်လည်း စတစ်ကော်လံ လည်ကတုံးနဲ့ ကချင်ပုဆိုးနဲ့ အင်မတန် ကျက်သရေရှိပြီး ရုပ်ရှင်မင်းသား လင်းထင်နဲ့ ဆင်တူပါတယ်။ ဒီလိုလူတယောက်ကို ဘယ်လောက်ထိ နှိပ်စက်ထားသလဲဆိုရင် မျက်နှာကြီးက နံပြားလို ဖြစ်နေပြီး အဖုအပိမ့်တွေနဲ့လည်း ဖြစ်နေတဲ့အပြင် ကိုယ်ကြီးက ကိုင်းနေကာ မျက်စေ့ကလည်း ဘာကိုမှ မမြင်သလို ဖြစ်နေတယ်။ ဖွဲအိတ်ကြီးတခု ထောင်ထားသလို ဖြစ်နေတယ်။ ခါးဆစ်ပိုင်း ရိုက်နှက်ထားလို့လဲ လမ်းလျှောက်တာာ တွဲလာတာ တွေ့ရပါတယ်။ သူ့ပုံစံ ကြည့်ရတာ တော်တော် နှိပ်စက်ခံထားရတယ်ဆိုတာ ထင်ရှားနေပါတယ်။ ကျမကြည့်ရင်း မျက်ရည်လည်မိပါတယ်။ ကျမစိတ်တင်းပြီး သူ့အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မကြာခင်မှာပဲ တရားစစ်ဆေးဘို့ စတော့မှာဖြစ်လို့ တရားသူကြီး ၀င်လာပါတယ်။ ရုံးကတော့ အထူးခုံရုံးဆိုတာ သိထားပါတယ်။ ကိုဇာနည်ဘက်က ရှေ့နေက ဦးခင်မောင်လတ် တို့သားအဖ ပါ၊ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့သားမက် ပါ။ ဒီလိုနဲ့ သက်သေနှစ်ဦး စစ်ပြီးသွားတော့ ကျမအလှည့် ရောက်ပါတယ်။ ကျမကို ရဲ သတင်းတပ်ဖွဲ့ (SB) ကိုမြင့်အေးက မေးခွန်းမေးပါတယ်။ “ကာဘိုင်တလက်သုံးထောင်နဲ့ ငါးလက်အတွက် တသောင်းခွဲကို ဦးနုက ပိုက်ဆံပေးတယ်။ ကိုဇာနည်က ၀ယ်ဖို့ တာဝန်ယူတယ်။ ဒီအချိန်မှာ ခင်ဗျားအနားမှာ ရှိတယ်။ အဲဒါကို မြင်တယ် သိတယ် မဟုတ်လား” လို့ မေးပါတယ်။ ကျမက “မဟုတ်ပါဘူး။ ကြည်း၊ ရေ၊ လေအဖွဲ့တွေ ပြည်သူဖက်ကိုပါလာလို့ ကိုဇာနည်ကို ရိက္ခာဝယ်ဖို့ ပေးတာပါ” လို့ ထွက်ဆိုလိုက်ပါတယ်။ တရားခွင် ခဏနားတော့ ကိုမြင့်အေးက ကျမဆီလာပြီး စားပွဲခုံကို လက်သီးနဲ့ထုကာ “ခင်ဗျား လိမ်ထွက်ပေမယ့် ကျုပ်က သူ့ကို လွှတ်မပေးဘူး၊ ထောင်ချမယ်။ အဲဒီကောင်ကို ထမင်းမကျွေး နဲ့ ထောင်ထဲ ပြန်ပို့လိုက်” လို့ ပြောပါတယ်။ ခင်ဗျားလည်း သတိကောင်းကောင်းထားလို့ ကြိမ်း မောင်းပြီး ကျမကို ပြန်ခိုင်းလိုက်ပါတယ်။ ကိုဇာနည်ကို ထောင်ဒဏ် (၃) နှစ် ချလိုက်ကြောင်း သိ ရတယ်။ ကိုဇာနည်ဟာထောင်ထဲမှာ လုံးဝ လမ်းမလျှောက်နိုင်ဘဲ ပက်လက်နေခဲ့ရရှာပါတယ်။ ထောင်ဆေးရုံမှာ ၀မ်းတွေသွားတော့ ကိုယ်တိုင်လည်း မလုပ်နိုင်၊ လုပ်ပေးမယ့်သူလည်းမရှိနဲ့ ဆင်းရဲတွင်းနက်နေရပါတယ်။ ၁၉၉၀ခုနှစ်မှာ ထောင်ဆူတော့ ကိုဇာနည် ပါဝင် ပတ်သက်တယ်ဆိုပြီး သာယာဝတီထောင်ကို ပို့လိုက်တယ်။ သာယာဝတီထောင်မှာ ခြောက်လလောက်ကြာတော့ ကိုဇာနည်ဟာ လေဖြတ်သလိုဖြစ်ပြီး စကားလည်း လုံးဝ မပြောနိုင်တော့ဘူး။ သာယာဝတီဆေးရုံကို တင်လိုက်တယ်။ ဆရာဝန်က ဒီမှာကုသဖို့ အခြေအနေမပေးဘူး ဆိုပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ဘို့ မှတ်ချက်ပေးတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပြောင်းပေးလိုက်ပါတယ်။ ထောက်လှမ်းရေးက ကိုဇာနည်ကို ရန်ကုန်ဆေးရုံကြီးကနေ အိမ်ပြန်ခွင့်ပြုလိုက်တာကြောင့် အမေ အဖေနဲ့ သမားတော်တွေအပြင် မြန်မာဆေးဆရာတွေနဲ့ပါ ဂရုစိုက်ပြီး ကုသလို့ အသက်မသေပဲရှိနေပေမယ့် အခုချိန်အထိ လမ်းမလျှောက်နိုင်ပါဘူး။ ခါးဆစ်ရိုးနဲ့ အာရုံကြော ထိခိုက်သွားတယ်လို့ သိရတယ်။ သူ့ကို ထောက်လှမ်းရေးက အမြဲတမ်း စောင့်ကြည့်နေပါတယ်။ ကိုဇာနည်ရဲ့ အတွေးအခေါ်တွေ၊ ဒဿနတွေဟာ သိပ်ပြီးကောင်းတာကြောင့် တိုင်းပြည်အတွက် အကျိုးများလှပါတယ်။ သူ့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အလွန်ပင် လေးစားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်မှ လွတ်မြောက်လာတော့ ပထမဆုံး တွေ့ချင်သူတွေထဲမှာ ကိုဇာနည်လည်း ပါဝင်ခဲ့ပါတယ်။ သူ့ကို လူနာတင်ကဒ်နဲ့ တင်ခေါ်ပြီး တက္ကသိုလ်ရိပ်သာလမ်းထဲကျမှ ဘီးတပ်ကုလားထိုင် (Wheel Chair) ပေါ် ထိုင်ခိုင်းရပါတယ်။ ထိုင်ရင်လည်း သားရေအမာကြီးကို ရင်ဘတ်နဲ့ကျောမှာ ကပ်ချည်ထားမှ ထိုင်လို့ ရပါတယ်။ ကျမတို့ ထောင်ထဲမှာရှိစဉ်ကလည်း ကိုဇာနည်က လွတ်ပြီး ၁၉၉၂ မှာ ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် မစ္စတာ ယိုကိုတာက ကိုဇာနည်ကို တွေ့ချင်ကြောင်း မေးမြန်းလို့ ထောင်လှမ်းရေး ၆ က ကိုဇာနည်ဆီလာပြီး ကဒ်နဲ့ချည် ဖမ်းဆီးခေါ်သွားပါတယ်။ ယိုကိုတာ သိသွားပြီး မတွေ့တော့ပါဘူး၊ ပြန်ပါတော့မယ်လို့ ပြောတော့မှ ၁၄ ရက်မြောက်နေ့မှာ ပြန် ပို့ပေးခဲ့ပါတယ်။ ကိုဇာနည့်အကြောင်းကနေ မူလဖြစ်စဉ်ကို ပြန်လည် ပြောပြလိုပါတယ်။ အဲဒီအချိန်မှာ ကိုမိုးသီးဇွန်ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ထောင်နေပြီ။ လှည်းတန်းလမ်း၊ မော်တင်မှာ ဖွင့်ထားတဲ့ လူ့ဘောင်သစ်ပါတီရုံးကို ကျမ ရောက်သွားခဲ့ပြီး ထိုင်းနိုင်ငံမှာ ရနောင်းမြို့မှာ ကိုမောင်မောင်ကျော်ကို ကေအင်ယူ ဗကအုန်းသွင်က လိုက်လံဖမ်းဆီးနေတယ်။ အဲဒီအနWရာယ်ကြောင့် မဲဆောက်ဘက်ကို ထွက်သွားတယ်လို့ သိခဲ့ရကြောင်းနဲ့ စာကို ဘန်ကောက်မြို့တက်မယ့် မခင်ဥမ္မာနဲ့ ဇော်ဇော်တို့ကို ပေးလိုက်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကျမ တရားရုံးသွားရတဲ့အကြောင်းတွေ သူ့ကို ပြောပြလိုက်ပါတယ်။ ကျမတို့ လုပ်နေတဲ့ စီမံကိန်းမှာ သူလည်း ပါဝင်တာမို့ ကျမကို သူ အလွန်ပဲ စိတ်ပူသွားပါတယ်။ သူကလည်း “ကျနော်လည်း အခြေအနေအရ ပါတီလုပ်နေရပေမယ့် မကြာခင် ကျနော် ပြေးရမယ်လို့ ထင်တယ်” လို့ ပြောပါတယ်။ ကျမကိုသူက အိန္ဒိယဘက်ကို ပြေးစေချင်ပါတယ်။ လမ်းကြောင်းနှစ်ခုလည်း ပေးလိုက်ပါတယ်။ ဒါနဲ့ ကျမလည်း အိမ်ပြန်လာပြီး ကိုထွန်းထွန်းဦးနဲ့ ချစ်ကိုကိုတို့ကို တိုင်ပင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်သွယ်ရေးလက်နက်တွေ ဖွက်ထားတဲ့ သုံးနေရာလုံးကို ကျမ သိနေတယ်။ ပြီးတော့ ကျမတို့ရဲ့စီမံကိန်းက လူကြီးတွေ ပါဝင်တဲ့အတွက် မိခဲ့ရင် ကျမ အနှိပ်စက်ခံရရင် ဖော်ထုတ်မိမှာ စိုးရိမ်နေကြတာပါ။ ဒီကြားထဲ မြိတ်မြို့ ၀တ်တိုက်ကျောင်းက ဦးကေသရ ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ကြောင်း ပြောတာကြောင့် ကျမက ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လိုက်ပို့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆိုဖာပေါ်မှာ ဦးကေသရကို သီတင်းသုံးခိုင်းပြီး သူက အောက်မှာထိုင်ကာ ကန်တော့ပါတယ်။ ဦးကေသရက “ဒကာမကြီး ဘုန်းကြီး ခွင့်ပြုပါတယ်” လို့ဆိုမှ ခပ်လှမ်းလှမ်းက ဆိုဖာမှာထိုင်ပြီး စကားပြော ကြပါတယ်။ “တိုင်းပြည်ရဲ့အခြေအနေတွေ သိထားပြီဆိုတော့ ဒကာမကြီး ဘာ ဆက်လုပ်မလဲ” လို့မေးတော့ “တပည့်တော်မက ဒီလူထုရဲ့အားကိုယူပြီး ပါတီ ထောင်မယ်၊ နိုင်ငံရေးနည်းအရ တပည့်တော်ဆက်ပြီး လှုပ်ရှားမယ်၊ ဒီမိုကရေစီနိုင်ငံတော် ဖြစ်အောင်လုပ်မှ တပည့်တော်တို့နိုင်ငံ အဆင်ပြေမယ်“ လို့ လျှောက်ထားပါတယ်။ ဒါ့အပြင် ဆရာတော်နဲ့အရေးကြီးတဲ့ကိစ္စတွေ အများကြီး ဆွေးနွေးတာ ကြားခဲ့ရပါတယ်။ စကားပြောပြီးတော့ ကျမတို့ပြန်ဖို့ ပြင်ဆင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်နှိပ်စက် ကို မ, ရင်း ကျမကို “ကျမ ပါတီထောင်မယ်၊ ပါဝင်ပြီး ကူညီပါလား” လို့ ပြောပါတယ်။ ကျမက “အမကို လေးစားပါတယ်။ ကျမ ပါတီနိုင်ငံရေး မကြိုက်ဘူး။ လက်နက်ကိုင်ပြီး ပြန် တိုက်ဖို့ဘဲ ဆုံးဖြတ်ထားတယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ကျမက ဆရာတော်ဦးကေသရကို အိမ်ကို ပင့်လာပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့မှာ အခြေအနေတွေက တဖြေးဖြေး ဆိုးလာနေပါပြီ။ ဖမ်းဆီးမှုတွေကို အမြဲ ကြားနေရပါတယ်။ ကိုဇာနည်ကိုလည်း ထောင် သုံးနှစ် ချလိုက်ပါတယ်။ ကျမ ရင်ထဲမှာ တော် တော်လေး ခံစားရပါတယ်။ ဒါနဲ့ ကျမလည်း အခြေအနေကြည့်နေတုန်း ကျမတို့ရပ်ကွက်မှာနေတဲ့ တပ်ကြပ်ကြီးတင်မောင်ဝင်းကို အရေးအခင်းကာလတုံးက ဖမ်းမိပြီး ညောင်တုန်းကျောင်းတိုက်မှာ စစ်ဆေး မေးမြန်းပြီး ပြန်လွှတ်တော့ ကားပေါ်ကို လိုက်တင်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ကိုသောင်းစိန် ရဲ့ညီ တုတ်ပေါဆိုတဲ့ကလေးက တင်မောင်ဝင်းရဲ့ကျောကို ပုတ်ပြီး ငါ့နံမည် တုတ်ပေါလမှတ်ထား ဆိုပြီး နောက်ပြောင်လိုက်တာ မကြာမီမှာပဲ အဲဒီကလေးကိုလည်း ဖမ်းခေါ်သွားပါတယ်။ သူက ၁၉ နှစ် ပဲ ရှိပါသေးတယ်။ နောက်ပိုင်း ရဲဘက်စခန်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ အကြောင်းစုံ သိချင်ရင် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ သူ့ရဲ့အဒေါ် ဒေါ်အေးကြည် ရှိပါတယ်။ မေးကြည့်နိုင်ပါတယ်။ ကျမလည်း စိတ်မကောင်း တော်တော်ဖြစ်မိပါတယ်။ ကျမတို့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူတွေဟာ ခွင့်လွှတ်တတ်သလောက် သူတို့ (စစ်တပ်) ဖက်က ပြတ်ပြတ်သားသား ခြေမှုန်းတယ်ဆိုတာကတော့ ထင်ရှားနေပါတယ်။ ဒါကြောင့် တခုခုကို ဆုံးဖြတ်ချက်ချမှ ဖြစ်မယ်လို့ စဉ်းစားမိပါတယ်။ ကျမတို့သူငယ်ချင်းတစု ရွှေတိဂုံဘုရားပေါ်မှာ အင်္ဂါနေ့ပြန်ဆုံကြဘို့ ချိန်းခဲ့ကြပြီး လူစု ခွဲလိုက်ပါတယ်။ အင်္ဂါနေ့ရောက်တော့ ချစ်ကို၊ ဒေ၀ရှင်၊ ၀ဏ္ဏရှင် (ခ) ကျော်လင်း ၊ဇော်မင်း (၁)၊ ဇော်မင်း (၂)၊ ကိုထွန်းထွန်းဦး၊ တူးမာ၊ မင်းရန်အောင်ထွန်း၊ ဘိုဘို၊ စိုးထက်ခိုင်၊ ကိုထွန်းဝင်းသန်း၊ ကျော်ဝဏ္ဏ၊ မျိုးသန့်၊ ညီညီ၊ ၀င်းလွင်ဦးတို့အားလုံးနီးပါး ရောက်လာကြပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ဟာ ခါတိုင်းထက်ပိုပြီး ကြည်ညိုစရာကောင်းလောက်အောင် သပ္ပါယ်နေပါတော့တယ်။ စေတီတော်မြတ်ရဲ့ရွှေအဆင်းဟာ နေရောင်နဲ့အတူ ၀င်းလက်ဖြာထွက်နေပါတယ်။ ကျမတို့သူငယ်ချင်းတစု ပန်းအိုးတွေကို တိုက်ချွတ် ဆေးကြော သန့်စင်ကြတဲ့အပြင် ဂြိုဟ်တိုင်တွေကိုပါ သန့်စင်ကြရင်း ကုသိုလ်ယူကြပါတယ်။ အားလုံးပြီးတော့ အောင်သစ္စာ အင်္ဂါသန့်ရှင်းရေးအသင်း တန်ဆောင်းမှာ ခါတိုင်းလို ဘုရားဝတ်တက်တာ မလုပ်တော့ဘဲ ပခေါယှိဘုရားနောက်ဖက် သရက်ပင်အောက်မှာ ထိုင်ကြပြီး ဆွေးနွေးဖြစ်ကြပါတယ်။ ဥက္ကဋ္ဌဘိုဘိုက အရင် စပြီး ပြောတာကတော့ သူက ပါတီနိုင်ငံရေး သဘောကျတယ် တဲ့။ အဲန်အယ်ဒီ ပါတီထဲမှာ ၀င်ပြီး လုပ်မယ်။ တပ်ဦးက အခုအချိန်မှာ လှုပ်ရှားလို့ မရတော့ဘူး။ လှုပ်ရှားရင် အားလုံး အဖမ်းခံကြရတော့မယ် တဲ့။ သူနဲ့အတူပါတီမှာ ၀င်လုပ်ဖို့ ဘယ်သူ စာရင်းပေးမလဲလို့ မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘဘဦးကြည်မောင်က ခေါ်တယ်လို့ ပြောပါတယ်။ အားလုံးက ချက်ခြင်း အဖြေမပေးနိုင်ကြသေးပဲ သရက်ပင်အောက်ကနေ ရွှေတိဂုံစေတီရင်ပြင်ဘက်ဆီ မျှော်ကြည့်နေကြတာ တွေ့ရပါတယ်။ ကျမကတော့ ကိုသီဟနဲ့ ကိုထွန်းထွန်းတို့အုပ်စု ရွှေတိဂုံရင်ပြင်ပေါ်မှာ ရိုက်နှက်ခံရပြီး လူစုခွဲတဲ့မြင်ကွင်းကို မြင်ယောင်နေမိတယ်။ ရွှေဂုံတိုင်မှာ အသတ်ခံကြရတာတွေ၊ မြေနီကုန်းမှာ အရိုက်ခံကြရတာတွေ၊ ရွှေတိဂုံမှာ ကျမတို့အဖမ်းခံခဲ့ရတာတွေ တွေးလာမိတော့ ကျမ ချက်ခြင်းဘဲ ဆုံးဖြတ်ချက်တခု ချလိုက်မိတယ်။ “ဥက္ကဋ္ဌရေ၊ ကျမကတော့ တောခိုဖို့ ဆုံးဖြတ်လိုက်ပြီ။ ပါတီနိုင်ငံရေး ကျမ စိတ်မ၀င်စားဘူး။ သူတို့ကို မယုံကြည်ဘူး။ ဒီမိုကရေစီလည်း ပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကျမလက်နက်ကိုင်တဲ့ လမ်းစဉ်နောက် လိုက်မယ်” လို့ ပြောလိုက်တယ်။ ကိုဘိုဘိုက “ဒါဆိုရင် ကျနော်တို့ ဒီမိုကရေစီတပ်ဦးအနေနဲ့ လုပ်သွားမယ်။ လိုက်ချင်တဲ့သူလဲ လိုက်နိုင်တယ်။ ဒါပေမယ့် အရေးကြီးတာကတော့ သစ္စာ မဖောက်ကြပါနဲ့၊ အချင်းချင်း ရိုင်းပင်း ကူညီပြီး စိတ်ကို အရောင်မဆိုးကြပါနဲ့” လို့ ဆုံးမစကား ပြောပါတယ်။ ကျမနောက်ကို ကိုထွန်းထွန်းဦး၊ ညီညီတို့ လိုက်မယ်လို့ ဂတိပေးခဲ့ပါတယ်။ ကျမတို့အားလုံး အရှေ့ဘက်မုခ်ကဆင်းခဲ့ကြပြီး ကြားတောရလမ်းက ရခိုင်မုန့်တီဆိုင်မှာ မုန့်တီ ၀င်စားကြတယ်။ ပြီးတော့ ဗိုလ်ကြီးဘထွန်းရဲ့အအေးဆိုင်မှာ အအေးသောက်ကြပြီး တသက်တာ လမ်းခွဲခဲ့ကြရပါတော့တယ်။ အဲဒီနေ့ကလေးကိုတော့ ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး။ အခုချိန်ထိ လွမ်းမော တမ်းတနေမိတော့တယ်။

အတိတ်မှ အရိပ်များ (၁၀)

ကျမက အရေးအကြီးဆုံးဖြစ်တဲ့ ဆရာတော် ဦးခေမာစာရကိုရှာဖွေရာ ထိုင်းနိုင်ငံဘက်ကို ထွက်သွားကြောင်း သိရတယ်။ ဒေါ်နုနုအေးကလည်း ကျမကို လိုက်မလားလို့ မေးပါတယ်။ကျမက “ထိုင်းကို သွားနှင့်ပါ။ နောက်မှလိုက်လာမယ်” လို့ ပြောလိုက်ပါတယ်။ ကျမစိတ်အပူဆုံးကိစ္စတခုဖြစ်တဲ့ ရေတပ်သားတွေအတွက်ပါဘဲ။ ဒါနဲ့ကျမ ဦးမောင်ကို (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အလုပ်သမားရေးရာ ဗဟိုဦးစီးနှင့် တနင်္သာရီတိုင်း စည်းရုံးရေှးမှူး) ဆီသွားပြီး အခြေအနေမေးတော့ ဦးကိုက “မနွယ်ရေ စိတ်မပူနဲ့ အန်ကယ်ဦးတင်ဦး ကြည့်လုပ်လိုက်ပြီ။ မနွယ်မှာတဲ့အတိုင်း ကျနော် ပြောထားတယ်” လို့ ပြောပါတယ်။ သူက ဆက်ပြီး “ကျနော် အင်အယ်ဒီပါတီထဲမှာဝင်ပြီး လှုပ်ရှားမယ်” တဲ့။ ကျမက “ဦးကို သတိလည်းထားနော်” လို့ ပြောခဲ့တယ်။ ဒါကတော့ သူနဲ့ကျမ နောက်ဆုံးတွေ့ခြင်းဆိုတာ မသိခဲ့ရပါဘူး။ ကျမက ဘဘနုနဲ့ ဗိုလ်မှူးအောင်တို့ဆီ သွားရောက်ပြီး အခြေအနေများကို ရှင်းပြကာ ဂါရ၀ပြု နှုတ်ဆက်ခဲ့ပါတယ်။ ၄င်းတို့က ရေတပ်က ၁၁ ယောက် တိမ်းရှောင်ဘို့ လိုအပ်နေကြောင်း၊ ယခုလောလောဆယ် ဇရပ်ကွင်းက ပြည်ချစ်ပါတီမှ ဗိုလ်ကြီးဟောင်း ဦးဆင့်ထံမှာ ပုန်းခိုနေကြောင်း၊ သူတို့ရဲ့ ဆန္ဒကိုလည်း မေးပြီး လိုက်မယ်ဆိုရင် တပါတည်း ခေါ်ဆောင်သွားဘို့ တာဝန်ပေးပါတယ်။ ကျမလည်း သားသမီးတွေအတွက် ဆွေမျိုးများနှင့်တိုင်ပင် စီစဉ်ပြီး စရိတ်စကအတွက် လက်ဝတ်လက်စားအချို့ကို ထုခွဲ ရောင်းချလိုက်ပါတယ်။ ကျမတို့သုံးယောက် မန္တလေးမြို့ကို စတင် ထွက်ခွါလာခဲ့ကြပါတယ်။ မန္တလေးကနေ မိုးကုတ်ကားလမ်းဘေးမှာရှိတဲ့ ဇရပ်ကွင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ ဗိုလ်မှူးအောင် ပေးလိုက်တဲ့ လိပ်စာအတိုင်း ရှာဖွေရာ ညနေပိုင်းမှာ ဦးဆင့်အိမ်သို့ ရောက်ပါတယ်။ အိမ်က နှစ်ထပ်ပျဉ်ထောင် သွပ်မိုးဖြစ်ပြီး ဈေးဆိုင် ဖွင့်ထားတာ တွေ့ရတယ်။ သူရဲ့အမျိုးသမီးနဲ့ကလေးနှစ်ယောက် အလုပ်သမား ၃ ဦး ရှိပါတယ်။ ဇရပ်ကွင်းက အလွန် သာယာ စည်ကားလှပါတယ်။ မိုးကုတ်မြို့ကို ကျောက်တူးရန် အသွားအလာရှိကြပြီး မိုးကုတ်လမ်းတလျှောက်နေရာတွေမှာ နီလာကျောက် အကြီးအကျယ် ထွက်ရှိတာ ဖြစ်ပါတယ်။ မိုးနည်းရပ်ဝန်းဖြစ်ပြီး အတော်စည်ကားတာ တွေ့ရတယ်။ အဓိက စည်ကားရတဲ့အကြောင်းရင်းကို ဦးဆင့်က ပြောတာက ဇရပ်ကွင်းနဲ့ ၃ မိုင်အကွာကစပြီး ရိုးမတောကြီး ရှိတယ်။ အဲဒီမှာ ရွှေ အလွန်ထွက်တယ်။ သူက ရေတပ်က ရဲဘော်တွေကို အဲဒီနေရာမှာ ထားတယ်ဆိုတာပါ ဘဲ။ ဦးဆင့်က တုတ်တုတ်ခိုင်ခိုင် အရပ်ကတော့ ၅ ပေ ၅ လက်မလောက် ရှိမယ်လို့ ထင်ပါတယ်။ အစက ကရင်ပြည်နယ်တောထဲမှာ ပြည်ချစ်ပါတီရဲ့ တာဝန်နဲ့နေခဲ့ကြောင်း သူက ပြောပြပါတယ်။ ကေအင်ယူက ပြည်ချစ်ကို ရှင်းလင်းရေး လုပ်တော့ ကမ္ဘောဒီးယားကို ထွက်ပြေးပြီး ကျောက်တူးနေတာ တဲ့။ မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာတော့ ဘဘနုတို့၊ ဗိုလ်မှူးအောင်တို့၊ ဗိုလ်ရန်နိုင်တို့နဲ့အတူ ပြန်လာခဲ့တာလို့ ပြောပြတယ်။ ကျမတို့ကိုလည်း သူရဲ့ဇနီးက ချက်ပြုတ်ကျွေးမွေးတာ စုံနေတာပါပဲ။ စားသောက်ပြီးတော့ ခဏနေပြီး အိပ်ယာဝင်ခဲ့ကြပါတယ်။ မနက်ကျတော့ ဦးဆင့်နဲ့သူ့အလုပ်သမားတယောက်ကိုယ်တိုင် ဂျစ်ကားမောင်းပြီး ကျမတို့ သုံးယော် ကအတွက် စားစရာမျိုးစုံ ငါးသေတ္တာဗူးတွေကော ယူလာပြီး လိုက်ပို့ပေးပါတယ်။ ၁၉ ကွက်လို့ ခေါ်တဲ့ ရွှေတောကိုရောက်တော့ သူတို့ ပို့ပေးထားတဲ့ ရေတပ်ရဲဘော်တွေရှိတဲ့ တဲမှာ ဆုံဖြစ်ကြပါတယ်။ အားလုံးက ကျမကို တွေ့တော့ အရမ်း ၀မ်းသာသွားကြတယ်။ ကိုသန်းမြင့်လို့ခေါ်တဲ့ ရဲဘော်က “အမရေ ကျနော်တို့ကို ဗိုလ်ချုပ်ကြီးတင်ဦးက တယောက်ကို သုံးထောင်ပေးပြီး ရှောင်ခိုင်းလိုက်တယ်။ အမက ပြောလိုက်လို့လို့ ပြောတယ်“ လို့ ကျမကိုပြောပြပါတယ်။ အားလုံးပေါင်း ၇၅ ယောက်ဆိုတော့ ကျမက ကျန်တဲ့သူတွေရောဆိုတော့ “တချို့က ထိုင်းဘက်ကို ထွက်သွားတယ်။ တချို့က အိန္ဒိယဘက်ကို သွားတယ်။ တချို့ကတော့ ကိုယ့်အရပ်ကို ပြန်မယ်ဆိုပြီး သွားကြတယ်” လို့ ပြောပြပါတယ်။ “ကျနော်တို့ လက်မတင်လေး လွတ်လာတာ ကျနော်တို့ ထွက်လာပြီး နှစ်ရက်မှာ မြကိုင်းရွာမှာလာပြီး မွှေနှောက် ဖမ်းဆီးလိုက်တာ ရွာကလူအချို့ပါ အဖမ်းခံရတယ်လို့ ကြားရတယ်။ ကျနော် စိတ်မကောင်းဘူး” လို့ ပြောပြပါတယ်။ အခု သူတို့ ရွှေတူးနေကြကြောင်း ပြောပါတယ်။ ကိုဇာနည် အဖမ်းခံရတာ သိလား မေးတော့ မသိဘူးလို့ ပြောပါတယ်။ ဦးဆင့်က “ဒါဆိုလဲ အေးအေးဆေးဆေး တိုင်ပင် ပြောဆိုကြပါ“ ဆိုပြီး ကျမတို့ကို ထားခဲ့ကာ ပြန်သွားပါတယ်။ နောက်နေ့မှာ ကျမ ရွှေတောကိုလိုက်ပြီး လေ့လာကြည့်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ သယံဇာတတွေ ဒီလောက်ထွက်တာ အခုမှ သိရပါတယ်။ မြန်မာနိုင်ငံမှာ အဓိက ရွှေထွက်တဲ့နေရာတွေပါ၊ မြန်မာပြည်အရပ်ရပ်က ရောက်လာကြသူတွေ များပါတယ်။ စဥ့်ကိုင်၊ ၀က်လက်၊ ရွှေဘိုမြို့များမှ လူများနှင့် လက်ပံလှ၊ ချောင်းကြီးရွာ စသည်ဖြင့် ရွာပေါင်းများစွာက လူတွေ လာကြတာပါ။ အစိုးရက ရွှေရှာစက်နဲ့ ရွှေများများ ထွက်တဲ့နေရာတွေကို ဘဓရ (ဘူမိဗေဒနဲ့ ဓာတ်သတ္ထု ရှာဖွေရေး ကော်ပိုရေးရှင်း) ပိုင်တဲ့မြေ အဖြစ် ခြံဝင်းခတ်လိုက်ပါတယ်။ ဘေးက နေရာတွေမှာ အများပြည်သူတွေက ကိုယ်ပိုင် ရွှေတူးကြရပါတယ်။ ရွှေတွင်းဆိုတာ အကျယ် ၄ ပေ ဒါမှမဟုတ် ၆ပေ အကျယ် ပတ်လည် တူးရပါတယ်။ အနက်က အတောင် ၂၀ ဒါမှမဟုတ် ၂၂ တောင်အထိတူးရင် မြေသားဖြူဖြူက အပြာရောင်သန်းလာပြီး ခတ်ပျော့ပျော့လေး ဖြစ်နေရင် အဲဒါ ဗြုန်းလို့ ခေါ်ပါတယ်။ ဗြုန်းပေါ်ရင် အဲဒီ ဗြုန်းကို အပေါ်တင်ပေးရပါတယ်။ အဲဒီအတွက် ဘေးဘောင်တွေကို ခိုင်ခန့်အောင် ပျဉ်ချပ်တွေကို ဘောင်ရိုက်ပြီး ကပ်ထားရပါတယ်။ ရေတွင်း ဘောင်ကာသလိုပါဘဲ။ ပြီးတော့မှ အပေါ်ဘက်မှာ စက်သီးချိတ်ဖို့ တန်းရိုက်ပြီး ရေပုန်းနဲ့ကြိုးတွေ တပ်ဆင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တွင်းတူးတဲ့အခါ ပေါ်လာတဲ့မြေသားတွေကို ဆယ်ပြီး သွန်ပစ်ဖို့ ပါ။ ကျမ တခြားနေရာတွေဆီ လျှောက်ပြီးကြည့်တော့ စည်ကားလိုက်တာ လေဟာပြင်ဈေးတန်းကြီးတခုလိုပါဘဲ။ အစားအသောက်ဆိုင်တွေ မီးစက်တွေမောင်းပြီး ရောင်းနေလိုက်တာ အကြော်အလှော်ဆိုင်တွေကလည်း နှစ်ဆယ်လောက် ရှိတယ်။ အ၀တ်အထည်တွေနဲ့ ထွေလီကာလီဆိုင်တွေကလည်း နှစ်ဆယ်ကျော်မယ် ထင်ပါတယ်။ ကွမ်းယာဆိုင်ကတော့ ၃၀လောက် ရှိတယ်။ အရက်ဆိုင်တွေကလဲ အများကြီး ပါ။ အံ့သြစရာပါဘဲ။ ရွှေတူးတဲ့နေရာနဲ့ ဈေးတန်းက ငါးမိုင်လောက်ကွာမယ် ထင်ပါတယ်။ လမ်းတလျှောက်မှာတော့ ရွှေဝယ်တဲ့ဆိုင်တွေက အစီအရီ ပေါ့။ ဆိုင်ဆိုပေမယ့် စာပွဲတလုံး ချထားပြီး ရွှေချိန်တဲ့ချိန်ခွင်လေး တင်ထားလိုက်တာပါဘဲ။ ပြီးတော့ဘေးမှာ မီးသွေးမီးဖိုတခုမှာ မီးမွှေးထားပြီး ရွှေရောင်းမယ့်သူက မီးဖိုပေါ်မှာတင်ထားတဲ့ ကြေးဇွန်းထဲကို ရွှေတွေ လောင်းထဲ့ ပေးလိုက်ရပါတယ်။ ရွှေက ဖြူပြီး လုံးသွားရင် ဆယ်ယူပြီး ရွှေဝယ်သူက ချိန်ခွင်ထဲထဲ့ပြီး ချိန်လိုက်တယ် ပြီးတော့မှ ကျသင့်တဲ့ ငွေရှင်းပေးလိုက်တာပါဘဲ။ ရွှေတူးတော့ ထွက်လာတဲ့ မြေစာခဲတွေကို မျှော လို့ခေါ်တဲ့ ရွှေကျင်တဲ့ သံဇကာ ခင်းထားတဲ့ သုံးပေလောက်အရှည် တတောင်လောက် အနံရှိတဲ့ အထဲမှာ ရေနဲ့ကျင်းပြီး စစ်ခါ ကောက်ယူထားတဲ့ ရွှေခဲကလေးတွေ ပါ။ စွန့်ပစ်လိုက်တဲ့ မြေတွေကို အသက်ကြီးတဲ့သူတွေနဲ့ ခလေးတွေက ကြုံးယူပြီး ခမောက်လို သစ်သားပြား (အင်ဝိုင်း) ထဲမှာထဲ့ပြီး ချောင်းထဲမှာလှည့်ပြီး ကျင်ယူကြပါတယ်။ အဲဒီလိုကျင်လို့ရတဲ့ရွှေတွေကို ပြန်ရောင်းကြ့သူတွေဟာ တနေ့ကို ကျပ်၂၀၀ မှ ၅၀၀ အထိ ရကြတယ်လို့ ပြောပြပါတယ်။ ကျမရဲ့လေ့လာရေးက မဆုံးသေးပါဘူး။ ဒီရွှေတွေကို မန္တလေးမြို့က ရွှေချောင်းလုပ်တဲ့ တရုပ်လူမျိုး ရွှေဆိုင်ပိုင်ရှင်တွေက လာဝယ်ကြတာပါ။ ၀င်ငွေကောင်းတော့ လူအတော်များများလည်း ပျက်စီးနေကြတာပေါ့။ ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ အံစာဝိုင်းတွေ အများကြီးပါဘဲ။ နယ်စုံက လာတာဆိုတော့ စရိုက်စုံပါဘဲလေ။ ရာဇ၀တ်မှု ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်လာသူတွေလည်း ရှိတယ် လေ။ စစ်တပ်ကအုပ်ချုပ်ပေမယ့် အကုန်လုံးကို လွတ်လပ်ခွင့် ပေးထားပါတယ်။ မြန်မာပြည်မှာ ဧည့်စာရင်း မတိုင်ရတဲ့ ထူးဆန်းတဲ့နေရာတခု ပါ။ အဆိုးဆုံးတခုက အိမ်သာမရှိတာပါဘဲ။ တောတိုးတဲ့ဓလေ့ ပေါ့။ ဒါကြောင့်လည်း တနှစ်တခါ ၀မ်းရောဂါ ကျရောက်ပြီး လူ ၄၀-၅၀ သေဆုံးနေရတာပေါ့။ အဲဒီလို ၀မ်းရောဂါဖြစ်ရင် စစ်တပ်က ၀င်လာပြီး မိုးပေါ်ထောင် သေနတ်သုံးချက် ဖောက်ပြီး သတိပေးတယ်။ ဒါဆိုရင် ချက်ချင်းဘဲ အားလုံး ထွက်ပြေးကြရပါတယ်။ တဲတွေကို မီးရှို့ပစ်လိုက်ပါတယ်။ တခြားးနေရာတခုကိုရွှေ့ပြီး စခန်းချ ဆက်လုပ်ကြရပြန်တာပေါ့။ နောက်နေ့မှာ ကျမတို့ရဲဘော်တွေ ရွှေတူးတဲ့နေရာသွားကြည့်တော့ အထူးအဆန်းဖြစ်ပြီး ထိုင်ကြည့်နေမိပါတယ်။ ညဘက်ရောက်တော့ ကျမတို့သုံးယောက်နဲ့ သူတို့တွေ စုပေါင်းပြီး တိုင်ပင်ကြတယ်။ အဆက်အသွယ်ရထားတာက အိန္ဒိယနှင့် ကေအိုင်အေစခန်းတို့ဆိုတော့ တပ်သားတချို့က မြန်မာ့တပ်မတော်သားတွေဆိုတော့ တိုင်းရင်းသားစခန်းဖက်ကို သူတို့မလိုက်ရဲဘူးလို့ ပြောပါတယ်။ ဒါကြောင့် အိန္ဒိယဘက်ကို ထွက်ဖို့ဆုံးဖြတ်ကြတယ်။ ကျမတို့ကတော့ ကေအိုင်အေစခန်းဖက်မှာ ကျောင်းသားစခန်းရှိတယ်ဆိုတော့ ကျမတို့သုံးယောက်က တရုပ်ပြည်လမ်းကို ရွေးလိုက်ပါတယ်။ နောက်တပါတ်မှာ ကျမတို့သုံးယောက် ဇရပ်ကွင်း ကားကြုံနဲ့ပြန်ပြီး ဦးဆင့်ကို နှုတ်ဆက်ခဲ့ပါတယ်။ ဇရပ်ကွင်းမြို့ကနေပြီး မန္တလေး ပြန် ဆင်း၊ မန္တလေးမှာ ဗိုလ်မှူးအောင်ဆီ စာရေးပြီး အကျိုးအကြောင်း သတင်းပို့ခဲ့ပါတယ်။ အဲဒီကနေ လားရှိုးကားစီးပြီး ရှမ်းပြည်မြောက်ပိုင်းကို တက်ခဲ့တယ်။ နမ့်ဖက်ကာမှာ ထမင်း ၀င်စားကြတယ်။ မုန်ညှင်းဟင်းချို၊ တို့ဟူးနွေး၊ ရှမ်းဆန်စည်းစည်းလေးနဲ့ ထမင်းမြိန်လှပါတယ်။ ရှမ်းပြည်ရဲ့အေးမြတဲ့လေညှင်းက လတ်ဆပ်ပြီး ရနံ့သင်းသင်းလေးနဲ့ တိုးဝှေ့လာလို့ စိတ်တွေ လန်းဆန်းလာရပါတယ်။ ရှမ်းတောင်တန်းတွေဟာ မြန်မာပြည်ရဲ့အလှအပကို ခန့်ခန့်ညားညား ဖော်ပြနေသလို ကိုယ့်မြေ ကိုယ့်ရေဆိုတာကိုလည်း သီးခြားဘောင်ခတ် ကာဆီးထားတာကို တွေ့မြင် ခံစားနေရပါတယ်။ ထင်းရှူးပင်ဆိုတာ မြေပြန့်မှာ မတွေ့နိုင်ပါဘူး။ မြေသားတွေကလည်း အနီရောင်နဲ့ရွှေရောင် ရောစွက် ခင်းကျင်းထားပါတယ်။ ကျမ အနှစ်သက်ဆုံးကတော့ ဒေလီယာပင်၊ ယုဇနပန်းပင်နဲ့ သစ္စာပန်းတွေပါဘဲ ပန်းခင်းတွေက တမျှော်တခေါ်နဲ့ ရောင်စုံကော်ဇောကြီး ခင်းထားသလိုပါဘဲ။ ပန်းကော်ဇောကြီးကို အပြာရောင်တောင်တန်းတွေက အနားသတ်ကွပ်ထားတယ် လေ။ သက်ကယ်မိုးအိမ်လေးတွေက ရှုခင်းရဲ့အလှကို ဖြည့်စွက်ရင်း တိုင်းရင်းသားတွေရဲ့ ရိုးသားဖြောင့်မတ်တဲ့သရုပ်ကို ဖော်ပြရင်း ရှမ်းပြည်အလှကို ပိုမိုပြည့်စုံအောင် ဖြည့်စွက်ထားသလိုပါဘဲ။ အချို့အိမ်လေးတွေက ရွှံ့နဲ့ သရိုးကိုင်ပြီးဆောက်ထားတာ ထူးဆန်းတဲ့ဓလေ့တခုကို ထင်းကနဲ တွေ့လိုက်ရတယ်။ မူဆယ်မြို့ကို ရောက်ခဲ့ကြပါပြီ။ မူဆယ်မှာ ဦးစိုင်းမြင့်လွင်တို့အိမ်မှာ တည်းကြပါတယ်။ တော်လှန်ရေးအတွက် မြေပြန့်က ထွက်လာတဲ့လူမှန်သမျှကို သူက ကြိုဆို ဧည့်ခံပါတယ်။ ဧည့်ဝတ် ကျေပွန်တာကတော့ ပြောမပြနိုင်လောက်အောင်ပါဘဲ။ ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ဖွဲ့ပြီး လှုပ်ရှားနေကြောင်း သိရတယ်။ သူ့အိမ်က ပျဉ်ချပ်အပြားကြီးတွေကို အချပ်လိုက်ကာထားတာ တမျိုးဆန်းသလိုပါဘဲ။ သုံးရက်မြောက်တဲ့နေ့မှာ ရှမ်းလူမျိုးဖြစ်တဲ့ ညီညီက ရှမ်းပြည်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ပြီး လိုက်သွားပါတယ်။ ကျမနဲ့ ကိုထွန်းထွန်းဦးကိုတော့ ရှေ့နေကြီး ဦးဝဏ္ဏစိုးက လာခေါ်ပါတယ်။ ဦးဝဏ္ဏစိုးက ကျမတို့ကို ကျောင်းသားတပ်မတော်၊ ကချင် လွတ်မြောက်ရေးတပ်မတော်နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီအတွက် ဆောင်ရွက်ပေးနေတဲ့ ကိုကျင်ထွန်း၊ မအေးစိန်တို့ဆီကို ပို့ပေးမယ် ပြောပါတယ်။ နှစ်ရက်လောက်နေတော့ ကျမတို့နှစ်ယောက်ကို သူရဲ့တပည့်တယောက်နဲ့လိုက်ပို့ခိုင်းပါတယ်။ ကျမတို့နှစ်ယောက် မူဆယ်ရဲ့ဆိပ်ကမ်းကို ရွှံ့ဗွက်တွေထဲမှာ ရုန်းကန်ရင်း လျှောက်ခဲ့ရတာပေါ့။ လှေဆိပ်ရောက်တော့ ဟိုဖက်ကမ်းကို ကူးမယ့် ကူးတို့လှေပေါ်တက်ပြီး လိုက်ခဲ့ကြတယ်။ နာရီဝက်ခန့်ကြာတော့ တရုတ်ပြည် ယူနန်နယ် ရွှေလီဆိပ်ကမ်းကိုရောက်ပါပြီ။ ကျမ လှေပေါ်ကအဆင်းမှာ အောက်ကိုကြည့်လိုက်တော့ ခြေထောက်ချရမှာ နည်းနည်း တွန့်ဆုတ်သွားမိတာ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မြန်မာပြည်ဘက်က ရွှံ့ဗွက်တွေနင်းပြီး ပေကျံနေတဲ့ ကျမခြေထောက်ကို ကျောက်သလင်း ဖြူဖြူပေါ်ကို ထိလိုက်ဖို့ အားနာနေလို့ပါဘဲ။ တိုင်းပြည်နှစ်ခုရဲ့အသေးစားကွာဟမှုက အလှမ်းကွာလှပါလား။ ၀င်ဂိတ်ရောက်တော့ ကျမတို့အမည်ကို စာအုပ်မှာ ရေးသွင်းရတယ်။ မှတ်တမ်းစာအုပ် တင်ထားတဲ့ မှန်စားပွဲပေါ်မှာ မြန်မာပြည်က အလိုရှိတဲ့ ရာဇ၀တ်မှုသမားတွေ၊ နိုင်ငံရေးသမားတွေရဲ့ဓာတ်ပုံတွေကို ကပ်ထားတာ တွေ့ရပါတယ်။

အတိတ်မှ အရိပ်များ (၁၁)

ကျမတို့ကိုလိုက်ပို့သူက တရုပ်ငွေ ၅၀ ကို စားပွဲပေါ်တင်ပေးလိုက်တော့ ကျမတို့ကို ဓာတ်ပုံရိုက်ဖို့လာခေါ်ပါတယ်။ ဓာတ်ပုံရိုက်ပြီးတာနဲ့ စာအုပ်ပေါ်မှာကပ်ပြီး တုံးထုပေးလိုက်ပါတယ်။ (နောက်ပိုင်းမှာ ဦးဝဏ္ဏစိုး ထောင်အနှစ် ၂၀ ကျသွားကြောင်း သိလိုက်ရပါတယ်။) တရုပ်ပြည်ရဲ့အပြောင်းအလဲက အလွန်ပဲ မြန်ဆန်လှပါတယ်။ အဲဒီစာအုပ်ရတာနဲ့ ယူနန်ပြည်နယ်တခုလုံး သွားခွင့်ရှိတယ်လို့ ရှင်းပြပါတယ်။ ရွှေလီမြို့ထဲ ၀င်လိုက်တာနဲ့ တွေ့ရတာကတော့ နေရာတိုင်းမှာ တရုပ်အိမ်ဟောင်းကြီးတွေကို ဖြိုချပြီး တိုက်အသစ်ကြီးတွေ ဆောက်နေတာပါဘဲ။ အဲဒီထဲမှာ ရီစရာ ပြောရအုံးမယ်၊ ကျမတို့လမ်းတ၀က်မှာ ကားရပ်နားတော့ ဗိုက်ဆာဆာနဲ့ ခေါက်ဆွဲ စားကြတာ၊ မကြာပါဘူး၊ ဒိုင်း ဖောင်းဆိုပြီး အသံတွေ ဆက်တိုက်ထွက်လာတာ မြေကြီးတောင် အက်ကွဲမတတ်ပါဘဲ။ ကျမတို့နှစ်ယောက်က တိုက်ပွဲတွေဖြစ်ပြီထင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ပြေးပေါက်ရှာနေကြတာပေါ့။ ပါတ်ဝန်းကျင်ကလည်း ယမ်းငွေ့တွေနဲ့ မှုန်ဝါးနေတယ်။ ကျမတို့ကြည့်ပြီး သဘောပေါက်သွားတဲ့ သူငယ်ကလေးက ဘာမှမဖြစ်ပါဘူး၊ မင်္ဂလာဆောင်ရှိလို့ ဗျောက်အိုးဖောက်တာပါလို့ ပြောမှပဲ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်မိတော့တယ်။ ဗျောက်အိုး တထောင်လောက်ကို တပြိုင်တည်း ဖောက်တာဆိုတော့ တခါမှ မကြုံဘူးဘူးလေ။ ရွှေလီမြို့ထဲက မိသားစုတည်းခိုခန်းမှာ တထောက် နားကြရပြန်ပါပြီ။ ကိုကျင်ထွန်းနဲ့ မအေးစိန်တို့က ပျူပျူငှာငှာ ဆီးကြိုကြပါတယ်။ ရွှေလီမြို့ထဲကိုပါ လိုက်ပို့ကြတယ်လေ။ နယ်စပ်မြို့ဆိုတော့ ကျောက်အရောင်းအ၀ယ်ဈေးတန်းတွေက များပါတယ်။ အခြားအများဆုံးကတော့ စားသောက်ဆိုင်တွေပါ။ လမ်းပမ်းဆက်သွယ်ရေးကို တရုတ်အစိုးရက အားသွန်လုပ်ထားတာဆိုတော့ လမ်းတွေ အလွန် ကောင်းပြီး နယ်စုံက ပစPည်းစုံနဲ့ ဆယ်တန်ကားတန်းကြီးတွေက မပြတ်မလတ်ပါ ဘဲ။ မြန်မာဘက်က သစ်တွေ၊ ၀ါးတွေ၊ တိရိစ္ဆာန်မျိုးစုံ၊ ဘယဆေးပင်မျိုးစုံ၊ပဲ၊ ငြုပ် အစုံပါပဲ။ ရောင်းဝယ်ဖောက်ကားမှုတွေက အလွန် စည်ကားပါတယ်။ လူစီးတဲ့မှန်လုံကားတွေကလည်း ၁၅ မိနစ် တစီး ထွက်နေတာတွေ့ရတယ်။ မြန်မာပြည်က သစ်တွေကိုကြည့်ပြီး နှမြောမိတဲ့အပြင် သစ်တောပြုန်းတီးပြီး ရာသီဥတုဖောက်ပြန်မှာ တွေးပြီး စိုးရိမ်မိတာ အမှန်ပါ။ တရုတ်ပြည်က ပိတ်အုပ်တွေနဲ့ အိမ်သုံးပစ္စည်းအမျိုးမျိုးက မြန်မာပြည်ဖက်ကို ထွက်နေကြပါတယ်။ တန်ဘိုးကြီးမားလှတဲ့ အဘိုးတန် မြန်မာပြည်ထွက်ကုန်တွေကို ဈေးပေါတဲ့ တရုတ်ကုန်တွေနဲ့ ဖလှယ်နေကြတာကို တွေ့နေရတော့ မြန်မာပြည်ရဲ့အနာဂတ်ကို မွဲဆေးဖော်နေကြတာလို့ပဲ နားလည်မိပါတယ်။ ကိုကျင်ထွန်းက ဘီစီပီ (မြန်မာပြည်ကွန်မြူနစ်ပါတီ) အတွက် အစစအရာရာ ဆောင်ရွက်ပေးနေတာလို့ သိရတယ်။ မံစီဘက်ကို သွားဖို့အတွက် နက်ဖန်မှာ ခရီးထွက်မှာဖြစ်ပါတယ်။ မအေးစိန်က ကချင်စကားလည်းတတ်တာမို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ကျောင်းသားတပ်မတော်အတွက် ပံ့ပိုးကူညီနေသူ ဖြစ်ပါတယ်။ ရဲဘော်သစ်တွေ စုဆောင်းပေးတဲ့အလုပ်ကိုလည်း လုပ်ကြောင်း မကြာမီမှာ ရဲဘော်သစ်နှစ်ယောက် ကိုလောချူနဲ့ ရာကေး (ခ) ကျော်မြင့်တို့ ခေါ်ဘို့လာလိမ့်မယ်လို့ ပြောပြပါတယ်။ ရွှေလီက ရာသီဥတုကောင်းပါတယ်။ သိပ်ပြီးတော့လည်း မအေးဘူး၊ အပူလည်း မလွန်ကဲဘူး။ ဆိုင်မှာ ထမင်း ၀ယ်စားကြရတယ်။ နှစ်ရက်လောက်ကြာတော့ လောချူလို့ခေါ်တဲ့ ကျောင်းသားတပ်မတော် အဖွဲ့ဝင်နဲ့ ဗဟိုကော်မတီဝင် ရာကေး (ခ) ကျော်မြင့် ရောက်လာပါတယ်။ ကျမတို့ကို လာခေါ်တာပါ။ အဲဒီမှာ မန္တလေး၊ ဂေါဝိန်ဆိပ်က ကိုကျော်စိန်၊ ကိုအုန်းကြိုင်နဲ့ ကိုသန်းဇော်တို့လည်း ရောက်လာပါတယ်။ သူတို့အားလုံးက မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပါ။ ကျမတို့ငါးဦးကို လာခေါ်တာပါ။ မနက် ၆ နာရီမှာ ရွှေလီကနေပြီး ဖျင်ရန်မြို့ကို ကားစီးသွားရပါတယ်။ ဖျင်ရန်ရောက်တော့ ကျောင်းသားတပ်ဖွဲ့ဝင် ရဲမေ ကချင်မလေး အားအိုင်တီးလည်း လိုက်လာပါတယ်။ သူကတော့ ကျောင်းသားတပ်မတော် ဗဟိုမှာ နေတာပါ။ သူ့မိဘတွေဆီ ခဏ ပြန်လည်လာတာလို့ပြောပါတယ်။ ရင်ချမ်းမြို့မှာ ထမင်းစားကြရတယ်။ ရင်ချမ်းမြို့မှာလည်း တိုက်တွေဆောက်နေကြတာ အပြိုင်းအရိုင်း ပေါ့။ မြန်မာအလုပ်သမားတွေနဲ့ တရုတ်အလုပ်သမားတွေ ပါ။ အရင်တုံးက စနစ်မပြောင်းခင်မှာ တူညီဝတ်စုံ အပြာရင့်ရောင်တွေပဲ ၀တ်ကြရပြီး ဆန်ပြုတ်တောင်မှ အနိုင်နိုင်သောက်နေရတဲ့ နိုင်ငံမှာ လူကြီး၊ လူလတ်၊ လူငယ်တွေ ရောင်စုံ ၀တ်စား ဆင်ယင်နေကြပြီး တရုတ်မလေးတွေကလည်း ပြောင်းလဲနေလိုက်ကြတာ ရောင်စုံလိပ်ပြာလေးတွေလိုပါ ဘဲ။ သူတို့ရဲ့ သွက်လက် မြူးကြွနေပုံတွေကို မြင်လိုက်ရတော့ ပထမ ရင်ထဲမှာ ကြည်နူးမိပေမယ့် ခဏလေးမှာပဲ မြန်မာပြည်ရဲ့လူငယ်တွေမှာတော့ မျက်စေ့ပိတ်နားပိတ်နဲ့ ဘောင်ကျဉ်းကျဉ်းကလေးထဲမှာနေရတာကို သတိရပြီး ကျမတို့ နိုင်ငံကို ခေါင်းဆောင်နေသူတွေရဲ့ အတွေးကို နားမလည်နိုင်တော့ပါဘူး၊ ရာကေးက ကုလားလူမျိုး ဖြစ်ပေမယ့် လမ်းမှာ တရုတ်စကားကို ပိုင်ပိုင်နိုင်နိုင် ပြောတတ်တာ တွေ့ရပါတယ်။ ကားပေါ်က�€

· · Share

  • You, Htun Htun Oo, Nay Zaw, Kyi Lin and 11 others like this.
  • 17 shares
    • ဘရာဇီး ငှက်ရိုး ‎1992 မှာမြောက်ပိုင်း ဖေဖော်ဝါရီ12ရက်နေ့ အကြောင်းလေး ကျော်ရေးသွားမှာပဲလို့ ထင်ပါတယ်....
    • Sein Sein Thu အတိတ်မှအရိပ်များ ကျန်တာတွေဘယ်မှာရှာရမလဲ ကျေးဇူးပြုပြီးပြောပြပေးပါ
    • Kyawnaing Oo ကိုဖာနည်က1989ကသာယာဝတီထောင်မှာရေကြည်အိုင်စစ်ကြောရေးကြောင့်ဂယောင်ဂရင်ဖြစ်ပြီးရန်ကုန်ပို့လိုက်ရသူဆိုရင်တော့သာယာဝတီထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေ န၀တရက်စက်မှုကိုစတင်မျှဝေခံစားခဲ့ရပါတယ်
    • Ah Yan တခြားအကြောင်းအရာတွေတော့မှန်မမှန်ကာယကံရှင်ကိုယ်တိုင်တွေဘဲသိမယ်တရုတ်ပြည်ရောက်တဲ့အချိန်ကစပြီးပါဝင်တဲ့နာမည်တွေနဲ့ပါဝင်ပုံစံစရေးတာနဲ့အားလုံး အားလုံး လုံးဝလုံးဝမဟာတလွဲအမှားတွေပဲလိုင်စင်မှာရေးတာတွေကောတခုမှမမှန်ပါဖန်တီးပြီးဇာတ်လမ်းဆင် Novel လိုစိတ်ကူယာဉ်ဆန်ဆန်အပြောကိုနားထောင်ပြီးစာရေးဆရာကရေးတဲ့ပုံပါမှားပါတယ် မခင်စန်းနွယ် or မောင်ခင်စန်းနွယ် Sawa Masha ni e Mashu Laika Hkum ka u.
    • Saw Soe Soe အားယမ်တီးရယ်..ထားလိုက်ပါ..ရေးပါစေကွာ...မခင်စမ်းနွယ်...နောင်ရာပါချောင်းနံဘေး ကေအိုင်အေနည်းဗျူဟာ (၃) စစ်သင်တန်းကွင်းကိစ္စလေးမှာ ရေးတာလေးတွေကိုမှန်မှန်ကန်ကန်ရေးပါ.. မခင်စန်းနွယ်ရဲ့ အဖြစ်အပျက်အားလုံး ကျနော့်မျက်စေ့အောက်မှာဖြစ်ခဲ့တာပါနော်...သတိယမယ်ထင်ပါတယ်... ကွှန်တော်ခင်ဗျားသင်တန်းဆရာပါ...
    • Saw Soe Soe တနေ့ တချိန်မှာ အားလုံးဟာ အမှန်တရားရဲ့ စီရင်မှုအောက်မှာ ဒူးထောက်ရမှာမလွဲပါဘူး...ပြုမူသူတွေဟာ ပြုခံရသူတွေအတွက်တာဝန်ရှိပါတယ်.. ခံစားချက်နဲ့ရေးသားတာကို ထင်ရာမြင်ရာတွေနဲ့ မရေးရင်ကောင်းမယ်..Fact ကို င်္Fiction မလုပ်နဲ့ ...သမိုင်းပေါ့သွားပါမယ့် အမရယ်

ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်အပေါ် ဝေဖန်သုံးသပ်သူများ၏ အာဘော် စုစည်းမှု

by အိုးဝေအောင် အိုးဘားမား on Monday, March 26, 2012 at 1:03am
ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သောဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်းဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်

(ဖတ်ချင်လျှင် အောက်ပါလင့်ခ်သို့ ၀င်ဖတ်ပါ။)http://www.scribd.com/dna_freeburma/d/86622098-DNA-s-Testimony-on-ABSDF-s-Northern-Case DNA's Testimony on ABSDF's Northern Case (စာမျက်နှာ ၁မှ ၆ အထိ)

------------------------------

(မြောက်ပိုင်းသို့ရောက်ခဲ့တဲ့ ဆရာဝန် နိုင်အောင်)
(မြောက်ပိုင်းဥက္ကဌ ရော်နယ်အောင်နိုင်နှင့်မြောက်ပိုင်းသို့ရောက်ခဲ့တဲ့ ဆရာဝန် နိုင်အောင်)

----------------------------------------

” ရဲရဲသာဖွင့်ချလိုက်ပါ ကိုနိုင်အောင် ”(စိုးလင်း)

by Soe Lynn on Monday, March 26, 2012 at 9:03am ·

မနေ့ က ( 25.3.2012) နေ့စွဲနဲ့  ကိုနိုင်အောင်ရဲ့ ရှင်းလင်းချက် စာတမ်းကို အင်တာနက်ပေါ်မှာ ဖတ်လိုက်ရပါတယ် ။ အလွန့် အလွန်ကို စိတ်မကောင်းဖြစ်ရပါတယ် ။ပြန်ရေးစရာတွေက အများကြီးပါ ။ လောလောဆယ် အမျိုးသမီးကျန်းမာရေးအတွက် ရန်ကုန်ဆေးရုံကြီးမှာ ဆက်လက်ပြသ ကုသဖို့ ရှိနေတာကြောင့် အကျယ် တ၀င့့်ပြန်မရေးနိုင်သေးပါ။တတိယ အကြိမ် ညီလာခံမှာ ကျွန်တော် ကြားခဲ့ သိခဲ့ ရသမျှတွေကို အချိန်ရရင် ပြန်ရေးသွားမှာ ပါ။ အဒီအချိန်မှာ ကျွန်တော်က မြောက်ပိုင်းကရောက်လာခါစဖြစ်လို့  ဗဟိုမှာ ဖြစ်နေတဲ့ တချို့ ကိစ္စတွေနဲ့ ပတ်သက်ရင် အတတ်နိုင်ဆုံး ( ကိုယ်သေချာမသိပဲ ၀င်မပါမိအောင် ) ကြိုးစားနေထိုင်ပြောဆိုခဲ့ ပါတယ် ။

ကျွန်တော့်ကို တတိယအကြိမ်ညီလာခံအပြီး သိပ်မကြာခင် ( အောက်တိုဘာလကုန်လောက် )မှာ တပ်ရင်း ၂၀၉ သံလွင် စခန်းမှာဖမ်းခဲ့ တာပါ။ မြောက်ပိုင်းက ကြေးနန်းရိုက် အကြောင်းကြားလို့  ကိုနိုင်အောင်တို့ က ကျွန်တော့်ကို ဖမ်းခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကြောရေး လုပ်ငန်းတွေကိုတော့ ကိုနိုင်အောင် ရဲ့ ခွင့်ပြုချက်နဲ့ ပဲ လုပ်ခဲ့ ကြတာပါ ။

ကိုနိုင်အောင့် ရှင်းလင်းချက်မှာ ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်က တပ်ဖွဲ့ ဝင်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များ ပြောသလို ရေးထားပါတယ် ။ ( ဆရာနေ၀င်းအောင်နဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ သူကိုယ်တိုင်ပဲရှင်းပါလိမ့် မယ်။) ကျွန်တော့်ကို စတင်စစ်ဆေးစဉ်မှာပဲ ကျွန်တော် ရန်သူ့ လူမဟုတ်တဲ့ အကြောင်း အတန်တန်ငြင်းဆိုခဲ့ ပါတယ် ။ ရိုက်နှက်စစ်ဆေးမှုတွေသာ မလုပ်ခဲ့ ရင် နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး ။ ဆရာနေ၀င်းအောင်ကိုတောင် ဖမ်းစရာလိုမှာ မဟုတ်ပါဘူး။

အဒီလို မတရားညင်းပန်း ရိုက်နှက်စစ်ဆေးတာတွေကို ကျတော့ ကိုနိုင်အောင် ဘာဖြစ်လို့  ထည့်ပြီး အများအရှေ့ မှာ ရှင်းလင်း မရေးသားရတာလဲ ၊

ကျွန်တော့်ပါးစပ်က အလကားနေရင်း အားအားယားယား ဘယ်တပ်ဖွဲ့ ဝင်ကိုမှ ဒုက္ခရောက်အောင်မပြောဘူး ။ ယောကျာ်းပီသပါ ကိုနိုင်အောင် ၊

ကိုယ့်လုပ်ဆောင်ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို သူများအပေါ် ပုံမချပါနဲ့ ။

နောက်တစ်ချက် ရှိသေးတယ် ။ ကျွန်တော်ပြောတဲ့ နာမည်တွေမှာ ယနေ့ တိုင် စစ်အာဏာရှင် ဆန့် ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေဆဲ ဖြစ်သောကြောင့် ထုတ်ဖေါ်ပြောဆိုရန် မသင့်တော်ဟု ယူဆသဖြင့်...တဲ့ ။ရိုက်နှက်စစ်ကြောလို့ ထွက်လာတဲ့ နာမည်တွေကို ကာယကံရှင် တွေက ကြားရရင် ရယ်လိမ့်မယ်ဗျာ ။ ကိုယ့်အတွက် အကာအကွယ်ဖြစ်မယ့် အချက်တွေကျ ဇွတ်အတင်းယူပြီး၊ ဒုက္ခ ဖြစ်မယ့် အချက်တွေမှ ကျွန်တော်တို့ အပေါ်ပုံချ။ တော်တော်ခေါင်းဆောင်ပီသတဲ့ လူပဲ ။

ကိုကိုကြီးပြောတဲ့ မှတ်ချက်တွေကို ကိုနိုင်အောင် သေသေချာချာ ဖတ်စေချင်ပါတယ်။ ကျွန်တော့် ရဲ့ ထွက်ဆိုချက်တွေ အားလုံးကို ရဲရဲသာဖွင့်ချလိုက်စမ်းပါ။ ကျွန်တော်ပြောခဲ့ တာ အားလုံး ယောကျာ်းပီပီ တာဝန်ယူတယ်။မရိုးမသားနဲ့ အများအမြင် ရှုပ်ထွေးအောင် မလုပ်ပါနဲ့ ။ မကဒတ အကျိုးအတွက် ကိုနိုင်အောင်ကြိုးစားခဲ့ တဲ့ ကာလတွေကို ကျွန်တော် အသိအမှတ်ပြုတယ်။ အဲသည်လိုပဲ ကျွန်တော်တို့ ဘယ်လောက် ကိုယ်ရော စိတ်ပါ ဒုက္ခရောက်ခဲ့ ရတယ်ဆိုတာ ကိုယ်ချင်းစာပါ။

အပြစ်ဆိုတာ ဆေးကြောမှ သန့် စင်ကြည်လင်တာပါ။ ကိုနိုင်အောင်ရဲ့  အနာဂတ်နိင်ငံရေး ရည်မှန်းချက်အတွက်နဲ့ တော့ ကျွန်တော်တို့ ဘ၀တွေကို ဆက်ပြီး မနင်းချေချင်ပါနဲ့ ၊ ။

ဒီနေ့ ဒီအချိန်အထိ အစိုးရဆီကနေ ဘာအကူအညီမှ ကျွန်တော်မယူဖူးဘူး ။ ကျွန်တော့ဖြတ်သန်းမှုကို ကျွန်တော်လိပ်ပြာသန့် တယ် ။ စားဝတ်နေရေး အခက်အခဲတွေကြားထဲက ကျွန်တော်တို့ မတရားခံခဲ့ရတဲ့ ကိစ္စတွေအတွက် ရိုးရိုးသားသား ကြိုးစားနေကြတာပါ ။ ကျွန်တော့ ရင်ထဲမှာ မကတဒ က အမြဲရှိတယ် ။ FDB ရဲ့ ရပ်တည်ချက်ကိုလည်း ကျွန်တော်လေးစားတယ် ။ ကိုယ့်အတ္တအတွက်နဲ့ တော့ ဘ၀တူအားလုံးရဲ့ အနာဂတ်တွေကို မရိုက်ချိုးပါနဲ့ ။

သမိုင်းမှာ အဖုံးလွှမ်း အလိမ်အညာခံခဲ့ ရတဲ့ အမှန်တရားတွေ အများကြီးရှိပါတယ် ။ ဒါပေမယ့် သူ့ အချိန်ကာလ တိုက်ဆိုင်လာပြီဆိုရင်တော့ ပေါ်လာရတာပါပဲ ။ အနာဂတ်မျိုးဆက်တွေက ကျွန်တော်တို့ ထက် ပိုတော် ပိုထက်မြက်ပါတယ် ။ ကိုယ့် ထက်အကောင်ငယ်တယ်ဆိုပြီး အထင်သေးရင်တော့ ၊ ဆက်ပြီး လိမ်ညာဖုံးကွယ် ဖို့ကြိုးစားနေအုန်းမယ်ဆိုရင်တော့ အဲ့ ဒီအကျိုးဆက်တွေကို ကိုနိုင်အောင် ကောင်းကောင်းကြီးခံစားရပါလိမ့်မယ် ။(စိုးလင်း)

----------------------------------------

”ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်အပေါ် မရှင်းလို့ ပြန်မေးခြင်း(အိုးဝေအောင်)”

ဒေါက်တာနိုင်အောင်၏ ၂၀၁၂ မတ်လ ၂၅ရက် နေ့စွဲဖြင့် ရှင်းလင်းချက်ထဲမှာ ကျနော် မရှင်းလို့ ပြန်မေးချင်တာတွေ ရှိနေပါတယ်။အဲဒီအထဲက တခုက သူ့ရဲ့မှတ်ချက်ပါ။သူ့မှတ်ချက်က ဘာလဲ ဆိုတော့ ။ ။(( မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆိုချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူ သိရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)) ဆိုတဲ့ နေရာမှာ..ကိုနေ၀င်းအောင်နဲ့ကိုစိုးလင်း တို့ဟာ အခုထိ သက်ရှိထင်ရှား ရှိနေတယ်လို့ သိရပါတယ်။သူတို့ကို ထောက်လှမ်းရေးလို့ အတင်းဝန်ခံခိုင်းလာသည်အထိ မျိုးစုံနှိပ်စက်စစ်ဆေးခဲ့တယ်လို့ အခု သူတို့ကိုယ်တိုင်အင်တာနက်မှာ ဖွင့်ချနေတဲ့ ဆောင်းပါးတွေက လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းအတွင်း ပြန့်နှံ့နေပါပြီ။

မတရား ညှင်းပန်းနှိပ်စက် စစ်ဆေးရင် သူတို့မှ မဟုတ်ဘူး။ အခု ရှင်းလင်းချက် ထုတ်နေတဲ့ ဆရာဝန်နိုင်အောင်ကိုလည်း ထောက်လှမ်းရေးပါလို့ ၀န်ခံလာအောင် ၊စပိုင် သူလျှို ဖြစ်လာအောင်၊ဗိုလ်ခင်ညွန့်လူ =မ ဖြစ်.. ဖြစ်လာအောင် မျိုးစုံနှိပ်စက် စစ်ဆေးလိုက်ရင် အလွယ်လေး ရနိုင်တာပဲ။

အဲသလို နှိပ်စက်စစ်ဆေးခံရလို့ ထွက်ဆိုစေချင်တဲ့ နည်းလမ်း အဖြေတွေအတိုင်း တောတွင်းနှိပ်စက်မှုတွေကြောင့် သူတို့ကိုယ်တိုင် စပိုင်လို့ဝန်ခံ ထွက်ဆိုခဲ့ရသလို-နောက်ဆက်တွဲ မေးမြန်းသူတို့ရဲ့ နှပ်ကြောင်းတွေအရ ဖော်ထုတ်စေလိုသူတို့ရဲ့နာမည်တွေကို မဖြစ်မနေ (မဟုတ်မှန်းသိရဲ့)ဖော်ထုတ်ပေးခဲ့ရတာတွေကို ခင်ဗျားတို့က အခုအထိ အဲဒါတွေကို အတည်ပြု မှတ်တမ်းအဖြစ် ယူခဲ့ကြတာ-သိမ်းဆည်းခဲ့တာဆိုရင်လည်း အခု ဖွင့်ချလိုက်ပါ။ပြည်တွင်းပြည်ပ မီဒီယာ ပရိသတ်က ဝေဖန်ပိုင်းခြားပေးပါလိမ့်မယ်။

((နှိပ်စက်စစ်ဆေးခံရလို့ဖော်ထုတ်ပြောဆိုလိုက်တဲ့နာမည်တွေဟာ ယခုတိုင် လှုပ်ရှားနေသူများဖြစ်သောကြောင့် မသင့်တော်ဟု ဘာကြောင့် ယူဆနေရသလဲ။မေးခွန်းထုတ်လိုက်ပါတယ်။))

နှိပ်စက်စစ်ဆေးလို့ မခံနိုင်လို့ အဆင့်ဆင့်ထုတ်ဖော်ပြောခံရသူတွေဟာ ထောက်လှမ်းရေး မဟုတ်မှန်း၊တွေးတောတတ်သူတိုင်း သိပေမယ့် ၊ ထိုသူတွေက နှိပ်စက်လွန်းလို့ ရန်သူ့သူလျှိုပါလို့သူတို့ကိုယ်သူတို့ လိမ်လည်ပြောဆိုခဲ့သလို -ထပ်မံလိမ်လည် ဖော်ထုတ်ခံခဲ့ရသူတွေဟာလည်း သူလျှို မဟုတ်ဘဲ အခုထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေသူတွေမှန်း သိပါလျှက်နဲ့ ခင်ဗျားတို့က အခုထိ သူတို့ကို စပိုင်လို့ ဘာလို့ သံသယရှိနေရတာလဲ။

((ဆရာဝန်နိုင်အောင်ရဲ့ ရှေ့နောက်မညီတဲ့ မှတ်ချက်တွေများစွာထဲကအခု ကျနော်မေးလိုက်တဲ့ မေးခွန်းတချို့ကို အများ လက်ခံ နားလည်လာအောင် ဖြေရှင်းပေးပါ။))

”သူလျှို မဟုတ်ဘဲ စွပ်စွဲခံနေရလို့ အခုထိ ပြည်တွင်းပြည်ပက ထင်ယောင်ထင်မှား ဖြစ်ခံနေရသူတွေ

အမှန်မြင် လက်ခံလာအောင် မီဒီယာသို့ထပ်မံဖြေရှင်းပေးသင့်တယ် ” လို့ဝေဖန်အကြံပေး မှတ်ချက်ရေးသားလိုက်ပါတယ်။

(အိုးဝေအောင်-ခေတ္တ အမေရိက)မတ်လ ၂၆ရက် ၊၂၀၁၂ခု။

------------------------------------

”ကိုနိုင်အောင် ABSDF ဥက္ကဌဟောင်း၏ ရှင်းလင်းချက်အပေါ် တွေ့ရှိချက်များ၊”

”ABSDF ကောက်ကြောင်းများ(2)”(ကိုကိုဦး)

ကျနော်အနေဖြင့်ပထမဦးစွာ ရှင်းလင်းချက်လူသိရှင်ကြားထွက်လာသည့်အပေါ်တွင်ကြိုဆိုပါသည်၊ ထို့အပြင်ဤရှင်းလင်းချက်နဲ့ပတ်သက်ပြီး တာဝန်ရှိမှု၊ တာဝန်ခံမှုအတိမ်အနက်များကိုလည်း ကျနော်တို့အနေဖြင့်မယိမ်းမယိုင်ဝေဖန်ဆန်းစစ်မှုပြုရမည်ဟုလည်းနားလည်သဘော ပေါက်မိပါသည်၊

ကျနော်အနေဖြင့် ဖြစ်စဉ်တခုအပေါ်လူပုဂ္ဂိုလ်တဦး၏ ရှင်းလင်းအပေါ်တွင်ဝေဖန်ထောက်ပြသည်မှာလည်း အမှန်တရားပေါ်ထွန်းရေးကိုဦးတည်ခြင်းသာဖြစ်ပြီး မည်သူတဦးတယောက်ကိုမှ ထိခိုက်နစ်နာစေခြင်း၊ ဦးစားပေးခြင်း(favour)ပေးခြင်းမျိုးမရှိဘဲ ၊ ပြဿနာကို ၀ိုင်းဝန်းဖြေရှင်းသည်ကို ပါဝင်ပတ်သက်နေသူများအားလုံးကို နားလည်ပေးစေချင်ပါသည်၊

မကဒတမြောက်ပိုင်းတွင်ဖြစ်ပွါးခဲ့သောကိစ္စဖြစ်သည်မို့ မတရားအညှင်းဆဲခံခဲ့ရပြီးမှ အသတ်ခံခဲ့ရသောကျနော်တို့၏ရဲဘော်ရဲဘက်၊ နောင်တော်ညီတော်များနှင့်သက်ဆိုင်သည့်ကိစ္စများကိုဦး စားပေးသွားမည်ဖြစ်ပြီး၊မကဒတ၏အတွင်းကောက်ကြောင်းများကိုပါ လိုအပ်ရင်လိုအပ်သလို ထည့်သွင်းရေးသားသွားမည်ဖြစ်ပါသည်၊

(၁)မြောက်ပိုင်းကိုယ်စားလှယ်တစ်ဦးဖြစ်သော ကျော်ကျော်(ကချင်)ကို ၁၉၉၂ ခုနှစ် ဇန္နာဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့ပြန်လည်စေလွှတ်လိုက်ပါသည်။ ၎င်းနှင့်အတူ မိမိတို့ ထံသို့စစ်ဆေးတွေ့ရှိချက်များ အမြန်ဆုံးပေးပို့ပါရန်နှင့် မိမိတို့ဗဟိုကော်မတီ၏ ဗဟိုဆုံးဖြတ် ချက်မပါဘဲ မည်သည့်အရေးယူမှုကိုမျှ မလုပ်ရန်၊ ဗဟိုနှင့် ဆက်သွယ်ရေးစနစ်ကို တိုက်ရိုက် ထူထောင်ရန် ညွှန်ကြားချက်များ ပေးလိုက်ပါသည်။

(၂)အောက်တိုဘာလ (၁၁) ရက်နေ့တွင်မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေး လွတ် မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏သတင်းစာရှင်းလင်းပွဲကိုကြားသိရပါ သည်။ မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော်ရှိကြောင်း၊ ဥက္ကဌ ထွန်းအောင်ကျော်အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန်.သေဆုံးသွားပြီဖြစ်ကြောင်း၊ အဆိုပါထွက် ပြေးလာသူ(၃)ဦးက ပြောဆိုခဲ့သည်ကိုစစ်အစိုးရေဒီယိုမှတဆင့်ညီလာခံကိုယ်စားလှယ်တချို. ကြားသိခဲ့ရပါသည်။

ကိုနိုင်အောင်ရေးထားသည့် အပိုဒ်(၂)အရဆိုလျှင် စပိုင်ဟု အစွပ်စွဲခံရပြီး(၅)ဦး အသတ်ခံခဲ့ရသည့်ကိစ္စကို အောက်တိုဘာလ(၁၁)ရက်နေ့ကပင် သိရှိနေပြီးဖြစ်သော်လည်း ကိုနိုင်အောင် ဦးဆောင်သောဗဟိုအနေနဲ့ကချင်ကျော်ကျော်ကို မကဒတမြောက်ပိုင်းကို ညွန်ကြားချက်များအတူ စေလွှတ်ခဲ့သည်မှာ ဇန္နဝါရီလတွင်ဖြစ်ခဲ့သည့်အတွက်ဥက္ကဌတဦးအနေနဲ့အလေးထားဆောင်ရွက်မှုကို မေးခွန်းထုတ်စရာဖြစ်လာပါသည်၊

အဖွဲ့အစည်းတခုလုံး၏ ဂုဏ်သိက္ခာကိုလုံးဝထိခိုက်နစ်နာစေနိုင်သောကိစ္စကို အချိန်တိုတိုအတွင်းမှာဘာကြောင့် မစွမ်းဆောင်ခဲ့ပါသလဲ၊

(၃) ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတ မြောက်ပိုင်း၌စပိုင်များကို သတ်ဖြတ်အရေးယူလိုက်သည်ဆိုသောကိစ္စပါလာကြောင်း မိမိ တို့ဘန်ကောက်ရုံးမှ ပေးပို့သည့်ကြေးနန်း မိမိတို့တောတွင်းဌာနချုပ်သို့ ရောက်ရှိလာချိန်မှ ဤကိစ္စကို မိမိတို့သိရှိရခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၉၂ခုနှစ် မတ်လ(၁)ရက်နေ့ ရက်စွဲဖြင့် ဘန်ကောက်နိုင်ငံခြားရေးရုံးမှ ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

အပိုဒ်(၃)အရဆိုလျှင် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာမှတဆင့် သိခဲ့ရသောအလွန်တရာကြီးမားသောသတ်ဖြတ်မှုများအတွက် အလွန် တိုတောင်းသော တစ်ရက်တာမျှအတွင်း ကိုအောင်ထူး၏ မတ်လ(၁)ရက်နေ့ထုတ်ပြန်ကြေငြာချက်ထွက်လာရသည့်အပေါ် အလွန်မှ ဘ၀င်မကျဖြစ်ရပါသည်၊

အဆိုပါထုတ်ပြန်ကြေငြာချက်သည် ဗဟိုကော်မီတီ၏ဆုံးဖြတ်ချက်အရ ထုတ်ပြန်သောထုတ်ပြန်ကြေငြာချက်မှ ဟုတ်ပါရဲ့လား ဟု အမှန်ပင်သံသယရှိပင်ဖြစ်ပါသည်၊

အကယ်၍ ဤထုတ်ပြန်ချက်သည် ဗဟိုကော်မီတီ၏ဆုံးဖြတ်ချက်မပါခဲ့ပါက အလွန်တရာ မှားယွင်းနေသောလုပ်ဆောင်မှုတခုဖြစ်ပြီး မကဒတ၏ဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းမျည်းစည်းကမ်းများကို တာဝန်ရှိခေါင်းဆောင်များက ဖေါက်ဖျက်ကျူးလွန်ခဲ့သည်ဟု ယူဆရမည်သာဖြစ်သည်၊

၎င်းအပြင် အဆိုပါလူသတ်မှုကို ဂဃဏန မသိရှိပဲ ဘန်ကောက်နိုင်ငံခြားရေးရုံးအနေနဲ့ တာဝန်ခံခဲ့သည့်အမှားသည် ကျနော်တို့အားလုံး ချစ်မြတ်နိုးကြသော ကျောင်းသားတပ်မ တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေယုံမျှမက ၊ဤခွပ်ဒေါင်းအလံတော်အောက်တွင် ပေးဆပ်ခဲ့ကြပြီးဖြစ်သော ကျဆုံးရဲဘော်ရဲဘက်များ၊ ပေးဆပ်နေဆဲဖြစ်သော ရဲဘော်ရဲဘက်များ၏ ပေးဆပ်မှုများ အားလုံးအပြင် ၊မကဒတ၏သမိုင်းကြောင်းကိုလည်း မှေးမှိန်စေခဲ့ပါသည်၊ ဒါကြောင့် ဒီလိုမှားယွင်းစွာ အလျှင်စလို လုပ်ဆောင်မှုအတွက် မည်သူတွေမှာ တာဝန်ရှိခဲ့ပါသလဲ၊

ဘယ်လိုတာဝန်ယူပေးမှာလဲ၊

(၄) မိမိပြန်လည်ထွက်ခွာပြီး(၃/၄)ရက်အကြာမေလ၂၁ရက်နေ့တွင် ဖမ်းဆီးခံနေရသူအားလုံးထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်းကြားသိရပါသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့် မိမိကြုံတွေ့ခဲ့ရသော အခြေအနေကို သဘောထားထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေ များကို ဆက်လက်တင်ပြအစီရင်ခံခဲ့ပါသည်။

အဖမ်းခံရသူတွေထွက်ပြေးလွတ်မြောက်ပြီးမှ ကိုနိုင်အောင်ထုတ်တဲ့ထုတ်ပြန်ကြေငြာချက်ဟာနည်းနည်းတော့ထူးဆန်းနေပါသည်၊ မကဒတဥက္ကဌတဦးအနေနဲ့ဗဟိုကော်မီတီ၏တာဝန်ခံမှုမရှိပဲ မြောက်ပိုင်းကော်မီတီ၏လုပ်ရပ်ကိုတာဝန်ခံခြင်းမှာ ဖွဲ့စည်းပုံစည်းမျဉ်းပါ တာဝန်နဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်သွားခဲ့ပြီဖြစ်ပါသည်၊

ထို့အပြင် သေဒဏ်အပြစ်ပေးခဲ့ခြင်းကို တာဝန်ရှိဥက္ကဌတဦးအနေနဲ့ ထောက်ခံမှုပေးခဲ့ခြင်းမှာ လုံးဝလက်ခံဘွယ်ရာ မရှိသော တသီးပုဂ္ဂလိက ဆုံးဖြတ်ချက်အမှားပင်ဖြစ်ပါသည်၊

I have no more disputes about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process.

ကိုနိုင်အောင်အနေနဲ့ မည်သည့်အတွက်ကြောင့် အဆိုပါ(၁၅)ဦးကို တပြိုင်တည်းသတ်ဖြတ်ခဲ့သည်ကို မှန်ကန်ပါသည် လို့ဆုံးဖြတ်ခဲ့ပါသလဲ၊

ကျနော်တို့အားလုံး လက်မခံနိုင်ပါ၊ တခါတရံမှာ တာဝန်ရှိသော ဥက္ကဌတဦးအနေနဲ့ ဦးနှောက်တကယ်သုံးပြီး ဆုံးဖြတ်ခဲ့တာမှ ဟုတ်ရဲ့လား လို့တောင် သံသယရှိလှပါသည်၊

ဒါဟာ မကဒတ သမိုင်းကြောင်းတခုလုံးကို ရိုက်ချိုးခံခဲ့ရတာနော်။ ဒီအတွက်ရော ကိုနိုင်အောင်ဘယ်လိုတာဝန်ယူပေးမှာလဲ၊

(၅)မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ရောက်ရှိလာခြင်းများရှိသော်လည်း တောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။

အပိုဒ်(၅)ဆိုလျှင် တောင်ပိုင်းဗဟိုဋ္ဌါနချုပ်တွင် အထင်ကရဖြစ်သော ဗဟိုကော်မီတီဝင်များ ဖြစ်ကြသော ကချင်ကျော်ကျော်၊ကိုလှဋ္ဌေး၊ကိုစိုးလင်းတို့ရှိနေသည်မှာ လူသိရှင်ကြားဖြစ်သည်၊

(၆)မိမိ ဧပြီလပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှ ထုတ်ဖေါ်မပြောခဲ့ကြပါ။ မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကို ယုံတချက်၊ မယုံတချက်ဖြစ်ရပါသည်။ နောက်ပိုင်းတွင်မှ တစစဖြင့် စိတ်မကောင်း ဖွယ်ရာများ သိလာကြရခြင်းဖြစ်ပါသည်။မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားချိန်က ဤမျှအထိ ဖြစ်ခြင်းကို မသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ဗဟိုအနေဖြင့်မြောက်ပိုင်းကော်မတီမှ ထုတ်ဖေါ်တွေ့ရှိမှုများ မှန်မမှန်၊ ၎င်းတို့လုပ်နည်း မှန်မမှန် ဆိုသည်ကို စစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်။ မိမိတို့အကောင်းဆုံး လုပ်နိုင်ရန်ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံအသတ်မခံရရေး၊ ဖမ်းဆီးမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့်`မကဒတ´မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏ လမ်းညွှန်မှုကို ခံယူ နိုင်ရေးကိုသာ အဓိကကြိုးစားခဲ့ပါသည်။

ဤအပိုဒ်တွင် “အခင်းဖြစ်ပွားချိန်က ဤမျှအထိဖြစ်ခြင်းကို မသိခဲ့ကြပါ။” ဆိုသည့်အချက်ကိုလက်ခံပြီး စဉ်းစားကြည့်ပါသည်၊

ဥက္ကဌတဦးအနေနဲ့အဖြစ်အပျက်ကို အသေအချာမသိရှိပဲ အန္တရယ်အလွန်များသော နိုင်ငံရေးအရ တပ်ဦး၏ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေနိုင်သောကိစ္စကို မည့်သည့်အတွက် ဗဟိုကော်မီတီအများစုနဲ့တိုင်ပင်ဆွေးနွေးခြင်း မပြုပါသလဲ၊

“မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏လမ်းညွှန်မှုကိုခံယူနိုင်ရေးကိုသာ အဓိကကြိုးစားခဲ့ပါသည်။”လို့ဆိုထားတဲ့အတွက် ဗဟိုနှစ်ခုကွဲနေသည့်အပေါ် မိမိဦးဆောင်မှုဘက် ပါလာရေးကို အဓိထားဆောင်ရွက်ရင်း၊ တပ်ဦး၏ဦးတည်ချက်ပါ လူ့အခွင့်အရေးချိုးဖေါက် မှုကို သိသိကြီးနဲ့ လျစ်လျှူရှု့လေခဲ့သလား။ မေးစရာများ ပေါ်လာနေပါသည်၊

(ရ)ရန်သူစပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့်နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။

ကျနော်အနေဖြင့် ကိုနိုင်အောင်၏ အထက်ပါမြွက်ဆိုချက်ကို လုံးဝနားလည်ပေးရန်သော်လည်းကောင်း၊ ယုံကြည်ရန်သော်လည်းကောင်း လုံးဝမဖြစ်နိုင်သည့်အကြောင်းတရားများ အခိုင်အမာရှိနေခဲ့ပါသည်၊

ဗဟိုနဲ့နှစ်နာရီမျှသာ ခရီးဝေးသော သံလွင်စခန်းတွင်ဖြစ်ခဲ့သော တပ်ဖွဲ့ဝင်တဦးကို စခန်းကော်မီတီမှ ဗဟိုအား... လုံးဝ အသိပေး အကြောင်းခြင်းမရှိပဲ ဆုံးဖြတ်ကာ သေဒဏ်ပေးခဲ့သည့်အမှုနှင့် ဘုရားသုံးဆူတပ်ရင်း(၁၀၁)တွင် အလားတူဖြစ်ခဲ့သော လုပ်ရပ်များအတွက် ဗဟိုကော်မီတီအစည်းအဝေးနှင့်တတိယအကြိမ်ညီလာခံတွင် မည်သူတွေကို မည်သို့ရပ်တည်ခဲ့ကြပြီး၊ အပြစ်ရှိသူများကို အကာအကွယ်ပေးခဲ့သည်ကို ကျနော်သိရှိနေသည့်အတွက်ကြောင့်ဖြစ်သည်၊

http://www.scribd.com/doc/86677742/ABSDF-MTZ-Third-Conference-Clarification

(၈)သို့သော်လည်း အမှားများကိုပုံဖေါ်ရင်း အမှန်ကို မေ့သွား ၊ဖုန်းကွယ်သွားသည်များလည်း မဖြစ်သင့်ပါ။ ယုံကြည်မှုဖြင့် အသက်စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတနှင့်ကျောင်းသား တပ်မတော်ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကို မှေးမှိန်ပပျောက်ရန် အထိ မတိုက်ခိုက်သင့်ပါ။

ကိုနိုင်အောင်အနေဖြင့် မိမိ၏မှားယွင်းသောဆုံးဖြတ်ချက်ကြောင့် မကဒတအဖွဲ့ ဂုဏ်သိက္ခာထိခိုက်ခဲ့ရပါသည်ကို လုံးဝ ၀န်ခံခြင်းမရှိပဲ၊

ဝေဖန်ပြောဆိုနေကြသောသူများကို အပြစ်မြင်နေခြင်းများကလည်း ခေါင်းဆောင်မပီသသည့် ၊တာဝန်ကို ရှောင်လွှဲလိုသောစိတ်ဓါတ်ကို အပီအပြင်ဖေါ်ပြလျှက် ရှိနေပါသည်၊

တကယ်ဆိုလျှင် မိမိ၏ချို့ယွင်းချက်များကြောင့် မကဒတဂုဏ်သိက္ခာကျခဲ့ရပါသည်၊ မိမိတွင်လည်းတာဝန်ရှိခဲ့ပါသည်၊ မကဒတ၏တည်ရှိပြီး ဖွဲ့စည်းပုံစည်းမျည်းများအတိုင်းဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည်ကို ၀န်ခံပြီး မကဒတတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပေးဆပ်ခဲ့ပြီး၊ ပေးဆပ်ဆဲ ရဲဘော်ရဲဘက်များကိုလည်း လူသိရှင်ကြား တောင်းပန်စကား ဆိုသင့်အပ်ပါသည်၊

(၉) ဆုံးရှုံးနစ်နာမှုများတွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။မြောက်ပိုင်းသူလျိုများ အား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာဖမ်းဆီးနှိပ်စက်ခံခဲ့ ရသော ရဲဘော်၊ ရဲမေများအားလုံးကို မကဒတဥက္ကဋ္ဌဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ်တောင်းပန် အပ်ပါသည်။

မှားယွင်းစွာဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရသော ရဲဘော်၊ရဲမေများအားလုံးကို မကဒတ ဥက္ကဋ္ဌဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ်တောင်းပန်ခဲ့သည်အပေါ် ကျနော်အနေဖြင့်ကျေနပ်မိပါသည်၊

“တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူ ဆောင်ရွက်မှုများပြုလုပ်သင့်ပါသည်။” ဆိုသည့်အချက်အတွက် ပိုပြီးရှင်းလင်းသွားရန် လိုအပ်နေပါသည်၊

ကိုနိုင်အောင်အနေနဲ့လက်တွေ့ဆုံးဖြတ်ပြီး သတ်ဖြတ်မှုကျူးလွန်သူများကိုသာ“တာဝန်ရှိသူများ”အဖြစ်ရည်ညွှန်းပုံရသည်၊ အဆိုပါရည်ညွှန်းချက်ဖြစ်သည်“တာဝန်ရှိသူများ”ကိုအပြန်အလှန်ရှင်းချက်ထုတ်ရမည့်ကိစ္စက တော့ သတ်ဖြတ်မှုတွင် အဓိကတာဝန်ရှိသူဟု အများက ယူဆနေကြသည့် ရော်နယ်အောင်နိုင်နှင့် မြောက်ပိုင်းဗဟိုကော်မီတီများသာလျှင်ဖြစ်ပေသည်၊

(၁၀)(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆိုချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူ သိရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။ ၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)

ဤအပိုဒ်ကိုကြည့်ခြင်းအားဖြင့် ကိုနိုင်အောင်အနေဖြင့်မြောက်ပိုင်းသတ်ဖြတ်မှုများအတွက် နောင်တ တရားမရသေးသည်ကို ဖေါ်ပြနေသည့်အပြင် မိမိ၏ဗဟိုကော်မီတီမှ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ပြီး ရယူထားသော မရေရာသောထွက်ဆိုချက်များနဲ့ပင် နောက်ထပ်လူများ ကိုခြိမ်းခြောက်ပြနေသကဲ့သို့ပင်ဖြစ်သည်၊

ဒါကြောင့်ကျနော်အနေဖြင့် ကိုနိုင်အောင်၏နစ်နာခဲ့ရသော မိသားစုများနှင့်ရဲဘော်ရဲမေများကို တောင်းပန်ခဲ့သည်မှာ အမှန်တကယ်ရင်ထဲ မှ လာသော စကားမှ ဟုတ်ပါလေစ ဟု ကျနော်အနေဖြင့် သံသယ ၀င်မိပါသည်၊

ကျနော်အနေဖြင့် ကိုနိုင်အောင်မြောက်ပိုင်းကို ဖေဖေါ်ဝါရီလ(၁၂)ရက်မတိုင်မှီရောက်ခဲ့ သည်ဖြစ်စေ၊ မရောက်ခဲ့သည်ဖြစ်စေ၊ ။ ကိုယ်တိုင်မမြင်မတွေ့ခဲ့ရသည့်အတွက် အငြင်းပွါး စရာမရှိပေမယ့် ဥက္ကဌတဦးအနေဖြင့် မကဒတ၏ ဖွဲ့စည်းပုံဆိုင်ရာ စည်းမျည်းစည်းကမ်းအရ လိုက်နာဆောင်ရွက်မှု မရှိခဲ့သည်ကိုတော့ အခိုင်အမာ ပြောဆိုချင်ပါသည်၊

မကဒတဥက္ကဌ တဦးအနေနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ မှားယွင်းခဲ့သည့်အတွက် မကဒတ သာမက ရှစ်လေးလုံးတော် လှန်ရေးသမိုင်းကြောင်းတခုလုံး ထိခိုက်ခဲ့ရသည့်ကိစ္စကိုတော့ မုချမသွေ တာဝန်ယူရလိမ့်မည်ဖြစ်ကြောင်း ပြောကြားလိုပါသည်၊

ကျနော်အနေနဲ့ခံယူထားသည်မှာ ကျနော်တို့အားလုံးသည် မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရသော ရဲဘော်၊ရဲမေများအားလုံး၏ နိုင်ငံရေးဂုဏ်သိက္ခာကို ပြန်လည်ဖေါ်ထုတ်ပေးရမည့်အပြင်

မကဒတ၏သမိုင်းကြောင်းဆိုင်ရာ နိုင်ငံရေးဂုဏ်သိက္ခာကိုလည်း ပြန်လည်တည်ဆောက်ရမည်ဟု အပြည့်အ၀ယုံကြည်မိပါသည်၊

ဤယုံကြည့်ချက်နဲ့အတူ အမှန်တရားနှင့်အမှုမှန် သမိုင်းမှန်ဖေါ်ထုတ်ရေးကို ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားလိုက်ပါရစေခင်ဗျာ၊

(ကိုကိုဦး)25th March, 2012

--------------------------------------------------------------------------------

”ဒေါက်တာနိုင်အောင်ရဲ့ ရှင်းလင်းချက်အပေါ် (မင်းသစ်) ၏ ထောက်ပြချက်”

ကျနော်မြင်မိတာလေးတွေက- ၁၊ သူ့မှာ တာဝန်မရှိကြောင်း ၂၊ မိုးသီးဇွန်မှာ တာဝန်ရှိကြောင်း -သူ၏ရှင်းလင်းချက်အစမှ ( ခ ) အပိုဒ် စာပိုဒ် လေး ဆုံးတဲ့အထိ ရေးသားမှုတွေအရ- ပြောချင်ပုံရပါတယ်။

ထို့အပြင် အေဘီ အကွဲအပြဲများသည် မိုးသီးဇွန်တွင် လုံးဝတာဝန်ရှိကြောင်းလည်း မသိမသာ နောက် ပိုင်းမှာ ရောနှောထည့်သွင်းထားပါတယ်။

၃၊ ကျန်ရှိနေသောမေးခွန်းများ.. အပိုဒ် ( ၁ ) တွင်

သီးခြားခွဲ စစ်ဆေးထားသော စစ်ဆေးမှုများ အံ့သြစရာ တူညီနေသည်... ဟု ထည့်သွင်းပြောသွားသဖြင့် ၊ ထိုစဉ်က မြောက်ပိုင်း၏ စစ်ဆေးချက်တွေ့ရှိချက်များကို ၎င်းအနေဖြင့်လက်ခံခဲ့သည်ဟု ယူဆရပေသည်။

ထို့ပြင် ဖြုတ်ထုတ်သတ် လုပ်ခြင်း မဟုတ်ဟုလည်း ထည့်ပြောထားပါသည်။

ကျနော်ယခုဖတ်ခဲ့ရသလောက် အသတ်ခံရသူများ-ကိုယ်လက်အင်္ဂါဖျက်စီးခံရသူများသည် တစ္ဆေသုံးကောင်အား ပြင်းထန်စွာဝေဖန်ခဲ့ဖူးသူများဖြစ်ကြသည်။

မိမိကိုယ် မိမိ ထောက်လှမ်းရေးတယောက်အနေဖြင့် စဉ်းစားကြည့်ကြပါ မိတ်ဆွေတို့။

ခင်ဗျားတို့ ထောက်လှမ်းရေးဆိုရင် မိမိ စုံစမ်းထောက်လှမ်းမယ့် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဆိုသူတွေကို ဝေဖန်မလား။

အဲ့ဒီအဖွဲ့အစည်းရဲ့ မူဝါဒတွေကို ဝေဖန်မှာလား။

မသိချင်ယောင်ဆောင်နေပြီး အာဏာရှိသူတို့ အနားကို ကပ်နိုင်သလောက် ကပ်လို့ရအောင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး လုပ်နေမလား ဆိုတာ စဉ်းစားကြပါ။

၎၊။ မိမိ ဧပြီလ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှ ထုတ်ဖေါ်မပြောခဲ့ကြပါ ..ဟုရေးထားသည်မှာလည်း အံ့သြစရာဖြစ်ပါသည်။

ထောင်ထဲတွင်နှိပ်စက်ခံ ထားရသော လူတို့သည် နီးရာဓါးကို ကြောက်ကြရသည်။ သူတို့လုံခြုံစိတ်ချရပြီဟု သေချာစွာ မသိရဘဲနှင့် နှိပ်စက်ခံ နေရကြောင်း အဘယ်သို့ ပြောမည်နည်း။ ဒေါက်တာနိုင်အောင်သည် ပါဂျောင်တွင် အမြဲနေမည့်သူ မဟုတ်။ သူတို့ကို တခါထဲ ခေါ်သွားမည့်သူလည်း မဟုတ်။ ထောင်ကျများနှင့်တွေ့ဆုံစဉ်တွင်ပင် သီးခြားလွတ်လပ်၍ ဘယ်သူမှ မတွေ့ နိုင် မကြားနိုင်သော နေရာတွင် နှစ်ယောက်ချင်း တွေ့ခဲ့သည်လည်းမဟုတ်။ ဘယ်သူက ထုတ်ဖေါ်ပြောပါမည်နည်း။

ထို အခြင်းအရာမျိုး စစ်အစိုးရထောင်အတွင်းသို့ အိုင်စီအာစီလို အဖွဲ့အစည်းမျိုး ဝင်လေ့လာခဲ့သော်လည်း ထောင်တွင်း အခြေအနေမှန်ကို ဘယ်တော့မှ အတိအကျ မသိခဲ့သလိုသာဖြစ်မည်။ ထောင်ကျဖူးသူများ သိပါလိမ့်မည်။

၅၊ ရန်သူစပိုင် ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့်နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ ..ဟုလည်း ဆိုထားပြန်သဖြင့် ထိုသို့ယုံကြည်သူများ အဖွဲ့အစည်းအတွင်းတွင် ရှိနေသည်ဟု အဓိပ္ပါယ်ထွက်နေပါသည်။

၆။ ထို့ပြင် အေဘီ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကို မှေးမှိန်ပပျောက်ရန်အထိ မတိုက်ခိုက်သင့်ပါ။..ဆိုသည်ကိုလည်း နည်းနည်းပြောလိုပါသေးသည်။

ရဲဘော်သုံးကျိပ်သည် သမိုင်းအရ အလွန်အရေးပါသော အဖွဲ့အစည်းဖြစ် ပါသည်။

ထိုရဲဘော်သုံးကျိပ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းပါသကဲ့သို့ ဗိုလ်ချုပ်နေဝင်း လည်း ပါခဲ့သည်။ ဗိုလ်ချုပ်နေဝင်း ၏ အမှားများကို ဝေဖန်ခြင်း ဆန့်ကျင်ခြင်းသည် ရဲဘော်သုံးကျိပ်၏ သမိုင်းကြောင်းကို မှေးမှိန်ဖျောက်ဖျက်ခြင်း မဟုတ်သည်ကို သတိပြုသင့်သည်။

ပြောစရာ အများကြီးရှိသေးပေမယ့် ဒီအချက်ကလေးတွေလောက်ပဲ ထောက်ပြခဲ့ပါသည်။

(လေးစားစွာဖြင့်-မင်းသစ်)

http://www.hittai.net/index.php?show=rm&fileid=112&t=home6&id=6

· · · Share

  • 19 shares
    • မိုးပေါက် စင် ခွေးမသား (၂) ကောင် ပေါ့ .....အာလူးနာဘူး = အောင်နိုင် ။ နာဘူး အားလူး = နိုင်အောင် ................။
    • မိုးပေါက် စင် မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာ ဖို့လုပ်နေသေးတဲ့ကောင်က နိုင်အောင်ပဲ ........ဥမ္မာရဲ့ လင်တော်မောင်လေ ......ခွေးမသား .....မကြာခင်တွေ့ကြမယ် ....။
    • အိုးဝေအောင် အိုးဘားမား
      ”ဒေါက်တာနိုင်အောင်ရဲ့ ရှင်းလင်းချက်အပေါ် (မင်းသစ်) ၏ ထောက်ပြချက်”

      ကျနော်မြင်မိတာလေးတွေက-

      ၁၊ သူ့မှာ တာဝန်မရှိကြောင်း

      ၂၊ မိုးသီးဇွန်မှာ တာဝန်ရှိကြောင်း -သူ့၏ရှင်းလင်းချက်အစမှ ( ခ ) အပိုဒ် စာပိုဒ် လေး ဆုံးတဲ့အထိ ရေးသားမှုတွေအရ

      ပြောချင်ပုံရပါတယ်။ ထို့အပြင် အေဘီ အကွဲအပြဲများသည် မိုးသီးဇွန်တွင် လုံးဝတာဝန်ရှိကြောင်းလည်း မသိမသာ နောက်

      ပိုင်းမှာရောနှောထည့်သွင်းထားပါတယ်။

      ၃၊ ကျန်ရှိနေသောမေးခွန်းများ အပိုဒ် ( ၁ ) တွင် သီးခြားခွဲ စစ်ဆေးထားသော စစ်ဆေးမှုများ အံ့သြစရာ တူညီနေသည်

      ဟု ထည့်သွင်းပြောသွားသဖြင့် ထိုစဉ်က မြောက်ပိုင်း၏ စစ်ဆေးချက်တွေ့ရှိချက်များကို ၎င်းအနေဖြင့်လက်ခံခဲ့သည်

      ဟု ယူဆရပေသည်။ ထို့ပြင်ဖြုတ်ထုတ်သတ်လုပ်ခြင်း မဟုတ်ဟုလည်း ထည့်ပြောထားပါသည်။ ကျနော်ယခုဖတ်ခဲ့ရသလောက် အသတ်ခံရသူများ-ကိုယ်လက်အင်္ဂါဖျက်စီးခံရသူများသည် တစ္ဆေသုံးကောင်အား ပြင်းထန်စွာဝေဖန်ခဲ့ဖူးသူများဖြစ်ကြသည်။ မိမိကိုယ် မိမိ ထောက်လှမ်းရေးတယောက်အနေဖြင့် စဉ်းစားကြည့်ကြပါ ။ မိတ်ဆွေတို့။ ခင်ဗျားတို့ ထောက်လှမ်းရေးဆိုရင် မိမိ စုံစမ်းထောက်လှမ်းမယ့် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဆိုသူတွေကိုဝေဖန်မလား။ အဲ့ဒီအဖွဲ့အစည်းရဲ့ မူဝါဒတွေကို ဝေဖန်မှာလား။မသိချင်ယောင်ဆောင်နေပြီး အာဏာရှိသူတို့အနားကို ကပ်နိုင်သလောက် ကပ်လို့ရအောင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး လုပ်နေမလား ဆိုတာ စဉ်းစားကြပါ။

      ၄၊ မိမိ ဧပြီလ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှ ထုတ်ဖေါ်မပြောခဲ့ကြပါ ..ဟုရေးထားသည်မှာလည်း အံ့သြစရာဖြစ်ပါသည်။ ထောင်ထဲတွင်နှိပ်စက်ခံ

      ထားရသော လူတို့သည် နီးရာဓါးကို ကြောက်ကြရသည်။ သူတို့လုံခြုံစိတ်ချရပြီဟု သေချာစွာ မသိရဘဲနှင့် နှိပ်စက်ခံ

      နေရကြောင်း အဘယ်သို့ပြောမည်နည်း။ ဒေါက်တာနိုင်အောင်သည် ပါဂျောင်တွင် အမြဲနေမည့်သူ မဟုတ်။ သူတို့ကို

      တခါထဲခေါ်သွားမည့်သူလည်း မဟုတ်။ ထောင်ကျများနှင့်တွေ့ဆုံစဉ်တွင်ပင် သီးခြားလွတ်လပ်၍ ဘယ်သူမှ မတွေ့

      နိုင် မကြားနိုင်သော နေရာတွင် နှစ်ယောက်ချင်း တွေ့ခဲ့သည်လည်းမဟုတ်။ ဘယ်သူက ထုတ်ဖေါ်ပြောပါမည်နည်း။ ထို

      အခြင်းအရာမျိုး စစ်အစိုးရထောင်အတွင်းသို့ အိုင်စီအာစီလို အဖွဲ့အစည်းမျိုး ဝင်လေ့လာခဲ့သော်လည်း ထောင်

      တွင်း အခြေအနေမှန်ကို ဘယ်တော့မှ အတိအကျ မသိခဲ့သလိုသာဖြစ်မည်။ ထောင်ကျဖူးသူများ သိပါလိမ့်မည်။

      ၅၊ ရန်သူစပိုင် ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့်နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ ..ဟုလည်း ဆိုထားပြန်သဖြင့် ထိုသို့ယုံကြည်သူများ အဖွဲ့အစည်းအတွင်းတွင် ရှိနေသည်ဟု အဓိပ္ပါယ်ထွက်နေပါသည်။

      ၆။ ထို့ပြင် အေဘီ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကို မှေးမှိန်ပပျောက်ရန်အထိ မတိုက်ခိုက်သင့်ပါ။..

      ဆိုသည်ကိုလည်း နည်းနည်းပြောလိုပါသေးသည်။(( ရဲဘော်သုံးကျိတ်သည် သမိုင်းအရ အလွန်အရေးပါသောအဖွဲ့အစည်းဖြစ်

      ပါသည်။ ထိုရဲဘော်သုံးကျိတ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းပါသကဲ့သို့ သခင်သန်းထွန်း၊ သခင်စိုး၊ ဗိုလ်ချုပ်နေဝင်း

      တို့လည်း ပါခဲ့သည်။ သခင်သန်းထွန်း၊ သခင်စိုးနှင့် ဗိုလ်ချုပ်နေဝင်း တို့၏ အမှားများကို ဝေဖန်ခြင်း ဆန့်ကျင်ခြင်းသည်

      ရဲဘော်သုံးကျိတ်၏ သမိုင်းကြောင်းကို မှေးမှိန်ဖျောက်ဖျက်ခြင်း မဟုတ်သည်ကို သတိပြုသင့်သည်။

      ပြောစရာ အများကြီးရှိသေးပေမယ့် ဒီအချက်ကလေးတွေလောက်ပဲ ထောက်ပြခဲ့ပါသည်။

      လေးစားစွာဖြင့်-မင်းသစ်
    • Khin Nyein Thit ယောင်္ကျားဆိုတာ လုပ်ရဲ့ ရင် ခံရဲရတယ်။ လုပ်တုန်းကလုပ်ပြီး အခုမှ ဂျိုးပြောမိုးပြောလုပ်နေတာ ခေါင်းဆောင်တဲ့ လား။
    • Zarni Phonezaw ဘော်လီဘောပုတ်နေကြပါလား ကမ္ဘာ့သူရဲပေါအကြောင်ဆုံးပုဂ္ဂိုလ်ကြီးများပါလား
    • Nicky Shein ရဲဘော်သုံးကျိပ်ထဲမှာ သခင်စိုး သခင်သန်းထွန်း တို့မပါပါ
    • Ye Myint Nicky Shein, I believe the commentator was rushing and his memory slipped. Thirty-Comrades was comprised of two factions right from the beginning: (1) Thakhin Kodaw Hmaing faction (majority, including Bogyoke Aung and others and (2) Thakhin Tun Oak faction (including Bo Newin and some other black sheep). You are right that "Thakhin Soe and Thakhin Than were not members of the Thirty Comrades.
    • Min Thit ကျနော်မှားသွားတယ်ဗျ သခင်သန်းထွန်းတော့မပါဘူး ဒါပေမဲ့ သခင်စိုးနဲ့ ဗိုလ်ချုပ်နေဝင်းတို့ကတော့အမှန်တ ကယ်ပါခဲ့ပါတယ် ဒီလိုအမှားတယောက်ပါသွားလို့ဆော ရီးပါဗျာ
    • Min Thit အကယ်၍ စိတ်ထဲတွင်ဆက်လက်မသေချာသေးပါက အောက်ပလင့်သုံးခုအနက်နှစ်သက်ရာတွင်ဖတ်ရှု့နိုင် ပါတယ်။ https://sites.google.com/site/myanmarsite1/home/ya/soldier3

      http://www.minthukha.net/2010/07/blog-post_10.html

      https://docs.google.com/file/d/0BzS8CTpRZ2a8NmZjZmY0ODItYjM3YS00MzE2LTkxNmMtMDU4YzFjZTBlOWM2/edit?pli=1
      sites.google.com
      ဒို့ဗမာအစည်းအရုံးမှ ဦးဆောင်၍ မျိုးချစ်လူငယ်များက အင်္ဂလိပ်အစိုးကို တော်လှန်ရန်ကြိ
ုး စားခဲ့သည်။ ပြည်ပအကူညီယူ၍ ဂျပန်၌ စစ်ပညာသင်ကြားခဲ့ကြသည်။ ထိုစစ်ပညာသင်များကို “ရဲဘော်သုံးကျိပ်”ဟုခေါ်ခဲ့ကြသည်
    • Ye Myint Ko Min Thit, "Thakhin Soe" as mentioned in the list of Thirty Comrades is not "Red-Flag Leader Thakhin Soe". He was later known as Bo Myint Aung. If my memory is right I think Bo Myint Aung passed away in my home town (Nattalin). Sadly, he committed suicide. This story is know to a lot of people.
    • Chan Nyein Zaw Min Thit ခင်ဗျာ။ သခင်စိုးရော သခင်သန်းထွန်း ရော ရဲဘော်သုံးကျိပ်ထဲမှာမပါပါဘူးခင်ဗျား။ သခင်စိုး သခင်သန်းထွန်း သခင်နု တို့ဟာ အဲဒီအချိန်မှာ အကျဉ်းထောင်ထဲမှာပါ။ ရဲဘော် သုံးကျိပ် ထဲက သခင်စိုးဆိုတာ အလံနီ သခင်စိုးမဟုတ်ပါ။ နာမည်တူတာပါ။
    • Nicky Shein ကိုမင်းသစ်၊ သခင်စိုးနဲ့ သခင်သန်းထွန်း နှစ်ယောက်လုံး ရဲဘော်သုံးကျိပ်မှာမပါခဲ့ပါ။ သဘောရိုးနဲ့ ထောက်ပြခြင်းသာဖြစ်ပါတယ်
    • Min Thit အိုကေဗျာ ကျေးဇူးတင်ပါတယ် လက်ခံပါတယ် အဓိကပုဂ္ဂိုလ်ကြီးတယောက်ပါနေတာနဲ့တင် ကျနော်ပြောချင်တဲ့ဆိုလိုချက် ကိုရောက်လိမ့်မယ်ထင်ပါတယ်။ ဗိုလ်ချုပ်နေဝင်းကြောင့် ကျနော်တို့ရဲ့ရဲဘော်သုံးကျိပ် သမိုင်းကိုဖြောက်လို့မရဘူး။ ဒီ တစ္ဆေသုံးကောင်ကြောင့်လဲ အေဘီရဲ့သမိုင်းကြောင်းကိုဖြောက်လို့မရဘူး လို့ဆိုလိုတာပါခင်ဗျ။ ဒါကအခုပြောနေတဲ့အကြောင်းမှာအဓိကပါဘဲ။ ကျနော်ကကိုသေချာမမှတ်တတ်တာပါ။
    • Ye Myint Ko Min Thit, you are OK. Our memories are slipping now. We are not young as we were back in 1988. Your point is still valid: "ဗိုလ်ချုပ်နေဝင်းကြောင့် ကျနော်တို့ရဲ့ရဲဘော်သုံးကျိပ် သမိုင်းကိုဖြောက်လို့မရဘူး။ ဒီ တစ္ဆေသုံးကောင်ကြောင့်လဲ အေဘီရဲ့သမိုင်းကြောင်းကိုဖြောက်လို့မရဘူး လို့ဆိုလိုတာပါခင်ဗျ။" - I like this point.
    • အိုးဝေအောင် အိုးဘားမား အမှားများကို update လုပ်ပြီးပါပြီ။ http://www.hittai.net/index.php?show=rm&fileid=112&t=home6&id=6 မှာလည်း ဖတ်နိုင်ပါပြီ။
    • Soe Lynn ကိုဦးရေ ကျနော်ကတောင်းပိုင်းဗဟိုကော်မတီဝင်မဖြစ်ခဲ့ဘူးဗျ။မဲရွေးခါနီးမှာ ကျနော်မြောက်ပိုင်းပြန်သွားမှာမို့ ပါဝင်အရွေးမခံခဲ့ပါဘူး။ကိုလှဌေးတို့ သာပါခဲ့ တာပါ။ဒုညီလာခံအထိတော့ဗဟိုမှာမပကလူတွေကော်မတီမှာမပါခဲ့ဘူးလို့ မှတ် သားထားပါတယ်။တိတိကျကျသိသူရှိရင်ပြောပေးကြပါ။
    • Ko Oo ကျနော်ကခင်ဗျားတတိယအကြိမ်မှာအရွေးခံရပြီးမှအဖမ်းခံရတယ်ထင်နေတာ၊ sorry ပါဗျာ၊
    • Aye Min he is another thakhin soe not comunist leader thakhin soe.
    • Yamoun Nar http://www.naytthit.net/?p=25841
      www.naytthit.net
      မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ မြှုပ်နှံခဲ့ရတဲ
့ တော်လှန်ရေးနဲ့ ယုံကြည်ချက် အတွက် ကျဆုံးသေဆုံးသွားကြသော ရဲဘော်ရဲမေများအား ဦးညွတ်အလေးပြုလျက် …
    • Moe Zaw Aung တယောက်နဲ့တယောက် အလွမ်းသယ်နေတယ်၊အခုထိ ကိုဌေးနိုင်ကိစ္စ မပြောသေးဘူး!!!
      March 27 at 3:38am · · 4
    • Htar Htar Lwin မြောက်ပိုင်းကိစ္စဘာကြောင့်ဒီလောက် Hot ဖြစ်ရသလဲဆိုတော့ ကျောင်းသားချင်းသတ်တာဖြစ်ခြင်း၊ လူရိုင်းများကဲ့သို့ခေါင်းဖြတ်သတ်ခြင်း၊ တိရစ္ဆာန်ကိုပင်မပြုအပ်သည့် နည်းများဖြင့်လူများကိုညှဉ်းပမ်းနှိပ်စက်ခြင်း တို့ကြောင့်ဖြစ်ပါသည်။ မည်သူကမည်သူ့ကိုမည်သည့်အကြောင်းကြောင့်သတ်သည်ဖြစ်စေ လူသားဆန်စွာပြုမူရန်လိုအပ်ပါသည်။ ကျမတို့ဘေးမှဝင်ရောက်လေ့လာ မှတ်ချက်ပြုနေရခြင်းမှာ လူကို လူက လူမဆန်စွာပြုမူခဲ့သောကြောင့်လူသားတစ်ဦးအနေနှင့်ဝင်ပါနေရခြင်းဖြစ်ပါသည်။
      March 27 at 8:25am · · 13
    • Udp Myanmar
      ရှောင်ပြီ။ ပုတ်ပြီ။ အလွတ်ရုန်းသည် ဆိုတာ ABSDF ဥက္ကဌဟောင်း၏ ရှင်းလင်ချက်အတွက် အကောင်းဆုံး စကားလုံးတွေ ဖြစ်လေမလာ။ ခေါင်းဆောင်ပီပီ တာဝန်မခံပဲ ဝှေ.လည်ကြောင်ပတ်လုပ်ကာ အလုပ်ရုန်းတဲ့အပြင် အရင်က အကျင့်အတိုင်းပဲ ကျန်တဲ့သူကိုပါ ခြေထိုးကာ ခြောက်ကျစေအော
      င် ဖွပေး စွပေးပြီး သူများကို လက်ညိုး ထိုးပြပြီး အပစ်ပုံချ လိုက်သေးသည်။ ဒီအကျင့်တွေကြောင့်လဲ အနှစ် ၂၀က ဘာကြောင့် ABSDF ၂ခြမ်းကွဲသလဲ။ ဘာကြောင့် မိုးသီးနဲ. နိုင်အောင် အုပ်စုတွေ ကွဲသလဲဆိုတာ အခုအထိ ရှိနေ စွဲနေသေးတဲ့ သူတို.၏ အကျင့်စရိုက်နဲ. ဥာဉ်တွေကြောင့် ဆိုရင် ပိုပြီး မှန်မည်။ အခုအထိ အချင်းချင်းကို ခြေထိုးပြီး အုပ်စုဖွဲ. အုပ်စုခွဲပြီး အကွဲအပြဲလေးတွေနဲ. ပွဲဆူအောင် က ချင်တဲ့ ဥာဉ်က ဦးနိုင်အောင်၏ ရှင်းလင်ချက်မှာ ပေါ်နေသည်။ အမှန်တရားကို ၀င်မခံ။ ကိုယ်လူကို ကာကွယ်ပြီး ကိုယ်နဲ. မတည့်သူကို ထိုးကျွေးချင်တဲ့ စိတ်ဓာတ်တွေဟာ အခု အနှစ် ၂၀ ကြာသည်အထိ ဒီစရိုက် ဒီအကျင့်တွေ မပျောက်တာကို သူ.စာနဲ. သူစကားတွေက သူ၏ စိတ်ထားကို ဖော်ပြနေသည်။ မြောက်ပိုင်းကျောင်းသားကိစ္စမှာ ထောက်လှမ်းရေးတွေ လုံးဝ မပါပါ။ ။ တကယ်လို. ထောက်လှမ်းရေးတွေ ဖြစ်ခဲ့ ပါခဲ့လျင်တောင် လူတွေကို ဒီလောက် ရက်ရက် စက်စက်နဲ. ခေါင်းဖြတ် လယ်လှီး ပေါင်သား လှီးတာတွေကို လူ.အသိုင်းအ၀ိုင်းက လက်ခံနိုင်စရာ မရှိပါ။ ဒါကြောင့် ထောက်လှမ်းရေးလဲ မပါဘူး။ ထောက်လှမ်းရေးတွေ ပါရင်တောင် ဒီလို လုပ်တာကို လုံးဝ လက်ခံစရာ မရှိပါ==ဒါကြောင့် ဘယ်လိုပဲ ခေါင်းရှောင်ပြီး ကိုယ်လွတ်ရုန်းဖို. ကျိုးစားလဲ ဒီအတွက် ပေးဆပ်ရမည် ဖြစ်ပါသည်။ အမှန်တရား တခုကို ဖော်ဖို. သက်သက် မဟုတ်ပါ-- နစ်နာသူတွေအတွက် တရားဥပဒေအရ ကာကွယ်ပိုင်ခွင့် ခံစားပိုင်ခွင့် ရရှိအောင် ဆက်ပြီး လုပ်ကြမှာပါ။ We will find justice for victims one way or another, Clear???
    • ဘရာဇီး ငှက်ရိုး ကိုမိုးဇော်အောင်... ကိုဌေးနိုင် ကိစ္စ နောက်ပိုင်း ပါလာမှာပါ... ကိုဌေးနိုင်ကေ့စ်က ဒီမြောက်ပိုင်းကေ့စ်မှာ အခရာ ကျတယ်ဆိုတာ သိတယ်မှတ်လား... ကိုဌေးနိုင်ကေ့စ်မှာ ကျူးလွန်သူ ကိုကိုတွေ လောလောဆယ် ငြိမ်နေတာ ဘာကြောင့်လဲ သိတယ်မှတ်လား... ဘယ်ကေ့စ်က အရင်ပွင့်မလဲတော့ မသိဘူး... ပွင့်ထွက်သွားတာနဲ့ ဒီကေ့စ် နှစ်ခုလုံးကို ပေါင်းပြီး အားပေးသွားမှာပါ...
    • အိုးဝေအောင် အိုးဘားမား မြောက်ပိုင်းကိစ္စ အမှုမှန်ဖော်နေတဲ့ အပေါ် ကိုမိုးသီး ပါဝင်မှု နှောင့်နှေးနေခဲ့တာဟာ တောင်ပိုင်းကိုဌေးနိုင်ကိစ္စ ထပ်ဖော်မှာ စိုးလို့ ထင်ပါတယ်။ကျနော်လည်း စောစောပိုင်းက ကိုမိုးသီးကို ဂရုဏာဒေါသော စောခဲ့တယ်။အခုနောက်ပိုင်း မြောက်ပိုင်းအမှု အရင်ပေါ်စေချင်လို့ ပြောချင်တာတွေ အောင့်ထားလိုက်တယ်။
      April 1 at 7:47pm · · 1
    • ဘရာဇီး ငှက်ရိုး ကိုအိုးဝေ... ကျနော် နားမရှင်းတဲ့ အပိုင်းက ကိုစိုးလင်း ပြောတဲ့ "ကိုကိုကြီးပြောတဲ့ မှတ်ချက်တွေကို ကိုနိုင်အောင် သေသေချာချာ ဖတ်စေချင်ပါတယ်။ ကျွန်တော့် ရဲ့ ထွက်ဆိုချက်တွေ အားလုံးကို ရဲရဲသာဖွင့်ချလိုက်စမ်းပါ။" ဆိုတာလေးက ကိုကိုကြီး(ကေကျူ့) ကိုများ သူလျို စာရင်းသွင်း ထားလေသလား မသိဘူး အကိုရေ... အဲ့ဒီအချိန်က ကေကျူ့ကြီးက အောက်ဗမာပြည် ဗကသ ဥက္ကဌ ဖြစ်နေတော့ အပြတ်ရှင်းချင်တာလား မသိဘူး... မစဉ်းစားတတ်အောင် ဖြစ်နေပြီ...